YTD Rescue Organization

YTD Rescue Organization

Share

24/7 Emergency Medical Service

Photos from YTD Rescue Organization's post 08/08/2025

7.8.2025(Thursday)21:40 အချိန် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး (၅)ကွေ့ မှတ်တိုင်အနီးတွင် တွဲကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွါးကြောင်း အကြောင်းကြာလာသဖြင့် YTD Rescue Organization မှ အချိန်နှင့်တပြေးညီထွက်ခွါပြီး ပျက်ဆီးသွားသော လမ်းဘေးဓာတ်တိုင် နှင့် သစ်ပင်များအား မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းရှင်းလင်းခြင်း၊ယာဉ်ကြောပိတ်ဆို့မှူများအား သက်ဆိုင်ရာအဖွဲ့အစည်း နှင့်အတူ ကူညီပေးခြင်း စသည်တို့အား လုပ်ဆောင်ကူညီခဲ့ပါသည်။

ထွက်ခွါကူညီသည့် YTD မှ အသင်းအဖွဲ့များ
- ဖြူစင်မေတ္တာ - အောင်ရတနာ လူမှုကူညီရေးအသင်း
- သော်တာကယ်ဆယ်ရေးအသင်း
- ကရုဏာကမ်းလက် လူမှုကူညီရေးအသင်း
- ပြုံးပန်းဝေ လူမှုကူညီရေးအသင်း
- အောင်မင်္ဂလာ လူမှုကူညီရေးအသင်း
- အောင်သပြေ လူမှုကူညီရေးအသင်း


#တွဲကားမတော်တဆဖြစ်
#သတင်းနှင့်ပြန်ကြားရေး

Photos from YTD Rescue Organization's post 29/07/2025

29.7.2025(Tuesday)21:40 အချိန် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး အနော်မာမှတ်တိုင်အနီးတွင် သုံးဘီးဆိုင်ကယ်တစ်စီးအား ကားတစ်စီးမှ တိုက်ပြေးမှုဖြစ်ပွါးကြောင်း အကြောင်းကြာလာသဖြင့် YTD Rescue Organization မှ နီးစပ်ရာအသင်းများအား အချိန်နှင့်တပြေးညီထွက်ခွါစေကာ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ အသက် (၃၀)ဝန်းကျင်ခန့် အမျိုးသားလူနာ(ဦးခေါင်းနှင့် ယာဘက်လက်ဖဝါး ထိခိုက်ဒါဏ်ရာရ)အား သာကေတမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းကာ ရှေးဦးပြုစုပေးပြီး သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ထွက်ခွါကူညီသည့် YTD အဖွဲ့မှ အသင်းများ
- အမ္မတဂဝေသီ လူမှုကူညီရေးအသင်း
- မနောဖြူ လူမှုကူညီရေးအသင်း
- သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်း
- အောင်မင်္ဂလာ လူမှုကူညီရေးအသင်း
- ကရုဏာကမ်းလက် လူမှုကူညီရေးအသင်း

⛑️

10/07/2025

🙏🏻———။ မင်္ဂလာပါခင်ဗျာ ။———🙏🏻

သာကေတမြို့နယ် နှင့် ဒေါပုံမြို့နယ် အားအဓိကထား၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများ၏ သဘာဝဘေးအန္တရာယ်များ၊အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

🛟🚨

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Tharkayta Township
Yangon
11231