HZEE
�
26/03/2026
"Arkham" Breakdown
ဒီသီချင်းက လုပ်ခဲ့ဖူးသမျှသီချင်းတွေထဲ အားအရဆုံး တစ်ခုပါပဲ
သီချင်းရဲ့ အကြောင်းအရာကတော့ Batman ထဲက villain တွေဖြစ်တဲ့ Joker, Riddler, Two-Face, Poison Ivy & Scarecrow ငါးယောက်က Arkham ဆိုတဲ့ စိတ္တဇအကျဉ်းထောင်ပေါက်သွားတဲ့အချိန်မှာ တွေ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ငါကတော့ဘာတွေလုပ်မှာ ဘယ်လိုတွေဆိုးတာ ဆိုပြီး role play ပုံစံရေးထားတာမလို့ Batman fan တွေ ကြိုက်လောက်မယ်လို့ မျှော်လင့်ပါတယ်
ဒီသီချင်းက ရိုးရိုး Hip-hop သီချင်းတစ်ပုဒ်ထက်ပိုပြီး Gotham City ရဲ့ အမှောင်ထုကို နားနဲ့ခံစားရမယ့် Musical Cinematic Experience တစ်ခုလို့တောင် ပြောလို့ရပါတယ်။
Psychopath တွေရဲ့ Role Play ကို Rap အဖြစ် ပြောင်းလဲလိုက်တဲ့အခါ...
• Joker အဖြစ် ကျွန်တော့်ရဲ့ ပထမဆုံး Rap Verse နဲ့ စတင်မယ်။
• Two-Face ရဲ့ စရိုက်ကို Juxie က Chorus မှာ အသက်သွင်းထားတယ်။
• Riddler ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို San (Zwe Sanda Oo) က 2nd Verse မှာ ချပြထားပြီး၊
• Beat Switch ဖြစ်သွားတဲ့အချိန်မှာ Poison Ivy ရဲ့ ဆွဲဆောင်မှုရှိတဲ့ အဆိပ်သင့်သံစဉ်တွေကို Hannah Youn ဆီမှာ ကြားရမှာပါ။
• နောက်ဆုံးမှာတော့ Scarecrow ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ Energy ကို Jeremy Swan (New Swan) က အားအပြည့်နဲ့ ပိတ်ပေးထားပါတယ်။
Character တစ်ခုချင်းစီရဲ့ Flow, Power နဲ့ Energy တွေက တကယ့်ကို ကွဲထွက်နေတာမလို့ အရသာအသစ်တစ်ခုကို ခံစားရမှာ အသေအချာပါပဲ။
Listen now on all streaming platforms!
(YouTube link in comment 👇)
05/01/2026
'NEWSWAN' Album Review
မထွက်ခင်ထဲက hype ပြီးမျှော်နေရတဲ့ album တစ်ခုလို့ ပြောရင် မမှားဘူး အရင် THE DEVIL OF HELL’S
KITCHEN မှာထဲက ကြိုက်တဲ့ Rapper မလို့လဲပါတယ် ဒီ album ကတော့ လုံးဝ အသစ် အသစ်တွေချည်းဘဲ NEWSWAN ဆိုတဲ့အတိုင်း
Track တစ်ခုချင်းစီတိုင်းက ပုံစံတစ်မျိုးစီနဲ့ သုံးထားတဲ့ Tunes တွေကလဲ ထပ်မနေဘဲ လှလှပပ သုံးထားတာမျိုး တွေ့ရတယ်
Vocal arrangement တွေလဲ unique ဖြစ်ပြီး Featuring နဲ့ အပေးအယူတွေလဲ တော်တော်မျှတယ်လို့ ခံစားရတယ်
Flow ပိုင်းမှာဆိုရင်လဲ NEWSWAN ရဲ့ ပုံစံအတိုင်း တစ်ပုဒ်နဲ့ တစ်ပုဒ် မထပ်ဘဲ အမိုက်ဆုံး ဆိုထားတာတွေ့ရတယ်
Mixing ပိုင်းတွေမှာဆိုလဲ တော်တော်သေသပ်တယ် ပို hype တာက သီချင်းအကုန်လုံးက်ို SWAN ကိုယ်တိုင် mixing လုပ်တာဖြစ်နေတာဘဲ
Big Respect my bro
LOVEISCIRCLE, WHENBIRDSNEVERLIE, SSPY, WELCOMETODERRY, ARKHAM, RELATIONSH*T, SWANSYSTEM အဲ့အပုဒ်တွေကို အကြိုက်ဆုံးဘဲ ကျန်တဲ့ HOLY, A, KAUNGMALAY, MOVIESTAR, ZOMBIEAPOCALYPSE အပုဒ်တွေကလဲ တကယ်မိုက်ပြီး unique အရမ်းဖြစ်တယ်
Album စနားထောင်မယ့်သူတွေကို အကြံပေးချင်တာက Track တွေက်ို အစဉ်လိုက်နားထောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်
Track List တစ်ပုဒ်ပြီး တစ်ပုဒ်က ပျင်းဖို့မကောင်းဘဲ balance ဖြစ်နေတာမလို့ အချိန်ပေးပြီး စီထားမှန်းအရမ်းသိသာတယ်
တကယ်ကို အထာကျပြီး မိုက်တဲ့ album တစ်ခုမလို့ နားထောင်ကြည့်စေချင်ပါတယ်
Hope 2026 is the NEWSWAN era.
Every track hits different, each one bringing its own recipe and impact.
Category
Website
Address
Alerts
Be the first to know and let us send you an email when HZEE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.