Technical Reference Books Center - Fed.MES

Technical Reference Books Center - Fed.MES

Share

The Technical Reference Books Center was established at the ground floor of Fed.MES for the Fed.MES members on 8th May 2007.

19/04/2026

▶️ BOOK review 📚📚📚
စာ အုပ် အ ညွှန်း...
_________________________K y i N y o M in

စာအုပ်အမည်
▶️ အရည်အသွေးစီမံမှုနည်းပညာ

ရေးသားသူ
▶️ ပါမောက္ခ ဒေါက်တာသူရမွန်


ပုံနှိပ်ခြင်း
▶️ ဒု-ကြိမ်၂၀၂၆၊ ဧပြီလ၊ရန်ကုန်၊မြန်မာ

ထုတ်‌‌ဝေသူ
▶️ Super Genius Knowledge Bank
Publishing House

စာမျက်နှာ
▶️ ၁၅၄

တန်ဖိုး
▶️ ၂၀,၀၀၀ ကျပ်

ရည်ညွှန်း
▶️ အရည်အသွေးအင်ဂျင်နီယာများ၊ အရည်အသွေး အာမခံပညာရှင်များ၊အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ကျောင်းသား၊‌ ကျောင်းသူများနှင့် လေ့လာသူစာဖတ်ပရိသတ်များ

▶️သုံးသပ်ချက်.....

ပါမောက္ခ ဒေါက်တာသူရမွန် ရေးသားသည့်
အရည်အသွေးစီမံမှုနည်းပညာစာအုပ်ကို
စာအုပ်ထွက်ထွက်ချင်း စာရေးသူကိုယ်တိုင်‌ပေး‌သောအမှတ်တရလက်ဆောင်အဖြစ် လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။

စာအုပ်အပြင်အဆင် သပ်ရပ်မှု၊
စာ-အထားအသို၊အဖုံးဒီဇိုင်း စတာတွေက ခေတ်မီနေသည်။ကွာလတီ အကြောင်းရေးသည့်စာအုပ်
ကွာလတီမီဖို့ လိုသည်ကို ကွာလတီအပြည့်
ကြိုးစားထားသည်ကိုတွေ့ရသည်။နှစ်သက်မိပါသည်။

စာတစ်အုပ်ကို အဖုံးကြည့်ပြီးမဆုံးဖြတ်ဖို့ မိန့်ဆိုတတ်ကြသည်။ စာကို စိတ်ထဲရောက်ဖို့ စိတ်တံခါးကို သူကအရင် ခေါက်ပေးပါသည်။ တချို့စာအုပ်များ
ကိုင်ကြည့်ရုံနှင့် ဖတ်ချင်စိတ်ကို မနှိုးဆွနိုင်တာ
သိသာလှပါသည်။
အထူးသဖြင့် စာဆန်သောစာများ (ဝါ) ပညာရပ်ဆိုင်ရာစာများ (တနည်း) သုတထုံသောစာများတွင်ဖြစ်သည်။

ဤစာအုပ်တွင်မူ စာရေးသူက Quality
အရည်အသွေးဆိုင်ရာ နည်းပညာများအကြောင်းမတင်ပြမီ အရည်အသွေး ဆိုသည့် ဝေါဟာရကို သူ့ရဲ့စကားနိဒါန်းမှာ ဆွေးနွေးကာ အာမံချက်ပေးနိုင်သောအရည်အသွေးစနစ် တည်ဆောက်မှသာ စာသုံးသူတို့၏ကျေနပ်မှုနှင့် အဖွဲ့အစည်းများစဉ်ဆက်မပြတ်
တိုးတက်နေမည်ဖြစ်ကြောင်း အရည်အသွေးစီမံမှုနည်းပညာကဏ္ဍကို high light လုပ်ထားသည်။

အရည်အသွေးပညာပြန့်ပွားရေးကို အထောက်အကူပြုရန် ရည်ရွယ်ရေးသားသော စာရေးသူ၏ ‌စကားနိဒါန်းတွင် ဆိုင်ရာကျေးဇူးတင်ထိုက်သူတို့အား ကျေးဇူးစကားလည်းဆိုထားပါသည်။

အခန်း(၁၁)ခန်း ခွဲကာ အကြောင်းအရာအလိုက် စိတ်ဝင်စားဖွယ် ဆွေးနွေးတင်ပြထားသည်မှာလည်း နာ၍မကုန်၊ဖတ်၍မငြီးဖွယ်ဖြစ်သည်။

▶️ အရည်အသွေးနောက်ခံသမိုင်း
▶️ အရည်အသွေးအဓိပ္ပါယ်ကို ဖွင့်ဆိုခြင်း
▶️ အရည်အသွေးစစ်ဆေးခြင်း၊ထိန်းသိမ်းခြင်း၊
နှင့်အာမခံခြင်း
▶️ အရည်အသွေးအင်ဂျင်နီယာနှင့် စီမံမှုပညာရပ်
▶️ အရည်အသွေးပညာရပ်ဆိုင်ရာဂုရုများ
▶️ အလုံးစုံအရည်အသွေးစီမံခန့်ခွဲမှု(TQM )
▶️ အရည်အသွေးဆိုင်ရာတာဝန်များအသုံးချခြင်း
▶️ SIGMA ခြောက်ခုဖြင့်အရည်အသွေးစီမံ
ခန့်ခွဲခြင်း
▶️ တီထွင်မှုပြဿနာဖြေရှင်းနည်းသီအိုရီ
▶️ BIM သတင်းအချက်အလက်ပုံတူ
တည်ဆောက်၍ စီမံမှုနည်းပညာ
▶️ တန်ဖိုးအခြေပြုအင်ဂျင်နီယာပညာ တို့ကို

ရည်ညွှန်းစာမျက်နှာ၊အတိုကောက်စာလုံးများ၊ကိုးကားစာအုပ်များ၊အောက်ခြေမှတ်စု အစုံအလင်၊ပညာရှင်တို့၏ ရောင်စုံဓာတ်ပုံ၊ရောင်စုံဇယားများ၊ကားချပ်များ၊ဂရပ်ဖ်များ ဝေဝေဆာဆာ ဖော်ပြပေးထားသည်။

စာအုပ်ပါအနှစ်သက်ဆုံးအခန်းမှာ အခန်း(၅)အရည်အသွေးပညာရပ်ဆိုင်ရာဂုရုများဖြစ်သည်။ တစ်ထိုင်တည်းနှင့် ပညာရှင်(၈)ဦး၏ သဘောတရား သီအိုရီ၊မူဝါဒမော်ဒလ် စသည်တို့ကို
ရုပ်ပုံလွှာများနှင့်အတူ လေ့လာခွင့်ရလိုက်သည်။

အစားကောင်းစားသည့်အခါ ချစ်မိတ်ဆွေကို
သတိရမိသလို၊ စာကောင်းတစ်အုပ်ဖတ်ရသည့်အခါလည်း လက်တို့ဖို့ရာ မမေ့ထိုက်သည့် ဝန်တာအား
ထမ်းလိုက်ပါပြီ။

သုံးသပ်ချက်ဟူသည်
ကြော်ငြာမဟုတ်သည်ကို သတိမူရပါသည်။
စာရေးသူက စေတနာ အားသွန်ကာ ထည့်ထားသောစာမျက်နှာ-၁၀၄ မှ သရုပ်ပြပုံ နှင့် စာ-၁၁၆ မှ သရုပ်ပြပုံများမှာ ဖတ်ရရုံရှိကာ ပီပြင်မှု၊ထင်ရှားမှု အနည်းငယ်လိုအပ်သည်ကိုသာ နောင်ပြင်အပ်သည်ဟု အကြံပေးလိုပါသည်။

▶️ခြုံငုံသုံးသပ်ချက်.....

*စေ့စပ်ညှိနှိုင်းနည်းဖြင့်အောင်မြင်မှုကိုတည်ဆောက်ခြင်း၊
*အောင်မြင်ကြွယ်ဝချမ်းသာစေမည့်တွေးခေါ်မှုအလေ့အထများ၊
*ဇာတိသညာယဉ်ကျေးမှု စသော စာအုပ်များ ပြန်ဆိုထုတ်ဝေထားသော စာရေးသူဒေါက်တာသူရမွန်၏
#အရည်အသွေးစီမံမှုနည်းပညာ
(Quality Engineering Management )စာအုပ်သည်
အရည်အသွေးပညာကို စတင်လေ့လာလိုသူများ၊လက်တွေ့အသုံးချလိုသူများအတွက် Quality Management System တစ်ခုတည်ဆောက်မှုအတွက်
သိအပ်သည်တို့ကို အရည်အသွေးပညာရပ်ကို ကိုယ်တိုင်လေ့လာထားသူ၊လက်တွေ့ကျင့်သုံးနေသော အင်ဂျင်နီယာပညာရှင်တစ်ဦး၏ တန်ဖိုးသင့် အရည်အသွေးမြင့် စီမံမှုနည်းပညာ စာအုပ်ကောင်း
တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါသည်။

#ကြည်ညိုမင်း
(10/04/2026)

11/12/2025

Engineering Ethics Manual = 12000/-

28/10/2025
11/10/2025

MNBC 2025 စာအုပ်များကို Technical Reference Books Center - Fed.MES တွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝယ်ယူလိုပါက
☎️☎️☎️0943121301 , 09795385769 , 09795831277
သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
🚖🚲
အိမ်အရောက် Deli များလဲ အပ်ပေးပါသည်။
ငွေလွှဲရန်အတွက်
KPAY 0943121301
WAVE MONEY 0943121301

Photos from Technical Reference Books Center - Fed.MES's post 11/10/2025
Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Address

Ground Floor, Fed. MES Building, Hlaing Universities Campus, Hlaing Township
Yangon

Opening Hours

Monday 09:30 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00
Saturday 09:30 - 16:00