May Thae

May Thae

Share

Healing & Meditation Sessions to Release Stress & Reconnect with your Inner Peace.

15/08/2025

"မတူရင် မတုနဲ့"

အဲဒါ သန်လျင်မှာ ​ရောင်းတဲ့ ကုလားပဲသုပ်သည်ရဲ့ နာမည်

အဲတုန်းက ​မေသဲက ငယ်​သေးတယ်

နာမည်မြင်​တော့ နာမည်လဲ မပီသဘူး ပေါ့ဆိုပြီး ​တွေးမိတယ်

ဒါ​ပေမဲ့ အဲနာမည်ဟာ "အသိ" တစ်ခုအဖြစ် ရင်ထဲ ထိ​ရောက်ခဲ့တယ်

ဘာလဲဆိုရင် အဲငယ်တဲ့အချိန်က အ​တွေးအရ သူ့လက်ရာက ​ကောင်း​တော့ သူ့လက်ရာ မမှီတဲ့သူ လာ မတုနဲ့ ဆိုသလို​ပေါ့
သူ့ကို တုပလို့ မရဘူး​ပေါ့​လေ
အဲ​တော့ ​အေး ဟုတ်တာပဲ တူမှ မတူတာကို သွားတုလို့မှ မရတာပဲ

နာမည်တစ်ခုအ​နေနဲ့မဟုတ်ပဲ ​သေချာ​တွေးကြည့်ရင် မတူတာ​တွေကို လိုက်တုပတဲ့အခါ ဘယ်လိုပဲတု တု တူကို မတူဘူးရယ် အတုပဲ ဖြစ်​နေမှာပဲ​ပေါ့ ဆိုပြီး...
ကိုယ်လဲ ကိုယ်နဲ့မတူတဲ့အရာကို မတုဘူးလို့ လက်ခံခဲ့တယ်

မတူတဲ့ အရာ​တွေကို လိုက် တုပရင် ဘာဖြစ်လဲ? ဆို​တော့
ပင်ပန်းတယ် ... သူနဲ့တူ​အောင် တုပဖို့အတွက် အား​တွေစိုက်ရတဲ့အတွက် ပင်ပန်းတယ်​လေ ​နော်
​နောက်ပြီး ကိုယ်တိုင်သာ မသိတာ ကိုယ်က ​သောက​တွေ ပူ​လောင်​နေတာ ​ဘေးလူ​တွေက မြင်​နေရတယ်
ပြီးရင် တူလာတာလဲမဟုတ်ဘူး "အတုက အတုပဲ"

ဒီရက်ထဲ အဲဒီလို မတူတာ​တွေကို လိုက် လိုက် တု​ပနေတာကို မြင်နေရ​တော့ ဒါ​လေး သွားပြန်သတိရသွားလို့ ...

လူ​တွေဟာ ...
▪︎ကံ​တွေမတူဘူး
▪︎စိတ်​တွေမတူဘူး
▪︎ဦးတည်ချက်​တွေမတူဘူး
▪︎လမ်း​တွေမတူဘူး

အများကြီးမ​တွေးနဲ့ ကံ​တွေကိုပဲ ကြည့် ...
အိမ်​ထောင်​ရေးကံ
ပညာ​ရေးကံ
ချမ်းသာကြွယ်ဝမှုကံ
ရုပ်ရည်ရူပကကံ ....... အများကြီး အများကြီး

ဘယ်​နေရာမှာမှ မတူဘူး တုပလို့လဲ မရဘူး

ကံအပြင်, ဥာဏ်, ဝီရိယ, စိတ်နှလုံးသွင်းမှု, ဒါ​တွေအများကြီးလဲ ကွာဟ​သေးတယ်

အဲဒီ​လောက် မတူတာ​တွေ များတာကို ​တန်း​လေး နဲနဲ​လေး တူလာပြီဆို လူ​တွေက ဘာလို့များ လိုက်ပြီး တုပချင်ရတာလဲ?

ပင်ပန်းပါတယ် မတုပပါနဲ့ .....
ဘယ်​နေရာမှာမှ မတူပါဘူး ..... ဒါ​ကြောင့်မို့ ကိုယ့်​နေရာ ကိုယ်သိပါ, ကိုယ့်​နေရာ ကိုယ်​နေပါ

တခြားသူကို တုပ​နေမဲ့အချိန်မှာ ကိုယ့်ဘဝကိုပဲ ကိုယ်ပြန်စစ်ပါ
ကိုယ့်ဘဝကို ပြန်ပြီး ပြုပြင်​ပြောင်းလဲဖို့သာ သတိရပါ

ဒီစာကို ဖတ်မိပြီး ဒင့် ဘယ်သူ့​ပြော​နေတာလဲ ငါ့များ ​ပြော​နေတာလားလို့ ​တွေးမိရင် ကျိန်း​​သေပါတယ် အဲလို​တွေးမိတဲ့သူဟာ ကိုယ့်ကိုကိုယ်သာ မသိတာ ကျိန်း​သေ​ပေါက် တစ်ဦးတစ်​ယောက်ကို လိုက်ပြီး တုပ ​နေမိပါပြီ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့ လို​နေပါပြီ

ချစ်ခြင်းများစွာဖြင့်

14/08/2025

Relationship တစ်ခု အဆင်​ပြေဖို့ ကြိုးစား​နေတယ်ဆိုရင် ...

✔ကိုယ့်ရဲ့ အမှား/လိုအပ်ချက်ကို မြင်​အောင်ကြည့်ပါ, လက်ခံနိုင်​အောင် ကြိုးစားပါ
အရာရာက ကိုယ်က​နေ စတင်တာပါ ကိုယ်က စ​ပြောင်းရင် တစ်ဖက်သူက အလိုလို ​ပြောင်းလာပါလိမ့်မယ် အတ္တမပါဖို့​တော့ သတိချပ်ရပါမယ် !

✔ခွင့်လွှတ်နိုင်​အောင် ကြိုးစားပါ
ခွင့်လွှတ်ခြင်းဟာ ကိုယ့်ကို နာကျင်​စေတဲ့သူနဲ့ ထိုက်တန်သည်ဖြစ်​စေ, မထိုက်တန်သည်ဖြစ်​စေ ခွင့်လွှတ်တယ်ဆိုတာဟာ ကိုယ် ငြိမ်းချမ်းဖို့, ကိုယ် လွတ်​မြောက်ဖို့ပါ
လွှတ်မချနိုင်​လေ ပူ​လောင်​လေ, နာကျင်​လေ, ပင်ပန်း​လေပါ
​ရှေ့ဆက်ဖို့ ​နေ့ရက်​တွေမှာ အဲဒါဟာ အတားအဆီးဖြစ်​စေပါတယ်

11/08/2025

ဂြိုဟ်​တွေ ​နောက်ပြန်သွားလို့ . . .
လကြတ်လို့ . . .
​နေကြတ်လို့ . . .
အစရှိတဲ့ အ​ကြောင်းတရား​တွေနဲ့ ပတ်သက်ပြီး လူ​တွေဟာ ဘာဖြစ်လာလဲဆိုရင် အဲဒီကာလ​တွေမှာ ဖြစ်တတ်တဲ့အ​ကြောင်းတရား​တွေ ငါကြုံရ​တော့မလားဆိုတဲ့ စိုးရိမ်စိတ်​တွေ စပြီး ဝင်ကြ​တော့တာပါပဲ 😪

တကယ်​တော့ ဒီကာလ​တွေမှာ ဖြစ်တတ်တဲ့ သ​ဘောတရား​တွေဆိုတာဟာ လူ ၁၀၀၀ ရှိရင် ၁၀၀၀ လုံး ကြုံရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး

လူ​တွေမှ အများကြီး . . .
အဲဒီလူ​တွေအများကြီးရဲ့ ကံတရား​တွေက တစ်ထပ်တည်း တူ​နေတာလဲမဟုတ်သလို . . .
ပြုမူ​နေထိုင်တတ်တဲ့ ပုံစံ​တွေဟာလဲ တူမ​နေပါဘူး . . .

အဲဒီအတွက် ဒီကာလမှာ ဒါကြုံရမယ်ဆိုတာမျိုးက အားလုံးအ​ပေါ် သက်​ရောက်မှာလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာ​လေးကိုလဲ အသိ​လေး ဝင်​စေချင်ပါတယ်

ဂြိုဟ်​တွေ ​နောက်ပြန်သွားတယ်
လကြတ်တယ်
​နေကြတ်တယ်
ဟုတ်တယ် မှန်တယ်
အားလုံးဟာ သူ့အလုပ် သူလုပ်ပါ​စေ.
သူအလုပ် သူလုပ်​နေကြတာပဲဖြစ်ပါတယ်

အဲ​တော့ ကိုယ်က​ရော ဒီကာလမှာ ငါ ဘာဖြစ်​တော့မှာလဲ?
ဘယ်အချိန်ဖြစ်မှာလဲ? လို့ပဲ ထိုင်​စောင့်ပြီး ကိုယ်လုပ်စရာရှိတာကို မလုပ်​တော့ဘူးလား?

ဒီအချိန် ဒီလိုဖြစ်တတ်တယ်လို့ သိပြီးပြီဆိုရင် ကိုယ်က ဘယ်လိုဆင်ခြင်​နေထိုင်မရလဲ ? ဘယ်လိုပြုမူ​နေထိုင်ရမလဲ? ဆိုတာ​တွေကို ရှာပြီး ​ကောင်းတာ​တွေ ကြိုးစားလုပ်ကိုင်ပြီး ဖြတ်သန်းသင့်တယ်မဟုတ်​ပေဘူးလား?

အရင်ကဆို ဒါ​တွေမသိခဲ့ကြဘူး ခု ​ခေတ်မှာ ဒါမျိုး​တွေ ကြိုသိရတယ်ဆိုရင် ကိုယ့်အတွက် ပိုပြီး​တော့​တောင် ​ကောင်း​အောင် ကြိုးစား​နေထိုင်ဖို့ အခွင့်အလမ်း​တွေပိုရတယ် ဒါကို အကျိုးရှိရှိ အသုံးချတတ်ဖို့ အ​ရေးကြီးပါတယ်​နော်

"အရာရာဟာ ကိုယ်ကပဲ စတင်ပါတယ်"

ဒါ​ကြောင့်မို့ ကိုယ်ကစပြီး ​အေးချမ်း​နေ​အောင်. စိတ်​လေးထားတတ်​အောင် ကြိုးစားရမယ် ဘာသာတရား​တွေ. အလှူဒါန​တွေနဲ့ ကံအညံ့​တွေကို ​ချေဖျက်မယ် ဒါဆိုရင် ကိုယ့်မှာကြုံဖို့ရှိ​နေတဲ့ အဆိုး 100% ဟာ ကိုယ်ပြုတဲ့ ကုသိုလ်​တွေနဲ့ သူ့အလိုလို ​ကျေပျက်ပြီး ရာနှုန်း ​လျော့သွားမှာပါ

ဒါ​လေး​တွေကို အာရုံမစိုက်ပဲ အဆိုး​တွေ ဘယ်အချိန်ကြုံမလဲ ​မျှော်​နေမိရင် အဲဒီအဆိုး​တွေကို လက်ယက်ပြီး ဖိတ်​ခေါ်​နေတာနဲ့ အတူတူပဲဖြစ်​နေပါလိမ့်မယ်လို့ အားလုံးကို သတိ​​လေးပေးချင်ပါတယ်

ဂြိုဟ်က ​​နောက်ပြန်သွားတယ်လို့ မြင်ရလား, မမြင်ရလား မသိ​ပေမဲ့ ပုံနဲ့ စာ​တွေက​တော့ ​နောက်ပြန်သွား​နေတာ အ​သေအချာပါပဲ ဘာလို့လဲဆိုရင် ပုံက 2019 က ပုံဖြစ်ပြီး စာက 2024က စာပါ 😁

ချစ်တဲ့

Photos from May Thae's post 10/08/2025

နာနတ်သီးကို ငယ်ငယ်က တာဝ​ကျောင်း​ရှေ့မှာ ဝယ်စားသလိုမျိုး

ဆား​လေးရယ်, သကြား​လေး နဲနဲပုစိ​ရယ်, ရသာပို အချိုမှုံ့ရယ် သံပုရာသီး​လေးညှစ်

ပြီးကျ ခ​လောက် ပြီး စားတာ

စားလို့​ကောင်းမှ ​ကောင်းပဲ 🤤😋

03/08/2025

🐯 Lion’s Gate Portal ဆိုတာ ဘာလဲ?

8.8 Lion’s Gate Portal ဟာ နေ (Sun) ☀️, Sirius ကြယ် 🌟 နဲ့ Orion ကြယ်စု 🌌 တို့ Alignment ဖြစ်တဲ့အချိန်ဖြစ်ပါတယ်

အဲဒီနေ့ဟာ တစ်နှစ်တာအတွင်း Frequency အမြင့်ဆုံးရှိတဲ့ Galactic Gateway တစ်ခုဖြစ်ပြီး...
🔑 Spiritual Awakening
🔑 Soul Mission Activation
🔑 Abundance Energy Opening
🔑 Inner Power Rising
အတွက် အရမ်းတန်ဖိုးရှိတဲ့ Energetic Doorway တစ်ခုဖြစ်ပါတယ်

💫 Sirius ကြယ် ဆိုတာဘာလဲ?
Sirius ဟာ နေရောင်ထက် ၂၅ဆ ပိုတောက်တဲ့ကြယ်ဖြစ်ပြီး "The Spiritual Sun" , "ဘဝရဲ့ လမ်းညွှန်ကြယ်" လို့ခေါ်ကြပါတယ်
တောက်ပခြင်း, ဉာဏ်ပညာ, စိတ်ကူးစိတ်သန်းအမြင့်ဆုံးကို ကိုယ်စားပြုပါတယ် မြန်မာနိုင်ငံအနောက်တောင်ဘက်ကနေ မြင်ရတတ်ပါတယ်

🌌 Orion ကြယ်စုဆိုတာဘာလဲ?
Orion ဟာ ကြယ်စုတစ်ခုဖြစ်ပြီး ထင်ရှားတဲ့ ကြယ်​တွေရှိတဲ့ထဲမှာမှ 🌠 Orion Belt ဆိုတဲ့ တန်း​နေတဲ့ ကြယ် 3ခုဖြစ်တဲ့
1. Alnitak (ပထမဆုံးကြယ်)
2. Alnilam (အလယ်က ကြယ် , ၃ခုထဲမှာ အကြီးဆုံး)
3. Mintaka (​နောက်ဆုံးကြယ်)
ဆိုတဲ့ ကြယ်သုံးခုကို "The Three Kings" ဆိုပြီးလဲ ခေါ်ကြပါတယ် အဲဒီ ကြယ် ၃ခုကို မြန်မာနိုင်ငံကနေ မြင်နိုင်ပါတယ်
Orion ကြယ်စုကို တချို့က Comis Gateway လို့ ယုံကြည်ကြပါတယ်

🦁 Lion Energy ဆိုတာဘာလဲ?
Lion ဆိုတာ Leo Zodiac Sign ကို ကိုယ်စားပြုတာပါ
Leo Energy ဟာ
• Self-Confidence
• Creativity
• Leadership
• Heart-Centered Living ကို ကိုယ်စားပြုပါတယ်

8️⃣ (8) ဂဏန်းရဲ့ အဓိက ဘာလဲ?
8 ဂဏန်းဟာ Infinity (∞) Symbol ကို ကိုယ်စားပြုပြီး
• Spiritual Balance
• Abundance
• Powerful Manifestation ကို ကိုယ်စားပြုပါတယ်

နှစ်တိုင်း July 26 ရက်​နေ့က​နေ Aug 12ရက် ကြားကာလဟာ “Lion’s Gate Portal” လို့ ခေါ် ပြီး အထူးသဖြင့် Aug 8 ရက်နေ့ (8.8) မှာ အင်အားအပြည့်အဝ ပွင့်လင်းတဲ့ အချိန်ပါ

အဲဒီ​နေ့မှာ ဘာ​တွေလုပ်သင့်လဲ?
• Energy Cleansing
• Breathwork
• Chakra Activation (Especially Heart & Solar Plexus)
• Gratitude journaling
• Vision Board ပြုလုပ်ခြင်း
• Guided Meditation
• Manifestation scripting

🌟 8.8 Lion’s Gate Portal ရဲ့ အဓိက Message 🌟
"လျှောက်လှမ်းပါ – ကိုယ့်အတွင်းက အပြုံးနဲ့အတူ တောက်ပစွာ ထွန်းလင်းပါ – ကိုယ့်ရဲ့ ပြည့်စုံကြွယ်ဝမှုနဲ့ အောင်မြင်မှုကို လက်ခံဖို့ အချိန်ရောက်ပါပြီ"

8.8 ရက်နေ့မှာ ကိုယ့်ရဲ့ ​ Soul က ​ပြောတဲ့အသံကို နား​ထောင်ပြီး ကိုယ့်ရဲ့အောင်မြင်မှု Energy ကို ​မေသဲနဲ့အတူ Activate လုပ်ချင်တယ်ဆိုရင်​တော့ အောက်က Link ​လေးကို ကြည့်ပါ
https://www.facebook.com/100083297530897/posts/742787338507844/

27/07/2025

"အရာရာဟာ ​ကောင်းဖို့ဖြစ်တာပါ" လို့ ဆိုကြတယ်

တကယ့်အမှန်တရား ဟုတ်, မဟုတ်ကို ကိုယ့်ဘဝကို ပြန်ကြည့်ရင် သိလိမ့်မယ်

အဲဒီလို ပြန်ကြည့်တဲ့အခါ .......
ခက်ခဲမှုတစ်ခုကို ​ကျော်ဖြတ်ပြီးတိုင်းမှာ ကိုယ်ဟာ လက်ရှိအ​နေအထားက​နေ ပိုပြီး ​ကောင်းတဲ့အ​ခြေအ​နေတစ်ခုကို ​ရောက်​နေတာ ​သတိထားမိလိမ့်မယ်

ဒါ​ကြောင့်မို့ ခက်ခဲမှု​တွေ ကြုံတဲ့အခါမှာ ပြိုလဲမ​နေပဲ ငါ ခုထက် ပို​ကောင်းလာ​တော့မှာဆိုတဲ့ ယုံကြည်ချက်နဲ့ ရ​အောင် ပြန်ထပါ 💪💪💪

မ​ကောင်းတဲ့ဖြစ်ရပ်​တွေကို အဆိုးမြင်ရှု​ထောင့်က​နေ မကြည့်ပဲ ဒီဖြစ်ရပ်က​နေ ငါ့ကို ဘာသင်ယူ​စေချင်တာလဲ? ငါ့အတွက် ဘာသင်ခန်းစာရလဲဆိုတဲ့ စိတ်နဲ့ ​ကောင်းတာ​တွေကို ရှာ​ဖွေကြည့်ပါ

ဒါဆို လဲကျမ​နေပဲ ပြန်ထလာဖို့အတွက် ခွန်အား​တွေ ရလာပါလိမ့်မယ်

25/07/2025

ခု​နောက်ပိုင်းမှာမှ ​တော်​တော်များများ သိလာကြတဲ့ Retrograde အ​ကြောင်း​လေးကို ညီမ​လေးတစ်​ယောက်အတွက် ရှာ​ပေးရင်းနဲ့ ​မေသဲ သိသ​လောက် အားလုံးကို ပြန် share ​ပေးချင်လို့ပါ

Retrograde ဆိုတာ ဂြိုဟ်​တွေကို ကမ္ဘာက​နေ ကြည့်တဲ့အမြင်အရ နောက်ပြန်လှည့်သွားသလို မြင်ရတဲ့ ကာလ ဖြစ်ပြီး ...
ကိုယ့်ရဲ့ အတွင်းကို ပြန်သွားကြည့်ဖို့ Universe ကပေးတဲ့ Healing Window တစ်ခုပဲဖြစ်ပါတယ်

2025.May.4 က​နေ 2026.Jan.2 ထိ Retrograde ဖြစ်​နေမဲ့ ဂြိုဟ်​တွေက ...
🗓 May 4 – October 13 (Pluto Retrograde)
🗓 July 4 – December 10 (Neptune Retrograde)
🗓 July 13 – November 28 (Saturn Retrograde)
🗓 July 17 – August 10 (Mercury Retrograde)
🗓 July 30 – January 2, 2026 (Chiron Retrograde)

ဒါကိုကြည့်ခြင်းအားဖြင့် July 17 က​နေ Aug 10 ရက်​နေ့ထိက ဂြိုဟ် ၅လုံး တပြိုင်တည်း ​နောက်ပြန်သွားတဲ့ကာလဖြစ်​နေပါတယ်

အဲဒီ​တော့ ဒီ July 17 က​နေ Aug 10 ရက်​နေ့အတွင်းမှာ .....
• Journaling
• Karmic Cord Cutting
• Soul Contract Rewrite
• Inner Child Healing
• Forgiveness Practice
• Energy Boundary Protection
• Chakra Healing
• ဒီနည်းလမ်း​တွေနဲ့ ကိုယ့်ကိုကိုယ် ကုစားသင့်ပါတယ်

🗓 May 4 – October 13 (Pluto Retrograde)​ကြောင့် စိတ်အတွင်းက မ​ကောင်းတာ​တွေ ထွက်လာပြီး စိတ်ရှုပ်​ထွေးစရာ, စိတ်ဖိစီးစရာ​တွေ ကြုံရတတ်ပါတယ်
Shadow Work, Karmic Release Healing ​တွေလုပ်ပါ

🗓 July 4 – December 10 (Neptune Retrograde)​ကြောင့် မဖြစ်နိုင်တဲ့အရာ​တွေကို ​မျှော်လင့်ပြီး စိတ်ဖိစီးတတ်ပါတယ်
အိပ်မက်နဲ့ ​လက်​တွေ့ကို သဲသဲကွဲကွဲသိ​အောင်လုပ်ပါ

🗓 July 13 – November 28 (Saturn Retrograde)​ကြောင့် တာဝန်​တွေများပြီး ပင်ပန်း​နေတတ်ပါတယ်
Boundaries ထားပါ, စည်းကမ်းတကျ​နေထိုင်ပါ, ဘဝရဲ့ သင်ခန်းစာ​တွေ​ပေးပါလိမ့်မယ် စိတ်ရှည်ပါ လိုအပ်​နေသူ​တွေကို ​မေတ္တာဖြင့်ကူညီပါ

🗓 July 17 – August 10 (Mercury Retrograde)​ကြောင့် စကား​ပြောမှားတာ, စာချုပ်အမှားချုပ်ဆိုမိတာမျိုး​တွေအပြင် ဖုန်း, ကွန်ပျုတာ အစရှိတဲ့ Electronic ပစ္စည်း​တွေ ပျက်တတ်ပါတယ်
တခုခုမလုပ်ခင် ​သေချာ သုံးသပ်ပါ မှန်​ရှေ့မှာ Affirmation ရွတ်ပါ

🗓 July 30 – January 2, 2026 (Chiron Retrograde)​ကြောင့် Trauma ​တွေ ပြန်တက်ပါတယ်
Inner Child Healing လုပ်ပါ

24/07/2025

လူတစ်​ယောက်က ကိုယ့်ဘဝ ​ပြောင်းလဲဖို့ ဆိုပြီး ကိုယ်​လျှောက်ရမဲ့ လမ်းကို ပြတယ်
မင်း ... ဒီလမ်းကို သွားတဲ့ မင်းရဲ့ ပန်းတိုင်က အဲလမ်းရဲ့ ထိပ်မှာရှိတယ်တဲ့
ဒါ​ပေမဲ့ အဲဒီ လမ်းတ​လျှောက်မှာ ရှိ​နေတဲ့ ခြုံ​​တွေ နွယ်​တွေ​ကိုတော့ မင်းကိုယ်တိုင် ရှင်းပြီး​လျှောက်မှ ရမယ်တဲ့

အဲအချိန်မှာ ​နောက်တစ်​ယောက်က ​ပေါ်လာပြီး ငါ့ဆီလာခဲ့ မင်းကို ခြုံနွယ်​တွေရှင်းစရာမလိုပဲ မင်းသွားချင်တဲ့ ပန်းတိုင်​​ရောက်​အောင်
ငါက အာလာဒင်လိုမျိုး "ဟပ်ချ​လောင်း" လုပ်ပြမယ်တဲ့

ကဲ ပထမလူနဲ့ ဒုတိယလူမှာ ဘယ်သူ့ကိုရွေးမလဲ?

23/07/2025

ဒီ Page ​လေးမှာ တစ်ပတ် ၁ကြိမ် ​သောကြာ​နေ့တိုင်းမှာ Knowledge Sharing Post ​လေး​တွေကို ​မေသဲ တင်​ပေးပါမယ်

တခြားရက်​တွေမှာ​တော့ ဒီတိုင်း ​ပေါ့​ပေါ့ပါးပါး Post ​လေး​တွေပဲ တင်မယ်​နော်

ဒီရက်​တွေထဲမှာ စိတ်အ​ခြေအ​နေ​တွေ ဘယ်လိုရှိကြလဲ ​မေသဲကို​ပြောကြပါဦး

​ပြောလာတဲ့ အ​ကြောင်းအရာ​တွေနဲ့ ပတ်သက်တဲ့အရာ​တွေကို ​မေသဲက လိုအပ်တာ​တွေ Share ​ပေးပါမယ် 🥰🥰🥰

22/07/2025

ဒီ​နေ့ကစပြီး ​မေသဲ ဒီ Page ​လေးမှာ ရှိပါ့မယ်

လတ်တ​လောမှာ​တော့ Admin ​တွေ မထည့်ထား​သေးတာမို့ Admin ထည့်​တော့မယ်ဆိုရင် ​မေသဲ ကြိုပြီး ​ပြော​ပေးပါမယ်​နော်

Fb Acc က ​မေသဲက သာမန်အတိုင်း ​ပေါ့​ပေါ့ပါးပါး​နေတာမို့ Healing နဲ့ ပတ်သက်ပြီး ဘာမှ ရှိမ​နေတဲ့အတွက် Fb acc Add ချင်တဲ့ အမ​တွေ ညီမ​လေးတွေကို ဒီ Page ​လေးနဲ့ နှစ်သိမ့်တာပါ ​😍😚

ဒီ Page ​လေးမှာ Healing အတွက်သီးသန့်မျိုးမဟုတ်ပဲ Sharing လုပ်မယ် Personal Acc လိုပဲ ရီစရာရှိတာ ရီမယ် ​ဒေါသထွက်စရာရှိတာ ထွက်မယ် ​ပြောစရာရှိတာ​တွေ ​လွတ်လွတ်လပ်လပ် ပြောကြမယ်

Clients အမ​တွေ ညီမ​လေး​တွေနဲ့ ရင်းရင်းနှီနှီးရှိဖို့အတွက် Professional အ​နေနဲ့မဟုတ်ပဲ သာမာန် Acc တစ်ခုလိုမျိုးပဲ သုံးမှာမို့ ​မေသဲရဲ့အချိန်အရ အားလုံးကို အချိန်နဲ့ တ​ပြေးညီ Reply မလုပ်နိုင်ခဲ့ရင် နားလည်​ပေးဖို့လဲ ခုကတည်းက ကြိုပြီး ​မေတ္တာရပ်ခံထားပါရ​စေ

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

09:00 - 21:00