ABC Champs Learning Corner

ABC Champs Learning Corner

Share

Welcome to ABC Champs Learning Corner!

20/06/2025

မနေ့က Quiz ရဲ့ အဖြေမှန်ကတော့….

C) My brother doesn’t have any toys ဖြစ်ပါတယ်👏👏

မေးခွန်း post link ကိုcomment မှာ ချထားပေးပါတယ်⬇️⬇️⬇️

💡 ဘာလို့ဒီအဖြေကမှန်လဲဆိုတာ တစ်ဆင့်ချင်းရှင်းပြပါမယ်

🔹 Subject (ကတ္တား): "My brother"
ဒါက တစ်ဦးတည်း (he) ဖြစ်တဲ့အတွက် doesn't ("does not" အတိုကောက်) သုံးပြီး ငြင်းလို့ရပါတယ်။

🔹 "doesn't" နောက်က verb (ကြိယာ)
"doesn't" နောက်မှာ verb အခြေခံပုံစံ (base form) ကိုပဲ သုံးရပါမယ် (has, goes, eats လို့မပြောင်းရပါဘူး)။

ဒါကြောင့် -
❌ "doesn’t has" ဆိုရင်➜ မှားပါတယ် ❌
✅ "doesn’t have" လို့သုံးမှ➜ မှန်ပါတယ် ✅

တစ်ခြား အဖြေ A, B, D ကဘာလို့မှားလဲဆိုရင်

A) My brother don’t have any toys.
❌ "don’t" ကို I, you, we, they နဲ့သုံးရပါတယ်၊ he/my brother နဲ့မသုံးရပါ။
✅ "doesn’t" ဖြစ်ရမယ်။

😎 My brother doesn’t has any toys.
❌ "doesn’t" နောက်မှာ "has" မသုံးရပါ၊ "have" (base verb) ဖြစ်ရမယ်။

D) My brother didn’t has any toys.
❌ "didn’t" နောက်မှာလည်း base verb (have) ပဲသုံးရပါမယ်၊ "has" မဟုတ်ပါ။

📘 Grammar Rule အရသတိထားဖို့က
"doesn’t" နဲ့ "didn’t" နောက်မှာ ကြိယာအခြေခံပုံစံ (have, go, eat, play) ကိုပဲ အမြဲသုံးရမှာဖြစ်ပါတယ်။

👏 အဖြေမှန်သိပြီး ဖြေဆိုနိုင်တဲ့သူတွေတော်ပါတယ် 🥰

ABC Champs တို့အတွက် ဗဟုသတရတယ်ပြီး နောက်ထပ် သင်ခန်းစာတွေကြည့်ရဖို့အတွက် page ကို like and follow အခုပဲလုပ်ထားလိုက်ပါနော်🥰

19/06/2025

Grammar Challenge Time! 💡📚
Sentence အမှန်ကို ရွေးနိုင်မလား!!🤔

ABC Champs လေးတို့ရေ …
ပုံထဲကsentence ၄ကြောင်းထဲက အမှန်တစ်ခုကိုရွေးကြည့်ပြီး comment မှာဖြေပေးသွားကြနော်။ ခဏခဏမှားတတ်လို့သေချာရွေးနော်😁

နောက်နေ့မှာ အဖြေမှန်ကို ပြန်ပြောပြပေးမှာမို့ စောင့်ကြည့်ပေးဦးနော်🥰

✅ ကလေးတွေလေ့လာသင်ယူမှုနည်းလမ်းတွေ
✅ ပျော်လဲပျော် ဗဟုသုတရမဲ့ grammar
✅ word quiz gameတွေ ကိုသိချင်တယ်ဆိုရင်

ABC Champs Learning Conor Page ကို like and follow လုပ်ထားလိုက်ပါနော်👍

Photos from ABC Champs Learning Corner's post 18/06/2025

စူးစမ်းလိုစိတ်ရှိသော ကလေးများအတွက် အခမဲ့ သင်ယူလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုဒ်များ! ‼️📚

ABC Champs တို့အတွက် ဒီတစ်ခေါက်မှာတော့ ကလေးတွေလဲ ကြိုက်ပြီး ပျော်စရာကောင်းတဲ့ အခမဲ့ Free လေ့လာလို့ရတဲ့ website အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

အောက်ကပုံတစ်ပုံချင်းစီမှာ ဝင်ကြည့်လို့ရအောင် link တွေထည့်ပေးထားပါတယ်။ ⬇️⬇️⬇️

🚀 ၁။ Space Place Nasa

Space Place Nasa မှာဆိုရင် မိမိရဲ့ကလေးတွေ ဂြိုဟ်များ၊ ကြယ်များနှင့် အာကာသခရီးစဉ်များအကြောင်းတွေလေ့လာလို့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်က သိပ္ပံနှင့် နက္ခတ္တဗေဒကို ပျော်စရာကောင်းပြီး နားလည်လွယ်အောင် ဂိမ်းများ၊ စာပိုဒ်တိုလေးတွေ၊ video တွေနဲ့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ game activities တွေပါလို့ အသက် ၈ နှစ်မှ ၁၁ နှစ်အရွယ် သားသားမီးမီးတို့လေ့လာလို့အဆင်ပြေပါတယ်။ 🌍🔭

🧠 ၂။ ABCya

ဒီဝက်ဘ်ဆိုဒ်မှာဆိုရင်တော့ Pre-kindergarten မှ Grade 6 အထိ ကလေးတွေအတွက် ပညာရေးနဲ့ဆိုင်တဲ့ ဂိမ်းတွေအပြည့်ပါဝင်ပါတယ်။ သင်္ချာလား၊ စာဖတ်မလား၊ စာရေးမလား၊ မဟုတ်ရင်လဲ ကလေးတွေတွေးအခေါ်ဆိုင်ရာတိုးတက်အောင် အရောင်စုံစုံလင်လင်နဲ့၊ interactive ဖြစ်တဲ့ learning အတွက် အထောက်ကူပြုတဲ့ ဂိမ်းတွေနဲ့လေ့လာလို့ရနိုင်ပါတယ်။

🌍 ၃။ National Geographic Kids

မိမိရဲ့ကလေးက သဘာဝတရား၊ တိရစ္ဆာန်များနှင့် ကမ္ဘာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားတတ်တဲ့သူလား? National Geographic Kids က စိတ်လှုပ်ရှားစရာကောင်းတဲ့ အချက်တွေ၊ ဗီဒီယိုတွေ၊ ပဟေဠိတွေနဲ့အတူ ကမ္ဘာကြီးအကြောင်းကို စူးစမ်းလေ့လာနိုင်အောင် ပံ့ပိုးပေးထားပါတယ်။

ABC Champs လေးတို့အတွက် အကျိုးရှိတယ်စိတ်ဝင်စားတယ် ဆိုရင် Post ကို like and Share လုပ်ပြီး၊ နောက်ထပ် ဗဟုသုတရစရာ သင်ယူစရာတွေကို စောင့်မျှော်ပေးပါဦးနော်။ နောက်ပြန်တွေ့ကြပါမယ်။🥰🥰



Photos source- Google

14/06/2025

Vocabulary တူတူလေ့လာကြမယ်🗣️📣

ABC Champs လေးတို့ရေ ဒီနေ့မှာတော့ vocabulary သင်ယူဖို့ video ထဲကအသံထွက်ကို တူတူလိုက်ဆိုကြည့်ကြရအောင်။ ကျယ်ကျယ်လေးလိုက်‌ပြောကြည့်နော်။ 🥰

ဒါဆိုခုပဲ video လေးနှိပ်ပြီး ကြည့်ရအောင်။

⚠️ကလေးတွေ vocabulary တိုးတက်လာအောင် ဖေဖေမေမေတို့တူတူလုပ်ဆောင်နိုင်မဲ့ tips လေးတွေက်ို comment မှာဖတ်ကြည့်ပါနော်⬇️⬇️⬇️⬇️⬇️

ABC Champs လေးတို့အတွက် အကျိုးရှိတယ်ဆိုရင် postလေးက်ု Like and Share လုပ်ပေးသွားပါဦးနော်။🤩 နောက်ထပ် သင်ခန်းးစာတွေမှာပြန်တွေ့ကြပါမယ်။ 🥰🥰

12/06/2025

ABC Champs လေးတို့ရေ….

ဒီမနက်က တင်ပေးထားတဲ့ Quiz လေးရဲ့ အဖြေမှန်ကတော့ (D) in ဖြစ်ပါတယ်နော်။

Quiz မေးခွန်း link ကို comment မှာထည့်ထားပါတယ်⬇️

“In the morning “လို့သုံးပါတယိ။

☀️ ဥပမာအားဖြင့် ဒီလိုမျိုးတွေသုံးလို့ရပါတယ်
✅ in the morning
✅ in the afternoon
✅ in the evening

ဒါပေမယ့် ခြွင်းချက်အနေနဲ့ ညဘက်မှာဆိုရင်တော့ “at night” လို့ သုံးပြီး “in night” လို့မသုံးပါဘူး။ “at night”လို့ သုံးမှ မှန်မှာဖြစ်ပါတယ်။ ✅

ဒါဆို ABC Champs လေးတို့အတွက် ရော ဖေဖေမေမေအတွက်ပါ သိလျက်နဲ့ တစ်ခါတစ်ရံမှားတတ်တဲ့ proposition အမှားလေးတွေသတိထားမိသွားမယ်လို့ယုံကြည်ပါတယ်🥰

ဖြေပေးသွားတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ် quiz တွေမှာ ပြန်တွေ့ကြပါမယ်🥰

12/06/2025

Quiz Time‼️⚠️

ABC Champs လေးတို့အတွက် grammar Quiz လေးတစ်ခုယူလာပါတယ်။ Champs လေးတို့ရဲ့ grammar knowledge ဘယ်လောက်ရှိလဲစမ်းဖို့ ဖေဖေမေမေတို့နဲ့တူတူဖြေကြည့်ရအောင်😀

ပုံထဲကစာကြောင်းလေးကို ကွက်လပ်ဖြည့်၊ အဖြေမှန်ရွေးပြီး Comment မှာဖြေလိုက်ပါ ⬇️⬇️

မင်မင်က အဖြေမှန်နဲ့ မှားတတ်တဲ့အကြောင်းရာ သတိထားစရာလေးတွေက်ို တစ်ယောက်ချငိးစီ replyလုပ်ပေးပါမယ်🥰🥰

ညနေဘက်မှာလဲ အဖြေမှန်နဲ့ post တင်ပြီးပြန်တွေ့ကြမှာမို့စောင့်ကြည့်ပေးပါဦးနော် မကြာခင်ပြန်တွေ့ပါမယ်😍🥰

Let’s start 🤩🤩

🌞 English Time with ABC Champs!

Here’s today’s grammar question – let’s see how many of you got it right! 🧠✨

🟡 Complete the sentence….

Photos from ABC Champs Learning Corner's post 10/06/2025

ကလေးတွေ အတွက်အခမဲ့ Free !⚠️‼️

မိမိကလေးတွေ English စာကောင်းဖို့ သင်တန်းတွေ ကျူရှင်တွေထားကြပါတယ်။ ခုခေတ်မှာတော့ online ကနေလဲ ကိုယ်တိုင်လေ့လာလို့ရတဲ့ အခမဲ့ Education website, channels, appတွေရှိနေပါပြီ။

ဒါကြောင့်ဒီနေ့မှာ ABC Champs လေးတို့အတွက် ကလေးတွေ ကိုယ်တိုင်လေ့လာလို့ရနိုင်တဲ့ Free အခမဲ့ သင်ထောက်ကူ app နဲ့ Channel တစ်ချို့ကိုမျှဝေပေးလိုက်ပါတယ်။🥰📚

ပုံတစ်ပုံချင်းစီမှာဝင်ကြည့်လို့ရအောင် စာနဲ့ link နဲ့တွဲထားပေးပါတယ်။ ⬇️⬇️⬇️👇👇

🌟Starfall – Phonics နှင့်စာဖတ်ခြင်းအတွက် 🌟
Starfall Phonic က ကလေးတွေ English အသံထွက်နဲ့ စာလုံးပေါင်းတွေကို Game လေးတွေ အရာင်လေးတွေနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အတွက် ကလေးတွေလေ့လာဖို့အတွက်အဆင်ပြေပါတယ်။

🌟Khan Academy Kids 🌟
Khan Academy Kids ကလဲ free ဖြစ်ပြီးတော့ youtube video တွေရော ကလေးတွေစိတ်ဝင်စားမဲ့ game ပုံစံလေးတွေနဲ့ရော math , science ရောအများကြီးလေ့လာလို့ရပါတယ် linkလဲချပေးထားပါတယ်

🌟Duolingo ABC – အင်္ဂလိပ်စာစသင်မဲ့ ကလေးများအတွက်🌟
သူကတော့ အရေးနဲ့အဖတ် phonics ကို ဦးစားပေးတဲ့ interactive ဖြစ်တဲ့ ပုံစံမျိုးနဲ့လေ့လာလို့ရပါတယ် ။ တော်တော်များများကတော့ Duolingo ကိုနိုင်ငံခြားသွားခါနီးသူတော်တော်များများလေ့လာကြတာလို့သိထားပေမဲ့ Duolingo ABCကတော့ ကလေးတွလေ့လာဖို့အတွက်သီးသန့်လုပ်ထားပေးလို့ အသက် ၃ နှစ်က နေ ၈နှစ် ကြားကလေးတွေ အခမဲ့ Free လေ့လာလို့ရပါတယ်။

ABC Champs လေးတို့အတွက် အကျိုးရှိတယ်ဆိုရင် ယခု postလေးကို like & share ပြီး နောက်ထပ် ဗဟုသုတရစရာ သင်ခန်းစာများကိုစောင့်မျှော်ပေးပါဦးနော်🥰❤️



Photos source - Google

09/06/2025

ကလေးတွေကိုဖုန်းပေးကြည့်တာက ကောင်းလား??? ဘာဆိုးကျိုးတွေရှိလဲ❗️⚠️

⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️

ဒီဂျစ်တယ်ခေတ် Internet ခေတ်ကြီးထဲမှာ စခရင် (Screen) တွေဟာ နေရာတိုင်းမှာရှိနေပါတယ်— ဥပမာအားဖြင့် တက်ဘလက်တွေ၊ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ တီဗီတွေပေါ့။

အထူးသဖြင့် ကလေးငယ်လေးတွေအတွက် (Screen Time) ဖုန်း၊ TV ၊ ကွန်ပျူတာကြည့်ချိန်တွေက အကျိုးရှိနိုင်သလို လိုတာထက်ပိုအသုံးပြုရင်လဲ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

ဒါကြောင့် အရေးအကြီးဆုံးသော့ချက်က ဖေဖေ၊ မေမေ၊ အုပ်ထိန်းသူ‌တွေအနေနဲ့ မိမိတို့ကလေးငယ်လေးတွေရဲ့ Screen Time ကို balance ဖြစ်ဖြစ်နဲ့ ဘယ်လိုအကျိုးရှိအောင်အသုံးပြုမလဲ ဆိုတာပဲဖြစ်ပါတယ်။

ဒါဆိုရင် Digital Learning, Internet, Phone တွေ ကနေသင်ယူလေ့လာခြင်းရဲ့ ကောင်းကျိုးတွေကဘာတွေရှိမလဲ လေ့လာကြည့်ရအောင်။

✅အကျိုးကျေးဇူးတွေကတော့

၁။ ကလေးများကိုယ်တိုင်ထိတွေ့သင်ယူနိုင်ခြင်း👦👧

ပညာရေးဆိုင်ရာ applications နဲ့ ဂိမ်းတွေက သင်ယူမှုကို ပျော်စရာဖြစ်စေကာ စိတ်ဝင်စားစရာကောင်းစေပြီတော့ ကလေးတွေကိုယ်တိုင်ပါဝင်လုပ်ဆောင်လေ့လာနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ ကလေးတွေက phonics အသံထွက်တွေ ၊ သင်္ချာ သို့မဟုတ် လူမှုရေးစွမ်းရည်တွေကို သင်ပေးတဲ့ puzzle များကို ဖြေရှင်းရတာ၊ နှိပ်ရတာ၊ ကိုယ်တိုင်ပါဝင်ရတာတွေကို နှစ်သက်တဲ့ အတွက် ကလေးတွေကိုယ်တိုင်ထိတွေ့ လေ့လာနိုင်တဲ့အခွင့်ရေးများပါတယ်။

၂။ သင်ထောက်ကူများ၊ သင်ယူမှုဆိုင်ရာ အရင်းမြစ်များကိုအလွယ်တကူရရှိနိုင်ခြင်း။📚

ကိုယ်တိုင်လေ့လာလို့ရတဲ့ ဗီဒီယိုတွေ၊ eBook တွေနဲ့ အွန်လိုင်းသင်ခန်းစာတွေကို Internet မှာလွယ်ကူစွာရှာဖွေနိုင်တဲ့အတွက် ကလေးတွေသင်ခန်းစာနားလည်ဖို့ ဒါမှမဟုတ် အိမ်မှာအချိန်ပိုလေ့ကျင့်ဖို့နဲ့ self studyလုပ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

၃။ လိုအပ်သလို သင်ယူလေ့လာနိုင်ခြင်း။📑

Online learning content တွေက ကလေးတွေ သင်ခန်းစာများကို သူတို့ရဲ့သင်ယူမှု absorb လုပ်နိုင်တဲ့ပေါ်မူတည်ပြီး လိုအပ်သလို ထပ်ခါထပ်ခါပြန်ကြည့်နိုင်တဲ့အတွက် သင်ယူလေ့လာမှုပိုင်းမှာအထောက်အကူပြုပေးပါတယ်။

၄။ ဘာသာစကားထိတွေ့မှု🗣️

အင်္ဂလိပ်ကာတွန်းတွေ၊ ပညာရေးဆိုင်ရာ YouTube ဗီဒီယိုတွေကို ကြည့်ရှုနားထောင်သင်ယူခြင်းအားဖြင့် ကလေးတွေရဲ့နားထောင်မှုစွမ်းရည်၊ ဘာသာစကားနဲ့ ဝေါဟာရတွေကိုလဲတိုးတက်စေနိုင်ပါတယ်။

ဒီလိုမျိုးကောင်းကျိုးများစွာရှိသလိုပဲ Screen Time၊ ဖုန်း၊ TV၊ ကွန်ပျူတာ ကြည့်ချိန်များလွန်းတဲ့အခါမှာလဲ ကလေးတွေအတွက် အန္တရာယ်နဲ့ ဆိုးကျိုးတွေလဲရှိပါသေးတယ်။ ဆိုးကျိုးတွေကတော့

၁။ အာရုံစူးစိုက်မှုနည်းလာခြင်း⚠️

ကာတွန်းများကို နာရီပေါင်းများစွာကြည့်တာမျိုး၊ စခရင်ကိုအချိန်ကြာမြင့်စွာအသုံးပြုစေတာမျိုးက ကလေးတွေရဲ့ အာရုံစူးစိုက်မှုကိုလျော့နည်းလာစေပြီးတော့ လက်တွေ့ကျတဲ့လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှုကိုလျော့ကျစေနိုင်ပါတယ်။ ဥပမာအား ဖြင့်ဖုန်းကလွဲပြီး တခြားဘာမှစိတ်မဝင်စားတော့တာမျိုးဖြစ်လာနိုင်ပါတယ်။

၂။ အိပ်စက်မှုပြဿနာများ ⚠️

အိပ်ရာမဝင်ခင်မှာ ဖုန်း၊ TV၊ Screen သုံးခြင်း၊ ကြည့်ခြင်းက ကလေးတွေရဲ့အိပ်စက်မှုကို အနှောက်အယှက်
ဖြစ်စေပြီးတော့ သင်ယူမှုနှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အိပ်စက်ချိန်ကိုထိခိုက်စေနိုင်ပါတယ်။

၃။ ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်း ⚠️

ကလေးတွေဟာ ပြေးခြင်း၊ ခုန်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကိုလိုအပ်ပါတယ်။ Screen Timeများလွန်းတဲ့အခါမှာတော့ ကလေးတွေအတွက် အရေးကြီးတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို လျော့နည်းစေနိုင်ပါတယ်။

၄။ လူမှုရေးအားနည်းခြင်း ⚠️

ကလေးတွေသဘာဝအတိုင်းပြေးလွှားဆော့ကစားခြင်းက သူတို့လေးတွေဘယ်လိုအလှည့်ကျဆော့မလဲ၊ ဘယ်လိုမျှဝေမလဲ၊ ပျော်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ အခြေခံကျတဲ့ ခံစားချက်တွေကိုနားလည်စေဖို့ အတွက် များစွာအထောက်အကူပြုစေပါတယ်။ သို့ပေမဲ့ ဖုန်းကြည့်များတဲ့ Screen Time များတဲ့ ကလေးတွေမှာ လူမှုပေါင်းသင်းဆက်ဆံမှုပိုင်း၊ အပြန်အလှန်ပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာ အားနည်းတာမျိုး ဖြစ်တတ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

💡 💡 ဒီလိုကောင်းကျိုးဆိုးကျိုးတွေကြားမှာ ဖေဖေမေမေတို့က Healthy Screen Time ဖြစ်လာစေနိုင်ဖို့ လုပ်နိုင်မယ့်အလေ့အထတွေကတော့

🧩 နေ့စဉ်အချိန်သတ်မှတ်ပါ
(ဥပမာ - အသက် ၅ နှစ်မှ ၇ နှစ်အတွက် Screen Time ကို တစ်ရက် ၁ နာရီသတ်မှတ်ခြင်း။)

🧩 ပညာရေးဆိုင်ရာအကြောင်းအရာများကိုရွေးချယ်ပါ
(phonics app များ၊ ပုံပြင်အခြေခံဂိမ်းများကို ပိုမိုလေ့လာစေခြင်း)

🧩 အတူကြည့်ပြီးဆွေးနွေးပါ
(မိမိကလေးကြည့်နေတဲ့အကြောင်းအရာကိုမေးမြန်းပြီးအပြန်အလှန်ဆွေးနွေးခြင်း။)

🧩 ခဏအနားယူဖို့ပြောပါ
(20/20/20 စည်းကမ်းသတ်မှတ်ခြင်းဥပမာ- မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်စေခြင်း)

🧩စခရင်မသုံးရမဲ့အချိန်တွေသတ်မှတ်ပေးခြင်း
(ဥပမာ - အစာစားချိန်၊ အိပ်ရာမဝင်ခင်အချိန်တွေမှာ ဖုန်းသုံးခြင်းတွေကိုကန့်သတ်ခြင်း။)

စတဲ့အလေ့အကျင့်လေးတွေလုပ်ပေးရင်တော့ မိမိကလေးတွေ Screen Time ကို မလိုအပ်ပဲသုံးတာမျိုးကိုလျှော့ချပေးပြီး အကျိုးရှိတဲ့ သင်ယူလေ့လာမှုအလေ့အထကို ကူညီတည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။

Postလေးကိုနှစ်သက်တယ်ဆိုရင် Like & Share လုပ်ပြီး ဒီထဲမှာ မပါပဲကျန်ခဲ့တဲ့အချက်တွေနဲ့ မိမိရဲ့အတွေ့ကြုံတွေကိုလဲ commentမှာ ပြောပြပေးခဲ့ပါဦးနော်🥰🥰🥰

07/06/2025

Winner ၃ ဦးကိုရွေးချယ်ပေးလိုက်ပါပြီ။ 🤩Congratulations!🥳🎉🎉

အဖြေမှန်ကို အရင်ဆုံးဖြေနိုင်ပြီးတော့ စည်းကမ်းချက်များနဲ့ ညီတဲ့သူ winner (၃) ဦး ကို ဖုန်းTop Up (၃ )ထောင်စီဖြည့်ပေးမှာဖြစ်လို့ Winner များ Page Messenger မှာ ဆက်သွယ်ပေးပါနော်။

နောက်အခေါက် ယခုလို အစီစဉ်မျိုးတွေမှာလဲ အားပါးတရပါဝင်ဖို့ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ 🥰
ABC Champs ရဲ့ ပထမဆုံး Word Quiz မှာပါဝင်ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ 🙏🙏

ABC Champs လေးတို့ရေ Winner လဲရွေးပြီးပြီဆိုတော့ “OX” ရဲ့ plural ကို အနည်းငယ်လေ့လာကြည့်ရအောင်။

Quiz link
https://www.facebook.com/share/p/1EmeFbc1mi/?mibextid=wwXIfr

"Ox" (နွားထီး) ရဲ့ plural က "oxen" ဖြစ်ပါတယ်။ "Oxes" လို့ သုံးရင်တော့မှားပါတယ်။

ဥပမာ:

❌ We saw many oxes in the field. လို့သုံးရင် (❌) မှားပါတယ်။

✅ We saw many oxen in the field. လို့ သုံးမှ (✔) အမှန် ဖြစ်ပါတယ်။

အင်္ဂလိပ်စာမှာ အချို့သော နာမ် (Noun) တွေမှာ (child → children, man → men) ကဲ့သို့ ပုံမှန်မဟုတ်တဲ့ plural တွေ ရှိပါတယ်။ ဒါကြောင့် ဒီစကားလုံးများကို အထူးဂရုပြုပြီး မှတ်သားထားဖို့ အရေးကြီးပါတယ်။

ABC Champs Learning Corner ကနေပြီး ကလေးတွေ သင်ကြားရေးနဲ့ပတ်သက်တဲ့ knowledge sharing တွေ quizလေးတွေလဲ အပတ်စဉ်တင်သွားမှာမို့လို့ တူတူလေ့လာလို့ရအောင် Like & Follow လုပ်ပြီးစောင့်မျှော်ပေးပါဦး။

06/06/2025

အဖြေမှန်ရွေးပြီး ဖုန်း bill ယူမယ်!!🎁🎁🎁

ABC Champs ရဲ့ ပထမဆုံး Word Quiz challenge ကနေ ကြိုဆိုလိုက်ပါတယ်။
Quiz အဖြေမှန်ကို comment မှာပထမဆုံးဖြေနိုင်သူ (၃)ယောက်ကို ဖုန်းဘေ ၃ ထောင်စီ ဖြည့်ပေးသွားမှာဖြစ်ပါတယ်။ 🥳

ဒါပေမယ့်စည်းကမ်းချက် (၂) ခုနဲ့ညီမှ Top up ရမှာဖြစ်ပါတယ်။ စည်းကမ်းလေးတွေကတော့

🎯ABC Champs page ကို Like လုပ်ထားရပါမယ်။
🎯ယခု post ကို share လုပ်ထားတဲ့ screenshot က်ို အဖြေမှန်နဲ့အတူ commentမှာ ဖြေပေးရမှာဖြစ်ပါတယ်။

🌟အဖြေမှန်သူများကို မနက်ဖြန်မှာ ကြေညာပေးမှာဖြစ်ပါတယ်။

အဲတာဆိုသားသားမီးမီးတွေ ဖေဖေမေမေတို့နဲ့တူတူဖြေဖို့ ခုပဲစလိုက်ကြရအောင်။👏

🧠✨ Word Challenge Time! ✨🧠

Hey Champs! Let’s test your animal vocabulary today! 🐮
Can you guess the correct plural form of the word "ox"?

Comment below with your answer! 👇
Let's see who gets it right! 🎉💬

Website

Address

Yangon

Alerts

Be the first to know and let us send you an email when ABC Champs Learning Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.