Design Corner

Design Corner

Share

I share art & design and I will take graphic design service.

23/04/2026

နူးညံ့ပြီး ခေတ်မီတဲ့ အရောင်တွဲတစ်ခုပဲဖြစ်ပါတယ်။ မျက်စိအေးစေတဲ့ အရောင်တွဲပါ။

22/04/2026

သဘာဝဆန်ပြီး နွေးထွေးတဲ့ color လေးရောင် အတွဲပါ။

21/04/2026

ယုံကြည်မှု နဲ့ သန့်ရှင်းစင်ကြယ်မှုကို ခံစားမိစေမယ့် အရောင်တွဲတစ်ခုပါ။

Photos from Design Corner 's post 20/04/2026

လုပ်ငန်းရှင်တွေ အရောင်ကို ဘယ်လိုရွေးမလဲ?
အပိုင်း (၁)

လူတစ်ယောက်ဟာ ကြော်ငြာဒီဇိုင်းတစ်ခုကိုမြင်ရင် အဲဒီကြော်ငြာရဲ့ အကောင်း အဆိုးကို အကဲဖြတ်ဖို့ အချိန်ဘယ်လောက်ယူတယ်လို့ သင်ထင်ပါသလဲ..... စက္ကန့် ၉၀ ပဲ ကြာပါတယ်။ ၁ မိနစ် ၃၀ စက္ကန့်ပေါ့။

အဲဒီအချိန်အတွင်းမှာ ကြော်ငြာဒီဇိုင်းရဲ့ အဆိုး အကောင်း၊ ယုံကြည်ရမှုကို ကောက်ချက်ချဖို့ ဘာကို အဓိကထားပြီး ဆုံးဖြတ်တယ်ထင်ပါသလဲ.....

အရောင်ပါပဲ။ အကဲဖြတ်မှုရဲ့ ၆၀% ကနေ ၉၀% ထိက အရောင်ပေါ်မှာပဲ မူတည်နေတာပါ။

ဒါဆို သင့်လုပ်ငန်းအတွက် အရောင်ရွေးတဲ့အခါ ဘယ်လိုရွေးမလဲ။ ဒါ သိပ်ကို အရေးကြီးပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ "ငါ ဘယ်အရောင် ကြိုက်သလဲ" ဆိုတာထက် "ငါ့ Customer တွေ ဒီအရောင်ကို မြင်ရင် ဘယ်လို ခံစားရစေချင်သလဲ" ဆိုတာကို အဓိကထားပြီး စဉ်းစားသင့်ပါတယ်။

ဒီ Content မှာတော့ လက်ရှိခေတ်စားနေပြီး တစ်ခုနဲ့တစ်ခု လိုက်ဖက်မှုရှိတဲ့ အရောင်လေးမျိုးတွဲ (Color Palettes) ၃ စုံကို Hex Code တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ အောက်မှာဖော်ပြထားတဲ့ ပုံတွေကိုလေ့လာနိုင်ပါတယ်။

နှစ်သစ်မှာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာတဲ့ Brand ပုံရိပ်ကို ပိုင်ဆိုင်ဖို့ အခုပဲ Page Messenger (သို့) Viber ကနေ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

Ph: 09 972 144 683
Viber: 09 972 144 683

design - Winn Thit Oo

17/04/2026

နှစ်သစ်မှာ ချမ်းမြေ့ကြပါစေ...

12/04/2026
Photos from Design Corner 's post 09/04/2026

သင့် Brand ရဲ့ အရောင်တွေက Screen ပေါ်မှာတင် လှနေတာလား? Professional ဆန်တဲ့ Printing Quality ရဖို့ သိထားသင့်တဲ့ အချက်များ 🎨🎨🎨

စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ Brand အတွက် လိုဂို၊ လက်ကမ်းစာစောင် ဒါမှမဟုတ် ထုတ်ပိုးမှုဒီဇိုင်း (Packaging) တွေကို ပုံနှိပ်ထုတ်ဝေတဲ့အခါ အရောင် (Color) နဲ့ ပတ်သက်ပြီး မကြာခဏ မှားတတ်ကြပါတယ်။ ဒီအမှားလေးတွေက ကုန်ကျစရိတ် ပိုကုန်စေသလို Brand ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

လုပ်ငန်းရှင်တွေ သတိထားသင့်တဲ့ အဓိက အမှား (၅) ချက်ကို ကျွန်တော် အကြံပြုပေးပါမယ်။

၁။ RGB နဲ့ CMYK ရောထွေးခြင်း
(အဖြစ်အများဆုံးအမှား)

လူတော်တော်များများက ကွန်ပျူတာ screen ပေါ်မှာ မြင်ရတဲ့အတိုင်း print ထွက်လာမယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာ အကြီးမားဆုံး အမှားပါ။ အရောင်စနစ်မှာ RGB နဲ့ CMYK ဆိုပြီး ရှိပါတယ်။

RGB (Red, Green, Blue): ဖုန်း၊ ကွန်ပျူတာနဲ့ Digital screen တွေမှာသုံးတဲ့ အရောင်စနစ်ပါ။ အလင်းနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အရောင်က ပိုတောက်ပါတယ်။

CMYK (Cyan, Magenta, Yellow, Key/Black): ပုံနှိပ်စက်တွေမှာသုံးတဲ့ မင်အရောင် (၄) မျိုးစနစ်ပါ။သတိထားရမှာက RGB နဲ့ ဆွဲထားတဲ့ ဒီဇိုင်းကို CMYK နဲ့ print ထုတ်တဲ့အခါ အရောင်တွေက မှိန်သွားတာ ဒါမှမဟုတ် ပြာသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုအမှားမျိုးမဖြစ်အောင် အကြံပြုလိုတာက သင့်ဒီဇိုင်းကို ဖန်တီးပေးမယ့် ဒီဇိုင်နာကို ပုံနှိပ်ဖို့အတွက်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးထားပါ။ ဒါဆိုရင် ဒီဇိုင်နာက ဒီဇိုင်းစဆွဲကတည်းက သူသုံးတဲ့ Software မှာ Color Mood ကို CMYK ပြောင်းပြီး ဆွဲပေးပါလိမ့်မယ်။

၂။ Screen တောက်သလောက် Print မတောက်ခြင်း

ဖုန်း screen တွေမှာကြည့်ရင် အရောင်တွေက အရမ်းလှပြီး လင်းနေတတ်ပါတယ်။ ဒါပေမဲ့ စက္ကူပေါ်မှာကျတော့ အဲဒီလောက် မလင်းနိုင်ပါဘူး။ အထူးသဖြင့် Neon အရောင်တွေနဲ့ တောက်လွန်းတဲ့ အပြာရောင်တွေဟာ ပုံနှိပ်တဲ့အခါ အများကြီး ကွာခြားသွားတတ်ပါတယ်။

၃။ စက္ကူအမျိုးအစား (Paper Stock) ကို ထည့်မတွက်ခြင်း

တူညီတဲ့ ဒီဇိုင်း၊ တူညီတဲ့ မင်ကို သုံးထားရင်တောင် စက္ကူအမျိုးအစားပေါ်မူတည်ပြီး အရောင်က ပြောင်းလဲသွားပါတယ်။
Coated Paper (ပြောင်ချောစက္ကူ): မင်ကို စုပ်ယူမှုနည်းလို့ အရောင်က ပိုစိုပြီး ကြည်လင်ပါတယ်။
Uncoated Paper (ရိုးရိုးစက္ကူ): မင်ကို စုပ်ယူလိုက်တဲ့အတွက် အရောင်က ပိုရင့်သွားတာ ဒါမှမဟုတ် ပိုမှောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။

၄။ Rich Black နဲ့ Plain Black မခွဲခြားနိုင်ခြင်း

စာသားတွေအတွက်ဆိုရင် ကိစ္စမရှိပေမဲ့ ဧရိယာအကျယ်ကြီးကို အမည်းရောင် ဖုံးချင်တဲ့အခါ Plain Black (K=100) ကိုပဲ သုံးရင် ကာလာက မှိုတက်သလိုလို မွဲခြောက်ခြောက်ကြီး ဖြစ်နေပါလိမ့်မယ်။ ပိုပြီး နက်မှောင်ပြောင်လက်တဲ့ အမည်းရောင်ရဖို့ Rich Black (C, M, Y, K အရောင်အားလုံးကို ရောစပ်ထားတဲ့ အချိုး အစား) ကို သုံးရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကိုယ့်ဒီဇိုင်းကို ဆွဲပေးတဲ့ ဒီဇိုင်နာနဲ့အတူ ဖြေရှင်းဖို့လိုပါတယ်။

၅။ Proofing (နမူနာကြည့်ခြင်း) ကို ကျော်လိုက်ခြင်း

အလျင်လိုတဲ့အခါ ဒါမှမဟုတ် စရိတ်ချွေတာချင်တဲ့အခါ "Digital မှာ ကြည့်ပြီးပြီပဲ၊ တန်းရိုက်လိုက်တော့" ဆိုပြီး လုပ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အမြောက် အမြား (Mass Production) မလုပ်ခင် Sample Print (Proof) အရင်ထုတ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ အရောင် မှားယွင်းသွားခဲ့ရင် ပုံနှိပ်ရဲ့ အပြစ်လား၊ ဒီဇိုင်နာရဲ့ အပြစ်လားဆိုပြီး မရေရာတဲ့အကြောင်းအရာတွေနဲ့ ဆုံးရှုံးလိုက်ရတာတွေပဲ အဖတ် တင်သွားပါလိမ့်မယ်။

💡စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Professional အကြံပြုချက်၊

Pantone Color (PMS) ကိုသုံးပါ:
သင့် Brand ရဲ့ အရောင်က ဘယ်နေရာမှာပဲရိုက်ရိုက် တစ်သမတ်တည်း ဖြစ်ချင်ရင် (ဥပမာ- Coca-Cola အနီမျိုး) Pantone code ကို သတ်မှတ်ထားပါ။ Illustrator လို software မှာ CMYK coated လို pantone code ပါပါတယ်။ အဲဒီ code တွေကိုလည်း အဆင်ပြေရင် သုံးနိုင်ပါတယ်။ သီးသန့်ဖြစ်ချင်ရင်၊ ကိုယ်လိုချင်တဲ့အရောင် အတိအကျရချင်ရင်တော့ Pantone code အရောင်ကို ပုံနှိပ်ဖို့ ဝယ်သုံးပါ။

Designer နဲ့ တိုင်ပင်ပါ:
"ဒါကို ပုံနှိပ်မှာမို့ CMYK နဲ့ပဲ လုပ်ပေးပါ" လို့ ကြိုပြောထားပါ။

မီးရောင်ကို သတိထားပါ:
Print ထွက်လာတဲ့ အရောင်ကို နေရောင်အောက်မှာ ကြည့်တာနဲ့ လျှပ်စစ်မီးဝါအောက်မှာ ကြည့်တာ မတူနိုင်ကြောင်း နားလည်ထားပါ။

ဒီအချက်တွေကို သတိထားမယ်ဆိုရင်တော့ သင့်လုပ်ငန်းရဲ့ ပုံနှိပ်ပစ္စည်းတွေဟာ အရည်အသွေးစိတ်ချရပြီး ငွေကုန်ကြေးကျလည်း သက်သာစေမှာပါ။

RGB နဲ့ CMYK အရောင်၊ Screen နဲ့ Printing အရောင်တွေရဲ့ ကွဲလွဲတဲ့ အရောင်ထွက်တွေကို ကျွန်တော့်ရဲ့ digital illustration ပုံတွေနဲ့ နမူနာ ဖော်ပြထားပါတယ်။

Brand တစ်ခုအတွက် Design ဆိုတာ Screen ပေါ်မှာ လှနေရုံနဲ့ မပြီးပါဘူး။ တကယ့်လက်တွေ့ ပုံနှိပ်တဲ့အခါမှာလည်း အရောင်စိုစိုနဲ့ စိတ်တိုင်းကျထွက်ဖို့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေ အများကြီး လိုအပ်ပါတယ်။

နှစ်ဟောင်းက ပုံစံဟောင်းတွေကို သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်ပြီး... မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အထိမ်းအမှတ်အနေနဲ့ သင့်လုပ်ငန်းရဲ့ Branding ကို ပိုမိုတောက်ပအောင် ကျွန်တော်တို့က ကူညီပေးပါရစေ။ ✨

အခုပဲ ကျွန်တော်တိုနဲ့အတူ သင့်လုပ်ငန်းပုံရိပ်ကို အဆင့်မြှင့်တင်လိုက်ပါ။ မြန်မာ့နှစ်သစ်ကူး အထူးလက်ဆောင်အနေနဲ့ _
Design Service အားလုံးကို 20% Discount ပေးနေပါပြီ။

✅ ကျွန်တော်တို့ Design Corner မှ ဆောင်ရွက်ပေး‌နေတဲ့ ဝန်ဆောင်မှု‌တွေက -

Logo & Brand Identity Design
Social Media Content Design
Packaging & Sticker Design
Marketing Material (Brochure/Banner)
Branding & Corporate Design

⏳ Promotion - ပထမဆုံး ဒီဇိုင်းအပ်နှံသူ ၁၀ ဦးသာ

နှစ်သစ်မှာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာတဲ့ Brand ပုံရိပ်ကို ပိုင်ဆိုင်ဖို့ အခုပဲ Page Messenger (သို့) Viber ကနေ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Ph: 09 972 144 683
Viber: 09 972 144 683

design - Winn Thit Oo

Photos from Design Corner 's post 31/03/2026

အိမ်ခြံမြေ (Real Estate) လောကမှာ ယုံကြည်မှု (Trust) ဆိုတာ အရောင်းအဝယ်ဖြစ်ဖို့အတွက် အဓိကသော့ချက်ပါ။

လူတစ်ယောက်ဟာ ကြော်ငြာဒီဇိုင်းတစ်ခုကိုမြင်ရင် အဲဒီကြော်ငြာရဲ့ အကောင်း အဆိုးကို အကဲဖြတ်ဖို့ အချိန်ဘယ်လောက်ယူတယ်လို့ သင်ထင်ပါသလဲ..... စက္ကန့် ၉၀ ပဲ ကြာပါတယ်။ ၁ မိနစ် ၃၀ စက္ကန့်ပေါ့။

အဲဒီအချိန်အတွင်းမှာ ကြော်ငြာဒီဇိုင်းရဲ့ အဆိုး အကောင်း၊ ယုံကြည်ရမှုကို ကောက်ချက်ချဖို့ ဘာကို အဓိကထားပြီး ဆုံးဖြတ်တယ်ထင်ပါသလဲ.....

အရောင်ပါပဲ။ အကဲဖြတ်မှုရဲ့ ၆၀% ကနေ ၉၀% ထိက အရောင်ပေါ်မှာပဲ မူတည်နေတာပါ။

ဒါဆို သင့်လုပ်ငန်းအတွက် အရောင်ရွေးတဲ့အခါ ဘယ်လိုရွေးမလဲ။ ဒါ သိပ်ကို အရေးကြီးပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ "ငါ ဘယ်အရောင် ကြိုက်သလဲ" ဆိုတာထက် "ငါ့ Customer တွေ ဒီအရောင်ကို မြင်ရင် ဘယ်လို ခံစားရစေချင်သလဲ" ဆိုတာကို အရင်ဆုံး စဉ်းစားသင့်ပါတယ်။

ဒီဇိုင်းဆိုတာ Visual Element တစ်ခုဆိုတာထက် ပိုတယ်ဆိုတာ ကျွန်တော်တို့ သိထားသင့်ပါတယ်။ တစ်နည်းပြောရရင် "Silent Salesman" အသံတိတ် အရောင်းဝန်ထမ်းတစ်ယောက်လို့ပြောရပါမယ်။ သင် ဖန်တီးလိုက်တဲ့ ဒီဇိုင်းက Customer တွေရဲ့ စိတ်ကိုထိန်းချုပ်ဖို့၊ ယုံကြည်မှုရစေဖို့ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံနေရပါမယ်။ သင် ပြောချင်တဲ့ သတင်းစကားတွေက customer တွေရဲ့စိတ်ကို ထိရောက်မှုရှိစေရပါမယ်။ ဒီလိုဖြစ်ဖို့အတွက် သင်သုံးလိုက်တဲ့အရောင်က အဓိကနေရာကနေ အသုံးတော်ခံပါလိမ့်မယ်။

ဒီ content မှာတော့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေအတွက် customer တွေကို ယုံကြည်မှုရစေဖို့၊ ဆွဲဆောင်နိုင်ဖို့အတွက် ဘယ်လိုအရောင်တွေကို အဓိကထားပြီး အသုံး ပြုရမလဲဆိုတာ ပြောပြပါမယ်။

ဒီဇိုင်းဆွဲတဲ့အခါ လူတွေရဲ့ စိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အောက်ပါအရောင်တွဲတွေကို သုံးဖို့ အကြံပြုချင်ပါတယ်။

၁။ တည်ငြိမ်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့
"Deep Blue & White"

အိမ်ခြံမြေလုပ်ငန်းအများစု အသုံးအများဆုံးနဲ့ အန္တရာယ်အကင်းဆုံးအရောင်ပါ။

Deep Blue (အပြာရင့်)
တည်ငြိမ်မှု၊ ရိုးသားမှုနဲ့ ကျွမ်းကျင်မှုကို ကိုယ်စားပြုပါတယ်။ "ငွေကြေးအပ်နှံဖို့ စိတ်ချရတယ်" ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။

White (အဖြူ)
ရှင်းလင်းမှုနဲ့ ပွင့်လင်းမြင်သာမှုကို ပြသပါတယ်။

Best for
တိုက်ခန်းရောင်းဝယ်ရေး၊ ဘဏ်နှင့်ချိတ်ဆက်ထားသော လုပ်ငန်းများအတွက် အသင့်တော်ဆုံးပါ။

၂။ ဇိမ်ခံပြီး တန်ဖိုးကြီးတဲ့ "Gold & Navy/Black"

Luxury ဆန်တဲ့ အိမ်ရာစီမံကိန်းတွေ၊ ဗီလာတွေကို ရောင်း ချတဲ့အခါ သုံးသင့်ပါတယ်။

Gold (ရွှေရောင်)
ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်းနဲ့ အရည်အသွေးကို ဖော်ပြပါတယ်။

Navy/Black အပြာရင့်/ အနက်
လေးနက်မှုနဲ့ ခိုင်မာမှုကို ပေးပါတယ်။

Best for
ကွန်ဒိုအဆင့်မြင့် ဒီဇိုင်းများ၊ Luxury အိမ်ရာများမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။

၃။ သဘာဝဆန်ပြီး အေးချမ်းတဲ့
"Forest Green & Earth Tones"

ခြံကွက်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ အိမ်ရာတွေအတွက် အထူးသင့်လျော်ပါတယ်။

Green (အစိမ်းရောင်)
ဖွံ့ဖြိုးတိုးတက်မှု၊ လတ်ဆတ်မှုနဲ့ ကျန်းမာတဲ့ပတ်ဝန်းကျင်ကို ပြသပါတယ်။

Earth Tones (အညိုဖျော့/မီးခိုး)
ခိုင်ခံ့မှုနဲ့ မြေပြင်အခြေအနေကို ကိုယ်စားပြုပါတယ်။

Best for
ခြံကွက်ရောင်းခြင်း၊ လုံးချင်းအိမ်ရာစီမံကိန်းများအတွက် အထူးသင့်လျော်ပါတယ်။

💡 နောက်ထပ် သတိထားရမယ့် အချက်တွေ ရှိပါသေးတယ်။
Contrast ကို သတိထားပါ။

ဒီဇိုင်းမှာ စာသားတွေဖတ်ရလွယ်အောင် နောက်ခံအရောင်နဲ့ စာသားအရောင်ကို ဆန့်ကျင်ဘက်ထားပါ။ (ဥပမာ- အပြာရင့်နောက်ခံမှာ အဖြူရောင်စာသား)။

Brand Consistency

သင်ရွေးချယ်ထားတဲ့ အရောင် ၂ မျိုး ဒါမှမဟုတ် ၃ မျိုးကိုပဲ ဒီဇိုင်းတိုင်းမှာ အဓိကအရောင်အနေနဲ့ ပုံသေသုံးပါ။ ဒါမှသာ သင့် Brand ကို လူတွေမှတ်မိလွယ်စေမှာပါ။

Accent Color

"Call to Action" (ဥပမာ- အခုပဲဆက်သွယ်ပါ) ဆိုတဲ့ Button တွေအတွက် နောက်ခံအရောင်နဲ့ ဆန့်ကျင်ဘက် ထင်ရှားပြတ်သားတဲ့အရောင် (ဥပမာ- လူအာရုံ စိုက်စေမယ့် Orange ဒါမှမဟုတ် Yellow) ကို အနည်းငယ် ရောသုံးပေးပါ။

ကျွန်တော် အဓိကပြောချင်တာက အရောင်တွေဟာ လူတစ်ယောက်ရဲ့ ဝယ်ယူလိုစိတ်ကို ၆၀% ကနေ ၈၀% အထိ သက်ရောက်မှုရှိစေတယ်ဆိုတာ မမေ့ပါနဲ့။

အောက်ကပုံတွေမှာ အိမ်ခြံမြေနဲ့ပတ်သတ်တဲ့ ဒီဇိုင်းတွေမှာ သုံးသင့်တဲ့ အရောင်တွေကို အမျိုးအစားအလိုက် ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ကြပါခင်ဗျာ။

နှစ်ဟောင်းက ပုံစံဟောင်းတွေကို သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်ပြီး... မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အထိမ်းအမှတ်အနေနဲ့ သင့်လုပ်ငန်းရဲ့ Branding ကို ပိုမိုတောက်ပအောင် ကျွန်တော်တို့က ကူညီပေးပါရစေ။ ✨

အခုပဲ ကျွန်တော်တိုနဲ့အတူ သင့်လုပ်ငန်းပုံရိပ်ကို အဆင့်မြှင့်တင်လိုက်ပါ။ မြန်မာ့နှစ်သစ်ကူး အထူးလက်ဆောင်အနေနဲ့ _
Design Service အားလုံးကို 20% Discount ပေးနေပါပြီ။

✅ ကျွန်တော်တို့ Design Corner မှ ဆောင်ရွက်ပေး‌နေတဲ့ ဝန်ဆောင်မှု‌တွေက -

Logo & Brand Identity Design
Social Media Content Design
Packaging & Sticker Design
Marketing Material (Brochure/Banner)
Branding & Corporate Design

⏳ Promotion - ပထမဆုံး ဒီဇိုင်းအပ်နှံသူ ၁၀ ဦးသာ

နှစ်သစ်မှာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာတဲ့ Brand ပုံရိပ်ကို ပိုင်ဆိုင်ဖို့ အခုပဲ Page Messenger (သို့) Viber ကနေ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ ဒီဇိုင်းအပ်မှ မဟုတ်ပါဘူး။ မိမိရဲ့ လက်ရှိ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင်လည်း အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Ph: 09 972 144 683
Viber: 09 972 144 683

design - Winn Thit Oo

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Kayathuka Street, Yankin
Yangon
11081