LINN
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LINN, Accountant, No-525, #03-09, Merchant Road, Kyauktada Tsp;, Yangon.
10/04/2026
ကျောင်းသူကျောင်းသားတွေရဲ့ ပွင့်လန်းလာတဲ့ အသီးပွင့်လေးတွေပါ၊ Xero level 2 exam ကို high mark နဲ့ အောင်မြင်ထူးချွန်ခဲ့ကြတဲ့LINN ၏ ကျောင်းသူ/သား တစ်ယောက်စီတိုင်းကို အသိမှတ်ပြုရင်း ဂုဏ်ပြုလိုက်ရပါတယ်ဗျာ👏👏
"Success is the fruit of labor. Proud of every one of you for mastering Xero Level 2!"🎉
24/03/2026
✨အောင်မြင်ခြင်း မှတ်တိုင်တွေကို လူအများမြင်အောင် စိုက်ထူနေကြတာပါ။ သက်သေတွေရှိထားတော့ အလုပ်လျှောက်တဲ့အခါ စကားအများကြီးပြောဖို့မလိုတော့ဘူးပေါ့ဗျာ။ Proud of you all ပါဗျာ၊ Congratulations ပါ! 🎓
Keep going, the goal is within reach! 🎉🚀
09/12/2025
အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပြီး ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ ။
28/08/2025
လုပ်ငန်းရဲ့ စာရင်းဇယားများကို Manual ထည့်တာထက် ပိုပြီး တိကျမြန်ဆန်စေချင်တယ်ဆိုရင်တော့
✅ Desktop မှာ Accounting Software ထည့်ကာ အသုံးပြုနိုင်တဲ့အပြင်
✅ နောက်ထပ်နည်းလမ်းတစ်ခုကတော့ 𝐂𝐥𝐨𝐮𝐝 𝐁𝐚𝐬𝐞𝐝 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေကို အသုံးပြုခြင်းပါပဲ။
ဒီ post လေးမှာတော့ Cloud Based Platforms များကို အသုံးပြုခြင်းဖြင့် ကိုယ်လုပ်ငန်းကို အကျိုးရှိစေမယ့် အချက် (၅) ချက်ကို 𝐋𝐈𝐍𝐍 မှ မျှဝေပေးချင်ပါတယ်။
☁️ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 ရှိရုံမျှနဲ့ အချိန်၊ နေရာမရွေး ဝင်ရောက်အသုံးပြုနိုင်ခြင်း
Cloud Based Platform တွေကို အင်တာနက်ရှိရုံနဲ့ အချိန်၊ နေရာ၊ Device မရွေး ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဟာ နိုင်ငံတွေ ကူးသန်းသွားလာရင်း အလုပ်လုပ်ကိုင်နေရသူဖြစ်တယ်၊ ကိုယ့်ရဲ့ဝန်ထမ်းတွေကလည်း ရုံးခန်းမှာ စုဝေးလုပ်ကိုင်တာမဟုတ်ဘဲ ကိုယ်ပိုင် Laptop တွေနဲ့ Remote လုပ်ကိုင်ကြသူတွေ ဖြစ်ကြတယ်ဆိုရင်တော့ စာရင်းဇယားများအတွက် Cloud Based Platform တွေ အသုံးပြုခြင်းဟာ အသင့်တော်ဆုံးပါ။
☁️ လုံခြုံစိတ်ချရခြင်း
Cloud Based Platform တွေဟာ Encryption, Login Code တွေနဲ့ အထပ်ထပ် လုံခြုံအောင် ပြုလုပ်ထားပြီး Multi-factor Authentication နဲ့မို့ ကိုယ့်လုပ်ငန်းအတွက် အရေးကြီးတဲ့ အချက်အလက်များ၊ ငွေကြေးပိုင်းဆိုင်ရာ စာရင်းများအတွက် လုံခြုံမှုအပြည့်ရှိပါတယ်။ ဒါကြောင့် Cloud ထဲဝင်သုံးနေတဲ့ Computer, Laptop, Phone တို့ ပျောက်ဆုံးခဲ့ရင်တောင် Cloud ထဲက Data တွေကတော့ လုံခြုံစွာ ဆက်လက်ရှိနေဦးမှာပါ။
☁️ အချိန်နဲ့တပြေးညီ 𝐔𝐩𝐝𝐚𝐭𝐞 ဖြစ်နေခြင်း
Cloud Based Platform အများစုဟာ Users များစွာ တပြိုင်နက်တည်းအသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့အပြင် တစ်ယောက်ချင်းစီရဲ့ အသုံးပြုမှုများဖြစ်တဲ့ Transactions, Reports နဲ့ ပြင်ဆင်မှုတိုင်းဟာ အချိန်နဲ့ တပြေးညီ Update ဖြစ်နေဦးမှာပါ။ ဒါ့ကြောင့် အဆင့်ဆင့် အကြောင်းကြားနေရ၊ အသိပေးနေရတဲ့ အချိန်တွေလည်း သက်သာသလို ဝင်ကြည့်လိုက်ရုံနဲ့ Up to Date အချက်အလက်တွေကို တွေ့ရှိနေရမှာပဲ ဖြစ်ပါတယ်။
☁️ အလိုအလျောက် 𝐁𝐚𝐜𝐤𝐮𝐩 ဖြစ်ခြင်း
Cloud Based Platform တွေဟာ ထည့်သွင်းထားတဲ့ အချက်အလက်တွေကို Auto Backup လုပ်ပေးပါတယ်။ ဒါကြောင့် Login ဝင်ပြီး သုံးနေတဲ့ Computer, Laptop, Phone တို့ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ သဘာဝဘေးကြောင့် ထိခိုက်ခြင်းများ ရှိခဲ့ရင်တောင် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီး အချက်အလက်နဲ့ စာရင်းဇယားတွေကတော့ နောက်ဆုံးသုံးခဲ့တဲ့အခြေအနေအတိုင်း Cloud Based Platform ပေါ်မှာ လုံခြုံစွာ ရှိနေမှာပါ။ နောက်ထပ် Device တစ်ခုနဲ့ Login ဝင်ပြီး ဆက်သုံးရုံပါပဲ။
☁️ 𝐂𝐨𝐬𝐭 𝐒𝐚𝐯𝐢𝐧𝐠𝐬 ဖြစ်ခြင်း
Cloud Based Platform တွေကို Monthly Subscription နဲ့ အလွယ်တကူ ငွေပေးချေပြီး ဝင်ရောက်အသုံးပြုနိုင်ကြပါတယ်။ Server တွေ ဈေးကြီးပေးသုံးရတာ၊ IT maintenance ကြေးတွေ ပေးဆောင်ရတာ၊ Software Upgrade လုပ်ပေးရတာမျိုးတွေ Cloud Based Platform မှာ မရှိတာကြောင့် Cost Saving ဖြစ်တာကလည်း အားသာချက်တစ်ခုပါပဲ။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ ကိုယ့်လုပ်ငန်းရဲ့ Accounting ပိုင်းကို Manual မှ Digital သို့ ပြောင်းလဲချင်တယ်၊ အချိန်ကုန်၊ လူပင်ပန်း သက်သာတဲ့ နည်းလမ်းကို ရှာဖွေနေတယ်ဆိုရင်တော့ Cloud Based Platform တွေက အသင့်တော်ဆုံး အဖြေတစ်ခုဖြစ်မှာပါ။
ဒီလို လုပ်ငန်းရဲ့ Accounting အတွက် အသုံးဝင်လှတဲ့ 𝐂𝐥𝐨𝐮𝐝 𝐁𝐚𝐬𝐞𝐝 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 တွေ ရှာဖွေနေတယ်ဆို 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှာ Monthly Subscription အလိုက် ဝယ်ယူနိုင်ပါပြီ။ ဒါ့အပြင် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐅𝐨𝐫𝐦𝐚𝐭 ချပေးတဲ့ ဝန်ဆောင်မှုကိုလည်း ပေးအပ်နေတာမို့ လုံးဝကို ကွက်တိပဲနော်။
အသေးစိတ်အတွက် စုံစမ်းမေးမြန်းလိုပါက
☎️ Phone Number - 09-425320966, 09-773777145, 09-420104888
🏢 Office - No-525, Level-3 , Room 9 , Merchant Road, Kyauktada Tsp; Yangon.
📩 Mail - [email protected] , [email protected]
25/08/2025
လုပ်ငန်းကြီးပဲဖြစ်စေ၊ လုပ်ငန်းငယ်ပဲဖြစ်စေ စာရင်းဇယားပေါင်းများစွာကို နိုင်နင်းမှုမရှိရင်တော့ အမြတ်ရဖို့လည်း ခက်ခဲသလို ကိုယ့်လုပ်ငန်းရဲ့ တိုးတက်မှုနှုန်းကိုလည်း အဟန့်အတားဖြစ်စေပါတယ်။
📝 ဝင်ငွေ၊ ထွက်ငွေ Transactions ပေါင်းများစွာနဲ့ အထွေထွေစာရင်းများကို စာအုပ်ကြီးထဲ လက်နဲ့ ချမှတ်၊ ချရေးပြီး တွက်ချက်နေရမယ်ဆို အလုပ်တွင်မှာ မဟုတ်ပါဘူး။
စာရင်းဇယားတွေကြောင့် လုပ်ငန်းရှင်ကြီးများရဲ့ အချိန်နဲ့ လူအင်အား အကြောင်းမဲ့ မကုန်ခန်းရလေအောင် 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှာ ကူညီပေးပါရစေ…✨
✅ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားတာမို့ လုံခြုံစိတ်ချရတဲ့အပြင် စုံလင်ပြီး လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Functions များစွာနဲ့ 𝐐𝐮𝐢𝐜𝐤𝐛𝐨𝐨𝐤𝐬, 𝐗𝐞𝐫𝐨, 𝐒𝐀𝐏, 𝐎𝐝𝐨𝐨, 𝐌𝐘𝐎𝐁 စတဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 များစွာကို 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ Monthly Plan အလိုက် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပြီဖြစ်သလို
✅ ကိုယ့်ရဲ့ စာရင်းဇယားတွေကို တိကျရှင်းလင်းပြီး အသုံးပြုရလွယ်ကူစေမယ့်အပြင် ကြည့်လိုက်တာနဲ့ Professional ကျတဲ့ Format တစ်ခုဖြစ်နေဖို့ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐅𝐨𝐫𝐦𝐚𝐭𝐭𝐢𝐧𝐠 ဝန်ဆောင်မှုကိုပါ ပူးတွဲရယူနိုင်ပြီပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်ကြီးများရဲ့ လုပ်ငန်းပုံစံနဲ့ အကိုက်ညီဆုံး၊ အဆင်ပြေဆုံးဖြစ်မယ့် Accounting Software တွေ ဝယ်ယူချင်တယ်၊ Accounting Format တွေ ချမှတ်လိုတယ်ဆိုရင် အသေးစိတ် စုံစမ်းမေးမြန်းဖို့ အခုပဲ 𝐋𝐈𝐍𝐍 ကို ဆက်သွယ်လိုက်တော့နော်။
☎️ Phone Number - 09-425320966, 09-773777145, 09-420104888
🏢 Office - No-525, Level-3 , Room 9 , Merchant Road, Kyauktada Tsp; Yangon.
📩 Mail - [email protected] , [email protected]
16/08/2025
ကိုယ်ဟာ Trading, Manufacturing, Non-profit, Services, Agriculture, Logistic နဲ့ ပတ်သက်ပြီး တနိုင်တပိုင် အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးလား ?
ကိုယ့်ရဲ့ လုပ်ငန်းအစမှာတည်းက စာရင်းပိုင်းဆိုင်ရာကို ခေတ်မီနည်းပညာရဲ့ အကူအညီနဲ့ စနစ်တကျဖြစ်စေချင်တယ်ဆိုရင်တော့ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 တွေကို အသုံးပြုသင့်ပါတယ်နော်။
Accounting Software အများစုဟာ
✅ Professional ဆန်တဲ့ Invoice တွေကို ဖန်တီးပေးနိုင်ခြင်း
✅ Payment Status ကို Tracking လုပ်ပေးနိုင်ခြင်း
✅ Expense တွေကို သတ်မှတ်အမျိုးအစားလိုက် ခွဲပေးပြီး စာရင်းမှတ်ပေးနိုင်ခြင်း
✅ Bank Account နဲ့ ချိတ်ဆက်ကာ Transactions များကို စစ်ပေးနိုင်ခြင်း
✅ Report ထုတ်ပေးနိုင်ခြင်း
✅ Payroll စီစဉ်ပေးခြင်း
✅ Bill Payment များ ထုတ်ပေးနိုင်ခြင်း
✅ Stocks တွေကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ စိစစ်ခြင်း၊ ခန့်ခွဲပေးခြင်းစတဲ့ Inventory Management လုပ်ပေးနိုင်ခြင်း စတဲ့ အရာများကို အခြေခံအားဖြင့် လုပ်ဆောင်ပေးနိုင်ကြပါတယ်။
Accounting Software တွေဆိုတာ Corporate လုပ်ငန်းကြီးတွေမှ အသုံးပြုသင့်တာ မဟုတ်ဘဲ Small Business တွေအနေနဲ့လည်း ကုန်ကျစရိတ်သက်သာပြီး အသုံးပြုရလွယ်ကူတဲ့ Accounting Software (၃) ခုနဲ့ 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ မိတ်ဆက်ပေးချင်ပါတယ်။
✳️ 𝐐𝐮𝐢𝐜𝐤𝐛𝐨𝐨𝐤𝐬
Accounting Software တွေထဲမှာ လူသိအများဆုံးနဲ့ အသုံးပြုမှုအများဆုံးတွေထဲကတစ်ခုဟာ Quickbooks လို့ပဲ ဆိုရမှာပါ။ Software Install လုပ်ပြီး Desktop မှာ ထည့်သွင်း အသုံးပြုထားလို့ရသလို၊ QuickBooks Online ဆိုလျှင်လည်း mail account တခုရှိရုံဖြင့် အချိန်နေရာမရွေး ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး ၊ Internet Access ရှိရုံနဲ့ အသုံးပြုလို့ရမယ့် Cloud Based Platform အနေနဲ့လည်း ရှိတာမို့ အသုံးပြုရ အဆင်ပြေပါတယ်။
Accounting Software တွေကို အခုမှ စတင်အသုံးပြုကြည့်မယ့်သူတွေအတွက် Quickbooks ဟာ User Friendly ဖြစ်တဲ့အပြင် လုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ အပေါ်မှာ ပြောပြပေးထားတဲ့ Features အများစုလည်း ပါဝင်နေပါသေးတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ လုပ်ငန်းဟာ လစဉ် Report ကောင်းကောင်း ထုတ်ပေးနိုင်မှ အဆင်ပြေမယ်ဆို Quickbooks ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်း အကြီး၊ အသေးအပေါ် မူတည်ပြီး အဆင်ပြေမယ့် Plan ကို လစဉ်ဝယ်ယူနိုင်ပြီး ကိုယ်ရွေးချယ်တဲ့ Plan အပေါ် မူတည်ပြီး အသုံးပြုနိုင်မယ့် User အရေအတွက်၊ ခံစားခွင့်ရရှိမယ့် Features တွေကလည်း ကွာခြားသွားမှာပါ။
✳️ 𝐗𝐞𝐫𝐨
ကိုယ့်ရဲ့ လုပ်ငန်းကသူတွေဟာ Remote လုပ်ကြတဲ့သူတွေများတယ်၊ Accounting Software ကိုလည်း User အရေအတွက်များများ တပြိုင်နက်တည်း ဝင်ရောက်အသုံးပြုလို့ရမှာမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Xero ကတော့ အသင့်တော်ဆုံးပါပဲ။
Xero ဟာ Plan ဝယ်ယူတာနဲ့ Unlimited Users အသုံးပြုနိုင်ပြီး User Interface ကောင်းလို့ နာမည်ကြီးတဲ့အထဲ ပါပါတယ်။ ဒါ့အပြင် Xero ဟာ 100% Cloud Based ဖြစ်တာမို့ အချိန်မတူ၊ နေရာမတူတဲ့သူ စုပေါင်းထားတဲ့ လုပ်ငန်းများအတွက် Internet ရှိရုံနဲ့ တန်းပြီး ချိတ်ဆက်အသုံးပြုနိုင်ပါပြီ။
Xero ဟာ Accounting Software တစ်ခု လုပ်ပေးတဲ့ Features အများစုအပြင် Project Tracking အပိုင်းကိုပါ ဆောင်ရွက်ပေးနိုင်သလို Currency တစ်ခုထက်ပိုပြီး စာရင်းမှတ်၊ တွက်ချက်၊ စိစစ်ပေးနိုင်တာကြောင့် Multi Currency ကိုင်တွယ်နေရတဲ့ လုပ်ငန်းများအတွက် အဆင်ပြေတဲ့ Software တစ်ခုပဲ ဖြစ်ပါတယ်။
✳️ 𝐌𝐘𝐎𝐁
MYOB ဟာ Accounting Software Features များ ပါဝင်တဲ့အပြင်ကိုမှ အထူးသဖြင့် Trading နဲ့ ပတ်သက်တဲ့ Features စုံလင်တာကြောင့် ကိုယ့်ရဲ့ လုပ်ငန်းမှာ အရောင်းပိုင်းနဲ့ပတ်သတ်တဲ့ report တွေကို တိတိကျကျထုတ်ပေးနိုင်ပါတယ်။
MYOB မှာလည်း Cloud Based နဲ့ Desktop (၂) မျိုးလုံး အသုံးပြုနိုင်ပြီး ဝယ်ယူတဲ့ Plan အလိုက် ဝင်ရောက်အသုံးပြုနိုင်မယ့် User အရေအတွက် အကန့်အသတ်လည်း ရှိတာပဲ ဖြစ်ပါတယ်။
𝐐𝐮𝐢𝐜𝐤𝐛𝐨𝐨𝐤𝐬, 𝐗𝐞𝐫𝐨 နဲ့ 𝐌𝐘𝐎𝐁 စတဲ့ Software များအကြောင်း အသေးစိတ် သိရှိလိုတယ်၊ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Software ကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ကိုသာ အခုပဲ ဆက်သွယ်လိုက်ပါ။
☎️ Phone Number - 09-425320966, 09-773777145, 09-420104888
🏢 Office - No-525, Level-3 , Room 9 , Merchant Road, Kyauktada Tsp; Yangon.
📩 Mail - [email protected] , [email protected]
11/08/2025
Industry ထဲ (၁၅) နှစ်အကြာ ရပ်တည်လျက်ရှိတဲ့ 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐂𝐨., 𝐋𝐭𝐝. ဟာ Business Industries အလိုက် လုပ်ငန်းပေါင်း (၄၀၀) နီးပါးကို Format ချ ဝန်ဆောင်မှုပေးရင်း လုပ်ငန်းရှင်ကြီးများရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့ပါတယ်။
𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ဟာ
လုပ်ငန်းရဲ့ ကိန်းဂဏန်းနဲ့ စာရင်းအင်းများကိုသာ စနစ်ကျအောင် လုပ်ဆောင်ပေးနေတာမဟုတ်ဘဲ လုပ်ငန်းများ အခြေခိုင်ခိုင်နဲ့ တိုးတက်မှုအရှိန်ကို အမြင့်ဆုံးရောက်ရှိအောင် ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။
အခုမှ စတင်ထိုးဖောက်မယ့် Start Up Company ပဲ ဖြစ်စေ၊ တည်ထောင်နှစ် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ Company ကြီးပဲ ဖြစ်စေ စာရင်းနဲ့ပတ်သက်ပြီး စနစ်တကျဖြစ်ချင်တယ်၊ အချိန်ကုန်၊ လူပင်ပန်းသက်သာတဲ့ ပုံစံနဲ့ လည်ပတ်ချင်တယ်ဆိုရင်
✅ မြန်ဆန်တိကျပြီး ဂရုတစိုက်ဆောင်ရွက်ပေးမယ့် 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေသာမက
✅ Software & Accounting Format အတွက် (၁၅) နှစ် အတွေ့အကြုံရှိ Provider များကသာ Training ပေးအပ်နေတဲ့အပြင်
✅ ခေတ်မီနည်းပညာ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 တို့ကိုပါ ယှဉ်တွဲဝန်ဆောင်မှုပေးလျက်ရှိတာမို့
✅ လိုချင်တဲ့ Report ကို Client စိတ်ကြိုက်ထွက်လာအောင် လုပ်ပေးနိုင်ခြင်းဟာ 𝐋𝐈𝐍𝐍 ရဲ့ အားသာချက်တစ်ခုပါ။
𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှာ ဝယ်ယူလို့ရမယ့် Software တွေကတော့
✳️ SAP
✳️ Odoo
✳️ Sage 50
✳️ QuickBooks
✳️ Xero
✳️ ABSS
✳️ Auto Count
✳️ Tally
✳️ SQL
✳️ UBS စသဖြင့် စုံလင်စွာ ရရှိနိုင်ပြီး
ဝန်ဆောင်မှုပေးနေတဲ့ Services တွေကတော့
✳️ Accounting Formatting
✳️ Accounting Software Installation
✳️ Outsourced Accounting
✳️ Auditing Services
✳️ User Training & Support
✳️ Software Customization
✳️ Cloud-Based Solutions
✳️ Tax Services တို့ပဲ ဖြစ်ပါတယ်။
လာရောက် အလုပ်အပ်နှံတဲ့ လုပ်ငန်းတစ်ခုချင်းစီနဲ့ အသင့်တော်ဆုံးဖြစ်မယ့် Software နဲ့ Services အပိုင်းတွေကို သေချာဆွေးနွေးပြီးမှ အစအဆုံး ဝန်ဆောင်မှုအပြည့်ပေးနေတာမို့ 𝐋𝐈𝐍𝐍 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ကိုသာ ရာနှုန်းပြည့် စိတ်ချယုံကြည်လိုက်ပါ…💯
𝐋𝐈𝐍𝐍 မှ ဝန်ဆောင်မှုပေးနေတဲ့ Software နဲ့ Services အပိုင်း အသေးစိတ်အတွက် စုံစမ်းမေးမြန်းလိုပါက
☎️ Phone Number - 09-425320966, 09-773777145, 09-420104888
🏢 Office - No-525, Level-3 , Room 9 , Merchant Road, Kyauktada Tsp; Yangon.
📩 Mail - [email protected] , [email protected]
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11182