Kestrel Energy
Your trusted PV energy consultant and installer.
12/09/2025
*တပ်ဆင်ပြီးသွားတယ့်Home pv back upစနစ်တစ်ခုကိုဘယ်လိုပြုပြင်ထိန်းသိမ်းရေးလုပ်မလည်း*
ကျွန်တော်တို့ inverter,battery နဲ့ solar panelများကိုစတင်တပ်ဆင်ပြီးအသုံးပြုနေပီဆိုပါဆို့..
တခြားသော်စက်များကဲ့သို့သူတို့ကိုလည်း ပြုပြင်ထိမ်းသိမ်းရေးလိုအပ်ပါတယ်ခင်ဗျ..
*စတင်သုံးစွဲပါက တပ်ဆင်ထားတယ့် Breakerတွေပူမပူ
တစ်ချက်သတိထားပေးပါ..ဖြစ်နိုင်ရင်installarကိုချက်ခြင်းအဆက်အသွယ်လုပ်ပါခင်ဗျ.
(Cable connection loseဖြစ်တာတို့ဘာတို့ဆို မီးလောင်တတ်ပါတယ်)
*သုံးစွဲပြီး၂လ၃လလောက်ရှိတယ့်အခါInverter fanလေးတွေဖုန်တတ်မတတ်နဲ့battery အကျ%ကိုနည်းနည်းကြည့်ပေးပါ..
Lifepo4 batteryကပုံမှန်အားဖြစ့်အာမခံ ၅နှစ်ပါတတ်ပါတယ်
(ချက်ခြင်းbattery %အကျမြန်တာတွေကအထဲမှာသုံးထားတယ့် cellတွေမကောင်းတာဖြစ်နိုင်ခြေများပါတယ်ခင်ဗျ)
Inverterကတော့ သူ့ရဲ့လေဝင်ပေါက်လေးတွေဖုန်ပိတ်တယ့်အခါအတွင်းထဲကစက်ပစ္စည်းတွေကအပူသေချာမထုတ်နိုင်တယ့်ပြသနာရှိပါတယ်ခင်ဗျ..
*နောက်ဆုံး solar panelတွေကိုသန့်ရှင်းရေးလုပ်ပေးဖို့နဲ့
သစ်ပင်အရိပ်ကျမကျကိုကြည့်ပေးဖို့လိုပါတယ်.
ဒါကတော့သုံးနေတယ့်တစ်လျောက်ပြုပြင်ထိန်းသိမ်းဖို့လိုတာလေးတွေပါ..
(ကျွန်တော်ကSolar နဲ့ပတ်သတ်တာလေးတွေကို knowledge sharingလုပ်ပေးချင်လို့ဒီpageလေးဖွင့်ထားတာပါခင်ဗျ..ကိုယ်တိုင်လည်းကျွမ်းကျင်သူတစ်ယောက်မဟုတ်လို့အမှားပါနိုင်ပါတယ်
ဖတ်ရှုပေးလို့ကျေးဇူးပါ)
06/09/2025
*အိမ်သုံးsolar inverterနဲ့ battery စနစ်အတွက် solar panel(ဆိုလာပြား)
ဘယ်နှစ်ချပ်တပ်မလည်း*
https://www.facebook.com/share/p/17PX121bhZ/
အထက်ပါPost အတိုင်းကျွန်တော်တို့ သုံးမယ့်လျှပ်စစ်ဝန်အားtotal loadကိုလိုက်ပြီး inverter နဲ့
Solar panel ဘယ်နှစ်ချပ်လည်းဆိုတာကိုရွေးချယ်လို့ရပါပီ..
**တစ်ခုသတိထားရမှာက ဆိုလာပြားအရေအတွက်ကိုရွေးချယ်ထားတယ့်inverterကလက်ခံထားတယ့်PV input voltage rageအတွင်းပဲလက်ခံတယ့်သုံးလို့အဆင်ပြေပါမယ်ခင်ဗျ**
အဲ့တော့ကျွန်တော်တို့ Total လျှပ်စစ်ဝန်အားက
2.808 kwဆိုပေမယ့်
နောက်လည်းကိုယ်သုံးချင်ပိုသုံးလို့ရအောင် 5kw 51.2 hybrid inverterကိုရွေးချယ်လိုက်ပီဆိုပါဆို့
သူရဲ့Pv input voltage က 120 V to 450V လို့ပါပါမယ်
ဆိုလိုချင်တာကsolar ပြားကလာတယ့် voltage က 120 V နဲ့ 450V အတွင်းပဲအလုပ်လုပ်မယ်ဆိုတယ့်သဘောပါ..
အဲ့တော့550 wဆိုလာပြားကိုသုံးရင်သူ့ရဲ့ Voc တနည်းအားဖြင့် ဘာမှမချိတ်ထားတယ့်အချိန်ရှိမယ့် volt 50 ဖြင့်
စားလိုက်ပါက
450÷50= 9 ချပ်သုံးလို့ရပါမယ်.
ဒါပေမယ့်မြန်မာပြည်ကိုပို့တယ့်Inverterတွေကအရည်အသွေးလျော့ထားတာမျိုးရှိတတ်တာကြောင့်
safeဖြစ်အောင်ကျွန်တော်တို့
8ချပ်လောက်သုံးမယ်ဆိုရင်ရပါပီ..
550×8=4400wဖြစ်တယ့်အတွက်
ကျွန်တော်တို့Total load
2808w ကိုအဆင်ပြေပြေအသုံးပြုနိုင်ပါပီ..(ပိုနေတယ့် wattတွေကbatteryကိုအားသွင်းမှာဖြစ်လို့စိတ်မပူပါနဲ့ခင်ဗျ)
**Solarပြားကအချိန်တိုင်း မီးထွက်နေမှာတော့မဟုတ်တာကိုတော့သတိချပ်ရပါမယ်ခင်ဗျ.
မနက် ၁၀နာရီကနေ ၃နာရီအတွင်းကPeak sunhour ဖြစ်ပါတယ် (ရာသီဥတုကမိုးအုံနေတာမျိုးဆိုရင်ဒီအချိန်တွင်းလည်းအားအပြည့်မရတာမျိုးရှိပါတယ်)အဲ့နောက်ပိုင်းမှတော့ကျွန်တော်တို့တပ်ဆင်ထားတယ့်batteryကနေသုံးမှာဖြစ်ပါတယ်
battery sizeရွေးနည်းကိုလည်းအထက်ပါpostမှာရှင်းပြခဲ့ပြီးပါပီခင်ဗျ*
နောက်ဘယ်နှစ် String သုံးမယ်ဆိုတာကိုစဥ်းစားတယ့်တော့မယ်
string ဆိုတာ solarပြား တစ်ချပ်နဲ့တစ်ချပ်ကို series
(အပေါင်းနဲ့အနှုတ် )ချိတ်ဆတ်ပြီးတစ်ဖက်ဆီကအပေါင်းကြိုးနဲ့အနှုတ်ကြိုးတစ်စုံ1 stringလို့ခေါ်တာပါ..
ကျွန်တော်တို့ကအဲ့တော့ 8ချပ်ကို seriesဆက်ပြီး1 string
နဲ့Inverter ကိုချိတ်ဆက်လိုက်ရင်အဆင်ပြေပါပီခင်ဗျ...
***Pv panels(ဆိုလာပြား)တွေကိုတပ်ဆင်တယ့်အခါ ကျွမ်းကျင်သူနဲ့ချိတ်ဆက်ဖို့အလွန်အရေကြီးပါတယ်ခင်ဗျ..Dc မီးဟာ current ampအလွန်များတယ့်အတွက်မကျွမ်းကျင်ပဲတတ်ဆင်တယ့်အခါ mc4 connector တွေloseဖြစ်ရင်
မီးလောင်နိုင်ချေအလွန်များပါတယ်***
05/09/2025
*အိမ်သုံးဝန်အားအတွက်အတွက် Inverter ဘယ်လောက်Kwနဲ့ battery
ဘယ်လောက် Ahဘယ် Volt ရွေးမလည်း*
Inverter နဲ့ battery ဝယ်တော့မယ်ဆိုလူကြီးမင်းတို့အဓိကတွေ့ရမှာကတော့
Inverterမှာဆို Kw နဲ့ volt ဆိုတယ့်စကားလုံးတွေဖြစ်ပါတယ်.
Kwကို 5kw , 6 Kw လား 12 Kwလားရွေးချယ်တယ့်အခါစဥ်းစားရမှာကလူကြီးမင်းသုံးမယ့်လျှပ်စစ်ဝန်အားပဲဖြစ်ပါတယ်.
ဥပမာ - 18 w led မီးလုံး 9 လုံး
aircon 1 hp (၁ကောင်)3လုံးနဲ့ laptop 60 w 6လုံး
Wifi 24w
ကိုသုံးချင်တယ်ဆိုပါက
18x9=162 w
1hpx3=746x3=2238w
60×6=360w
Wifi 24 w
Total watt=2808 w ရပါမယ်..ရလာတယ့်total wattကို 1000(k)နဲ့စားပါက
2.808Kw ရပါမယ်..ဆိုလိုတာကတော့ အထက်ပါအတိုင်းလျှပ်စစ်ဝန်အားသုံးမယ်ဆိုရင်inverterရဲ့ rating ကအနည်းဆုံး 3kw ရှိတယ့်inverterကိုသုံးရမယ်ဆိုတယ့်သဘောပါ.
Battery ကိုစဥ်းစားတယ့်အခါမှာတော့လူကြီးမင်းကကိုယ်သုံးမယ့်အချိန်ကိုတွေးရမှာဖြစ်ပါတယ်..
Batteryဆိုတာရေတိုင်ကီနဲ့တူပါတယ်
Batteryရဲ့rating တွေဖြစ်တယ့် Ahကရေတိုင်ကီကနေသုံးနိုင်တယ့်ရေပမာဏနဲ့voltကထုထည်ကိုကိုယ်စားပြုပါတယ်
ဥပမာ -100 Ah 12 v batteryရဲ့ wattက 100x12=1200wh
100 Ah 24 v battery 100x24=2400wh
100Ah 51.2 v battery 100x 51.2=5120wh
Battery တွေအကုန်လုံးက 100Ahတွေဖြစ်ပေမယ့်
(Voltမြင့်လေလေbatteryရဲ့သိုလှောင်နိုင်စွမ်းကမြင့်လေလေဖြစ်ပါတယ်..)
အပေါ်ကtotalလျှပ်စစ်ဝန်အားအတိုင်းကို 5နာရီသုံးမယ်ဆိုပါက
2.808x5=14.04 kwhသုံးနိုင်တယ့်batteryလိုအပ်ပါမယ့်ခင်ဗျ
ကျွန်တော်တို့အဲ့တော့
300Ah 51.2 batteryကိုသုံးနိုင်ပါတယ်
(300x51.2=15360 wh=15.36 kwh)
***သုံးမယ့်အချိန်အနည်းအများကိုလိုက်ပြီး Batteryကိုအတိုးအလျော့ပြုနိုင်ပါတယ် ဥပမာ 5နာရီမဟုတ်ပဲ
1နာရီခွဲပဲအသုံးပြုပါက.. 2808x1.5=4212wh
ဖြစ်တယ့်အတွက် 100Ah 51.2 v battery ကိုသုံးနိုင်ပါတယ် ***
***သုံးမယ့်loadကိုလျော့ပြီးတော့လည်းbatteryပမာဏကိုပုံစံတူညှိနိုင်ပါတယ် ဥပမာ
မီးပျက်တယ့်အချိန် aircon ကိုလုံးဝမသုံးဘူးဆိုပါက
total ဝန်အားထဲက airconကိုနှုတ်ရင်
2808- 2238=570wဆိုတယ့်အတွက်ကြောင့်100Ah 51.2 batteryကိုသုံးရင်တောင်
5120÷570=8.9h
8နာရီလောက်backupသုံးနိုင်ပါတယ်***
****တစ်ခုသတိထားရမှာတော့ batteryနဲ့ inverterကvoltageတူတူပဲသုံးပေးရပါမယ်****
တကယ်လို့လုပ်ငန်းသုံးနဲ့ရုံးခန်းဆိုရင်တော့ကျွန်တော်တို့
total loadကိုsafety factor 20%တော့ပေါင်းပေးရပါမယ်ခင်ဗျ.
04/09/2025
အိမ်သုံးback up စနစ်တစ်ခုကိုဘယ်လိုရွေးချယ်မလည်း??💡
ပုံမှန်အားဖြစ် Back up systemတွေမှာ
-UPS
-Power station
-On grid off grid inverterနဲ့Solar panel
-Hybrid inverter နဲ့ Solar panelအတွဲဆိုပြီးရှိပါတယ်..
*UPSကတော့ အိမ်သုံးထက်အရေးကြီးတယ့် Data တွေမပျက်အောင် data centersတွေ personal computer တွေမှာအသုံးများပါတယ်
*Power stationကတော့အလွယ်တကူသယ်ယူနိုင်ဖို့လိုအပ်တယ့်အခါမှာအသုံးပြုနိုင်ပါတယ်
solar panel နဲ့ပါတွယ်ဆက်အသုံးပြုနိုင်တယ့် power stationတွေလည်းစျေးကွက်မှာရှိပါတယ်.
*On grid နဲ့Off grid ကတော့ on grid ကတော့ epcနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး off grid ကတော့ epc နဲ့တိုက် ရိုက်ချိတ်ဆက်နိုင်စွမ်းမရှိပါဘူး.
*Hybrid inverters တွေကတော့ on grid ပုံစံကော off grid ပုံစံကောသုံးလို့ရတယ့် functionစုံ inverterတွေပါ
စျေးကွက်ထဲမှာတော့ hybridတွေက စျေးပိုများလေ့ရှိပါတယ်..
အိမ်သုံးအတွက်ရွေးချယ်တယ့်အခါအဓိကစဥ်းစားရမှာတော့လူကြီးမင်းတို့ သုံးမယ့် Budgetပဲဖြစ်ပါတယ်..
*ကိုယ်က အိမ်မှာပဲအရေးကြီး အချက်အလက်တွေကိုကိုယ့် Computerထဲမှာပဲ ထားပြီးအလုပ်လုပ်မယ်
computerနဲ့ laptop gameဆော့ရုံလောက်ပဲဆိုရင်တော့
ကျွန်တော်တို့ power station 10kw 5 kw လောက်ကကောင်းကောင်းလုံလောက်ပါတယ်..
Inverters, battteryနဲ့ solar panel အတွဲလိုလိုအပ်တယ့် protection devicesတွေသုံးစရာမလိုတော့ budgetအများကြီးချွေတာရာလည်းရောက်ပါတယ်.
* ဒါမှမဟုတ်ပဲ ညဘက်တွေပူလို့ Air con သုံးမယ် မီးလည်းသုံးမယ် တခြားရေတင်ဖို့လည်းသုံးမယ်ဆိုရင်
တော့မဖြစ်မနေ inverter နဲ့ battery အတွဲကိုပဲရွေးသင့်ပါတယ်(on grid ,off grid လားhybrid လားဆိုတာကတော့မိမိbudgetနဲ့ချိန်စဥ်းစားနိုင်ပါတယ်ခင်ဗျ)
*မိမိ ၏ inverterနဲ့ battery အတွဲမှာတော့ solar panelတပ်သင့်မတပ်သင့်ကတော့လူကြီးမင်းတို့ရဲ့နေရာအခန်းကိုမူတည်ပြီးစဥ်းစားရမှာဖြစ်ပါတယ်
လုံးခြင်းအိမ်ဆိုရင်ကိစ္စမရှိပေမယ့် တိုက်ခန်းတွေကွန်ဒိုတွေမှာ solar panelတစ်ချပ် နှစ်ချပ်လောက်တပ်တာက အလုပ်မဖြစ်ပါဘူး
***တစ်ခုသိရမှာက မိမိ Inverterနဲ့ battery အတွဲမှာ Solar panel မပါရင်တော့ မီတာခလုံးဝသက်သာမှာမဟုတ်ပါခင်ဗျ..
Batteryထဲကအားကိုinverterကepcကတိုက်ရိုက်ဖြည့်တာမို့ပါ***
နောက်လည်း
ကိုယ်သုံးမယ့် မီး ဝန်အားကိုကြည့်ပြီးဘယ်လောက် kw
Inverter ,battery ဘယ်ဆိုက်စတာတွေကိုရွေးဖို့စဥ်းစားပုံတွေ solar panel ဘယ်နှစ်ချက်လိုအပ်တာတွေကို knowledge sharingလုပ်သွားမှဖြစ်လို့ pageလေးlike and follow လုပ်ပေးသွားကြပါအုံး.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |