LUMI

LUMI

Share

�Welcome to LUMI-Bubble Tea&More.Available bubble milk tea,Snack food,Korean BBQ & Noodles soups

26/04/2026

သုံးထပ်သားကင်မွေးမွေးလေးနဲ့
အရသာရှိသော Rice Menu

Premium Pork Bellyကို အသုံးပြုပေးထားပြီး ကိုရီးယားရိုးရာဟန်ပန်အပြည့်နဲ့ စားသုံးရမှာဖြစ်လို့ ချစ်ရသူတွေနဲ့အတူ ဆိုင်မှာ လာရောက်သုံးဆောင်လို့ရပါပြီ။

20/04/2026

🔥 LUMI မှာ မာလာချစ်သူတွေ အတွက် အရမ်းတန်တဲ့မာလာရှမ်းကော

မာလာရှမ်းကော မီနူးမှာ
❌ တစ်ပွဲစျေးဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး ❌

👉 မိမိကြိုက်နှစ်သက်ရာ items တွေကို စိတ်ကြိုက်ရွေးထည့်ပြီး
👉 ရွေးထားတဲ့ပမာဏအလိုက်ပဲ ကျသလောက်ပေးရတာပါ

💥 ဒါတင်မကသေးဘူးနော် 💥
မာလာရှမ်းကော / မာလာထန် / မာလာမောက်ချိုက် ဝယ်ယူမယ်ဆိုရင်
🍋 Lemon Tea ၁ခွက် FREE 🍋 ပေးနေပါတယ်

✨ စိတ်ကြိုက်ရွေး – စိတ်ကြိုက်စား ✨
✔ မစားချင်တဲ့ items မပါဝင်တော့ အရမ်းအဆင်ပြေ
✔ Budget ကိုလည်း စိတ်ကြိုက်ထိန်းနိုင်
✔ ကိုယ်ကြိုက်တဲ့အရသာကို ကိုယ်တိုင်ဖန်တီးနိုင်

🥩 ကာကာတို့ဘက်ကတော့
👉 မိမိစားချင်တဲ့ အသား / အသားလုံး / ခေါက်ဆွဲတွေကိုသာ ရွေးပေးပါ

LUMI ကနေ အသီးရွက် + မာလာအရသာကို FREE ထည့်ပြီး ချက်ပေးမယ်နော်

📍 အခုလိုအရမ်းတန်တဲ့ မာလာရှမ်းကော
Menuကို မလွတ်သင့်ဘူးနော်ကာကာတို့
လာစားကြည့်ပြီး မိတ်ဆွေတွေကိုလည်း Tag လုပ်လိုက်ပါ 👇

Foodpanda ကမှာယူလို့ရသလို
ဆိုင်ဘက်ကလဲDeliပို့ပေးပါတယ်

မင်မင် လိုင်းပေါ်အမြဲမရှိလို့ phone 09975375981 ကို Helloလုပ်လိုက်နော်

19/04/2026

LUMIရဲ့ ပဲခေါက်ဆွဲ စားကြည့်ပြီးပြီလား
ကြက်/ဝက်/ကြက်မဲ စိတ်ကြိုက်ရွေးချယ်မှာယူစားသုံးနိုင်ပါတယ်

မင်မင်ကတော့ စားနေကြ ကြက်သား/ဝက်သားဆိုတာထက် ကြက်မဲနဲ့ ပိုကြိုက်
တယ် ကာကာတို့လဲ စမ်းပြီးTryကြည့်ပါ

#ပဲခေါက်ဆွဲ

12/04/2026

သင်္ကြန် ဆိုင်မပိတ်ဘူးနော် ကာကာတို့

မနက်၈ ည၉အထိ ဆိုင်ဖွင့်ပါတယ်

မာလာရှမ်းကောလား Bubble Teaလား

ကြိုက်တာရွေးနော် LUMIမှာ Chinese food လား Korean foodလား အကုန်ရတယ်နော်ကာကာတို့

5+1promotion ကြီးကလဲ ရနေအုံးမှာမလို့ Items 5မျိုးပြည့်တာနဲ့ Drinks Menu ထဲက ကြိုက်ရာ ၁ခွက် FREEရအုံးမှာနော်

Photos from LUMI's post 18/02/2026

ပုဂံလမ်းမကြီးပေါ် /တောင်ငူလမ်းထိပ်က LUMI ကိုမေ့နေကြပြီလား ကာကာတို့

မင်မင်တို့ ဆိုင်မပိတ်ဘူးနော် အလုပ်တွေမအားလို့ onlineပေါ် Active မဖြစ်ခဲ့တာပါ

အခု မင်မင် အရင်လို ပြန်runပါပြီနော်

လိုအပ်ချက်တွေပြင်ဆင်ရင်း အသွင်သစ် စတိုင်အသစ်နဲ့ ပြန်လာပါပြီ

ဘာတွေရလဲဆိုရင် ရနိုင်တဲ့ Serviceတွေ မင်မင် ၁ပုံချင်းရေးပေးထားပါတယ် ပုံလေးတွေကြည့်ရင်း ဖက်ပေးပါနော်

အရင်လို 5+1 free promotion လေးလဲရှိပါတယ်နော်

Online orderတွေလဲ ပြန်လက်ခံနေပါပြီ
နီးရင် စက်ဘီးနဲ့ပို့ပေးပါမယ်
ဝေးရင်ကားနဲ့ပို့ပါမယ် ကျေးဇူးပါ

ဆိုင်လိပ်စာ ၂၁ရပ်ကွက် |ပုဂံလမ်းမပေါ် /တောင်ငူလမ်းထိပ် (မင်းထူးကျော် မှတ်တိုင်နဲ့ နီးပါတယ်) ရွှေပေါက်ကံ

Ph 09960714973

Photos from LUMI's post 07/09/2025

ကာကာတို့ရေ 9ရက်နေ့ ညနေပိုင်းကနေ စပြီး Toast Menu လေးရပါပြီနော်

မနက်ခင်း Breakfast အတွက်စားမလား

နေ့လည်နေ့ကင်း Snack အဖြစ်စားမလား

အားလုံး Ok နော်

Bubble Tea (or) Chocolate Milkshake နဲ့ တွဲပြီး စားရင် အရမ်းလိုက်ဖက်သောပါနော်….’’’’

တာရှည်ခံဆေးနှင့် ဆိုးဆေးများမပါဝင်တဲ့အတွက် ကလေး၊လူကြီးမရွေး အားလုံးစားသုံးနိုင်ပါတယ်

06/09/2025

ကာကာတို့ရေ လက်တလော ဖြစ်ပေါ်နေတဲ့အခြေနေအရ ယိုးဒယား ကုန်ကြမ်းပစ္စည်းတွေ အဝင်ရပ်သွားတဲ့အတွက်

မင်မင်တို့ ဆိုင်က Bubbleစေ့ ၊ Spicy ခေါက်ဆွဲ နှင့် Items တချို့ လက်တလော ပစ္စည်းများ ပျက်လက်နေပါတယ်

ကာကာတို့ စားချင်တာများ မှာယူလို့မရခဲ့ရင် စိတ်မဆိုးပါနဲ့နော် မင်မင်တို့လဲ ကုန်ကြမ်း ဝယ်ယူဖို့ အခက်ခဲ ဖြစ်နေလို့ မင်မင်တို့ကို နားလည်ပေးပါလို့ မေတ္တာ ရပ်ခံပါတယ်နော်

29/08/2025

Hello…..မင်မင်တို့ LUMI ကိုမေ့နေ့ကြပြီလား ကာကာတို့

ဒီလတွေ မင်မင် အလုပ်တွေ အရမ်းရှုပ်နေလို့ ပိုစ်တွေ ပုံမှန်မတင်နိုင်ဘူးဖြစ်နေတယ် ကွယ်

ပုံလေးကတော့ မင်မင့်အသဲစွဲ
Taro Milk with Cream cheese foam
သောက်ချင်ရင် အပြေးလေး လှမ်းလာခဲ့နော်

21/08/2025

မင်မင် ဒီရက်ပိုင်း အလုပ်လေးတွေ များနေလို့ အရင်လို post တွေ ဆက်တိုက်မတင်နိုင်တာ ခွင့်လွှတ်ပါနော် ကာကာတို့

မကြာခင် မီနူအသစ်တွေလဲ လာတော့မှာမလို့ အရင်လိုဘဲ မင်မင်တို့ LUMIလေးကို စောင့်ကြည့်ပေးပါအုံးနော်

16/08/2025

🍹✨LUMI ရဲ့ အရသာတွေ စုံစုံလင်လင် — အရောင်လှတဲ့ Purple Milkshake၊ ချောကလက် swirl နဲ့ Brown Sugar Fresh Milk ၊ နူးညံ့ပြည့်စုံသော Classic Milk Tea အရသာတွေကို တစ်နေရာထဲမှာ ခံစားကြည့်ပါ။

📸 ဓာတ်ပုံရိုက်ဖို့လည်း လုံးဝကောင်း — Instagram/TikTok အတွက် perfect shot မျိုး၊ ခွက်တိုင်းမှာ တီထွင်ထားတဲ့ texture နဲ့ topping တွေက visual အလှတရားကို ထူးထူးခြားခြား ဖော်ပြပေးနေမှာ အသေချာပဲနော် ကာကာတို့

☕️ ကျွန်တော်တို့ LUMI မှာ မိနစ်တိုင်းကို စိတ်ကျေနပ်စေဖို့ နဲ့ freshness ကအရေးကြီးလို့ အရသာတိုင်းကိုစနစ်တကျ ဖျော်စပ်ပြုလုပ်ထားပါတယ်။

💕Food Panda ကနေ order မှာယူနိုင်သလို Phone 09960714973သို့ ဆက်သွယ်ပြီး order မှာယူနိုင်ပါတယ်ခင်ဗျာ

လက်တွေ့ခံစားပြီး စိတ်ကြိုက်ပျော်ရွှင်ချင်ရင် ဒီနေ့ LUMI ကို လာလည့်ပါ — အရသာကောင်း၊ ပုံကောင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့စုဝေးဖို့ သင့်တော်တဲ့နေရာလေးပါ 🥤🌹

15/08/2025

🧊 ရင်ထဲကအပူတွေ အေးသွားအောင် LUMI မှာ စတင်ပါ 😍

စိတ်တွေရှုပ်ပြီး ပူပင်သောကတွေများနေတယ် ထင်ရင်… LUMI ရဲ့ Thai Tea Cold Drink လေးနဲ့ Refresh ဖြစ်
လိုက်ကြရအောင် 🥤

ကဖင်းဓာတ်က လူကို လန်းဆန်း ပျော်ရွှင်စေလို့ တစ်ခွက်လောက်သောက်လိုက်တာနဲ့ အားလုံး Okသွားမယ်နော်

ဆိုင်မှာ ထိုင်ပြီး သီချင်းလေးနားထောင်ရင် အေးအေးဆေးဆေး သောက်မလား / သူငယ်ချင်းတွေနဲ့ Chill လုပ်မလား

ဒီက မင်မင်က အားလုံးပျော်ရွှင်အောင် ဖန်တီးပေးမှာနော်

📍 LUMI – Bubble Tea & More

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Address

North Okkalapa Township/Yangon
Yangon