IGCSE Compass Guide

IGCSE Compass Guide

Share

IGC is a nonprofit organisation that helps for IGCSE students ďż˝

17/11/2025

Hello everyone. Welcome from IGCSE Compass Guide 🧭

အားလုံးပဲမင်္ဂလာပါ IGCSE Compass Guide ကနေပြီးတော့မှ အားလုံးကိုကြိုဆိုလိုက်ပါတယ်။ 🧭

IGCSE Compass Guide လို့ခေါ်တဲ့ ICG အကြောင်းလေးကို ဒီကနေ့မှာမိတ်ဆက်ပေးသွားမှာပါ👋🏻

○ What is ICG? 🤔

IGCSE Compass Guide ဆိုတဲ့ နာမည်လေးဖြစ်လာတာကတော့ IGCSE ကျောင်းသားကျောင်းသူများဟာ သံလိုက်အိမ်မြှောင်လေးတခုသဖွယ် မိမိရဲ့ဦးတည်ချက် တည်နေရာ အရှေ့၊အနောက်၊တောင်၊မြောက်တွေကို လမ်းရှာနေတဲ့အချိန်အခါတခုဖြစ်ပါတယ်။ ❓️

ဒီလိုအချိန်အခါလိုမျိုးမှာ အကူအညီဖြစ်နိုင်ဖို့၊ အကောင်းဆုံးလမ်းမှန်ကိုရွေးချယ်နိုင်ဖို့၊ ကျောင်းသားကျောင်းသူတွေသွားနိုင်မဲ့ path way တွေ၊ choice တွေကိုညွှန်ပြပေးဖို့၊ IGCSE ကျောင်းသားကျောင်းသူများအတွက် အထောက်အကူပံ့ပိုးပေးနိုင်ဖို့ လမ်းညွှန်းပေးနိုင်မဲ့ tourist guid အနေနဲ့ဖြစ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
IGCSE students တွေရဲ့ future destination points တွေဟာ compass 🧭 ထဲကညွှန်ပြတဲ့တည်နေရာ (North, East, South, West) တွေလိုပါပဲ။ ICG ကလဲ ကျောင်းသားကျောင်းသူတွေအတွက် လမ်းညွှန်ပြပေးမဲ့ မြှားလေးတစ်ချောင်းဖြစ်ပါတယ်။

○ Who are we?🧐

ICG ကိုတော့ IGCSE ပြီးဆုံးထားတဲ့ former IGCSE candidates တွေကိုယ်တိုင် တည်ထောင်ထားတာပဲဖြစ်ပါတယ် 👨🏻‍🎓👩🏽‍🎓

ဒါ့အပြင် IGCSE pathway ကို နောကျေနေပြီးဖြစ်တဲ့ seniors တွေဖြစ်တဲ့အတွက် juniors လေးတွေကိုကူညီပေးဖို့အမြဲအဆင်သင့်ရှိနေပါတယ်🧐📖

○ Purpose & Mission

ICG ရဲ့ ရည်ရွယ်ချက်ကတော့ IGCSE students တွေအတွက် 📖
¤ မိမိရဲ့ IGCSE journey မှာ အထောက်အကူဖြစ်စေမဲ့ study resources များ share ပေးခြင်း
¤ IGCSE ပြီးသွားပါက ကျန်ရှိသည့် study pathway အတွက် knowledge sharing များ share ခြင်း

ဒါ့အပြင် IGCSE အကြောင်းလေ့လာစုံစမ်းနေသူများအတွက်

¤ IGCSE အကြောင်း knowledge များ share ပေးခြင်း
¤ IGCSE နှင့်ပတ်သက်ပြီး long term study အတွက် အထောက်အကူဖြစ်စေမဲ့ information များ share ပေးခြင်း တို့ကိုလဲ လုပ်ပေးသွားမှာပါ✅️

ICG's main purpose

• IGCSE students များအတွက် ရည်ရွယ်တဲ့ organisation ဖြစ်သည့်အလျှောက်

- IGCSE related study resources 🎒
- IGCSE Fun Facts 💭
တို့ကိုအဓိကထားပြီး sharing လုပ်ပေးသွားမှာပါ

📍 ဒါ့အပြင် ICG ဟာ nonprofit organisation တခုဖြစ်သည့်အလျှောက် IGCSE ကျောင်းသား/သူများအတွက် အခကြေးငွေတပြားမှမယူပဲ မိမိတို့ရဲ့ပညာရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်မဲ့အရာတွေကို sharing လုပ်ပေးသွားမှာပါ။

📖 နောက်ကျရင်လဲ

- IGCSE free classes and camps များဖွင့်ပေးခြင်း🏛
- Emotional support camps များလုပ်ခြင်း💪🏻
- Study abroad အတွက် လိုအပ်သည့် information နှင့် အကြံများပေးခြင်း🔜
- Webinar များကျင်းပခြင်း👩🏻‍🏫
စသည့် nonprofit movements များကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မိမိရဲ့ IGCSE pathway ကို ပိုပြီးအထောက်အကူဖြစ်ချင်ပါက ကျွန်မတို့ရဲ့ IGCSE Compass Guide (ICG) page ကို like and follow လုပ်ထားနိုင်ပါတယ်။ 🧭📖

Share ပေးခြင်းဖြင့်လဲ ပတ်ဝန်းကျင်က IGCSE students များသာမက IGCSE ကိုစိတ်ဝင်စားသောမိတ်ဆွေများအတွက် information ပေးနိုင်ပါတယ်ရှင့်🧭🩷

ကျွန်မတို့ရဲ့ telegram channel လေးကိုလဲ join ထားပြီး up to date informations များကို စောင့်ကြည့်ပေးကြပါဦးရှင့်🧭📰

Telegram 📍 https://t.me/IGCSE_Compass_Guide_ICG

Mail 📍 [email protected]

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon