OYCM Squad
Oreo, Yoyo, Choco, Milo �
11/06/2026
တကယ်ဒီတိုင်းပါရှင် 😂
ဒီမေမေ မပျော်တော့ပါ 😂😂
ပါရှင် 💕
17/05/2026
ဝုတို့မေမေ Personal Acc ကနေ Oreo က တစ်ခါ
ဒီ Page လေးကနေ Milo လေးက တစ်ခါ GA လက်မှတ်တွေရပါတယ်ရှင် 💕
သားတွေကျေးဇူးနဲ့ ကြည့်ရတော့မယ်ရှင် 😍
14/05/2026
Milo 🐾
ဒါလေးကတော့ ညီအကို ၄ကောင်ထဲက အငယ်ဆုံးလေး ကိုကို Milo ပါ 💕
Milo လို့ နာမည်ပေးဖြစ်တာက …. သူ့ခေါင်းပေါ်က အညိုရောင်အမွှေးတွေကြားမှာ အဖြူရောင် “M” ပုံစံလေး ပါနေလို့ 😁🤎
အဲ့ဒါကြောင့် M နဲ့လဲ စပြီး၊ သူ့အကိုတွေလို O နဲ့ဆုံးမယ့် မုန့်နာမည်လေးရှာရင်း “Milo” ဆိုပြီး ပေးဖြစ်ခဲ့တာ 🐶
Milo ဆိုတဲ့အတိုင်း အပူလည်းသောက်လို့ရ၊ အအေးလည်းသောက်လို့ရတာလိုပဲ
သားလေးကလည်း ရာသီဥတု ဘယ်လောက် ပူပူ/အေးအေး အဖေ အမေနားမှာပဲ အမြဲကပ်ချွဲနေတတ်တဲ့ အငယ်ဆုံး အချွဲဆုံးကလေးလေး ပေါ့ကွယ် 🤎
14/05/2026
Choco 🐾 🥺
အနားမှာမရှိတော့တဲ့ သားငယ်လေးက ညီအကိုတွေကြား တတိယမြောက် သားလေးပေါ့ ❤️
ဗိုက်ထဲက ထွက်လာလာချင်းကတည်းက သူ့တစ်ခေါင်းလုံး က မဲမဲလုံးလုံးလေးနဲ့မို့ chocolate လုံးကြီးတစ်လုံးလို ချစ်ဖို့ကောင်းနေလို့ “Choco” ဆိုတဲ့နာမည်လေးကို ပေးဖြစ်ခဲ့တာ… 🖤
ဒါပေမဲ့လေ ..
သားလေးက အသက် ၅လပဲရှိသေးတဲ့အချိန်မှာ rainbow bridge ကို ဖြတ်သန်းသွားခဲ့ပြီ 🌈
အချိန်တိုတိုလေးပဲ အတူရှိခဲ့ရပေမဲ့ သားလေးက ပေးခဲ့တဲ့ပျော်ရွှင်မှုတွေရယ် .. အမှတ်တရတွေရယ်ကို အခုထိ ဘယ်သူမှမမေ့နိုင်သေးပါဘူး ကလေးရေ … 💔
ခုထိလဲ အရမ်းလွမ်းနေရဆဲပဲ ကလေးရေ … 🥺💔
14/05/2026
YoYo 🐾
မွေးကာစက ၄ကောင်ထဲမှာ သူက ဒုတိယမြောက်ကလေးလေး ❤️
မွေးထဲက အသံအကျယ်ဆုံးလေးပေါ့ …
အကောင်ပိစိသေးသေးလေးနဲ့ “တအီအီ” ဆိုပြီး အော်သံက ညဘက်ဆို တိတ်နေတဲ့အခန်းထဲ ဟိန်းထွက်နေတာမို့ တောဘုရင်ခြင်္သေ့ပေါက်လေးဆိုပြီး Leo လို့စပေးဖြစ်ခဲ့တာ 🦁
ဒါပေမဲ့… နာမည်က အရမ်းကြီးသွားလို့လားမသိဘူး
Leo လေးက တခြားကောင်တွေလို မထွားလာဘဲ ညှပ်စိပိစိလေးနဲ့ ချစ်စရာကလေးလေးပဲ ဖြစ်နေခဲ့တယ် 🥲
အဲ့ဒါနဲ့ပဲ သူ့အကို “Oreo” နဲ့လည်း နာမည်ဆင်ချင်၊
မုန့်နာမည်လေးလို ချစ်စရာကောင်းတာလည်း ဖြစ်ချင်၊ နာမည်အဆုံးမှာလည်း “O” လေးတူနေစေချင်တာကြောင့် နောက်ဆုံး “YoYo” ဆိုပြီး Jelly နာမည် ပြောင်းပေးဖြစ်ခဲ့တာ 😆❤️
( ဒီအမေ တော်တယ်မလား 😆)
အခုတော့ YoYo ဆိုတဲ့နာမည်လေးအတိုင်း Jelly လို Snack size ပိစိသေးသေးလေးနဲ့ တနေကုန် ခုန်ပေါက်ပြေးလွှားနေတဲ့ ကောင်ဆိုးလေး ဖြစ်နေပြီ ❤️
14/05/2026
Oreo 🐾
သား ကို ဗိုက်ထဲက ပထမဆုံး ကိုယ်စထုတ်လိုက်တဲ့အချိန်မှာထဲက သူက Oreo cookie မှာလိုပဲ ချောကလက် cookie နှစ်ချပ်ကြားမှာ cream အဖြူလေးရှိသလို
သူ့ခေါင်းပေါ်က အမွှေးလေးတွေမှာလည်း အမဲရောင်နှစ်ဖက်ကြားက အဖြူချောင်းလေးတစ်ကြောင်း ပါနေတယ်။
အဲ့ဒီပုံစံလေးကလေ တကယ်ချစ်ဖို့ကောင်းပြီး Oreo cookie လေးနဲ့ တစ်ပုံစံတည်းတူနေတော့ “Oreo” ဆိုတဲ့နာမည်လေးကိုပဲ သူနဲ့ ကွက်တိ ပေးဖြစ်သွားတာ 🐶
အခုတော့ Oreo ကြီးဆိုတာ နာမည်တစ်ခုထက်ပိုပြီး…
မြင်လိုက်တိုင်း စိတ်ပျော်စေတဲ့ အပြုံးလေးတွေနဲ့ရယ်ပြနေတတ်တဲ့ ကလေးလေး ..
ဖက်ထားလိုက်တိုင်း အကောင်အကြီးကြီးနဲ့ တအားနွေးစေတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုအသေးလေးတစ်ခုလိုတောင် ဖြစ်နေပြီ ❤️
13/05/2026
အနေထား တပေါက် ကို ရှိုးနော် 🤣
ကိုယ်တိုင် OG လုပ်မွေးပေးခဲ့လို့သာယုံနေရတာ .. ထွားတဲ့ ခန္ဓာကိုယ် အနေထားရော မွှေတာရော ပြန်ခံပြောတာတွေရောက Spaniel နဲ့လဲ တူမနေဘူးဟယ် 🥹
13/05/2026
Puppy And Buddy ကနေ Giveaway ပေါက်တဲ့အထုတ်လေး ရောက်လာတာ ..
Ko Ko Milo ဆိုတာာသူ့မုန့်မှန်းသူသိတယ်နော် .. ပြန်တောင်းလို့မရတော့ဘူး 🤣
မေမေ ဖောက်ကျွေးမယ်လေ ဆိုမှပြန်ပေးတယ် ... 😌
သူတို့4ကောင်ကို တစ်ခုစီပဲကျွေးပြီးပိုတာသိမ်းထားလိုက်တာကို သိမ်းတဲ့နေရာထိ အနံ့ခံရှာပြီး မေမေ့အလစ်မှာ ညီကိုတွေ အတူတူ ဖောက်စားလိုက်ကြတာ ဘာ vlog မှလဲ မလုပ်လိုက်ရပဲ ဒီပုံလေးပဲရလိုက်ပါတယ်ရှင် 🥹
GA ပေးတဲ့ Puppy And Buddy ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️
ခုထပ်ပိုပြီး စီးပွားတွေ ဒီရေအလားတိုးတတ်ပါစေ လို့ Milo လေးကိုယ်စား ဆုတောင်းပေးပါတယ်ရှင့် ❤️
20/04/2026
ကျနော် Oreo ရဲ့ fashion တပေါက် နဲ့ ပထမဆု ရထားတာပါဂျ ♥️
ကျနော့် အမေ နှစ်ကူးတာမပြီးသေးလို့ ခုမှ ဆုရမှန်းသိရတဲ့ ဝုဘဝပါဂျာ 🥹
ဆုပေးတဲ့ Zoo Villa က ကိုကိုမမများ ကျေးဇူးအများကြီးတင်ပါတယ် ဂျ 😁
🥳 “ပူလည်း Cute” နွေဖက်ရှင်ဓာတ်ပုံပြိုင်ပွဲကြီးရဲ့ ကံထူးရှင်များ ကြေညာခြင်း 🏆
ကာကာလေးတို့ စောင့်မျှော်နေကြတဲ့ ကံထူးရှင် ဝုသဲလေး (၃) ဦးကတော့...
🏆 Winner ရရှိသူ သားသားလေး Oreo
(၁ သိန်းဖိုးဆုလက်ဆောင်) – Hsu Hsu Facebook Acc ပိုင်ရှင်
🥈 1st Runner Up ရရှိသူ Phu Phu Facebook Acc ပိုင်ရှင်
(၆ သောင်းဖိုးဆုလက်ဆောင်)
🥇 2nd Runner Up ရရှိသူ Hiro
(၄ သောင်းဖိုးဆုလက်ဆောင်) – Ei Myat Hlaing Facebook Acc ပိုင်ရှင် တို့ပဲဖြစ်ပါတယ်ခင်ဗျာ…
–-----------------------
✨ ဆုထုတ်ယူရန် အစီအစဉ်
💬ကံထူးရှင်များအနေဖြင့် Page Messenger သို့ (၁) ပတ်အတွင်း ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။
🐾🎁Zoo Villa စမ်းချောင်းဆိုင်တွင် လူကိုယ်တိုင်ဖြစ်စေ၊🚚 နယ်မှဖြစ်ပါက Free Delivery ဖြင့်ဖြစ်စေ ပေးပို့ပေးမည်ဖြစ်ပါသည်။
🏆ဆုများကို ဧပရယ်လအတွင်း လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
“ပါဝင်ယှဉ်ပြိုင်သူလေးများအားလုံးကို ကျေးဇူးတင်ရှိပြီး နောက်ထပ်အစီအစဉ်တွေမှာ ပြန်ဆုံကြပါစို့🐾✨”
21/03/2026
သားအဖ တွေ အုပ်လိုက်ကြီး ကိုယ့်အဒေါ် အိမ်ထဲက ကြောင်ကို ချောင်းနေကြတာ … 🥹
ကြောင် ဆိုပေမဲ့ Size က YoYo နီးနီးရှိတယ် .. ချစ်စရာကြီး ❤️
ဟိုနေ့က Milo နဲ့ လှေကားမှာဆုံတော့ သူ့ကိုဟောင်လို့တဲ့ Milo ကို မျက်နှာတွေကုတ်တာလေ 🤣 လုံးဝ မကြောက်တတ်ဘူး ..
Milo ကြီးကတော့ ကြောက်လ်ို့ နောက်ကို ဖင် တဆုတ်ဆုတ် နဲ့ ရွေ့လာတယ် 🤣🤣