My Style Homemade

My Style Homemade

Share

The best Event Management & Catering Services in Myanmar.

Photos from My Style Homemade's post 10/05/2026

6.5.2026
(၄၆)ကြိမ်မြောက်အလှူ
—————————————————————

ဒီအပတ်အလှူလေးမှာ သီလရှင်ဆရာလေးများကို ….

- ဝက်မျှစ်ချဉ်ဟင်း
- ကြက်အာလူး
- Mackerel ဟင်းခါး
- ငပိထောင်း၊ တို့စရာ
- ဝတ္ထုငွေ
- သကြားလုံး
- မန်ကျည်းဖျော်ရည် စသည်တို့ဖြင့် လှူဒါန်းခဲ့ကြရာ ကြွရောက်လာသော သီလရှင်ဆရာလေးများမှလည်း အားရပါးရသုံးဆောင်ခဲ့ကြတာ ပီတိဖြစ်စရာပါ…

အားလုံးသော အလှူရှင်များသည်လည်း သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…
သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 30/04/2026

ယနေ့ 30.4.2026 ရက်နေ့ (ကဆုန်လပြည့်နေ့တွင်) ညနေ ၄:၀၀ မှစတင်၍ ဦးဂွယ်လမ်း၊ စမ်းချောင်းတောင်ရပ်ကွက်တွင်

“ နှစ်ဖက်သော မိဘများအားအမှူးထား၍ EVEREST GROUP “ကိုစိုးသိန်းအောင်+မထက်ထက်လွင်မောင်” တို့ မိသားစု၏ လူ(၅၀၀)စာ စတုဒိသာအလှူ”

- ထမင်း
- ကြက်သားဟင်း
- သီးစုံပဲကုလားဟင်း
- ဘာလချောင်ကြော်
- တို့စရာ
- ဆားငံသီးဖျော်ရည်စသည်တို့ဖြင့် အားရပါးရ ကာလဒါနအဖြစ် လှူဒါန်းခဲ့ကြပါတယ်…

ဒီအလှူကို My Style Homemade မှ အကောင်းဆုံးချက်ပြုတ်ပြီး ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အလှူရှင်မိသားစုဝင်များအားလုံးကို ကျေးဇူးအထူးပင် တင်ရှိရပါတယ်….

ထီးတော် ပင့်ဆောင်ပူဇော်ခွင့်ရခဲ့တဲ့အတွက်ရော၊ ယခုလို ကာလဒါနပြုလုပ်လှူဒါန်းကြတဲ့အတွက်ရောကြောင့် EVEREST GROUP သည် ဒီ့ထက်မက စီးပွါးများ တိုးတက်အောင်မြင်ကြပါစေကြောင်းနှင့် အလှူရေစက်လက်နှင့်မကွာ လှူနိုင်တန်းနိုင်ကြပါစေကြောင်း My Style Homemade မိသားစု ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 29/04/2026

28.4.2026 (ညနေပိုင်း)

ဒီနေ့ညနေပိုင်းမှာတော့ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြရသော လူနာများနှင့် လူနာစောင့် များကို “မွေးနေ့ရှင် ကိုရန်နိုင်ရဲ့ ၅၀နှစ်ပြည့်မွေးနေ့အလှူ” အဖြစ် ညနေစာ အဟာရဒါနပြုလုပ် လှူဒါန်းခဲ့ကြပါတယ်…

အခုလို My Style Homemade မှ …
ယုံကြည်စွာ မှာယူလှူဒါန်းမှူအတွက်

မွေးနေ့ရှင် ကိုရန်နိုင်နှင့် မိသားစုများကို အထူးပင်ကျေးဇူးတင်ရှိရပါတယ်….🥰🥰🥰

မွေးနေ့ရှင် ကိုရန်နိုင်နှင့်တကွ မိသားစုများအားလုံး ဘေးဘယာများဝေးကွာ၍ ကျန်းမာချမ်းသာပြီး စီးပွါးများဒီရေအလားတိုးတက်ကာ အလှူကြီး အတန်းကြီးများပေးနိုင်ကြပါစေပါကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်… 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 29/04/2026

28.4.2026
(၄၅)ကြိမ်မြောက်အလှူ
—————————————————————

ဒီအပတ်အလှူလေးမှာ သီလရှင်ဆရာလေးတွေကို ….

“တပြည်လုံးချမ်းသာစေရန်အတွက်နမိတ်”

- ပြည်လုံးချမ်းသာဟင်း
- ကြက်ကင်မ်ချီဟင်းရည်
- ငါးနီတူဘာလချောင်ကြော်
- တို့စရာ တို့ဖြင့် အားရပါးရလှူဒါန်းခဲ့ပါတယ်…..

အားလုံးသော အလှူရှင်များ သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…
သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 29/04/2026

၄၄ ကြိမ်မြောက်အလှူလေးပါ

- ငါးခြောက်ထောင်းကြော်
- သရက်သီးသုပ်
- ကုလားပဲရွှေဖရုံသီးဟင်း
- ဘာလချောင်ကြော်
- တို့စရာ တို့ဖြင့် ချက်ပြုတ်လှူဒါန်းခဲ့ပါတယ် 🙏🏻🙏🏻🙏🏻

ဆရာလေးများကို တစ်ရှူးထုပ်လေးများ လှူဒါန်းခဲ့တဲ့ 42 Corner မှ ဒါဒါကိုလည်း ကျေးဇူးတင်စွာ သာဓုခေါ်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 20/04/2026

နှစ်ဆန်း ၁ ရက်နေ့မှာ လှူဖြစ်တဲ့

My Style Homemade ရဲ့ နှစ်ဦးအလှူလေးပါ 🙏🏻

ကျွန်ုပ်တို့၏ အလှူတိုင်းသည်…
မိတ်ဆွေအပေါင်းအသင်းများနှင့် MSH မှ အားပေးမှာယူသူ Customer များ အားလုံး၏ အလှူဖြစ်ပါသည်။

မင်္ဂလာရှိသော နှလုံးစိတ်ဝမ်းအေးချမ်းရသော မြန်မာနှစ်သစ်တနှစ်ဖြစ်ပါစေလို့ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 16/04/2026

ယနေ့ သင်္ကြန်အတတ်နေ့မှာ..

ကွယ်လွန်သွားကြပြီဖြစ်သော ဖခင်ကြီး(ဦးကျော်သန်း)၊ မိခင်ကြီး (ဒေါ်တိုးတိုးအောင်) တို့အား ရည်စူး၍ ကျန်ရစ်သူ သား/သမီး မိသားစုများက လူ ၁၀၀၀ စာကို

- ငါးခြောက်ထောင်းကျော်
- သီးစုံပဲကုလားဟင်း
- ဘဲဥဟင်း
- ငရုပ်သီးတောင့်ကြော် တို့ဖြင့် အမှတ်၅၃၊ သမိုင်းဘူတာရုံလမ်းမှာ စတုဒီတာ ကျွေးမွေးလှူဒါန်း ဒါနပြုခဲ့ပါတယ်….

ဓာတ်ပုံလေးတွေကတော့ သည်းခံပေးကြပါဗျ…. ကျွန်တော်တို့ဖြစ်နေကြအတိုင်းပါပဲ… စားမယ့်သူတွေက ဝုန်းကနဲကျလာ… ဝုန်းကနဲ ချကျွေးဖြစ်ကုန်ကြလို့ ကမန်းကတန်း ရိုက်ထားလိုက်တဲ့ ပုံလေးတွေပဲ တင်ပေးလိုက်နိုင်ပါတယ်…..

အခုလို My Style Homemade မှ စီစဉ်ဆောင်ရွက်ခွင့် ပေးခဲ့တဲ့ အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်…. ကွယ်လွန်သူ ဖခင်ကြီးနဲ့ မိခင်ကြီးတို့သည်လည်း သားသမီးတို့က ပြုပြုသမျှကုသိုလ်များကို ရရှိပြီး ပိုမိုမြင့်မြတ်သော ဘုံဘဝကို ရောက်ရှိနိုင်ကြပါစေ….

🙏🏻🙏🏻🙏🏻

Photos from My Style Homemade's post 10/04/2026

ယနေ့ 10.4.2026 ရက်နေ့တွင်ပြုလုပ်သော “ROYAL AZIZA Education Service Centre” ၏ ရုံးခန်းအသစ်ဖွင့်ပွဲတွင် ကျွန်တော်တို့ My Style Homemade မှ Catering Service ပေးခွင့်ရတဲ့အတွက် ကျေးဇူးအထူးပင် တင်ရှိရပါတယ်…🙏🏻🙏🏻🙏🏻

အခုလို မှာယူအားပေးခဲ့တဲ့ ROYAL AZIZA Education Service Centre သည်လည်း နှစ်သစ်၊ ရုံးခန်းသစ်မှစ၍ ဆထပ်ပေါင်းများစွာ လုပ်ငန်းများတိုးတက်အောင်မြင်ကြပါစေကြောင်း My Style Homemade မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်… 🙏🏻🙏🏻🙏🏻

10/04/2026

7.4.2026
(၄၃)ကြိမ်မြောက်အလှူ
—————————————————————

ဒီအပတ်အလှူလေးမှာ သီလရှင်ဆရာလေးတွေကို ….

- ထောပတ်ထမင်း
- ကြက်သားဟင်း
- ဆိတ်သားဟင်း
- ပဲပြားကြော်သုပ်
- ငါးရံ့ဒန့်သလွန်ဗူးသီးချဉ်ရည်ဟင်း
- မန်းကျည်းနှစ်ငံပြာရည်ကြော်
- တို့စရာ
- ဘာလီသံပုရာဖျော်ရည်အအေး
- ဝတ္တုငွေ စသည်တို့ဖြင့် အားရပါးရလှူဒါန်းခဲ့ပါတယ်…..

ဒါ့အပြင် ထောပတ်ထမင်းများကို ဗူးများဖြင့် လမ်းသွားလမ်းလာများကို ထပ်မံလှူဒါန်း ဒါနပြုနိုင်ခဲ့ပါတယ်….

ဒီအပတ်အလှူလေးကို ကွယ်သွန်သူ “ဦးသုခ” အား ရည်စူး၍ ဆရာဦးဝင်းနိုင်သင်တန်းမှ သူငယ်ချင်းများမှ My Style Homemade မိသားစု မိတ်ဆွေများနှင့်အတူ လှူဒါန်းပါဝင်ခဲ့ပါတယ်….

အားလုံးသော အလှူရှင်များ သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ…

ကွယ်လွန်သူ ဦးသုခသည်လည်း ရောက်ရာဘုံဘဝမှ သူငယ်ချင်းများမှ ပြုလုပ်ပေးသော ကုသိုလ်များကို ရရှိ၍သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ…

သာဓု သာဓု သာဓု 🙏🏻🙏🏻🙏🏻

03/04/2026

၄၂ ကြိမ်မြောက်အလှူပါ

ဒီအပါတ်မှာတော့ မွေးနေ့ရှင် မခင်လွင်မာဝင်း မှ ဘဲကင် ၇ ကောင် နှင့် ကြက်ကင် ၃ ကောင်(ရွှေဘဲ) ကို ဆရာလေးများအတွက် လှူဒါန်းခဲ့ပါတယ် 🙏🏻💝

ဆိုင်က အော်ဒါနဲ့ ဆရာလေးတွေဆွမ်းကပ် တိုက်နေတော့…
အလှူရှင်တွေကိုယ်တိုင် ကိုယ်ကျ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ် 😁

ဆရာလေးတွေ ဘဲကင်အားပေးချက်ကတော့ 👇🏻👇🏻👇🏻😍
ဒီနေ့မှ ကိုယ်ကလည်းမအား
ဆရာလေးတွေကပိုများနဲ့ ဓါတ်ပုံရိုက်ချိန်တောင်မရ … အါ့နဲ့ ရသလို လုပ်လိုက်တယ် 😄
မွေးနေ့ရှင်ညီမလေးရေ ဆရာလေးတွေကိုစားကောင်းတာတွေ လှူတာရော
ဆရာလေးတစ်ပါးလျှင် ၁၀၀၀ ကျပ် ဝတ္ထုငွေလှူတဲ့အကျိုးကြောင့် သက်ရှည်ကျမ်းမာ စိတ်ချမ်းသာစွာဖြင့် မိသားစုနဲ့အတူ သာယာရှည်ကြာစွာဖြတ်သန်းနိုင်တဲ့ အကြောင်းကောင်းများဖြစ်ပါစေရှင် 🙏🏻🙏🏻🙏🏻
ဆရာလေးများကို မုန့်တွေလှူဒါန်းခဲ့တဲ့ မအိခိုင်ကိုလည်း ကျေးဇူးတင်စွာ သာဓုခေါ်ပါတယ် 🙏🏻🙏🏻🙏🏻

03/04/2026

၄၁ ကြိမ်မြောက်အလှူလေးပါ

My Style ဝက်သနီ အိုးကြီးချက်)
( ဝက်မစားသူများအတွက် ကြက်သားဟင်း )
မြင်းခွါရွက်သုပ်
ကြက်သားဂေါ်ဖီကြော်
ငပိရည် တို့စရာ
ချဉ်ပေါင်ဟင်းရည် တို့ကို
ချက်ပြုတ်လှူဒါန်းခဲ့ပါတယ် 🙏🏻🙏🏻🙏🏻

ဆရာလေးများကို ဆပ်ပြာတုံးများ လာရောက်လှူဒါန်းခဲ့တဲ့ မိန်မိန်း ကိုလည်း ကျေးဇူးတင်စွာ သာဓုခေါ်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 42/B (Ground Floor), Mingalar Street, Hledan, 8 Quarter, Kamayut Tsp
Yangon
11041