Quantum Artwork

Quantum Artwork

Share

Where Creativity Meets the Quantum Realm.

Photos from Quantum Artwork's post 10/08/2025

ဒီတစ်ခေါက်ကတော့ 8 billion အတွက်အရမ်းမိုက်၊ အရမ်းလန်းတဲ့ 𝐋𝐨𝐠𝐨 ဆွဲပေးဖြစ်ပါတယ်ရှင့်(🦦designer ကအရမ်းမိုက်တယ်ဆိုပီးရေးပေးဆိုလို့)

Quan တို့ရဲ့ နှလုံးသားထဲကနေ ရေးဆွဲထားတဲ့ ဒီလိုမျိုး အမိုက်စား Design တွေက ဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ ရှားပါးရတနာတွေမလို့(🌚အိုး၈)
ကိုယ့်ရဲ့လုပ်ငန်းတွေမှာ အဆင့်အတန်းမြင့်မြင့်၊ Classic ဆန်ဆန် Logo တွေနဲ့ ကြော်ငြာချင်တယ်ဆို Quan Quan တို့ကိုသာ ယုံကြည်ထားလိုက်ပါလို့ ပြောချင်ပါတယ်ရှင်။

ကဲ.. အရမ်းလည်း အာလူးဖုတ်တာများနေပြီမလို့ လိုရင်းတိုရင်းပဲ ပြောလိုက်ပါတော့မယ် Quan Quan တို့ဆီ Logo လာအပ်ကြပါ။

တာ့တာ စိတ်ပါရင် နောက်ရက်တွေလည်း Post ထပ်တင်ပါအုံးမယ် 👋

Email : [email protected]

Photos from Quantum Artwork's post 27/07/2025

𝐋𝐞𝐭’𝐬 𝐒𝐞𝐞 𝐌𝐚𝐫𝐯𝐢𝐬 𝐖𝐚𝐭𝐜𝐡 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧’𝐬 𝐋𝐨𝐠𝐨 𝐃𝐞𝐬𝐢𝐠𝐧 𝐛𝐲 𝐐𝐮𝐚𝐧𝐭𝐮𝐦 𝐀𝐫𝐭 𝐖𝐨𝐫𝐤!

Quan Quan တို့က ဒီလို Premium ဆန်တဲ့ Logo Design တွေကို Client စိတ်တိုင်းကျ အကောင်းဆုံးဖြစ်အောင် ဆွဲပေးနေပါတယ်။

Brand တစ်ခုမှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Logo Design ကို Client နဲ့သေချာတိုင်ပင်ပြီး လုပ်ပေးနေတာဖြစ်လို့ Quan Quan တို့လက်ရာ ခပ်မိုက်မိုက် Logo ကို တစ်ပုံချင်းစီမှာကြည့်လို့ရတယ်နော်။

ကိုယ့်ရဲ့ Brand အတွက် Logo Design တွေအပ်ချင်တယ်ဆိုရင် အချိန်မရွေး Quan Quan တို့ဆီ ဆက်သွယ်
လိုက်ပါ

Portfolio post
https://www.facebook.com/share/p/1YvrQ2vLGn/?mibextid=wwXIfr

Content us at
[email protected]

16/07/2025

မြန်မာစံတော်ချိန်နေ့လည် ၅ နာရီတွင်ကြိုးဆွဲချမူဖြစ်ပွါး

ယနေ့ဖေ့ဖုတ်တခွင်တွင် "S line" ခေါ် အနီရောင်ကြိုးများပေါ်ပေါက်ခြင်းဖြစ်ပွါးနေရာ တွင် "ကွမ်ကွမ်" ဟုခေါ်သောဒီဇိုင်နာတစ်ယောက်မှာ ရီးစားလည်းမရှိ "S line" လည်းမပေါ် white line (ဆံပင်ဖြူ) များသာပေါ်ပေါက်လာသဖြင့် သူများခေါင်းပေါ်ရှိကြိုးများအား ဆွဲယူရမ်းကားမူဖြစ်ပေါ်ခဲ့ပါသည်။

Photos from Quantum Artwork's post 11/07/2025

🔥 အကြမ်းစား 𝐃𝐞𝐬𝐢𝐠𝐧 တွေကို 𝐐𝐮𝐚𝐧 𝐐𝐮𝐚𝐧 တိုရဲ့ 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨 မှာရှာပါ

𝐇𝐞𝐥𝐥𝐨 ~~~ 𝐐𝐮𝐚𝐧 𝐐𝐮𝐚𝐧 တို့ရဲ့ အမိုက်စား၊ အကြမ်းစား၊ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 အဖြစ်ဆုံး 𝐃𝐞𝐬𝐢𝐠𝐧 𝐒𝐤𝐢𝐥𝐥 တွေကို 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨 မှာ 𝐂𝐥𝐢𝐞𝐧𝐭 တွေလေ့လာနိုင်ပြီနော်။

𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨 လေးကိုကြည့်ပြီး အရမ်းခိုက်သွားလို 𝐃𝐞𝐬𝐢𝐠𝐧 အပ်ချင်တယ်ဆိုရင် 𝐏𝐚𝐠𝐞 𝐜𝐛 ကိုဖြစ်ဖြစ် 𝐄𝐦𝐚𝐢𝐥 ကိုဖြစ်ဖြစ် မြန်မာလိုရော၊ ဘိုလိုရောပြောပြီး အားမနာတမ်း လာမေးမယ်ဆို 𝐐𝐮𝐚𝐧 𝐐𝐮𝐚𝐧 တိုက 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေအကြောင်းကို ရုပ်ချောချောလေးနဲ့ ရှင်းပြပေးသွားမှာပါ။

📩 [email protected]

.

30/06/2025

ကွမ်ကွမ်ပါဝင်သော ရေဘဝဲgame မဟုတ်တဲ့ design game👾

27/06/2025

𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 တစ်ယောက်ဖြစ်ဖို့ 𝐃𝐞𝐬𝐢𝐠𝐧 ဆွဲတတ်ဖို့လိုပါတယ် 🌚

We’re just kidding!!! အခြေခံအားဖြင့် Graphic Designer ပေါက်စလေးတွေအတွက်သိသင့်တဲ့အချက်လေးတစ်ချို့နဲ့ အသုံးဝင်မယ့် website လေးတွေကိုကွမ်ကပြောပြပေးသွားပါမယ်။

✅ လေ့လာဖို့ လွယ်တဲ့ Tool တွေကို သုံးပါ။

ပထမဆုံးအနေနဲ့ Canva ကတော့ မြန်မာစာသုံးလို့ရတဲ့ Website တစ်ခုဖြစ်ပြီး Drag-and-Drop လုပ်ဖို့လွယ်ကူပါတယ်။နောက်ပိုင်းself study လုပ်တဲ့beginnerတော်တော်များများလည်းသုံးလာတာကိုကွမ်သတိထားမိတယ်ပေါ့နော်

နောက်တခုကတော့Adobe Express ပါ။
Adobe Express (အရင်ကတော့Adobe Spark) ကတော့ design အသစ်တွေနဲ့ social media post, flyer, logo, video, CV တို့ကိုအလွယ်တကူ ဖန်တီးနိုင်တဲ့ online design app တစ်ခုပါ။လေ့လာနေသူတွေအတွက်အထူးသင့်တော်ပြီးPhotoshopလိုအတွေ့အကြုံမရှိဘဲလည်းအလွယ်တကူဖန်တီးနိုင်ပါတယ်။Canva နဲ့ဆင်တူပေမဲ့ Adobe ရဲ့ tools တွေ၊ font libraryတွေကိုအသုံးပြုခွင့်ရတဲ့အပြင်အရမ်းမိုက်တာတစ်ခုကပိုက်ဆံပေးဝယ်တာနဲ့adobe seriesတွေကိုတွဲသုံးလို့ရမှာပါ

✅ Grid နဲ့ Guide တွေသုံးတတ်ပါစေ။

Design ထဲမှာ Alignment ကိုမှန်အောင်လုပ်ဖို့ Grid များ သုံးရတာအရေးကြီးပါတယ်။
Canva, Figma, Adobe တွေမှာ Grid feature ပါပါတယ်။

✅ Font တွေကိုတတ်နိုင်သလောက်ရိုးရှင်းတာသုံးပါ။

Design တစ်ခုမှာFont ကို၂ မျိုးလောက်ပဲသုံးတာကောင်းပါတယ်

✅ Design နဲ့လိုက်ဖက်မယ့်အရောင်ကိုရွေးတက်ဖို့လိုအပ်ပါတယ်။

Color Palette က အလွန်အရေးကြီးပါတယ်။
Coolors.co, Adobe Color တို့နဲ့ သင့်အတွက်အသုံးဝင်တဲ့အရောင်များကိုရွေးနိုင်ပါတယ်။

✅ ပုံတွေ အရည်အသွေးကောင်းကောင်း သုံးပါ။

Unsplash, Pexels, Pixabay စတဲ့ Site တွေမှာ Royalty-free ကပုံတွေ သုံးနိုင်ပါတယ်။

✅ Design ကို မလွန်အောင် ထိန်းပါ။

“Less is more.” ဆိုသလိုပါပဲ ရိုးရှင်းသလို ထိရောက်ပါတယ်။
အရာအားလုံးကို ထည့်လိုက်တာထက်၊ နေရာလွတ်တွေ ချန်ထားတာက ပိုကောင်းပါတယ်။

✅ ဖန်တီးပြီးရင် ပြန်ကြည့်ပါ၊ တခြားသူတွေကို မေးပါ။

ကိုယ်တစ်ဦးတည်းနဲ့ စဉ်းစားရတာထက် တခြားသူတွေရဲ့ အမြင်နဲ့ ပြန်ကြည့်ခြင်းက ပိုကောင်းပါတယ်။
Facebook design group တွေ၊ Behance မှာတင်ပြီး Feedback တောင်းလို့ရပါတယ်။

✅ ပုံမှန် လေ့ကျင့်ပါ။

Daily Poster, Meme, YouTube Thumbnail, အခြား Social media design တို့လိုလွယ်တာလေးတွေနေ့တိုင်းတစ်ခုစီ Designလုပ်မယ်လို့ဆုံးဖြတ်ထားပါနော်။ဒါကတော့အပိုပြောတာပါ ကွမ်လည်းမလုပ်ပါဘူးနော်အဟိ

📌 ကွမ့်အနေနဲ့အကြံပေးချင်တာလေးတစ်ခုကတော့ -

တစ်ဦးတည်း ပညာရှာရတာမလွယ်ပါဘူး။ ကိုယ့်ရဲ့ Creation နဲ့ အလေ့အကျင့်ပေါ်မူတည်ပြီး ပိုတိုးတက်တယ်ဆိုတာပါပဲ။

23/06/2025

🚀 INTRODUCING: QUANTUM ARTWORK
ကွမ့်………တန်…………🗣️

Design လုပ်တတ်တာကတော့... Designer တိုင်းပါပဲ😌
ဒါပေမယ့် စိတ်ကူးထဲကdesignတွေအတိုင်း တကယ်ထွက်လာအောင်လုပ်ပေးနိုင်တာကတော့…..Quantum Artwork ပဲဖြစ်ပါတယ် (အဟိ)

ကွမ်တို့ page လေးစဖွင့်တဲ့အနေနဲ့ … ဘာမှမပေးပါဘူး….
လကုန်ရက်လေဘာတွေမျှော်လင့်🫩

စတာပါရှင့် အခုမှစ run မာမို့နောက်ပိုင်းဝင်ငွေကောင်းရင်တော့ ကားလေးဘာလေးမဲဖောက်ပေးပါမယ်ရှင့်🌚

Anyway ကွမ်တို့အနေနဲ့ ရနိုင်မယ့်Design Service , Package Price အပြင် Graphic Design နဲ့ပတ်သက်ပီး ပေါက်ပန်းလေးဆယ်ဗဟုသုတများကိုပါမျှဝေပေးမှာမို့လို့ follow လေးလုပ်ထားပေးပါရှင့်👏🏻

(ပုံလေးကတော့စာရေးသူကွမ်နဲ့ ဒီဇိုင်နာလေးနာရီလောက်ရန်ဖစ်ပီးမှထွက်လာတဲ့ပုံပါရှင့် 💀)

🛸 [email protected]

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 4, Aung Bar Lay Street, Kyauk Myaung, Tarmwe
Yangon
11211