Minus Infinity to Plus Infinity

Minus Infinity to Plus Infinity

Share

We Just Live Once, Be Happy

11/07/2026

England မှာ ကြမ်းဘယ်လိုတိုက်ကြလဲ ??? 🙄🤭
(မတင်တာ ကြာလို့ ပေါက်ကရလေးတွေ လာတင်လိုက်ပါတယ် 😁)
Accommodation ရဲ့ courtyard သေးသေးလေးရဲ့ အဲဒီ့မြေကွက်လပ် သေးသေးလေးကို ကိုယ်တော်ချော သန့်ရှင်းရေး လုပ်နေတာဟာဆိုရင် မနက် (၁၀)နာရီလောက်တည်းက အခု ညနေ (၄) နာရီ ကျော်ပါပြီ။ မပြီးသေးပါဘူး။
Summer နေပူကျဲတဲကြီးမှာ အပြင်ထွက်လဲ မတရားပူ၊ အိမ်ထဲနေလဲ မတရား ဆူနဲ့ နေစရာကို မရှိဘူး။

ကြမ်းတိုက်တဲ့ သူကလဲ ရုပ်ရှင်ရိုက်နေတဲ့ style မျိုး မလို့ နားလဲညီးလွန်းတာကြောင့်မြင်ပြင်း ကပ်လာမိတယ်။ 😬😢

ဖြစ်နိုင်ရင် Brush ကြီးနဲ့ ဆပ်ပြာပုံးကြီး ယူသွားပြီး ကိုယ်ပဲ ကြမ်းတိုက်ပေးလိုက်ချင်ပါတော့တယ်။
အခုက ရေတွေလဲ အတော်ကုန်နေပါပြီ။
သူတို့နိုင်ငံရဲ့ ကြမ်းတိုက်တဲ့ စံချိန် စံနှုန်း စည်းမျဥ်းတွေ ဘယ်လိုရှိလဲတော့ မသိပါဘူး။
ကိုယ်တွေ မြန်မာမှာတော့ ဒီလောက်အချိန်ဆို
တစ်မြို့နယ်လုံးတောင် ကြမ်းတိုက်လို့ ပြီးပါတယ်။
ပြောင်လဲ ပြောင်ပါတယ်နော် တကယ်က။

ရာသီဥတု တအားပူလို့ လူတွေ လမ်းပေါ် ဆင်းအိပ်ချင် အိပ်လို့ရအောင် အဆောင်ရဲ့ စေတနာတွေလားမသိပေမယ့် နားပူတာက လူပူအိုက်တာထက် ဆိုးကြောင်း သိစေချင်မိတယ်။ 😭

ဆရာမဂျူးက "ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ"ထဲမှာ သရော်ပြီးရေးဖူးတာလေး သတိရမိပါတယ်။
အမေရိကမှာ သစ်ရွက်ခြောက်တွေကို ဟိုဘက်လေနဲ့မှုတ်လိုက် ဒီဘက်လွင့်လိုက်၊ ဒီဘက်လေနဲ့ မှုတ်လိုက် ဟိုဘက်လွင့်လိုက်နဲ့ သိမ်းနေတာ သူ မြင်တော့....
"ရှင်တို့ တံမြက်စည်း ဆိုတာ မြင်ဖူးကြလား" လို့ မေးချင်တယ် ဆိုတာ.... 🙂

(Video ထဲက actor ကို credit ပေးပါတယ်🙏)

27/05/2026

ဒီနေ့မှာတော့ Minus Infinity to Plus Infinity မှ "Cancer Free Music" လေးကို ကိုယ်တိုင် တီးပြီး တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်
သီချင်းနာမည်ကတော့ Futari no Kimochi ဖြစ်ပြီး ဒီ သီချင်းဟာ Cancer Cells ဖွံ့ဖြိုးဖို့ ရပ်တန့်စေတယ်လို့ ဖော်ပြ ကိုးကားချက်တွေ ရှိခဲ့ပါတယ် သီချင်းရဲ့ Melody မှာ အတက်ကျ နိမ့်မြင့်များနဲ့ လူ့လောကကြီး ဖော်ကျူးနေသလို ဖော်မပြတတ်တဲ့ ခံစားချက်တွေကို အန်ကျစေတယ်လည်း ဆိုကြပါတယ်
မျက်လုံးလေးမှိတ် နားဆင်ကြည့်ကြပါနော်။☺️☺️☺️

Futari no Kimochi or To Love's End Finger Style...
This melody is known for "CANCER FREE MUSIC"... Scientifically, it can reduce the growth of cancer cells due to the flow of the melody ...

08/05/2026

ဒီတခါမှာတော့ Sheffield Graves Park & Animal Farm ကို သူငယ်ချင်းတွေနဲ့ သွားရောက်လည်ပတ်ဖြစ်ခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။
Sheffield က Green City အဖြစ်ဖော်ဆောင်တဲ့ မြို့တစ်မြို့ဖြစ်တာနဲ့အညီ ဒီလို Park တွေ woodland တွေက လူနေရပ်ကွက်တွေနဲ့ အတူတူ အများအပြားရှိပါတယ်။
အတူတူ လိုက်လည်ကြပါဦးနော်။

22/03/2026

Spring ရောက်လာပြီဆိုတော့ UK မှာ အအေးပေါ့ စပြုလာပါပြီ
ပန်းတွေလည်း စတင်ဝေဆာလာပြီမို့ မြို့ထဲသွားတာလေး အဆန်းတင်ပြလိုက်ပါတယ်။

08/03/2026

မအေးအေး၀င်းစီစဉ်ထားသော UK မဟုတ်သည့် အကြောင်းများ😜

06/03/2026

Myanmar ကျောင်းသူ/​သားတွေကို UK Student Visa Break လုပ်တာနဲ့ ပတ်သက်ပြီး Infinity page ရဲ့ အမြင်လေးကို မျှဝေပေးထားပါတယ်။
ပြည်ပမှာ ပညာဆည်းပူးဖို့ အိပ်မက်ရှိသူများအားလုံး ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ကြဖို့ ဆန္ဒပြုပါတယ်နော်။
UK government official information resource လေးလဲ comment မှာ ထည့်ပေးထားပါတယ်ရှင့်။

30/01/2026

ဆံပင်ညှပ်ပြီး ခြေနေလေးပါ
စိတ်ပါရင် Booking တင်နိုင်ပါတယ်😅😅😅
ဆရာမက စိတ်မရှည်လို့ နည်းနည်း မဆိုသလောက်တော့ သည်းခံနိုင်ရပါမယ်

Category

Website

Address

Yangon