Sacred Taurus Tarot

Sacred Taurus Tarot

Share

🔮Sacred Ta**us Tarot: Strength, wisdom and the cards — guiding you toward clarity and transformation.

Photos from Sacred Ta**us Tarot 's post 03/05/2026

အခုလတ်တလော personal time ရလို့ အားရင်အားသလို ဖတ်ပေးဖြစ်ချိန် ဒီလိုလေးတွေပြန်ကြားရရင်အားရှိပြီး reading လေးတွေဆက်လုပ်ဖြစ်ဖို့ ဖြစ်လာပါတယ် 😇🍀

With light and love on your path 🌌💘
**usTarot

31/03/2026

💫 💡 End of March Reading 👋🍂🏕️

ကိုယ်လက်ရှိရနေတဲ့ abundance က ကိုယ်တိုင်ဖြစ်တည်မှုကို လွတ်လပ်စွာ ခံစားကြည့်ရန် ပေးထားသလိုဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ပင်ပန်းခက်ခဲတဲ့ကြိုးစားအားထုတ်မှုကြောင့်—personal ဖြစ်စေ၊ emotional ဖြစ်စေ၊ financial အနေနဲ့ဖြစ်စေ ပုံစံတမျိုးမျိုးနဲ့ မိမိထံသို့ comfort နှင့် freedom တို့ကိုပေးထားခဲ့ပါတယ်။ ကိုယ်ပိုင်စိတ်ကူးဉာဏ်ကို အသုံးချပြီး ရေရှည်အတွက် ပျော်ရွှင်ဖွယ်ရာ enjoyable lifestyle (သို့မဟုတ်) relationship တစ်ခုကို ကိုယ်တိုင်အတွက် ဖန်တီးကြည့်ပါ။ ခက်ခဲသောအချိန်များတွင် မိမိအပေါ်မှာ သစ္စာစောင့်သိခဲ့သော မိတ်ဆွေများနှင့် အခြားသူများရှိနေခြင်းကို အသိအမှတ်ပြုပါ။ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်များကို စုစည်းပြီး အသင့်ပြင်ထားပါ။ You deserve this happiness ပါနော်။

With light and love on your path 💓💡

Photos from Sacred Ta**us Tarot 's post 26/03/2026

ဒီတပတ်ထပ်ပြီး ဖတ်ပေးဖြစ်တဲ့သူတွေထဲက energy ကိုက်တယ်လို့ feedback ပြန်ပြောလာသူလေးတွေပါ အားလုံးလဲဘဝအမောတွေပြေကြပါစေရှင့် 💓🌸💓🌸

With light and love on your path 🌌💘

Photos from Sacred Ta**us Tarot 's post 20/03/2026

ကျမ လတ်တလော ဖတ်ပေးဖြစ်တဲ့ energy ကိုက်တယ်လို့ဆိုလာသူလေးတွေပါ thank you all too 💐🎉🌸💓

With light and love on your path 🌌💘

29/01/2026

🌸✨✨Weekly Tarot Reading 29.1.26✨✨🌸

စိတ်ညစ်စရာ စိတ်ရှုတ်စရာတွေကြုံတွေ့ပြီးပြီလားတဲ့ ကဲ့ကြုံပြီးရင်တော့ တပူပေါ်နှစ်ပူဆင့်အောင်မလုပ်ကြနဲ့တော်နော်။ မိမိရဲ့စိတ်က အပြင်ကအပူထက်ပိုပူအောင်မလုပ်ဆောင်မိဖို့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ reading မှာပြောနေတာက ဖြစ်တဲ့ပြသနာလက်ရှိအခြေအနေထက် မိမိရဲ့စိုးရိမ်မှုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲပြသနာတွေကိုသတိထားပါ။ ဆိုလိုတာကစိုးရိမ်ပူပန်မှုတွေလျော့ချပြီး ညဘက်တွေအိပ်ရေးဝအောင်အိပ်ပေးပါနော်။ မိမိမျှော်မှန်းထားတဲ့ကိစ္စအဝဝ မကြာခင်ကောင်းတဲ့ဘက်ကိုရောက်လာတော့မယ်လို့ပြောချင်ပါတယ်၊အဲ့အတွက် စိတ်ညစ်နေမယ့်အစား ကိုယ်လုပ်ရမှာတွေကိုယ်ဆက်လုပ်နေပေးပါ အားမလျော့လိုက်ပါနဲ့ ။ မျှော်လင့်ချက်ရောင်ခြည်ရှိနေပါသေးတယ်။

With light and love on your path 🌌💓

29/01/2026

မဂ်လာပါစာဖတ်သူတို့ရေ ဆရာမတယောက် နှစ်ကုန်ခရီးတွေထွက် ကျန်းမာရေးပိုလိုက်စားဖြစ်ပြီး 2026 မှာ မာရသွန်တွေလိုက်ပြေးနေတာရယ် ကိုယ်ပိုင်အလုပ်ကနှစ်ကုန်ကနေနှစ်သစ်ကူးပိုအလုပ်ရှူတ်တာရယ် tarot reading ဘက်ကိုက ကိုယ်တိုင်လဲ ဒီ နှစ်စမှာ tarot ဖတ်တဲ့ energy အရှုတ်အရှင်းတွေကနေခဏလေးနားပြီး energy အသစ်မွေးချင်တာရယ်ကြောင့် ခဏနားပစ်လိုက်ရတယ် အခုတော့energy ကောင်းကောင်းလေးနဲ့ ပြန်ပြီးဖတ်ပေးနေပါပြီ စောင့်ပေးနေတဲ့သူများကျေးဇူးအထူးပါလို့နော် 💙🤞

13/01/2026

✨🌙New moon အတွက် Message- ရှေ့လာမယ့် new moon Jan 18 2026ကိုယ့်အတွက်ဘလိုရှိမလဲ ‼️‼️

🔱 Alchemy
“You have the Midas touch right now, and every project you begin turns to gold.”⚜️

မိမိရဲ့စိတ်ကူးအတွးတွေ ချက်ချင်းအဖြစ်အပျက် တခုပြီးတခုဖြစ်နေတဲ့ ကာလမှာ သင်ဟာ အောင်မြင်မှုရဲ့ energy တွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။
အခုအချိန်မှာ ကိုယ့်အတွေးနဲ့ စိတ်ကူးတွေက လက်တွေ့ဖြစ်လာနိုင်စွမ်း အလွန်မြန်ဆန်ပါတယ်။ ဒါကြောင့် ဘာကိုတွေးမိလဲ၊ ဘာကိုရွေးချယ်မိလဲ ဆိုတာ သေချာဂရုစိုက်ပါ။ ဒီenergy နဲ့ဆိုရင် ဖြစ်ချင်တဲ့အောင်မြင်မှုတွေ ဖန်တီးနိုင်သလို၊ ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ သို့ပေမယ့် ကိုယ့်စိတ်မကျေနပ်တဲ့ ဘယ်အရာကိုမဆို ပြန်ပြင်ယူနိုင်တယ်ဆိုတာ တော့ ဒီကာလရဲ့ အားသာချက်ပါပဲ။

"Alchemy ပညာရှင်" ဆိုတာ သာမန်သတ္တုကို တန်ဖိုးကြီးရွှေငွေအဖြစ် ပြောင်းလဲပေးနိုင်သူဖြစ်ပါတယ်။ ကိုယ်လုပ်နေတာသည် ရိုးရှင်းတဲ့သာမန်အလုပ်တွေဆိုပေမယ့် သက်ဆိုင်တဲ့သူတိုင်းအတွက် အဓိပ္ပါယ်ရှိ၊ ကောင်းချီးမင်္ဂလာပြည့်၊ ကြွယ်ဝချမ်းသာစေတဲ့ အရာတွေအဖြစ် အသက်သွင်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ယုံကြည်ပါနော်။ ။

🌸🌸Affirm frequently: “Thank you for helping me focus my thoughts completely on joy. I am so grateful that all of my needs are so carefully addressed.” 🌸🌸

With light and love on your path 🌌💘

09/01/2026

🧡🌸✨Daily Tarot Reading 💫📖

ယနေ့အတွက် message ကတော့ ငွေကြေးစုဆောင်းမှုနှင့်ပတ်သတ်တာဖြစ်ပြီး၊ တစ်ခါတရံတွင် စုဆောင်းဖို့ အခြေအနေတခုမရောက်နိုင်သော အဖြစ်ကို ခံစားရတတ်ပါသည်။ ဤအခြေအနေတွင် ရှိနေသောအခါ၊ ကိုယ့်အိမ်ကိစ္စနှင့် အလုပ်များကိုပဲဖိပြီး ပြုလုပ်ရန်မဟုတ်ဘဲ မိမိရှာဖွေထားသည်များကို စုဆောင်းရအောင် စီမံကြိုးကိုင်ရန် အချိန်ယူသင့်သည်။ ငွေကြေး၊ ဆက်ဆံရေးနှင့် အခြားတာဝန်ဝတ္တရားများကို လဲ ခိုင်မာအောင် ပြုလုပ်သင့်ပါတယ်။

အနာဂတ်ကို ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်မှုကြောင့် ကျွန်ုပ်တို့၏ ငွေကြေးကို တင်းတင်းကျပ်ကျပ် ကိုင်ထားမိနေခြင်း ဟုတ်မဟုတ် ဆန်းစစ်ရန် လဲလိုအပ်ပါသည်။ ငွေကြေးအဝင်အထွက်တည်ငြိမ်မှုကို ဦးစားပေး အာရုံစိုက်ခြင်းသည် ရေရှည်တွင် စိတ်ချမ်းသာမှုကို ပေးစွမ်းမည်ဖြစ်သည်။

With light and love on your path 🌌💘

08/01/2026

🌸💝မယ်တော်နှင့်ပဌာန်းဆက်ပါသူများထံသို့ ပေးသော message 💝🌸

ခဏလောက်ရပ်နားပြီး စိတ်ကိုငြိမ်သက်အောင်၊ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများမှ လွတ်ကင်းအောင် လုပ်ပါ။ မယ်တော်က သင့်နဖူးကို ယုံကြည်မှု၊ မျှော်လင့်ချက်နှင့် ကောင်းမွန်သောစွမ်းအားများဖြင့် ပွတ်သပ်ပေးသည်ကို ခံစားကြည့်လိုက်ပါ။ မိမိရဲ့ကောင်းနေတဲ့အရာတွေကို ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုက ဖျက်ဆီးနေသောကြောင့် စိုးရိမ်ပူပန်မှုကို ရပ်တန့်ရမည်။ ယနေ့နှင့် မနက်ဖြန်ကို စဉ်းစားရန်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ စဉ်းစားရန်မလိုအပ်ပါ။

ကိုယ်နဲ့ကိုယ့်ရဲ့ချစ်ရသူများသည် မယ်တော်၏ကာကွယ်ခြင်းခံရမည်ဖြစ်ပြီး လိုအပ်သမျှဖြည့်ဆည်းပေးခြင်းခံရမည်။ မိမိရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မည်သည့် အကြောက်တရားမျိုးကိုမဆို လွှတ်ချလိုက်ပါ။ အပြုသဘောဆောင်သော အတွေးများနှင့် ရည်ရွယ်ချက်များကို ထိန်းသိမ်းထားပါ။ ကိုယ်ရဲ့ လိုအပ်ချက်များကို ယခုနှင့် အနာဂတ်တွင် အမြဲဖြည့်ဆည်းပေးနေမည်ကို သိရှိထားပါ။ ပိုက်ဆံနှင့်ပတ်သက်ပြီးစိုးရိမ်နေခြင်းကိုလျော့ချပေးပါ။

With light and love on your path 🌌💘

06/01/2026

🎊💫6.1.26 Daily Tarot Reading 🦄💜

မိမိ အလုပ်ပြီးမြောက်ရန် နည်းပညာကျွမ်းကျင်မှုနှင့် ဉာဏ်ပညာကို ပေါင်းစပ်အသုံးချပါ။ လုပ်ငန်းအစီအစဉ်က ရှင်းလင်းသွားပြီဆိုရင် နောက်တစ်ဆင့်မှာ တိုးတက်မှုအတွက် ပြောင်းလဲမှုများကို ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ပြီး အားထည့် လုပ်ဆောင်ခြင်းကလိုအပ်ပါတယ်။ အာရုံထွေပြားခြင်းကို ကျော်လွှားပစ်ပါ။ အခြားသူများရဲ့ သဘောတူညီမှုရအောင် ကြိုးပမ်းနေစရာ အချိန်မရှိတော့ပါ။ မိမိစတင်လုပ်ဆောင်တာနဲ့ အခြားသူများက ကိုယ့်ရဲ့ ရှင်းလင်းသော တွေးခေါ်မှုနှင့် မြန်ဆန်သော တုံ့ပြန်လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ကြပါလိမ့်မယ်။ အခြေအနေများ အလျင်အမြန် ပြောင်းလဲနေပြီး ကြိုတင်မှန်းဆရခက်သည့် အချိန်မျိုးတွင် စိတ်အေးအေးထားကာ မှန်ကန်သော အချိန်ကိုရွေးချယ်နိုင်ခြင်းသည် မိမိရဲ့ ထူးခြားသောပါရမီဖြစ်ပါတယ်နော်။

With light and love on your path 🌌💘

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon