Monkey mind

Monkey mind

Share

Because stories never sit still...

26/03/2026

Enemies are enemies... we're only using them. I have no intention of getting friendly with one.

Aki fanart by Thu Ya Kyaw

22/03/2026

• ကျေးဇူးတင်စကား •

ကျွန်တော်တို့ Monkey mindကနေ လွန်ခဲ့တဲ့ တစ်ပတ်က ချပြခဲ့တဲ့ “The Monkey Mind one-shot comic”လေးကို ဖတ်ရှုအားပေးကြသူတစ်ဦးချင်းစီကို ကျွန်တော်တို့ တစ်bandလုံးကနေ အထူးကျေးဇူးတင်စကား ပါးလိုက်ရပါတယ်။

အခုလိုမျိုး မျှော်လင့်ထားတာထက် ပိုတဲ့ အားပေးမှုတွေနဲ့ Comicအပေါ် ကြိုက်နှစ်သက်ကြတာကို သိရတာ အလွန်အားဖြစ်ရပါတယ်ဗျာ။

Comic‌လေးနဲ့ ပတ်သက်ပြီး ရရှိကြတဲ့ ခံစားချက်တွေ ကိုယ်စီရေးပေးသွားကြတာတွေ ဖတ်ပြီးလည်း တော်တော်လေး ‘ဟတ်ထိ’ရတယ်ပေါ့ဗျာ။

ကျွန်တော်တို့ပေးချင်တဲ့အရာတွေအကုန် စာဖတ်သူဆီရောက်တယ်ဆိုတာ သိရတာလည်း ဘာနဲ့မှမတူအောင် ပျော်ရပါတယ်။

Reviewရေးပေးခဲ့ကြတဲ့ pageတွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ စာအုပ်ထုတ်ပေးဖို့ တောင်းဆိုကြတဲ့ စာဖတ်ပရိသတ်တွေကိုလည်း မကြာမီမှာ ဖြစ်အောင်စီစဉ်ပေးဖို့ စတင်အားထုတ်နေပါပြီခင်ဗျာ။

ထပ်မံပြီးတော့
ဖတ်ရှုအားပေးကြသူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ရှိပြီးတော့ နောက်ထပ်လာမယ့် အပုဒ်တွေလည်း အကောင်းဆုံးကြိုးစားချပြသွားမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦး။

ရုပ်ပြအတွက် ပေါက်ကွဲအားပြင်းပြင်းနဲ့ ဆက်လက်ပေးဆပ်သွားပါဦးမယ်။

" Because stories never sit still ''

21/03/2026

ပြီးခဲ့တဲ့မတ်လ ၁၄ရက်တုန်းက Monkey mind ရဲ့ comic artistsတွေထဲက မျောက်လောင်းပေါက်ရဲ့ ၁၈နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ project launchနဲ့တိုက်ပြီးခုမှတင်လိုက်ရတာ။
Happy Blessed Birthday to Brat Monkey! 🐒🎉

From the deep green hush of the first forests to the ink-stained scrolls of today, we gather to honor the brat-monkey whose hands will become legend as each stroke echoes with the wisdom of the forest. Like the elders who etched stories upon stone and earth, your art carries the spirit of tales, mischief, wisdom, and wonder woven into every line.
May your days be guided by curiosity, nights be filled with visions, and hands forever be steady in shaping the myths yet to awaken.
Your will shall stand resolute, worthy of the everlasting relic of Monkey mind.

Photos from Monkey mind's post 14/03/2026

နည်းနည်းနောက်ကျသွားတယ်ဗျာ။ ကြေညာထားတဲ့ကျွန်တော်တို့ရဲ့ The Monkey Mind one-shot ထွက်ရှိလာပါပြီဗျ။
တစ်ဖွဲ့လုံးအင်တိုက်အားတိုက် သေချာအပင်ပန်းခံလုပ်ခဲ့ကြရတာ ခုမတင်မီlast minuteထိပါပဲ။
Projectလေးနဲ့ပက်သက်ပြီးကျွန်တော်တို့ပေးချင်တဲ့ messageတွေ၊ ခံစားချက်တွေ၊ အဓိပ္ပါယ်တွေအားလုံးလေးလေးနက်နက်သေချာလေး သရုပ်ဖော်ရေးဆွဲထားတာမို့ ဖတ်ရှုပြီးကြိုက်နှစ်သက်ကြမယ်လည်းမျှော်လင့်ပါတယ်ဗျာ။
အကောင်းဆုံးဆက်ပြီးကြိုးစားဖန်တီးသွားပါအုန်းမယ်ဗျ။
အားပေးမှုတစ်ခုစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။

" Because storise never sit still ''

Eng version below ⬇

It’s a little later than planned, but our The Monkey Mind one-shot is finally out! The whole team poured their hearts and souls into this, working tirelessly right up until the very last minute. We’ve put so much depth into the messaging, emotions, and meaning behind this project, and we truly hope you feel that when you read it. We’ll keep pushing ourselves to create even better work. Thank you so much for every bit of your support!

" Because stories never sit still ''

13/03/2026

မနက်ဖြန်မှာကျွန်တော်တို့လုပ်နေတဲ့ one shot နောက်တစ်ပုဒ်ကို Monkey Mind ကနေ တင်ဆက်သွားပါမယ်။
သေချာအချိန်ယူပြီး အရည်အသွေးပိုင်းကိုအကောင်းဆုံးကြိုးစားဖန်တီးထားတာမို့ ဘာတွေကျွန်တော်တို့ချပြတင်ဆက်ထားမလဲ? ဆိုတာစိတ်ဝင်စားတယ်ဆိုရင် page လေးကို like and follow လေးလုပ်ထားပြီးစောင့်မျှော်ဖတ်ရှုပေးပါအုန်း။

English ver ⬇️

Announcement ❗️
We're gonna be dropping another one-shot comic tomorrow.
We took alot of time to craft the finest quality for this one so
if you wonder what visions wait ahead,
like and follow our page to look forward!

Your every little support is always appreciated by monkeys.

" Because stories never sit still ''

Photos from Monkey mind's post 12/03/2026

လာမယ့်စနေနေ့မှာတင်ဆက်ပေးသွားမယ့် 'The Monkey Mind' one shot အတွက် idea brainstormတုန်းအချိန်က draftရေးခြစ်ထားတာလေးတွေပါ။

ဒီ one shot လေးက Monkey Mind အဖွဲ့သားတွေအားလုံးအတွက်အဓိပ္ပါယ်ရှိတဲ့projectဖြစ်တာကြောင့် အားလုံးကရေးဆွဲမှုအပိုင်းနဲ့ပက်သက်ပြီး ခါတိုင်းနဲ့မတူတဲ့ အရသာ၊ လက်ရာပုံစံ နဲ့ အငွေ့အသက်တစ်ခုကိုပေးချင်ခဲ့ကြတယ်ပေါ့ဗျာ။ မြန်မာကာတွန်းနဲ့ရုပ်ပြအတွက်လည်း tributeလိုမျိုးလေးရအောင် ဒီတစ်ခါ classicalအရသာလေးပေးချင်တယ်ပေါ့။
Storyboardကိုင်တွယ်တဲ့ S.A.M နဲ့ MKP အတွက်လည်းစိန်ခေါ်မှုတစ်ခုဖြစ်သွားခဲ့ပြီး
Inking နဲ့ visualပိုင်းရေးဆွဲတဲ့ Novaအတွက်လည်း သူရေးဆွဲနေကျကနေကွဲထွက်တဲ့ ပုံစံတွေ၊ environmentအသားပေးဖန်တီးမှုတွေကြောင့် တော်တော်လေး comfort zoneထဲကလွင့်သွားတယ်ပြောတယ် ( ဒါတောင်သူ့မှာမကြိုက်မချင်းပေရှည်နေသေးတာ )

အဓိက ကတော့ စာရေးဆရာရောအဖွဲ့သားအားလုံးဟာ ဒီ comicလေးကနေ စာဖတ်သူတွေကို Monkey Mind ရဲ့ အဓိပ္ပါယ်နဲ့ခံစားချက်တွေကို ရှိသမျှအားကုန်ထုတ်ပြီးအကောင်းဆုံးချပြချင်တဲ့အတွက် ခုလိုအချိန်သေချာယူအားထုတ်ခဲ့ကြတာပါ။
စိန်ခေါ်မှုတွေနဲ့သေချာဖန်တီးပြုလုပ်ထားတဲ့ ဒီ one shot လေးကို လာမယ့်စနေနေ့မှာ Monkey Mind pageကနေ တင်ဆက်ပေးသွားမှာပါ။
စောင့်မျှော်ဖတ်ရှုပေးကြပါအုန်း။

" Because stories never sit still ''

Eng version below ⬇

These are some of the drafts we scribbled while brainstorming ideas for the “The Monkey Mind” one-shot that will be released this coming Saturday.

Since this one-shot is a meaningful project for all members of the Monkey Mind team, everyone wanted to present something different from our usual style in terms of style, something with a unique flavor, craftsmanship, and atmosphere. We also wanted it to feel like a tribute to Myanmar cartoons and comics, so we aimed for a classical style.

For S.A.M and MKP, who handled the storyboards, it became quite a challenge.
And for Nova, who worked on the inking and visuals, it also pushed him out of his comfort zone because he had to experiment with styles different from what he usually draws, especially with environment-focused pages.

Most importantly, both the writer and the whole team wanted to put their full effort into this comic so that readers could truly feel the meaning and emotions behind Monkey Mind. That’s why we took the time and effort to carefully craft it like this.

This one-shot, created through many challenges and careful work, will be released on the Monkey Mind page this coming Saturday.
Please look forward to reading it.

" Because stories never sit still ''

07/03/2026

နောက်တစ်ပတ် စနေနေ့မှာ ကျွန်တော်တို့ Monkey Mindက one shotအသစ်တစ်ပုဒ်နဲ့အတူ ဖတ်ရှုသူတွေဆီ ပြန်လာတော့မှာ ဖြစ်ပါတယ်။
ဒီကြားထဲ အချိန်အတော်ကြာ ပျောက်နေတယ်ဆိုတာကလည်း ဒီအပုဒ်လေးကို (MonkeyMind ရဲ့ ထုံးစံအတိုင်း) qualityကောင်းကောင်းနဲ့ ချပြချင်တာရယ်၊ Artistတွေဘက်က ကွဲထွက်တဲ့ တင်ဆက်မှုပုံစံနဲ့ သေချာရေးဆွဲနေကြတာရယ်...
MonkeyMindကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်၊ အနက်အဓိပ္ပါယ်တစ်ခုကို အမှတ်တရအဖြစ် ဖန်တီးချင်ခဲ့တာရော ( Nova ပေရှည်နေတာကြောင့်လည်း ပါတာပေါ့ )
ဒီလိုအကြောင်းပေါင်းစုံကြောင့် အချိန်တော်တော်ယူဖြစ်သွားတယ်ပဲ ဆိုပါတော့။
အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ပေါင်းချုပ်အတွက်လည်း ခေါင်းစီးဖြစ်လာမဲ့ “The Monkey Mind '' one shotကို လာမယ့်အပတ်မှာ အကောင်းဆုံး တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျ... ။

" Because stories never sit still ''

Next Saturday, Monkey Mind will be returning to our readers with a brand-new one-shot story.
The reason we’ve been quiet for some time is because we wanted to present this piece with high quality (as is the Monkey Mind way), and also because our artists have been carefully working on it with a unique and distinctive presentation style.
Another reason is that we wanted to create something memorable that reflects the purpose and meaning behind founding our band (Also because Nova has been running for quite a long time). For all these reasons combined, it ended up taking quite a while.
So, please look forward to “The Monkey Mind” one-shot, which will also serve as the title piece for our Anthology album. We’ll be presenting it at its best next week, and we hope you’ll be there to read it.

" Because stories never sit still ''

05/03/2026

👋 Hello Punch! 🐒

Photos from Infinity Art's post 27/02/2026

An emotional story of the siblings portrayed by awesome artist Penwing 🙉

19/02/2026

Hulk sketch

Artwork by Nova 👑

17/02/2026

Happy Lunar New Year from the monkeys 🙉🐉🧧

06/02/2026

ဒီနေ့ကတော့ Monkey mind ရဲ့ comic artistတွေထဲက မျောက်ဝံရဲ့ ၂၃နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။
​Happy Blessed Birthday to the Ape monkey 🦍🎉

On this turning of the sun, we honor the Ape
whose hands summon jungles and carve legends from blank stone.
May this year grant you strength mightier than your golden hammer.
May your path remain lively, unshaken, and forever full of stories worth telling.
Your will shall stand resolute, worthy of the everlasting relic of Monkey mind.

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11111