JuJuu

JuJuu

Share

Reading is the best relaxing💐

19/07/2025

🌟အဆုံးမရှိချစ်ခြင်း🌟

Part 1

လောကမှာငွေဆိုတဲ့အရာကအင်မတန်မှကြောက်ဖို့အကောင်းဆုံးပဲ ဒီငွေကြောင့်မိတ်ဆွေအပေါင်းအသင်းတွေလည်းရစေသလို ဒီငွေကြောင့်မိတ်ပျက်ဆွေပျက်တွေလည်းဖြစ်စေတယ် ဒီငွေကြောင့်မျက်နှာပွင့်စေသလို ဒီငွေကြောင့်ပဲမျက်နှာငယ်ရစေတယ် ဒီငွေကြောင့်ပဲသူမရဲ့မိဘတွေဆုံးပါးသွားရတယ်မလား..

"မြေးမလေး ဘာ​တွေတွေးနေတာလဲ"

သူမအတွေးလွန်နေတာဘယ်လောက်တောင်ကြာသွားတယ်မသိ အဖွားဖြစ်သူအသံပေးမှပဲအသိဝင်လာလေတော့သည်။
​
"ဘာမတွေးပါဘူးဖွားရဲ့ ကျောင်း​လည်းပြီးပြီဆိုတော့ဘာဆက်လုပ်ရင်ကောင်းမလဲစဥ်းစားနေတာ"

"ငါ့မြေးမလေးက ဆယ်တန်းကို 4Dနဲ့အောင်တာပဲ မြေးမလေး အမှတ်မှီတဲ့ကျောင်းကိုသာရအောင် လျှောက်လေ"

"လွန်း တက္ကသိုလ်မတက်တော့ဘူးလို့စဥ်းစားနေတာဖွား"

"ဟင်းးးးး"

အားနာနေတဲ့မျက်ဝန်းတစ်စုံံအပြင်မဝင့်မရဲစကားတွေကိုဆိုလာတဲ့ မြေးမလေးသရဖီလွန်းကိုကြည့်ပြီးဒေါ်ယုဇနတစ်ယောက်သက်ပြင်းမောကြီးသာချလိုက်မိလေသည်။ မြေးမလေးရဲ့မိဘတစ်ဖြစ် သူမရဲ့ သားနဲ့ ချွေးမလေးဆုံးပါးသွားကတည်းက ဒီမြေးမလေးရဲ့တာဝန်ဟာသူမဆီသို့ကျရောက်လာခဲ့လေသည်။ ငွေရေးကြေးရေးမချမ်းသာပေမဲ့မြေးမလေးဖြစ်ချင်တဲ့အရာတွေကိုဖြစ်မြောက်အောင်သူမလုပ်ပေးမိလေသည်။မြေးမလေးကလည်း ဘာမှမတောင်းဆိုတတ်သူဖြစ်ပြီး သူမကသာမြေးမလေးလိုအပ်မယ်ထင်တဲ့အရာလေးတွေကိုသာဖြည့်စည်းပေးရလေသည်။

"မြေးမလေးတက်ချင်တဲ့ကျောင်းကိုပြောပါ ဖွားထားပေးမှာပေါ့ ငွေရေးကြေးရေးဘာမပူနဲ့ဖွားအားလုံးစီစဥ်ပေးမယ်"

ဖွားပြောတာတွေကိုသရဖီလွန်းတစ်ယောက်နားထောင်ပြီးမျက်ရည်ဝဲမိရလေသည်။သူမသိတာပေါ့ ဖွားကသူမ ဖြစ်ချင်တဲ့ဘယ်အရာမဆိုလုပ်ပေးမယ်ဆိုတာ သူမရဲ့မိဘတွေမရှိတော့တာတောင်ဖွားကသူမကိုအစစအရာရာပြီးပြည့်စုံအောင်ထားပေးနိုင်တဲ့ သူမရဲ့ အချစ်ရဆုံးအမျိုးသမီးကြီးပါပဲ...

"လွန်းအဝေးသင်ပဲယူပါမယ်ဖွားရယ် ဖွားတစ်ယောက်ထဲအိမ်မှာ တစ်နေကုန်ဆိုစိတ်မချဘူး"

"အမလေးတော် ညည်းလေးအဖွားကဒေါင်ဒေါင်မြည်ပါနော် ဘာမှစိတ်မချစရာအကြောင်းမရှိဘူး မြေးလေးရဲ့ အမှတ်နဲ့အဝေးသင်ကိုမယူရပါဘူး ဆေးလိုင်းဘက်ကိုမှီနေတာပဲမြေးရဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်လေးဘာလေးလျှောက်ကြည့်ပါ့လား"

"ဆေးကျောင်းတွေက ငွေပမာဏအရမ်းများတယ်ဖွားရဲ့ လွန်းမတက်ချင်ပါဘူး"

"အဲ့အတွက်မပူနဲ့လို့ဖွားပြောထားတာပဲလေ ဖွားကလေ ဖွားမြေးမလေးကိုဆရာဝန်မလေးတစ်ယောက်အနေနဲ့မြင်ချင်တာမြေးရဲ့ ဟော်ဂျူတီကုပ်ကလေးနဲ့ဆိုဖွားမြေးမလေးကတအားကြည့်ကောင်းမှာ"

ဝမ်းသားအားရပြောနေတဲ့ဖွားပြောပုံဆိုပုံနဲ့ဖွားမျက်ဝန်းတွေကိုကြည့်ကာ သူမအနည်းငယ် ဝမ်းနည်းသွားရလေသည်။ သူမတို့ဖွင့်ထားတဲ့ကုန်စုံဆိုင်ကအမြတ်ငွေနဲ့ဘယ်လိုများဆေးကျောင်းတက်လို့ရမှာတဲ့လဲ...

"မြေးမလေး တက်ရမယ်နော်​​​ဆေးကျောင်းကို ကျန်တာတွေဘာမပူနဲ့ မြေးမလေးကဖွားရဲ့ဆန္ဒလေးကိုဖြည့်စည်းပေးမယ်မလား မြေးမလေးကို ဂျူတီကုပ်လေးနဲ့မြင်ရရင်ဖွားသေပျော်ပါပြီ"

ဖွားရဲ့ပါးစပ်လေးကိုသူမလက်ကလေးနဲ့အမြန်ပိတ်လိုက်ပြီး..

"အို...ဖွားကလည်းဘာလို့သေစကားတွေပြောနေရတာလဲ ဖွားကလွန်းရဲ့ဘေးမှာ အချိန်အကြာကြီးရှိနေအုံးမှာ ဖွားပြောသလိုဖွားကဒေါင်ဒေါင်မြည်လေနော် အဟင်းဟင်းးး"

"အဟင်းဟင်းးး ဟုတ်တယ် ဒေါင်ဒေါင်မြည်"

သူမပြောတဲ့စကားကိုဖွားကပြုံးရယ်ပြီးသူမကို ချစ်မဝစွာဖက်ထားလေသည်။သူမမှာဖွားပဲရှိပါတယ်လေ..
-
-
-
-
"အဲ့ဒါဘယ်ကိုကြွချီတော်မူအုံးမလို့လဲ ဇျာန်မခ"

ဇျာန်မခတစ်ယောက် သူငယ်ချင်းတွေနဲ့ချိန်းထားတာမလို့အောက်ဆင်းလာရင်း ဒယ်ဒီခနဲ့တာကိုခံလိုက်ရလေသည်။

"ဘယ်မှမဟုတ်ပါဘူး နေထက်နဲ့မော်ကွ​န်းတို့ကတွေ့ဖို့ခေါ်နေလို့သွားမလို့ဒယ်ဒီရ"

"ဒီမှာလာထိုင်စမ်းပါအုံး မင်းကိုမေးစရာရှိလို့"

ဒယ်ဒီဘာကိုပွားအုံးမလဲဆိုတာသူသိပါသည်။ သူ10တန်းကို အခုနှစ်နဲ့ဆိုကျတာ 5နှစ်လောက်ရှိလေပြီ ဒယ်ဒီကလည်းမအောင်မချင်းထားတာမလို့ သူအနေကြပ်ရလေသည်။ 10တန်းပြီးဒယ်ဒီအလုပ်ဝင်လုပ်ဆိုပြီးပြောကတည်းက သူကျအောင်ဖြေနေတာ အခုချိန်ထိဖြစ်သည်။ ဘယ်လိုလုပ်မလဲ သူကလည်းဒယ်ဒီရဲ့ ကန်ထရိုက်လုပ်ငန်းတွေကိုစိတ်မှမဝင်စားတာ...

ဒယ်ဒီဘေးကဆိုဖာပေါ်မှာဝင်ထိုင်လိုက်ရင်း...

"မင်းဘယ်တော့များ 10တန်းကိုအောင်မှာလဲ"

"ဒယ်ဒီကလည်းဗျာ တစ်နှစ်ပြီးတစ်နှစ်ဒီအသံတွေပဲကြားနေရတာ အလွတ်ရနေပြီ"

"မကြားချင်ရင် မင်း10တန်းအောင်ဖို့လုပ်လေ"

"ကယ်..ဒီသားအဖတွေကဖြစ်ပြန်ပြီ"

ဆူညံသံကြားလို့ဒေါ်နန်းဒေဝီတစ်ယောက် မီးဖိုချောင်ထဲမှာစီမံနေရာကနေထွက်လာလေသည်။ သူမထင်တဲ့အတိုင်းသားအဖတွေ တစ်နှစ်တစ်ခါဖြစ်နေကြပုံစံအတိုင်းဖြစ်နေတာမလို့ခေါင်းရမ်းရလေသည်။

"မာမီ ကိုယ့်ယောက်ကျားကိုယ်ပြော တစ်နှစ်တစ်ခါကြားနေကြဆောင်ပုဒ်တွေပြောတော့မယ်"

"ဟာ...ငါလုပ်ရင်သေတော့မယ် ဇျာန်မခတို့ကတော့"

"ဟယ် အကိုနော် ဒေဝီသားကို"

ဦးဇျာန်မင်းထင်တစ်ယောက်ထိုင်နေရာကထ၍သားဖြစ်သူကိုဆော်ဖို့လက်ရွယ်ခါမှသူ့ရဲ့ချစ်ရတဲ့ဇနီးလောင်းလေးဟန့်တားမှူကြောင့်ရပ်လိုက်ရတော့သည်။ သူ့ရဲ့ချစ်ဇနီးလေးကသူမရဲ့သားကို ရိုက်ဖို့မပြောနဲ့ ဆူရင်တောင်မကြိုက်တာမလို့ သူမရှေ့ဆိုသားကို ဆူတယ်ဆိုတာရှားလေသည်။

"ငါ့မိန်းမတားလို့နော် မင်း..ကြည့်လုပ် ဇျာန်မခ"

အဖေဖြစ်သူကိုကြည့်ကာဇျာန်မခခေါင်းယမ်းရလေသည်။ အဲ့လိုပဲ ဒယ်ဒီကမာမီကိုဆိုသိပ်ကြောက်ပြီးချစ်တာမလို့ မာမီစကားတစ်ခွန်းဆိုတစ်ခွန်းသာဖြစ်သည်။ မာမီကိုဘယ်တော့မှမလွန်ဆန်ပဲမာမီအလိုကိုသာလိုက်သည်။သူကလည်းဒါကိုသိတာမလို့ ဒယ်ဒီတစ်ခုခုပြောဆိုမည်ဆို မာမီကိုသာအော်ခေါ်ရလေသည်။ ဒယ်ဒီကြောက်တာကမာမီမလို့လေ...

"သားသွားပြီ ဒယ်ဒီနဲ့မာမီ ဟိုကောင်တွေစောင့်နေလိမ့်မယ်"

"ကောင်းပြီသားလေးစောစောပြန်ခဲ့နော် မာမီသားကြိုက်တာတွေချက်ထားတယ်"

"ဟုတ် မာမီ"

"မင်းငါပြောတာတွေမှတ်ထားနော် ဇျာန်မခ"

သူပြောတာကိုနားမထောင်ပဲအိမ်တံခါးမအနားထိလျှောက်သွားကာ နောက်ပြန်လှည့်ပြီး မဲ့ပြလေသည်။ ဒါသူ့ကိုအားကိုးရှိတယ်ဆိုပြီးမခန့်တာ မင်းအမေရှေ့ဆိုတော့ လုပ်နှင့်အုံးပေါ့ ငါ့သားရာ..
-
-
"မင်းကလည်းကြာလိုက်တာကွာ ငါတို့မှာမင်းကိုစောင့်ရတာလည်ပင်းကိုရှည်လို့"

ဇျာန်မခသူတို့ရဲ့ဆိုင်ဖြစ်တဲ့ R-Z Zoneကိုဝင်လာရင်းနဲ့ နေထက်မှုးရဲ့အပြောကြောင့်..

"ဒါဆိုမင်းက လင်းတပေါ့"

"မင်းကြီးတော်ကိုလင်းတ"

နေထက်မှူးက ဇျာန်မခကိုအနားရှိခေါင်းအုံးနဲ့ပိတ်ပေါက်ကာ ဇျာန်မခကအမိအရဖမ်းလိုက်ပြီးမျက်ခုံးနှစ်ဖက်ကိုပင့်ပြကာပြောင်ချော်ချော်လုပ်​ပြလေသည်။

"ဟျောင့်တွေအဲ့ဒါကိုခနထားအုံး ဇျာန်မင်းအဖေတော့မင်းကိုပွားနေမှာပဲ"

"အေးဟုတ်တယ် အဲ့ဒါကြောင့်ပဲငါကြာနေတာကွာ ငါ့ဒယ်ဒီရဲ့တစ်နှစ်တစ်ခါပေါ်လာတဲ့ဓာတ်ပြားဟောင်းကြီးပဲနားထောင်နေရတာလေ"

"မင်းကလည်းဟုတ်တာပဲ 10တန်းကို5နှစ်ရှိပြီကျနေတာ မင်းက 10တန်းကို pro maxတွေဘာတွေတောင်ကျော်နေပြီ"

"ဟားဟားးဟားး မော်ကွန်းညီတို့ကတော့ဖဲ့ရတုန်းဖဲ့တာကွာ"

မော်ကွန်းညီရဲ့အပြောကိုနေထက်မှူးကတဟားဟားရယ်လေသည်။ ဇျာန်မခ နေထက်မှူး မော်ကွန်းညီတို့က အလယ်တန်းမှစခင်ကြတဲ့သူငယ်ချင်းများဖြစ်ကြကာ နေထက်မှူးနဲ့မော်ကွန်းညီက သူတို့အဖေဖြစ်သူတွေရဲ့အလုပ်တွင်တစ်နိုင်တစ်ပိုင်ကူညီကြကာ သူတို့သုံးယောက်ပေါင်းပြီး R-Z Zone ဆိုသည့် ဖုန်း၊ကွန်ပျူတာ၊အခြားသောဖုန်းနဲ့ပတ်သတ်သည့်ဆိုင်ကိုဖွင့်လှစ်ထားနိုင်ခဲ့သည်။

"ဒါဆို မင်း10တန်းပြန်တက်ရအုံးမယ်ဆိုပါတော့"

"မင်းကလည်းမေးမနေနဲ့အဲ့ကောင်ကို ဒီကောင်မအောင်မချင်းကို သူ့အဖေကထားမှာ ဒီကောင်ကလည်းခေါင်းမာ သူ့အဖေ အန်ကယ်ဇျာန်မင်းထင်ကလည်းခေါင်းမာတာနဲ့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာမီးစင်ကပဲကြည့်ရတော့မှာ"

"ဘာမှဆက်မဖြစ်ဘူး ဟျောင့်တွေ ငါကတော့ငါဝါသနာမပါတဲ့အလုပ်တွေကိုလုပ်ဖို့မပြောနဲ့စိတ်တောင်မဝင်စားဘူး ဒယ်ဒီဘယ်လောက်ထိတောင့်ထားနိုင်မလဲငါကြည့်ရမှာပေါ့"

နေထက်မှုးရောမော်ကွန်းကပါမနိုင်ဘူးဆိုသည့်အကြည့်နဲ့ကြည့်ကာခေါင်းတယမ်းယမ်းဖြင့်...

ဇျာန်မခ+သရဖီလွန်း

Wattpad link
https://www.wattpad.com/story/398323693?utm_source=android&utm_medium=link&utm_content=share_reading&wp_page=reading&wp_uname=Mayhsukyi06

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon