Bright Future Additional Needs Learning Center

Bright Future Additional Needs Learning Center

Share

Never Ever Giveup

12/06/2026

🍊 Fruit Matching Activity 🍌🍇

Photos from Bright Future Additional Needs Learning Center's post 11/06/2026

🎊 Happy 5th Birthday To Hein Thu 🎊

❤️ ဖြူစင်တဲ့အပြုံးလေးတွေနဲ့ ကမ္ဘာကြီးကို လှပပြီးအကျိုးပြုတဲ့တီချယ်တို့အသည်းကျော်လေး
ရဲ့ (၅) နှစ်ပြည့် မွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ရယ်မောသံတွေနဲ့ ပြည့်နှက်ပါစေ....

💛‌ ကျန်းမာ‌ပျော်ရွှင်ပြီးအောင်မြင်ပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ပါစေ.....

🩷 ဖေ မေတို့ အတွက်အားထားရတဲ့သားလိမ္မာလေးဖြစ်ပါစေ ..... 😘🥳🎂🍭🍨🍔

Photos from Bright Future Additional Needs Learning Center's post 10/06/2026

🍊 Fruit Matching Activity 🍌🍇
လိမ္မော်သီး၊ ငှက်ပျောသီးနှင့် စပျစ်သီးသစ်သီးတုလေးများကိုအမျိုးအစားတူရာခြင်းထဲသို့မှန်ကန်စွာခွဲခြား၍ထည့်ပေးရသောActivity လေးဖြစ်ပါတယ်။
🌟ရရှိနိုင်သော အကျိုးကျေးဇူးများ
🍇အရောင်နှင့် အမျိုးအစား ခွဲခြားသိမြင်နိုင်ခြင်း
🍌အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာခြင်း။
🍊လက်-မျက်စိ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ကောင်းမွန်လာခြင်း။
🍎ညွှန်ကြားချက်ကို နားလည်လိုက်နာနိုင်စွမ်း တိုးတက်လာခြင်း။
"သစ်သီးများကို မှန်ကန်စွာ ခွဲခြားရွေးချယ်နိုင်ခြင်းသည် သင်ယူမှုစွမ်းရည်နှင့် နေ့စဉ်ဘဝတွင် လိုအပ်သော အခြေခံအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုပါသည်"။

Photos from Bright Future Additional Needs Learning Center's post 09/06/2026

ဒီနေ့လေးကနှုတ်ဆက်ခြင်းမဟုတ်ပါဘူး၊အောင်မြင်မှုအသစ်စီလှမ်းသွားတဲ့နေ့လေးပါ တီချယ်တို့အားလုံးအမြဲဂုဏ်ယူနေမှာပါသားလေးရေ🥰

09/06/2026

June 2026 မှာ Mainstream Schoolကိုတက်သွားပြီဖြစ်တဲ့ကျွန်မတို့ရဲ့ကျောင်းသားကြီး......

သားလေးဘဝအောင်မြင်တိုးတက်မှုတွေရယူဖို့အတွက်ကျယ်ပြန့်တဲ့ လောကကြီးကို စတင်အ‌ခြေချပြီးသားအစွမ်းရှိသလောက်ပျံသနိးနိုင်ပါစေ ။ ပျော်ရွှင်အောင်မြင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ပြီး မိဘအားကိုးရတဲ့ထူးချွန်လိမ္မာတဲ့သားရတနာလေးဖြစ်ပါစေ ကလေးရေ 😘

Photos from Bright Future Additional Needs Learning Center's post 08/06/2026

🎉Happy 4th Birthday To Lin Thuta Ko🎊
ကျန်းမာပျော်ရွှင်ပြီးအေးချမ်းတဲ့နေ့ရက်တိုင်းကို သားလေးမိသားစုနဲ့အတူကုန်လွန်ဖြတ်သန်းနိုင်ပါစေ ခလေးလေးရေ 😘😍🎂🥳🍔🍨

Photos from Bright Future Additional Needs Learning Center's post 04/06/2026

Bilateral Hand Skill Activity✨
ခွက်ကိုလက်နှစ်ဖက်တွင်တပ်ဆင်ကာ ဘောလုံးကိုယူဆောင်ရမယ့်Activityလေးကိုသားသားမီးမီးတို့မှလုပ်ဆောင်ရသောကြောင့် မျက်စိနှင့်လက်တစ်ထပ်တည်းကျစေပြီးအာရုံစူးစိုက်မှုကိုရရှိစေမှာဖြစ်ပါတယ်။လက်နှစ်ဖက်ကိုညှိနှိုင်းအသုံးပြုရသောကြောင့် Bilateral Coordinationကိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။လက်ချောင်းလေးများဖြင့်အသုံးပြုရသောကြောင့်အသေးစားကြွက်သားများရဲ့စွမ်းဆောင်ရည်များလဲအားကောင်းလာစေမှာပဲဖြစ်ပါတယ်။

Photos from Bright Future Additional Needs Learning Center's post 02/06/2026

🎯 Jump Circle အတွင်းသို့ ခုန်ဝင်၍ In/Out Concept လေ့ကျင့်ခြင်း ✨

Photos from Bright Future Additional Needs Learning Center's post 31/05/2026

Pom Pom Ball Transfer Activity ✨

Tongs ကို အသုံးပြု၍ Pom Pom Ball များကို လက်နှစ်ဖက်ဖြင့်ညှပ်ယူပြီး သတ်မှတ်ထားသော နေရာသို့ ပြောင်းရွှေ့ပေးခြင်းဖြင့် Fine Motor Skills, Hand-Eye Coordination, Attention နှင့် Finger Strength များ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပေးခဲ့ပါသည်။
✅ Fine Motor Skills ဖွံ့ဖြိုးစေခြင်း
လက်ချောင်းအသေးစားကြွက်သားများ သန်မာလာစေပြီး Pencil ကိုင်ခြင်းနှင့် လက်ချောင်းအသုံးပြုကာလုပ်‌ေဆာင်ရသည့်နေ့စဉ်လုပ်ငန်းဆောင်တာများကို
ဆောင်ရွက်နိုင်လာမှာပဲဖြစ်ပါတယ်။
✅ Hand-Eye Coordination တိုးတက်စေခြင်း
မျက်စိမှ မြင်တွေ့သည့်အရာကို လက်ဖြင့် တိကျစွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်း မြှင့်တင်ပေးသည်။
✅ Bilateral Coordination ဖွံ့ဖြိုးစေခြင်း
ခန္ဓာကိုယ်၏ ဘယ်ညာအစိတ်အပိုင်းများကို ပူးပေါင်းအသုံးပြုနိုင်စွမ်း တိုးတက်လာစေသည်။
✅ Attention & Concentration တိုးတက်စေခြင်း
လုပ်ငန်းတစ်ခုအပေါ် အချိန်တစ်ခုကြာ အာရုံစိုက်လုပ်ဆောင်နိုင်စွမ်း မြင့်မားလာစေသည်။

Photos from Bright Future Additional Needs Learning Center's post 26/05/2026

(၁၉.၅.၂၀၂၆) နေ့တွင်Bright Future Learning Center ကျောင်း၏ကျောင်းအုပ်ကြီးဒေါ်ရီမာတင်မှ ကျောင်းသား မိဘများနှင့်တွေ့ဆုံကာ ကလေး များအားကျောင်းတွင်လေ့ကျင့်သင်ကြားပေးနေမှုများ နှင့် ကလေးများ၏တိုးတက်မှုအခြေအနေ၊ ထပ်မံ၍ဆက်လက်လေ့ကျင့်သင်ကြားပေးသွားမည့်အစီအစဉ်များ၊
အိမ်တွင်လည်းမိဘများဘက်မှပြန်လည်လေ့ကျင့်ပေးရန်တို့ကို ဆွေ့နွေးပြောကြားပေးခဲ့ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 45, Zayar Thiri Street, Myothit Qtr, Dawpon Tsp
Yangon