LEDI MAX Construction
လူကြီးမင်းတို့၏ အိပ်မက်များကို အကောင်ထည်ဖော် တည်ဆောက်ပေးမည့် LEDI MAX Construction မှ ကြိုဆိုပါတယ်ရှင့်။
☎️09796340586
☎️09693590199
29/07/2026
ဝါဆိုလပြည့် ဓမ္မစကြာနေ့✨🌟✨
ယနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးသော ဓမ္မစကြာနေ့ ဖြစ်သည်။
ဤနေ့သည် မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့ ဖြစ်သည်။ ထိုတရားဟောခြင်းဖြင့် ဓမ္မ၏ဘီးကြီးသည် ကမ္ဘာပေါ်တွင် စတင်လည်ပတ်ခဲ့ပြီး၊ ဗုဒ္ဓသာသနာ၏ အစစ်အမှန်လမ်းစဉ်ကို လူသားများ သိမြင်ခွင့်ရခဲ့သည်။
ဓမ္မစကြာတရား၏ အနှစ်သာရမှာ အစွန်းနှစ်ပါးကို ရှောင်၍ အလယ်အလတ်လမ်း (မဇ္ဈိမပဋိပဒါ) ကို လိုက်နာခြင်း၊ ဒုက္ခ၊ ဒုက္ခ၏အကြောင်း၊ ဒုက္ခချုပ်ရာ၊ ဒုက္ခချုပ်ရာသို့ ရောက်စေသောလမ်း ဟူသော အရိယသစ္စာလေးပါး ကို သိမြင်နားလည်ကာ ကျင့်သုံးခြင်း ဖြစ်သည်။
ယနေ့သည် ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်းထက် ပို၍ အဖိုးတန်သော အလှူတစ်ခုကို ပြုလုပ်နိုင်သည့်နေ့လည်း ဖြစ်သည်။ အဲဒါကတော့
- မိမိစိတ်ကို ပြန်လည်ဆင်ခြင်ခြင်း
- ဓမ္မစာပေ သို့မဟုတ် တရားတော်ကို လေ့လာနာယူခြင်း
- မေတ္တာပွားခြင်း
- သည်းခံခြင်းနှင့် သတိတရားကို လက်တွေ့ကျင့်သုံးခြင်းတို့ ဖြစ်သည်။
မြတ်စွာဘုရားရှင်က လမ်းကို ပြသတော်မူခဲ့ပြီး ဖြစ်သည်။ ထိုလမ်းကို လျှောက်လှမ်းရမည်မှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။
"အတ္တာ ဟိ အတ္တနော နာထော"
"မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ ဖြစ်၏။"
ဤဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် လူတိုင်း ဓမ္မ၏အလင်းရောင်ကို မိမိနှလုံးသားအတွင်း ထွန်းညှိနိုင်ကြပါစေ။ သတိ၊ ပညာ၊ မေတ္တာတို့ဖြင့် ဘဝလမ်းကို အေးချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။🙏🙏🙏
#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့
30/04/2026
🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏
မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့် ၊ ကြာသပတေးနေ့တွင် ကျရောက်သည့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးရန်ကင်းကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ငြိမ်းချမ်းကြပါစေကြောင်း LEDI MAX Construction မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။
#ကဆုန်လပြည့်
#ညောင်ရေသွန်းပွဲတော်
25/04/2026
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အဆောက်အဦဆောက်လုပ်ခြင်းအပေါ် အခွန်စည်းကြပ်ရန်နှုန်းထားများ ထွက်ရှိလာပါပြီ
17/04/2026
" 🎊✨နှစ်သစ်ဆုတောင်း✨🎊 "
ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍
ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရကြပါစေ🙏
အပူအပင်ကင်းကင်း အိပ်စက်ပြီး
အေးချမ်းစွာ နိုးထနိုင်ကြပါစေ🙏
မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ၊ကမ္ဘာသား အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာ
ဖြင့် ကပ်ကြီး ၃ပါးကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ🙏🙏🙏
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပြီး စီးပွားလာဘ်လာဘ များ တိုးပွားကြပါစေကြောင်း LEDI MAX Construction မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင့်🙏🙏🙏။
#နှစ်သစ်ဆုတောင်း
#၁၃၈၈ခုနှစ်
13/03/2026
Site Survey 👷♀️ တစ်ဖြတ်လေးပါ ရှင့်။
Construction Material စျေးနှုန်း မငြိမ်ချိန်
Quotation တင်ဖို့အတွက် Clientအတွက်ရော ကိုယ့်အတွက်ပါ
သေချာချိန် စဥ်းစားနေရတယ်😟😟
May Ko Ko Hlaing 👷♀️
02/03/2026
🌾တောင်သူလယ်သမားနေ့ 🌾
🤩ယနေ့ကျရောက်သော မတ်လ ၂ ရက်နေ့ (တောင်သူလယ်သမားနေ့)တွင် ကျေးဇူးရှင်တောင်သူဦးကြီးများအား LEDI MAX Construction မိသားစုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
#တောင်သူလယ်သမားနေ့
01/03/2026
Client ကြီး၏ မိသားစုများအား ထပ်မံ လိုက်လံ ပြသ
👨🤝👷♀️
25/02/2026
25.2.2026 ရက်နေ့ အချောထည် လုပ်ငန်းအပ်နှံခြင်းအမှတ်တရများ 🥰🥰🥰
May Ko Ko Hlaing 👷♀️
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when LEDI MAX Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.