PACE Running Club

PACE Running Club

Share

It’s not about being the fastest — it’s about finding your rhythm. Run for health, mindset, and lifes

28/08/2026

PACE RUNNING CLUB
28Aug2026

🏃‍♂️ ... မိုးကုန်ခါနီး စက်တင်ဘာလကစလို့ ပုဂံ၊ တောင်ကြီး စတဲ့ ဒေသစုံမှာ အပြေးပြိုင်ပွဲတွေ တန်းစီပြီး ရှိနေပါတယ်နော်။
မိမိပြေးမယ့် ပြိုင်ပွဲအမျိုးအစားပေါ်မူတည်ပြီး Runners တယောက်ချင်းစီအတွက် ထိရောက်မယ့် အပြေးလေ့ကျင့်ခန်းတွေကို PACE Trainers တွေက သေချာစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။
ပြိုင်ပွဲဝင်မယ့်သူတွေအတွက်ပဲလား? မဟုတ်ပါဘူး။
✅ ကျန်းမာရေးအတွက် ပြေးချင်သူ
✅ ကိုယ်အလေးချိန် (ဝိတ်) ချချင်သူ
✅ အခုမှ အပြေးလောကထဲ စမ်းပြေးကြည့်မယ့် အခြေခံ (Beginners) သမား
အပြေးဆိုတာကို ကိုယ့်ခန္ဓာကိုယ်နဲ့ ထိတွေ့ခံစားပြီး စတင်ချင်သူတိုင်းအတွက် PACE က အသင့်ရှိနေပါတယ်။

🎯 တပတ်မှာ ၆ ရက်ကို ၁ ရက်ချင်းစီအလိုက် မတူညီတဲ့ အပြေးလေ့ကျင့်ခန်း ပုံစံမျိုးစုံနဲ့ လေ့ကျင့်ပေးမှာပါ။
ပြေးနေတဲ့တလျှောက်လုံး ဒဏ်ရာအနာတရ ကင်းကင်းနဲ့ တဖြည်းဖြည်း ပြောင်းလဲလာမယ့် တိုးတက်မှုတွေနဲ့ ပြေးနိုင်ဖို့ PACE Running Club မှာ ပါဝင်လိုက်ပါ။

⏱️ အချိန်: မနက် ၅:၃၀ နာရီ
📍 နေရာ: ကန်တော်ကြီး ဆင်ရုပ်အပေါက် (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) နဲ့ သုဝဏ္ဏကွင်း မိန်းဝင်ပေါက်ဘယ်ဘက် ကားပါကင်နေရာ

26/08/2026

ယခု လာမည့် ကြာသပတေးနေ့ 27ရက်နေ့မှ ပဒေသာအားကစားကွင်း၌ တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲကျင်းပမည်
ဖြစ်သောကြောင့် နောက်တစ်ပတ် ကြာသပတေးမှသာ အပတ်စဉ် ‌Training ရှိပါ့မယ်ဗျ အပြေးဝါသနာရှင်များအားလုံး နောက်တစ်ပတ် ပြန်ဆုံကြမယ်နော်

22/08/2026

20Aug2026

မတင်ရသေးတဲ့ Video လေးတစ်ခု ပြန်ဖွင့်ကြည့်ရင်း… 🏃‍♂️🔥

အချိန်နောက်ကျပြီးမှ တင်ဖြစ်ပေမယ့်
အဲ့ဒီနေ့က ကြိုးစားခဲ့တဲ့ ခြေလှမ်းတိုင်းကတော့ အမှတ်တရပါပဲ။ 💪

မတင်ရသေးတဲ့ Moment လေးတွေကို တစ်ခုပြီးတစ်ခု ပြန်မျှဝေသွားမယ်နော် ❤️

Photos from PACE Running Club's post 19/08/2026

Today | PACE Running Club 🏃‍♂️🔥

ဒီနေ့ PACE Running Club ရဲ့
📍 သုဝဏ္ဏ Training Team
📍 ကန်တော်ကြီး Training Team
တို့ရဲ့ Training Moments လေးတွေပါ။

နေရာမတူပေမယ့် ရည်မှန်းချက်ကတော့ တစ်ခုတည်း
ပိုကောင်းတဲ့ Runner တစ်ယောက်ဖြစ်လာဖို့ 💪

အတူတူပြေး၊ အတူတူကြိုးစားပြီး
တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာကြမယ်။ 🏃‍♀️🏃‍♂️

လက်ရှိ PACE RUNNING CLUB အနေနဲ့လည်း
📍 ကန်တော်ကြီး
📍 သုဝဏ္ဏ
တို့မှာ

🏔️ TAUNGGYI TRAIL
🏛️ ပုဂံပွဲ
⛰️ ရိုးမပွဲ

စတဲ့ ပြိုင်ပွဲတွေအတွက် Training Program များ ကိုလည်း စီစဉ်ပေးထားပါတယ်။ 💪🔥

ပြိုင်ပွဲအတွက် အခုမှစတင်လေ့ကျင့်မယ့်သူ ဖြစ်ဖြစ်၊
ပြိုင်ပွဲနေ့မှာ ကိုယ့်ရဲ့ Pace ကို အမြင့်ဆုံးအထိ မြှင့်တင်ချင်သူ ဖြစ်ဖြစ်—

🏃‍♂️ PACE RUNNING CLUB မှ နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ❤️

Your Pace, Your Power. ⚡

12/08/2026

Thursday Training Announcement

🏃‍♂️ PACE RUNNING CLUB | Training Session
📅 13 August 2026 (Thursday)
⏰ မနက် 6:00 နာရီ
📍 ဗဒေသာ အားကစားကွင်း

PACE Running Club ရဲ့ Training Session လေးရှိပါတယ်ခင်ဗျာ။ 💪🔥

Running ကို စိတ်ဝင်စားသူ၊ လေ့ကျင့်ချင်သူ မည်သူမဆို လာရောက်ပူးပေါင်းနိုင်ပါတယ်။ 🏃‍♂️🏃‍♀️
အားလုံးနဲ့အတူတူ ပြေးကြမယ်၊
Disclaimer: I do not own this audio. All credits go to original rightful owners. No copyright infringement intended. This is for entertainment purposes only.

.

Photos from PACE Running Club's post 11/08/2026

11 Aug 2026

Running ဆိုတာ တစ်ယောက်တည်းပြေးပြီး Finish Line ရောက်ဖို့တင် မဟုတ်ပါဘူး။
ကိုယ့်လိုပဲ ပြေးရတာကိုချစ်တဲ့သူတွေနဲ့အတူ အားပေးရင်း၊ လေ့ကျင့်ရင်း၊ တိုးတက်လာရတာ က ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ 🔥

PACE Running Club ရဲ့ ကန်တော်ကြီးနဲ့ သုဝဏ္ဏ မှာဆိုရင်တော့
🏃‍♂️ Running Form
⚡ Speed Training
⛰️ Hill Training
💪 Strength & Endurance
တွေကို​လက်တွေ့ကျကျ အပြေး Traininer က Sharing လုပ်ပေးနေပါတယ် ခင်ဗျာ
Training တွေကို အတူတူလေ့ကျင့်ပြီး ကိုယ့်ရဲ့ Next Level ကို ရောက်အောင် ကြိုးစားနေကြပါတယ်။
Runner တစ်ယောက်အနေနဲ့ ကိုယ့် Pace ကိုရှာပြီး ကိုယ့် Power ကိုတည်ဆောက်ချင်တယ်ဆိုရင်…..ကျွန်တော်တို့ PACE RUNNING CLUB မှာ ဖိတ်ခေါ်လိုက်ပရစေ

Photos from PACE Running Club's post 06/08/2026

🏃‍♂️ အပတ်စဉ် ကြာသပတေးနေ့ PACE RUNNING CLUB Training 🏃‍♀️

📍 နေရာ – တောင်ဥက္ကလာ ပဒေသာအားကစားကွင်း
🕕 အချိန် – မနက် ၆:၀၀ နာရီ
📅 နေ့ရက် – အပတ်စဉ် ကြာသပတေးနေ့တိုင်း

PACE RUNNING CLUB ရဲ့ အပတ်စဉ် လေ့ကျင့်မှု ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

တစ်ယောက်တည်း လေ့ကျင့်မယ့်အစား အတူတူ လေ့ကျင့်ကြရအောင်!

အတူတကွ လေ့ကျင့်ခြင်းက... ✅ မှန်ကန်တဲ့ Running Form ကို ပြုပြင်နိုင်မယ်။
✅ ကိုယ်နဲ့ကိုက်ညီတဲ့ Pace ကို သင်ယူနိုင်မယ်။
✅ Speed၊ Endurance နဲ့ Running Efficiency ကို တိုးတက်စေမယ်။
✅ Injury Prevention နဲ့ Injury Recovery Exercises တွေကို စနစ်တကျ လေ့ကျင့်နိုင်မယ်။
✅ အတွေ့အကြုံရှိ Coach များရဲ့ လမ်းညွှန်မှုကို ရရှိမယ်။
✅ အတူတူ လေ့ကျင့်တဲ့ Motivation ကြောင့် ပိုပြီး တိုးတက်လာမယ်။

🏅 ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ Runner တွေအတွက်
PACE၊ Running Form၊ Race Strategy၊ Strength & Mobility Training နဲ့ Injury Recovery Exercises တွေကို PACE RUNNING CLUB မှာ စနစ်တကျ လေ့ကျင့်နိုင်ပါတယ်။

အတွေ့အကြုံ မရှိသေးတဲ့ Beginner ဖြစ်ဖြစ်၊ Personal Best ကို ချိုးဖျက်ချင်တဲ့ Runner ဖြစ်ဖြစ်… အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

🏃 ကြာသပတေး မနက် ၆:၀၀ နာရီမှာ ပဒေသာအားကစားကွင်း၌ ဆုံကြမယ်!

Run Together • Learn Together • Improve Together PACE RUNNING CLUB

05/08/2026

PACE RUNNING CLUB | Training Announcement

ဒီနေ့ Hill Training Session ကို Runner တစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ ဇွဲလုံ့လနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။

တိုးတက်မှုဆိုတာ လေ့ကျင့်မှုတိုင်းရဲ့ ရလဒ်ဖြစ်သလို၊ မနက်ဖြန်မှာလည်း ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို ဖန်တီးဖို့ အတူတူ ဆက်လက်လေ့ကျင့်ကြမယ်။

📍 Training Venue – ဗဒေသာ အားကစားကွင်း
🕕 Training Time – မနက် (6:00 AM)

PACE RUNNING CLUB မှ Runner များအားလုံးနဲ့ Running ကိုစိတ်ပါဝင်စားလို့ လာရောက် join ချင်တဲ့ Runner များကိုလဲ အချိန်မီလာရောက်ပြီး အတူတကွ လေ့ကျင့်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

PACE RUNNING CLUB
Your Pace, Your Power 💙

Disclaimer: I do not own this audio. All credits go to original rightful owners. No copyright infringement intended. This is for entertainment purposes only.

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon