Zoey's cloud

Zoey's cloud

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zoey's cloud, Design & Fashion, Yangon.

18/04/2025

ဖေဖေအမြဲပြောဖူးတဲ့ ဆုံးမစကား

ဘဝမှာ အရေးကြီး ၄ပါးရှိတယ်သမီး။ ၄ပါးထက်လည်းမပိုဘူး၊လျော့လည်းမလျော့ဘူး၊၊
အဲ့ဒါဘာလဲဆိုတော့ …
၁ - ကျန်းမာရေး
၂ - လူမှုရေး
၃ - စီးပွါးရေး
၄ - ဘာသာရေး

နောင်တမရချင်ရင် အဲ့ဒီအရေးကြီး ၄ပါးကို နေ့စဉ် လုပ်ဖြစ်အောင်လုပ်သမီး

🤍ကျန်မာရေးဆို နာရီဝက်လမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်ပေါ့။ အားကစားတွေလုပ်နိုင်ရင် ၊ ဂျင်တွေ သွားနိုင်ရင်တော့ပို့ကောင်းတာပေါ့။
🤍လူမှုရေး ဆိုတာကတော့ အသိမိတ်ဆွေတွေနဲ့အမြဲအဆတ်အသွယ်မပျက်စေနဲ့။ ကူညီသင့်တဲ့သူတွေကိုကူညီ။ ရှောင်သင့်တဲ့သူတွေကိုလည်းရှောင်ရမယ်။ နောင်အိမ်ထောင်တွေကျရင် တဖက်ကအသိုင်းဝိုင်းနဲ့ဆက်ဆံရတာတွေဆိုတာလည်း လူမှုရေးပဲသမီး
🤍စီးပွါးရေးလည်းကြိုးစားရမယ်။ ပုံမှန်ဝင်ငွေ တစ်ခုရအောင် အရင်လုပ်ပါ။ ကျောင်းသားဆိုရင်တော့ ပညာရေးပေါ့
🤍ဘာသာရေးကတော့ ကြီးကြီးမားမားကြီးတွေမလုပ်နိုင်ရင်တောင် ကုသိုလ်၄မျိုးကို နေစဉ်လုပ်ပါ။
၁-ဒါနကုသိုလ် ၊ ၂- သီလကုသိုလ် ၊ ၃- အဓိဠာန်ပါရမီကုသိုလ် ၊ ၄- ဘာဝနာကုသိုလ်

ဒါနကုသိုလ်ကတော့ သောက်တော်ရေကပ်တာ ၊ဆွမ်း၊ဆီမီးကပ်တာပေါ့၊၊ သီလကုသိုလ်က ၅ပါးသီလမှာ ၃ပါးလောက်တော့ လုံအောင်ထိန်း၊ အဓိဠာန်ပါရမီကုသိုလ်ကတော့ ဘုရားရှစ်ခိုး၊ပုတီးစိပ်တာ နေ့စဉ်မပျက်စေနဲ့။ ဘာဝနာကုသိုလ်ကတော့ သမီး တစ်နေ့ကို အနည်းဆုံး ၁၅မိနစ်တော့ တရားရှုမှတ်ပါ ။

~☁️

21/01/2025

The truth about real relationships

True love ဆိုတာ အခု social media တွေမှာတွေ့သလို့ သူက ကိုယ့်ကိုဘယ်လိုကြည့်နေမှတို့ ၊ ဖိနပ်ကြိုးချည်ပေးမှတို့၊ပန်းခူးပေးမှတို့၊ ဘယ်လိုလေးရိုမှတို့ ၊ ဘယ်လိုဂရုစိုက်ပြမှတို့ မဟုတ်ဘူး။ အဲ့ဒါတွေက social media ကပေးတဲ့ဂျင်းတွေ

ကိုယ့်ကိုဘယ်လောက်နားလည်ပေးလဲ ။ ကိုယ်နဲ့ပတ်သတ်ပြီး သူဘယ်လောက်စိတ်နှစ်ထားလဲ။ ဘယ်လောက်အလေးနက်ထားလဲ ။ ဒီဆက်ဆံရေးတစ်ခုကိုသူဘယ်လောက်တန်ဖိုးထားပြီး မပြိုကွဲအောင် ထိန်းသိမ်းနေလဲ ။ communication ကောင်းလား ။ ပြသနာတက်လာရင် ဘယ်လိုဖြေရှင်းပေးလဲ ။ ကိုယ်ဟာသူ့အတွက် ဘယ်လောက်အရေးပါလဲ ၊၊ စသဖြင့်ပေါ့ ။
ကိုယ်နဲ့ပတ်သတ်ပြီး ဘယ်လောက်ကာကွယ်ပေးနိုင်လဲ ။ တချို့ရှိတယ် ကာကွယ်ပေးဖို့နေနေသာသာ ဘေးကတိုက်လိုက်တာနဲ့ပါသွားတာမျိုး ~~~

အဲ့လို social media ဂျင်းတွေကို ရူးရူးမူးမူးဖြစ်ချင်နေရင် စားကျားတွေအကြိုက်ပေါ့ ။ အရမ်းတွေ ဂရုစိုက်ပြ ၊ ရိုပြ မယ် ။ တကယ်ကြ commitment မပေးနိုင်သလို့ ကိုယ့်လည်းတန်ဖိုးမထားဘူး ။

အဓိကနဲ့သာမညမှာ social media မှာက သာမညကိုအဓိကဖြစ်အောင်ရေးတင်ကြတယ်။

~ ☁️

13/01/2025

လောကကြီးမာ အသန်မာဆုံးသူတွေက တည်ငြိမ်တဲ့သူတွေပဲ ။

Self control အားကောင်းတဲ့သူတွေပေါ့ ။ ဘယ်အရာကိုမဆို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တယ် ။ တုန်လှုပ်မှုကင်းတယ်။

03/01/2025

❤️‍🔥The best revenge after break up ❤️‍🔥

ဒီစာက မိန်းကလေးတွေအတွက်ရော ယောကျာ်းလေးတွေအတွက်ရောပါ။

လူတိုင်းလိုလိုအသည်းကွဲဖူးကြပါတယ်။ တဖက်က ကိုယ့်အပေါ်မကောင်းခဲ့တဲ့အခါ ၊ တစ်ဖက်သက်လမ်းခွဲခြင်းတွေနဲ့ကြံုရတဲ့အခါ ကလဲ့စားပြန်ခြေချင်ကြတာ ပုံမှန်ပါပဲ

လမ်းခွဲပြီးတဲ့နောက်ပိုင်း - Physically ✨

ကိုယ်ဟာ ပိုချောလာရမယ် ။ skin တွေပိုကောင်းလာရမယ်။
တကိုယ်ရည်သန့်ရှင်းရေးကိုသေချာလုပ်ခြင်းဖြင့် ပိုမချောလာရင်တော့ သန့်ပြန့်ပြီး ပိုကြည့်ကောင်းလာပါလိမ့်မယ်။
ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ပိုကြံခိုင်တဲ့ ၊ healthy ဖြစ်တဲ့ ခန္ဓာကိုယ်ဖြစ်အောင်ကြိုးစားပါ။ home workout တွေလည်းလုပ်နိုင်ပါတယ်။

ဝတ်တတ်စားတတ်အောင်ကြိုးစားပါ။ style ပြောင်းကြည့်တာပဲဖြစ်ဖြစ်ပေါ့ ။

အလုပ်မှာပိုကြိုးစား။ ကျောင်းတက်နေတဲ့သူဆို စာပိုလုပ်ပါ။ အလုပ်မှာတော်တဲ့သူ စာတော်တဲ့သူတွေကို လူတိုင်းသဘောကျကြပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။ အရမ်းကိုကြိုးစားလိုက်ပါ။ သတိရတိုင်းစာပြေးကျက်လိုက်တာတို့ ၊ အလုပ်ပိုလုပ်လိုက်တာတို့ လုပ်ပါ။

New skills တွေသင်ယူပါ။ ကားမောင်းသင်တာ ၊ အားကစားတစ်ခုခုသင်ယူတာ ၊ ဟင်းချက်သင်တာပဲဖြစ်ဖြစ် ၊ ဘာသာစကားတစ်ခုခုသင်တာပဲဖြစ်ဖြစ်ပေါ့။ ယုံကြည်မှုပိုရှိပြီး ၊ စိတ်ဓာတ်ပိုကြံ့ခိုင်လာပါလိမ့်မယ်။

လမ်းခွဲပြီးနောက်ပိုင်း - Mentally 🍀

ဒါကတော့အဓိကအကျဆုံးအရာဖြစ်ပါတယ် ။
ကိုယ်ဟာ ပိုမိုရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။

အချိန်တိုင်းတာတစ်ခုထားပါ ၁-၂ ပတ်လောက်ခံစားပစ်လိုက် ၊ အော်ငိုလိုက်၊ မစားချင်မစားနဲ့ ။ ပြီးရင်ပြန်ထပါ။ counseling ယူသင်ရင်ယူပါ။

Self control ကောင်းရမယ်။ လုပ်ချင်တာရှောက်လုပ်တဲ့သူမဖြစ်ရပါဘူး၊ မလုပ်ချင်ပင်မယ့် ကိုယ့်အတွက်ပိုကောင်းလာမယ့်အရာတွေကိုလည်း လုပ်နိုင်ရပါ့မယ်။
စာရိတ္တပိုင်းပိုကောင်းလာရပါမယ်။ ပွေတာရှုပ်တာ ၊ သစ္စာဖောက်တာ ၊ မနာလိုဝန်တိုစိတ်ရှိတာ စတဲ့အကျင့်တွေရှိရင်ဖျောက်ပါ။
အတွေးခေါ်ကောင်းတွေရအောင် စာများများဖတ်ပါ။ podcast တွေနားထောင်ပေးပါ ။ Mindfulness ကတော့လုံးဝလုပ်ကိုလုပ်ရပါမယ်။ ဒါမှ စိတ်ကပိုကြည်လင်လာပြီး ၊ ပိုလည်းသန်မာလာမှာပါ။ Self-control လည်းအားကောင်းလာပါလိမ့်မယ်။
ကိုယ်မှားခဲ့တာတွေကိုပြန်စဉ်းစားပြီး သင်ခန်းစာပြန်ယူပါ။ ကိုယ့်ကိုယ်ကို ပြင်ပါ။
(ဥပမာ ။ ။ ကိုယ့်ဘက်က ဂရုမစိုက်ခဲ့တာလား ၊ ဖောက်ပြန်ခဲ့တာလား ။ ဒါမှမဟုတ်ကိုယ်ကကောင်းနေပါရက်နဲ့ ထားခဲ့ခံရရင် ကိုယ် လူရွေးမှားတာလား ။ ဒီလိုအမှားတွေ ထပ်မဖြစ်အောင် ကိုယ်ဘာလုပ်မလဲ )

🚫လုံးဝမလုပ်ရမည့်အရာများ 🚫

ဒီစာပိုဒ်ကိုသေချာလေးဖတ်ပေးပါ။

လုံးဝမရွဲ့ပါနဲ့။ သူကထားခဲ့လို့ ငါရွဲ့ပြီး နောက်တစ်ယောက်တွဲမယ်တို့၊ nightlife မှာ ဘယ်လိုကဲလိုက်မယ်တို့ ။ အသည်းပဲလိုက်ခွဲတော့မယ်တို့၊ ဘယ်သူ့ကိုမှ အတည်မတွဲတော့တာတို့မလုပ်ပါနဲ့။ သူနဲ့ကိုယ်နဲ့တန်းတူသွားလိမ့်မယ်။

ကိုယ့်ကိုကိုယ်အပျက်စီးမခံပါနဲ့။ ဆေးသုံးတာ ၊ ONS/ hookup စသဖြင့်လုပ်တာမျိုး ။ ကျောင်းမပြီးပဲ နားလိုက်ရတာတို့ ၊ အလုပ်ထွက်လိုက်ရတာ ၊ အလုပ်မှာ သေချာ အာရုံမစိုက်နိုင်တာ ။
အချိန်ကုန်မခံနဲ့။ လေပြီး အချိန်ကုန်မခံပါနဲ့ ။

စဉ်းစားရမယ့်အပိုင်း 😇

စဉ်းစားကြည့်ပါနော် ကိုယ်နဲ့လမ်းခွဲပြီး တစ်ဖက်လူက မူးရူးသောက်စား၊ ဆေးစွဲ ပြီး စုတ်ပျက်နေရင် အဲ့လိုလူကိုပြန်လိုချင်မလား၊၊ ကလပ်တွေတက် ဘားတွေသွား ဖြစ်ချင်တိုင်းတွေဖြစ် အထိန်းကွတ်မဲ့ ။ တစ်ယောက်ပြီးတစ်ယောက်တွဲနေရင်ရော ဘယ်သူမှပြန်မလိုချင်ပါဘူး။ ကိုယ်တိုင်လည်းမလိုချင်ပါဘူး ။
အော်သူနဲ့လမ်းခွဲလိုက်တာ ကံကောင်းလို့၊ တော်သေးတယ် လို့တောင်တွေးဦးမယ်။

အဲ့လိုမဟုတ်ပဲ တစ်ဖက်က ကိုယ်နဲ့လမ်းခွဲပြီးမှ ပိုတော်လာမယ်၊ နောက်တစ်ယောက်လည်းတမ်းမထားပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘဝကိုအရမ်းကြိုးစားနေမယ် ။ ကိုယ်နဲ့တွဲနေတုန်းကထက် သူက ပိုကြည့်ကောင်းလာပြီး ၊ ပိုပြီး လူကြီးဆန်လာမယ်။ စာရိတ္တကောင်းတဲ့သူတစ်ယောက်ဆို ဒီခေတ်မှာ အရှားဆုံးပဲ။ အဲ့လိုလူကိုလက်လွှတ်လိုက်းလို့မနှမြှောပဲမနေနိုင်ပါဘူး ။

တဖက်ကအစကတည်းကကိုယ့်ထက်ပိုတော်နေလို့ ကိုယ်ကအသုံးမကျလို့ထားခဲ့ခံရရင်တောင် ၊ ကိုယ်တိုးတက်လာတာကိုကြည့်ပြီး နှမြှောကြပါတယ် လူဆိုတာက

ပြန်လက်ခံပြီး သူလုပ်သလိုပြန်လုပ်မယ်ဆိုတဲ့စိတ်လည်းမမွေးပါနဲ့။ တန်းတူသွားလိမ့်မယ် ။ တစ်ဖက်က သူလိုလူကို ငါလက်လွှတ်လိုက်တာတော်သေးတယ်လို့တွေးလိမ့်မယ်။

🤍အခုပြောသွားတဲ့ ကလဲ့စားခြေနည်းတွေထဲမှာ အရေးကြီးဆုံးတစ်ချက်ကတော့ 🤍
သူပြန်လာပါစေဆိုတဲ့စိတ်နဲ့မလုပ်ပါနဲ့။ ငါ့ဘဝကိုပိုကောင်းအောင်တည်ဆောက်မယ်ဆိုတဲ့စိတ်ထားပါ။ ပြန်လာရင်တောင် လက်မခံမယ့် သူတစ်ယောက်ဖြစ်တဲ့အထိ သန်မာပါစေ။

အာလုံးပဲ အကောင်းဆုံးလက်စားခြေနိုင်ကြပါစေ။ ( ပြန်လည်ကူးယူဖော်ပြပါက credit ပေးပါ)

~☁️

Photos from Zoey's cloud's post 01/01/2025

Level up your life in 2025 🤍

✨ စောစောအိပ်ယာထပါ

✨ Journaling ရေးတဲ့အကျင့်လုပ်ပါ

✨ ရည်မှန်းချက်တွေထားပါ ( weekly / monthly/ year goals )

✨ တစ်ရက် အနည်းဆုံး ၁၀ မိနစ် တရားထိုင်ပါ ( စိတ်တည်ငြိမ်ပြီး self-control အားကောင်းလာပါလိမ်မယ် )

✨ Skills အသစ်တွေ သင်ယူပါ

✨ စာ နေတိုင်းဖတ်ပါ

✨ ကျေးဇူးတင်တတ်ခြင်း ( Gratitude) အကျင့်လေးလေ့ကျင့်ပါ

✨ Time Management သေချာလေးလုပ်ပေးပါ

✨ လေ့ကျင့်ခန်းလုပ်ပါ

✨အမှားတွေကနေ သင်ခန်းစာယူပါ

✨တပါးသူအပေါ် အပစ်တင်ခြင်းနည်းပြီး၊ နားလည်နိုင်အောင် လေ့ကျင့်ပါ

✨ ငွေကြေးစီမံခန့်ခွဲမှုသေချာလုပ်ပါ

✨ ကိုယ့်အမှားကိုယ် လက်ခံနိုင်အောင်ကြိုးစားပါ

✨ ကိုယ့်ကိုကိုယ်ပိုချစ်ပါ

✨ခွင့်လွှတ်တတ်ခြင်း ၊ ဥပက္ခာထားတတ်ခြင်း

✨Self - Control ကောင်းအောင်လေ့ကျင့်ပါ

~ ☁️

31/12/2024

2025 အတွက် Zoey ရဲ့စာတိုလေးများ

🤍 စိတ်အလိုကိုမလိုက်နဲ့
ကိုယ့်ကိုကိုယ်အလိုမလိုက်ပါနဲ့။ ကိုယ်ဖြစ်ချင်တာတွေဖြစ်ရဖို့ ။ ပိုပြီးသန်မာလာဖို့……အောင်မြင်ဖို့ …..

🤍 စိတ်ခံစားချက်နောက်မလိုက်နဲ့
စိတ်တိုရင်လည်း ထိန်းရတယ်။ စိတ်လိုက်မာန်ပါမလုပ်ရဘူး။ ဝမ်းနည်းရင်လည်းထိန်းရတယ်။ တစ်ခုခုဆိုပြောထည့်လိုက်တာတို့ social media မှာတင်လိုက်တာတို့ကို အတတ်နိုင်ဆုံးထိန်းပါ

🤍 အောင်မြငိဖို့ကြိုးစားတဲ့အခါ မလုပ်ချင်တာတွေကိုလည်းလုပ်ရတယ်၊ လုပ်ချင်တာတွေကိုလည်းအောင့်အီးသည်းခံရတယ်

🤍 Time Management ကောင်းကောင်းလိုတယ်

🤍 အပျော်ပါးရှာတဲ့အခါ နေမှားမရှာမိပါစေနဲ့
Club တွေ Barတွေ party တွေ သွားရမှပျော်တတ်တာမျိုးကို မှားယွင်းတဲ့ပျော်ရွှင်မှုလို့ခေါ်ပါတယ် ။ party drugs တွေကို စိမ်းလို့တောင်မသုံးမိပါစေနဲ့။ အပျော်ရည်းစားထားပြီးအချိန်ကုန်မခံပါနဲ့

🤍 မလိုအပ်တာတွေကို အာရုံစိုက်မိတဲ့အခါ ၊ လိုအပ်တာတွေမှာ လစ်ဟင်းသွားတတ်ပါတယ်။

🤍 မနာလိုတာ ၊ သူတပါးကိုထိခိုက်အောင်လုပ်ချင်တဲ့ အငုံစိတ်တွေမရှိအောင်နေပါ

🤍 Relationship တစ်ခုကိုစတင်မယ်ဆိုအချိန်ယူပါ

🤍 when you build in silence, people don’t know what to attack !

🤍 Take your times , don’t be rush !

- ☁️

06/12/2024

Girls !
You can lose your virginity by mistake …
But don’t become a high body count girl .

29/11/2024

ကိုယ်က ဘဝလက်တွဲဖော် ရှာနေတာလား?
ခဏတာပျော်ရွှင်ရတဲ့လက်တွဲဖော်ကိုရှာနေတာလား? သိချင်ရင်ဆက်ဖတ်ပါ!

How to not die alone ဆိုတဲ့ စာအုပ်ကနေ ပြန်လည်ဝေမျှပေးပါရစေ

The prom date vs the life partner

ဘဝအတွက်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဆိုတာ တကယ်ကို လုပ်ရခက်တဲ့အရာပါ

ကျွန်မတို့တွေဟာ ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာသိတယ်၊ ဒါပင်မယ့် မလုပ်ဘူး။

ကျွန်မတို့အနာဂါတ်အတွက် ငွေကြိုစုသင့်တယ်ဆိုတာလည်းသိတယ် ၊ ဒါပင်မယ့် ငွေတွေဖြုန်းပစ်တယ်

လုပ်ရမယ့်အလုပ်တွေကိုလည်း ချက်ချင်းလုပ်လို့ရရင်တောင် အချိန်ဆွဲလေ့ရှိတယ်။

အဲ့လိုပဲကျွန်မတို့အများစုဟာ date တဲ့အခါမှာလည်း ရေရှည်ကိုမစဉ်းစားကြပါဘူးတဲ့

အဲ့တော့ ကိုယ်က prom date ရှာနေတာလား ? Life partner ရှာနေတာလား ?

Prom date ဆိုတာဟာ ~
ကျွန်မတို့နိုင်ငံမှာတော့ ဒီဓလေ့ကမရှိဘူးပေါ့နော် ~ ဒါပင်မယ့် အထက်တန်းကျောင်းတုန်းကအချစ်ဇာတ်လမ်းလေးတွေနဲ့တော့ဆင်တယ်။ အဲ့တော့ prom date မှာ လူငယ်အများစုက ကိုယ့်ရဲ့ လက်တွဲဖော် partner က ရုပ်ရည်ချောမောရမယ်၊ ပြီးရင် အဲ့ တညတာက အရမ်းပျော်ဖို့ကောင်းရမယ် ၊ အရမ်းကို ရိုမက်တစ်ဖြစ်နေရမယ် ၊ သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်အတွဲက ထင်ပေါ်ပြီးအမိုက်စားဖြစ်နေရမယ် ။ အဲ့ လို အတွေးတွေနဲ့ စိတ်ကူးယျဉ်ပြီးရွေးချယ်ကြတယ်ပေါ့နော်

တကယ်ပဲ အဲ့လိုလူမျိုးနဲ့ လက်ထပ်ချင်တာလား
အသက်ကြီးသွားတဲ့ မင်းမိဘတွေအပေါ်သူကကောင်းပေးပါ့မလားလို့ စိတ်ပူဖူးလား ? ဒါမှမဟုတ် ကလေးတွေနဲ့မိဘတွေအစည်းဝေးမှာ ကြွားဖို့လား?

အဲ့လိုမျိုးကိုယ့်ကိကိုယ်ပြန်မေးဖူးလား? Date တခုကနေပြန်လာပြီဆို ဒီလူကို ထပ်တွေ့ချင်လား ? ထပ် kiss ပေးချင်လား ? ဒါမျိုးတွေပဲမေးဖူးတယ်မှတ်လား ?

ဒါပင်မယ့် Long-term partner ( Life partner) ဆိုတာကတော့

ကိုယ်ရေရှည်လက်တွဲမယ့်သူ ( Long term partner ) ဆိုတာက ဘဝအနိမ့်အမြင့် အတက်အကျ တွေမှာ ကိုယ်နဲ့အတူရှိနေပေးမယ့်သူ ၊ မှီခို အားကိုး လို့ရမယ့်သူ ၊ ဆုံးဖြတ်ချက်တွေအတူတူချရမယ့်သူ ပါပဲ ။

အဲ့တော့ ကိုယ့်ကိုကိုယ်
ဒီလူနဲ့လက်တွဲရင် ငါ့ရဲ့ love story လေးက ဘယ်လိုလေးဖြစ်မလဲ ? လို့မမေးပဲ
ဒီလူနဲ့ ငါဘဝတစ်ခု တည်ဆောက်လို့အဆင်ပြေပါ့မလား? လို့မေးကြည့်ပါ။
( ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ )

ကျွန်မတို့ဟာ ဆယ်ကျော်သက်တွေ မဟုတ်တော့ဘူးဆိုရင်
ဘဝလက်တွဲဖော်ရှာနေတဲ့သူတွေဆိုရင်တော့ ( stop looking for Prom dates and start seeking a Life Partner)

✨✨✨

28/11/2024

Life partner ရွေးချယ်ရာမှာ ကျွန်မတို့ထင်နေတဲ့ အရေးပါတယ်ဆိုတဲ့ တချို့အရာတွေက အမှန်တော့ အဲ့သလောက်အရေးမပါ ပါဘူး

How to not die Alone ဆိုတဲ့ စာအုပ်မှာရေးထားတဲ့အရဆိုရင်

ထင်ထားသလောကအရေးမပါတဲ့အချက် (၄) ချက်
၁ ငွေကြေး (money)
၂ ရုပ်ရည် ( good look )
၃ တူညီတဲ့ဗီဇ ( personality similar to yours )
၄ တူညီတဲ့ဝါသနာ ( shared hobbies)

ထင်ထားတာထက်ပိုအရေးကြီးတဲ့အချက် ( ၆ ) ချက်
၁ ကြင်နာမှုနှင့်စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်း ( emotionally stability and kindness)
၂ သစ္စာရှိမှု ( loyalty)
၃ တိုးတက်လိုစိတ် / သင်ယူလိုစိတ် ( growth mindset)
၄ ကိုယ့်ကို ပိုတော်စေတဲ့ လူမျိုး( personality that brings out the best in you )
၅ ရန်ဖြစ်တတ်တဲ့သူ ( skill to fight )
၆ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အတူတကွဆုံးဖြတ်နိုင်သူ ( ability to make hard decisions with you )

ဆိုပြီး relationship research တွေအရသိရပါတယ်~

~ ☁️

06/11/2024

Weak men are
afraid of
strong women

06/11/2024

Dating app နှင့် ကိုယ်တွေ့

Dating app တွေမှာ ဘယ်လိုလူတွေများလဲ ?

ပထမဆုံးသတိပေးချင်တာကတော့ dating app ဆိုတာ မိန်းမကောင်း၊ယောကျာ်းကောင်း တွေအတွက်နေရာမဟုတ်ပါဘူး။

အဲ့တော့ dating app တွေမှာ ဘယ်လိုလူတွေများလဲသိလား?

Zoey dating app 3 ခုလောက်ကို ၁လ သုံးခဲ့ဖူးတယ်။ package တွေဝယ်ပြီးကိုသုံးတာ။ ( အဲ့တုန်းကဘာမှန်းမသိခဲ့ဖူးလေ) အသိအကိုတစ်ယောက်ကပြောတယ် နင်ဘာလို့ဒါတွေသုံးတာလဲတဲ့။ အဲ့အထိသဘောမပေါက်သေးဘူး။

အှာနဲ့သုံးတော့ ကိုယ့်သူငယ်ချင်းယျောကျာ်းလေးတွေကိုစတွေ့ပါလေရော~

ပထမတစ်ယောက်က နာမည်ပျက်လုံးဝမရှိ၊ စော်ရှိတယ်။ စော်နဲ့တွဲနေတာကြာပြီ၊၊ ကိုယ့်အုပ်စုထဲမှာလည်းသူ့ကိုလူကောင်းလို့ပဲ မြင်ကြတာ။ သူငယ်ချင်းရော မိသားစုရော သူ့ရည်းစားအပေါ်မှာရောကောင်းတဲ့သူ ( အဲ့လိုလူက ရည်းစားရှိရဲ့နဲ့သုံးတယ်၊ စဉ်းစားကြည့်ပါ၊ သူကအပျော်ပဲတွဲမှာ၊ သူကောင်းလားဆိုတော့လည်းမကောင်းပါဘူး)

နောက်တစ်ယောက်တွေ့တယ် အဲ့သလိုပဲ အသိုင်းဝိုင်းကောင်း အညာတတ်၊ဥစ္စာပေါ၊ရုပ်ချော ၄/၅နှစ်တွဲနေတဲ့ကောင်မလေးရှိ။ ( တွေ့တယ် dating app မှာပဲ)

ဟော ထပ်တွေ့ပြန်တယ် ကျွန်မသူငယ်ချင်း ငယ်ရည်းစားနဲ့တွဲနေတာ ၁၀နှစ်ပြည့်တော့မှာ၊ wallတစ်ခုလုံးသူ့စော်ပုံတွေကြီး ၊ ၂ဖက်မိဘသိ၊ ဘယ်လောက်ရှုက်ရှုပ်ညသူ့စော်ပဲယူမှာပါတဲ့။

ထပ်တွေ့တယ် အသိထဲက အိမ်ထောင်ရှိအကိုတွေ ၃/၄ ယောက် ၊ တချိုက အသက်တောင်ငယ်ထားသေးတာ။
ထပ်တွေ့တယ် အသိပဲ။ သူကနောက်နှစ်ဆို သူ့စော်နဲ့လက်ထပ်တော့မှာ ~~

ထပ်တွေ့ပြန်တယ် မိန်းမနဲ့ ၊သူတို့ကopen relationship ပါတဲ့။

ပြီးရင်ဒီလူတွေဟာ အသိုင်းအဝိုင်းနဲ့၊ ပညာတတ်၊ ပိုက်ဆံရှိတွေ။ နယ်ပယ်စုံမှာ အောင်မြင်နေသူတွေ။ ဟိုးးးလှိုင်သာယာကမဟုတ်ပဲ ခြံနဲ့ဝန်းနဲ့ သူဌေးရပ်ကွက်နေသူတွေ။နိုင်ငံခြားပြန်တွေ ကဲ~~~

ဒါကိုယ်သိနေတဲ့သူတွေမို့လေ၊ ကိုယ်မသိတဲ့သူတွေထဲ၊ ကိုယ်နဲ့ match ဖြစ်နေတဲ့သူစိမ်းတွေလည်း ဒါမျိုးတွေမဖြစ်ပါဘူးလို့ပြောလို့မရဘူးလေ။ သူတို့ဘယ်လိုလဲကိုယ်မှမသိတာ။ ( သိပ်ကြောက်သွားတယ် )

အဲ့တော့ ၂ပတ်လောက်နေတော့ ကျွန်မသူငယ်ချင်းအရင်းကြီးတွေကို လက်မေးကြည့်တယ်။ single တွေထဲကပေါ့ dating app သုံးတဲ့ထဲကပေါ့။
သူတို့ဘာဖြေတယ်ထင်လဲ?
Hookup အတွက်ပဲသုံးတာပါတဲ့။ နင်လူကောင်းတွေ့ချင်ရင်မသုံးနဲ့နော်တဲ့။ ငါတို့ယောကျာ်းလေးတွေက dating app ထဲက မိန်းကလေးတွေကိုအထင်မကြီးပါဘူးတဲ့။

အဲ့ဟာတွေအားလုံးကအမှန်ပါ။ အဲ့တော့ မိန်းမကောင်းလေးတွေကိုပြောချင်ပါတယ်။ dating app ကနေအချစ်စစ်ဆိုတာအရမ်းရှားပါတယ်။ (မရှိဘူးမပြောပါဘူး၊ ရှားတာပါ) ကိုယ်ကhookup culture/ONS/FWB အှာတွေကိုလက်ခံတဲ့သူတွေကိုတော့မပြောလိုပါဘူး။

အပေါ်မှာပြောခဲ့တဲ့ dating appဘာလို့သုံးတာလဲလို့ကျွန်မကိုမေးခဲ့တဲ့ အကိုက စီးပွါးရေးမှအောင်မြင်ပြီး matureဖြစ်တဲ့သူတစ်ယောက်ပေါ့။ သူလည်းလုံးဝမသုံးသလို သုံးတဲ့မိန်းကလေးတွေကိုလည်းအထင်မကြီးပါဘူး။ (အဖြေကရှင်းနေပါပြီ)

အဲ့လောက်ဆိုရင်တော့ အမှားမလုပ်မိသေးရင် အမြန်ဆုံးနောက်ပြန်ဆုတ်ကြပါလို့ မေတ္တာလေးနဲ့တားပါရစေ။

~ ☁️

Photos from Zoey's cloud's post 06/11/2024
Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address

Yangon