Moboversity
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moboversity, Photography Videography, Yangon.
Technology is not a weakness — artistic talent is important
နည်းပညာကအားနည်းချက်မဟုတ် အနုပညာသာအဓိက
Mobile photography / videography shooting & editing training
24/12/2025
ဘယ်နေရာဘယ်နယ်ပယ်မှာမဆို HPOICL Mindset ရှိရပါမယ်
HPOICL ကဘာလဲ???
H - Humble
P - Patience
O - Observation
I - Inspiration
C - Creation
L - Learn from mistakes စတဲ့အချက်တွေပါ
Humble - နှိမ်ချတက်တဲ့စိတ်ရှိပါစေ
နည်းနည်းသိပြီးများများတက်ယောင်မဆောင်ပါနဲ့ သင့်ထက်ငယ်တဲ့သူကပြန်သင်ပြနေရင်တောင် ပညာလိုသူဖြစ်တဲ့သင်က ဘာမှမာနမထောင်လွှားပါနဲ့
အရာအားလုံးရဲ့ကျရှုံးခြင်းအစက "မာန"ပါ
Patience - စိတ်ရှည်ပါ
အခုရေတွင်းတူးရေကြည်တန်းသောက်မရပါဘူး
ပညာရပ်တိုင်း နယ်ပယ်တိုင်းမှာ အောင်မြင်လာဖို့ နေရာတစ်ခုရောက်လာဖို့အချိန်ယူပြီး ပညာရည်ဖြည့်လေ့လာမြဲလေ့လာဆဲလုပ်ပါ
Observation - ရောက်လေရာမှာစူးစမ်းပြီးမှတ်သားတက်ပါ
လမ်းဘေးကစာရွက်တစ်ရွက်ကအစ သတိထားဖတ်မိရင် ဘဝတစ်ခုလုံးတောင်ပြောင်းလဲစေပါတယ်
စကားစမြည်ပြောရင်းနဲ့ မှတ်သားဖွယ်ရာများရှိလာရင်မှတ်သားပါ
မျက်စိလျင်နားလျင်နဲ့ပတ်ဝန်းကျင်ကိုလေ့လာတက်ပါ
Inspiration - Inspire လုပ်တာနဲ့ Copy လုပ်တာနဲ့မတူဘူးဆိုတာကွဲကွဲပြားပြားသိပါ
တခြားတစ်ခုဆီကပုံစံတူကူးချတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းနဲ့ပေါင်းစပ်ပြီး ပိုကောင်းအောင်မွမ်းမံခြင်းကိုဆိုလိုခြင်းဖြစ်တယ်
Creation - ဖန်တီးနိုင်စွမ်းရှိပါ
ဖန်တီးနိုင်စွမ်းရှိဖို့ အပေါ်က "Inspiration နဲ့ Observation"တို့ရဲ့အားအများကြီးလိုအပ်ပါတယ်
Learn from mistake - အမှားတွေဆီကသင်ယူတက်အောင်လုပ်ပါ ဝေဖန်ခြင်းကိုလက်ခံတက်ပါစေ
ကိုယ်လုပ်ကိုယ်ကောင်းကိုယ်ကြိုက်နဲ့ဆိုရင်ဘယ်နေရာမှသင်မဝင်ဆန့်ပါဘူး
လူတိုင်းအမှားနဲ့မကင်းကြပေမယ့် အမှားနည်းအောင်လုပ်ပြီး အမှားတွေဆီကနေသင်ယူတက်အောင်ကြိုးစားစေချင်ပါတယ်
အခုဆို HPOICL ရဲ့အဓိပ္ပာယ်ကိုနားလည်ပြီထင်ပါတယ် နားမလည်ရင်နားမလည်မချင်းဖတ်ပါ ဖတ်တဲ့အတိုင်းလည်းကျင့်သုံးနိုင်ပါစေလို့ပြောရင်း
မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ
11/08/2025
လူသိများတာနဲ့လူကြည့်များတာမတူပါဘူး
Video ပဲရိုက်ရိုက် Photo ပဲရိုက်ရိုက် Content Writing ပဲလုပ်လုပ် ဘာလုပ်လုပ်...
ကိုယ်ဖန်တီးထားတဲ့ Content ကပေးတဲ့ Message ကိုလူအသိများပြီး ရင်ထဲရောက်ဖို့ လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ပဲအဓိကထားလုပ်ရပါမယ်
လူသိများရင် လူသတင်းလူချင်းဆောင်ပြီးတိုးတက်နိုင်မယ်
လူကြည့်များတာကအချိန်တခုကြာရင် မေ့သွားမှာပါ
ဘာအတွက်လုပ်မှာလဲ ဘယ်သူတွေအတွက်လဲ ဘာပေးနိုင်မှာလဲ ဆိုတာကိုသေချာစဉ်းစားပြီးမှလုပ်ပါ
လူများပြီး ပွဲမစည် Views များပြီး Goal မထိတဲ့အဖြစ်မျိုးများတွေ့နေရတဲ့အထဲ သင်မပါရလေအောင် လက်လှမ်းမီလောက်လေးပြောပြပေးလိုက်ပါတယ်
"သင့်ထက်တော်လို့မဟုတ် သင့်ထက်တလွဲများလုပ်ခဲ့ခြင်းမှရသော သင်ခန်းစာများသာ"
04/08/2025
ရုပ်ရှင်ကိုကြိုက်လို့ကြည့်တယ် ကိုယ်နှစ်သက်ရာအနုပညာရှင်များကိုအားပေးချင်လို့ကြည့်တယ် စသဖြင့်အကြောင်းရင်းအမျိုးမျိုးနဲ့ လူတိုင်းရုပ်ရှင်ကြည့်ကြတယ်
Filmmaking ပိုင်းဝါသနာပါတာပဲဖြစ်ဖြစ် Photo Video Shooting,Editing and so on စသဖြင့် သက်ဆိုင်တဲ့အနုပညာတွေကို ရုပ်ရှင်ကောင်းတစ်ခုထဲမှာအများကြီးလေ့လာလို့ရပါတယ်
ဒါဆိုသင်တန်းမတက်တော့ဘူး ရုပ်ရှင်ပဲပတ်ကြည့်တော့မယ်လို့တွေးကောင်းတွေးမိမယ်
ပြောချင်တာကအဲ့လိုမဟုတ်ဘူးနော် ရုပ်ရှင်ကားကောင်းတစ်ကောင်းကို စအဖွင့် Intro ထဲကနေနောက်ဆုံးဇာတ်သိမ်းစာတန်းထိုးထိကြည့်ပြီးရင်
သင်မသိသေးတဲ့လေ့လာချင်ဖို့လိုသေးတဲ့
- Camera ယူဆမှုလှုပ်ရှားမှုတွေ
- တည်းဖြတ် Edit ဆက်ပုံဆက်နည်း / ကာလာအလင်းအမှောင်အယူအဆတွေ
- Special Effect ( VFX )တွေ
- အသံအနေထားချိန်ဆမှုနဲ့ဆွဲဆောင်မှုတွေ
- ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ခြင်းတွေ
- Poster ဒီဇိုင်းတွေ
စသဖြင့်များစွာကိုထပ်တိုးလေ့လာလေ့ကျင့်ဖို့အတွက် ရုပ်ရှင်ကားကောင်းတိုင်းဟာ မီးမောင်းထိုးပြပေးတဲ့ ပင်လယ်ထဲကမီးပြတိုက်ပဲဖြစ်ပါတယ်
27/07/2025
Coming soon with awsome result TWO MEN
27/07/2025
TWO MEN နဲ့ ပူးပေါင်းသင်ကြားမှုလေးပါ ✌️
19/07/2025
TWO MEN X Moboversity ရဲ့ပူးပေါင်းတင်ဆက်မှုပါ ✨
16/07/2025
"ပျင်းတယ်" ဆိုတဲ့ "Boredom" ကာလအပိုင်းခြားကို Creator တို့ကြုံရတဲ့အခါ....
1 - နားချိန်လိုအပ်နေပါပြီ
2 -နားချိန်လိုအပ်နေပါပြီ
3 - နားချိန်လိုအပ်နေပါပြီ
တကယ်နားချိန်လိုအပ်တာပါ
ခရီးထွက်မယ် ဘော်ဒါတွေနဲ့မုန့်စားအပြင်သွား တယောက်ထဲ Game ဆော့တာဖြစ်ဖြစ် ကိုယ်ပျော်တာကိုယ်လုပ်ဖို့လိုအပ်နေပါပြီ
Creator ပိုင်းကိုဝါသနာပါလို့လုပ်ရင်း လူသိများ Client များလာတဲ့အခါ Income များများဝင်နေပေမယ့် တကယ်ဘာလို့ ဒီ Career ပိုင်းကိုဝင်ခဲ့လဲဆိုတာမေ့သွားတက်ပါတယ်
ပျော်လို့လုပ်ခဲ့တယ်ဆိုတာကိုပါ...ကိုယ်လုပ်တဲ့အလုပ်မှာမပျော်လာတဲ့အခါ ကိုယ့် Carrer ကိုယ်စွန့်လွှတ်လိုက်ချင်တဲ့အတွေးတွေဝင်လာတက်ပါတယ်
ဒါ့ကြောင့် Creator ကြီးကြီးငယ်ငယ် ဦးနှောက်နဲ့နှလုံးသားပါရင်းနှီးရတာမို့ တခါတလေတော့ စိတ်လွတ်ကိုယ်လွတ် နားချိန်ယူပြီး ဖန်တီးမှုအကောင်းဆုံးတွေလုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်
13/07/2025
📝 အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်လာတဲ့ ဖုန်းနဲ့ရိုက်တက်တဲ့ Photo / Video Creator Position တွေမှာပါဝင်နိုင်ဖို့ပဲဖြစ်ဖြစ်
⭐️ ကိုယ်ပိုင် Brand တစ်ခုတည်ဆောက်ပြီးကိုယ်ပိုင်ဖန်တီးမှုတွေလုပ်ချင်လို့ပဲဖြစ်ဖြစ်
✅ Moboversity X TWO MEN ပူးပေါင်းဖွင့်လှစ်တဲ့ Content Creation Workshop ကို July 19 / July 20 ကစပြီး ရုံးပိတ်ရက် စနေ တနင်္ဂနွေနေ့တိုင်း တက်ရောက်သင်ကြားနိုင်ပါပြီ
🎬 Training Class မှာဘာတွေသင်ကြားရမလဲ???
📸 Photo / Video Shooting Basic Editing Basic တင်မဟုတ်ပဲ
✌️Brand တည်ဆောက်ပုံအဆင့်ဆင့်
🛜 Digital Marketing Basic
🥰 Customer Service Basic + Customer Clients များနဲ့ဆက်ဆံပြောဆိုခြင်းများကိုပါထည့်သွင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်
Class Details
Time - 10 AM to 3 PM ( 12 - 12:45 Break Time )
Class Location - အမှတ် ( ၉ ) ဘောဂသိဒ္ဓိလမ်း / 4th Floor
YBS - 11,136,22,94
Class Fee - 80,000 MMK
💡 သင်တန်းကိစ္စအသေးစိတ်ဆွေးနွေးနိုင်ဖို့အတွက် Page Chat Box or Phone ကနေတဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါပြီ
05/07/2025
💡Digital ခေတ်ကြီးထဲမှာ Photo / Video တွေဖန်တီးပြီး ကိုယ်ပိုင်ဝင်ငွေများရှာနိုင်ဖို့အတွက်လိုအပ်တဲ့ Skill set များကိုသင်ကြားနိုင်ပါပြီ 📝
✅ ဒီ Post ကို Public နဲ့ Share ပေးထားတဲ့သူတွေထဲက 2 ဦးကို Free Course လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်
ကျွန်တော်တို့ TWO MEN နဲ့ MOBOVERSITY ရဲ့ရည်ရွယ်ချက်ကတော့ မိမိတို့ Mobile Phone တစ်လုံးထဲနဲ့ အမိုက်စား Photo / Video တွေဖန်တီးတက်စေဖို့တင်မဟုတ်ပါဘူး
📝 Class မှာဘာတွေသင်ပေးမှာလဲ???
Creator တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ Skill set များကိုဘက်ပေါင်းစုံကနေသိနားလည်စေဖို့ပဲဖြစ်ပါတယ်
📝 အခုရက်တိုသင်တန်းလေးကို Join ပြီးရင်ဘာတွေရမှာလဲ???
အရည်အချင်းစစ်စာမေးပွဲဖြေဆိုပြီးတာနဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး TWO MEN နဲ့အတူတူ Projects တွေကိုလက်တွဲလုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်
💡ဒီ Class လေးဖွင့်ရတဲ့အဓိကရည်ရွယ်ချက်ကတော့
ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပညာရပ်ပေါင်းစည်းချင်တဲ့လူငယ်များကိုတနေရာထဲမှာ ဆုံတွေ့စေချင်လို့ပဲဖြစ်ပါတယ်
🌟သင်တန်းကို Online ကမဟုတ်ပဲလက်တွေ့အပြင်မှာသင်ကြားပေးမှာဖြစ်ပါတယ်
Class date - July 12th to July 13th ( 2 days class ) + Extra Pratical Shooting Day
Class hour - 10AM to 2PM
Class Fee - 80,000 MMK
Limit People - 5 Persons
Class Location - အမှတ် 9,ဘောဂသိဒ္ဓိလမ်း,မရမ်းကုန်း (၂)ရပ်ကွက်
သင်တန်းကိစ္စစုံစမ်းဖို့အတွက် Page chat box or 09-961-951-242 ကိုဆက်သွယ်မေးမြန်နိုင်ပါတယ်
01/07/2025
📸 ပုံရိုက်တိုင်း ဘယ်ကြည့်လို့ကြည့်ရမှန်းမသိတဲ့ပြဿနာကမသေးပါဘူး 😵💫
📷 ပုံလှလှလေးတွေအမြဲရိုက်တဲ့ကိုယ်တိုင်ပဲဖြစ်ဖြစ် ချစ်သူ/ဘော်ဒါတို့ကို ရိုက်ပေးရတဲ့အခါပဲဖြစ်ဖြစ် ဒီနည်းလမ်းတချို့က အထောက်အကူပြုမှာပဲဖြစ်ပါတယ် 😉
Click here to claim your Sponsored Listing.
Category
Website
Address
11111