Real Event Planner
We are always ready to create your innovative event. We are Real Event Planner :)
18/07/2020
M.P.T ရဲ့ အရင်ကထက် ၂ ဆပိုမိုမြန်ဆန်တဲ့ ဒုံးပျံ အိမ်သုံး Fiber Internet ယနေ့ Junction City မှာ Promotion ချသွားမှာဖြစ်ပါတယ်။ 20Mbs Bandwidth ကနေစပြီး 39000 ကျပ်ကနေစတင်ဝယ်ယူလို့ရနိုင်မှာဖြစ်ပြီးတော့ အပိုဆောင်းလက်ဆောင်တွေထပ်ပေးသွားဦးမှာပါ။ လက်ဆောင်တွေကတော့ မည်သည့် Bandwidth အမျိုးစားကိုမဆိုဝယ်ယူလိုက်တာနဲ့ပထမတစ်လစာကို အခမဲ့သုံးစွဲခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 20Mbs Bandwidth အတွက် လစဥ်လတိုင်း မိမိအိမ်မှာရှိတဲ့ MPT Mobile Data Package ကို 1Gb, ဖုန်းခေါ်ဆိုမှုကို 100 mins နဲ့ SMS အခမဲ့ပေးပို့ ခွင့်။ 50 mbs ဝယ်ယူမယ်ဆိုပါက MPT mobile data package 2 Gb နဲ့ မိနစ် 100 ဖုန်းခေါ်ဆိုခွင့်၊ အခမဲ့ SMS တို့အပြင် 100mbs ဝယ်ယူတပ်ဆင်ပါက လစဥ် Mobile data 3 Gbs၊ ဖုန်းခေါ်ဆိုခွင့်မိနစ် 200 ၊ အခမဲ့ SMS ပေးပို့ခွင့် အစရှိတဲ့အပိုဆောင်းလက်ဆောင်တွေပေးသွားမှာပါ။
Promotion ကဒီနေ့တစ်ရက်တည်းရှိလို့ အမြန်ပြေးဝယ်ထားမှစိတ်ချရမယ်နော်။
ဒါနဲ့ စက်ဖိုး၊ကြိုးဖိုးကလည်း Free ဆိုတော့ အရမ်းတန်နေပါပြီနော်။
ဒီနေ့ ညနေ ၅း၃၀ အထိ Junction City မှာရှိတဲ့ S Power Mobile ဆိုင်မှာရှိနေမှာပါ။ အသေးစိတ်သိချင်ရင်တော့ ဖုန်းနံပါတ် 09458589775 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
18/09/2019
Real event palnner company က စီစဥ္တဲ့
mpt promotion ပွဲအစီအစဉ်တွေ လာမယ့် September 24 နဲ့ 25 ရက်တွေမှာ စတင်တော့မှာနော်။ 😍😍
ပရိုမိုးရှင်းပွဲမှာ ဘာတွေရနိုင်မလဲ။
-MPT sim card နဲ့ ငွေဖြည့်ကဒ်တစ်သောင်းသုံးထောင် ဖိုး ဝယ်ဆိုရင်
➡➡ Rain coat လှလှလေး တစ်ထည်
-ငွေဖြည့်ကဒ် တစ်သောင်းဖိုး ဝယ်မယ်ဆိုရင်
➡➡ Water Bottle တစ်ဘူး
-ငွေဖြည့်ကဒ် ကိုးထေါင်ကျပ်ဖိုးဝယ်မယ်ဆိုရင်
➡➡ Back pack တစ်လုံးနဲ့
-ငွေဖြည့်ကဒ် သုံးထေါင်ကျပ်ဖိုး ဝယ်မယ်ဆိုရင်
➡➡ Phone Ring လေးတစ်ခု
လက်ဆောင်ရမှာဖြစ်ပါတယ်
🏣ရန်ကုန်မှာဆိုရင် မြောက်ဒဂုံက Unitel mobile နဲ့
🏩မန္တလေးမှာဆိုရင် Win mobile တို့မှာ
မနက် ၉နာရီကနေ ညနေ ငါးနာရီအတွင်း
ဖုန်းငွေဖြည့်ရင်း လက်ဆောင်လေးတွေ ယူကြရအောင်။
Promotion အစီအစဉ်တွေကိုလည်း ရန်ကုန်မှာ MC ကျော်ကိုကိုဝေနဲ့ မန္တလေးမှာဆိုရင် MC ကိုမင်းထွဋ်ဝင်းတို့မှ တနေကုန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👏👏
-အခုစီစဉ်တဲ့ ပွဲတွေကို Real Event Planner Company က စီစဉ်ပေးတာ ဖြစ်ပြီး အခြားသော promotion ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ပျော်ပွဲရွှင်ပွဲ၊ Party၊ အခမ်းအနား၊ မိတ်ဆက်ပွဲများ၊ သတင်းစာရှင်းလင်းပွဲများ အပါအဝင် ပွဲစီစဉ်မှုများကို အစအဆုံး အပြီးအစီး တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ Company လည်းဖြစ်ပါတယ်။
-Real Event Planner ကို လူကြီးမင်းတို့ အခမ်းအနားများ ပွဲများအတွက် ဝန်ဆောင်မှုအသုံးပြုလိုလျှင်
ဖုန်းနံပါတ်📞၀၉ ၂၅၀၀၇၇၅၁၇📞09895714942
သို့ဖြစ်စေ Real Event Planner ၏ pageမှဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်ငှါးရမ်းနိုင်တယ်ဆိုတာလည်း တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါတယ်။
02/09/2019
ဂန္ဒီ ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 
__________________________
၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။..
၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။
၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။
၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။
1. Live as if you were to die tomorrow. Learn as if you were to live forever.
2. An eye for an eye only ends up making the whole world blind.
3. A man is but the product of his thoughts what he thinks, he becomes.
4. The greatness of a nation can be judged by the way its animals are treated.
5. First they ignore you, then they laugh at you, then they fight you, then you win.
Credit
01/09/2019
အရပ်၅ပေဘဲရှိတဲ့ ဂျက်မား။ လူကောင်က သေးသေးလေး။
English စာကို လမ်းပေါ်ကနေ တိုးရစ်တွေဆီက ၉နှစ်သင်ခဲ့တယ်။
၁၉၈၈ ခုနှစ်မှာ ဂျက်မား ကုမ္ပဏီပေါင်း၃၀မှာ အလုပ်လျှောက်ခဲ့တယ်။
ဘယ်ကုမ္ပဏီကမှ သူ့ကို အလုပ်မခန့်ဘူး။
မြန်မာငွေ ကျပ်၁သောင်းကျော်နဲ့ စာသင် ရတဲ့ အလုပ်ရခဲ့တယ်။
၁၉၉၉ခုနှစ် မှာ အလီလီဘာဘာ ကုမ္ပဏီကို ထူထောင်တယ်။
သူ့လက်ထဲ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနဲ့ပေါ့။ သူ့ငယ်ချင်းတွေကိုစည်း
ရုံးပြီးလုပ်နိုင်ခဲ့တာ။
သူ့ရဲ့ထက်သန်လွန်းတဲ့ စိတ်ကြောင့် အခု အမေရိကန် ဒေါ်လာ၃၀ဘီလီယံချမ်းသာ တဲ့ သူဌေးကြီးတစ်ယောက်ဖြစ်ခဲ့ပြီ။
တစ်နေ့နေထွက် နေဝင် အချိန်တွေနဲ့ ပြီးဆုံးနေတဲ့
ကျွန်တော်တို့လူငယ်တွေကော ကိုယ်ဘာဖြစ်ချင်လဲ
ကိုယ်ဘာလိုချင်လဲဆိုတာ မသိရတော့ဘူးလား။
စိတ်အားမထက်သန်ရတော့ဘူးလား။
၂၁ရာစု ယခုခေတ် က အခွင့်အလမ်းတွေ သိပ်ပေါခေတ်။ဒီလိုခေတ်ကြီးထဲ မွေးပြီး ကိုလိုချင်တာတောာင် ဘာလဲ မသိ
အဖြစ်နဲ့ ပျော့ညံ့ စွာ သေဆုံးခဲ့ရင်
မှတ်လိုက်ပါတော့မယ် ကမ္ဘာပေါ် မှာ ကိုယ့်လောက် အပြီးမိုက်မဲတဲ့သူ
မရှိတော့ပါဘူးလို့။
30/08/2019
-ကျွန်တော်တို့ Real event planner ကနေစီစဉ်တဲ့ MPT own shop
ဆိုင်ဖွင့်ပွဲကို ဒီနေ့ 30.8.2019 ရက်နေ့ မှာ မကွေးတိုင်း မြိုင်မြို့တွင်
ညနေ၅နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်
- ဒီနေ့ ဆိုင်ဖွင့်ပွဲမှာ ငွေဖြည့်ကဒ်တွေ ၊ Sim ကဒ်တွေ လာရောက်ဝယ်ယူအားပေးမယ်ဆိုရင် mpt ကနေ Promotion လက်ဆောင်လေးတွေ ရအုံးမှာနော်😃😃
ဒီနေ့ အရောင်းအစီအစဉ်တွေကိုလဲ MC ကိုကျော်ကိုကိုဝေမှ ညနေ၅နာရီအထိ တင်ဆက်ပေးသွားမှာပါ
-အခုစီစဉ်တဲ့ ပွဲတွေကို Real Event Planner Company က စီစဉ်ပေးတာ ဖြစ်ပြီး အခြားသော promotion ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ပျော်ပွဲရွှင်ပွဲ၊ Party၊ အခမ်းအနား၊ မိတ်ဆက်ပွဲများ၊ သတင်းစာရှင်းလင်းပွဲများ အပါအဝင် ပွဲစီစဉ်မှုများကို အစအဆုံး အပြီးအစီး တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ Company လည်းဖြစ်ပါတယ်။
-Real Event Planner ကို လူကြီးမင်းတို့ အခမ်းအနားများ ပွဲများအတွက် ဝန်ဆောင်မှုအသုံးပြုလိုလျှင် ဖုန်းနံပါတ် 📞
၀၉ ၂၅၀၀၇၇၅၁၇📞 ၀၉ ၂၆၁၄၀၇၁၅၁
သို့ဖြစ်စေ Real Event Planner ၏ pageမှဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်ငှါးရမ်းနိုင်တယ်ဆိုတာလည်း တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါတယ်။
29/08/2019
မှတ်သားဖွယ်အဆိုအမိန့်များ
28/08/2019
ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ မှတ်သားဖွယ် အဆိုအမိန့်များ
Professional ပီသအောင်ကြိုးစားပါ။
**********************************
Credited to ဒေါက်တာဖြိုးသီဟ
လုပ်ငန်းခွင်မှာ တခြားလူတွေနဲ့ အလုပ်တွေတွဲလုပ်ရတဲ့အခါ ဘာသတိထားမိလဲဆိုရင် ပရော်ဖက်ရှင်နယ် ပီသတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတာပဲ။
သူတို့တွေဟာ အင်မတန် ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်။ ပြောထားတဲ့စကား၊ ပေးထားတဲ့ကတိကို တည်တယ်။ ဖြောင့်မတ်တယ်၊ Integrity ရှိတယ်။ သူတို့ကိုယ်သူတို့ တာဝန်ယူတတ်တယ်။ တစ်ဖက်ကို ဖြစ်သင့်တာထက် ပိုပြီး တောင်းဆိုတာမျိုးတွေ မရှိဘူး။ လေးစားမှုထားတယ်။
ပရော်ဖက်ရှင်နယ် ဆိုတာဘာလဲဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများကြီးရှိလိမ့်မယ်။ ကျွန်တော်ကတော့ 3 S နဲ့ ပြည့်စုံရင် ပရိုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
ပထမ S – Salary (Paid occupation)
အလုပ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီအလုပ်ကနေ ကိုယ့်အသက်မွေးနိုင်လောက်တဲ့ လုပ်ခလစာ ရရလိမ့်မယ်။ အဲဒါမှပဲ ကိုယ့်အချိန်၊ ခွန်အား၊ ပညာတွေကို သေသေချာချာ စိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကားစက်ပြင်ဆရာ၊ အဆိုတော်၊ ယာဉ်မောင်း၊ ပန်းရံဆရာ စသဖြင့် ကိုယ့်သက်ဆိုင်ရာ အလုပ်တွေမှာ ရှိကိုရှိရမယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုမျိုး ရှိထားဖို့ လိုတယ်။ ပရော်ဖက်ရှင်နယ် ပီသတဲ့သူဟာ သူ့အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တယ်။ အထူးချွန်ဆုံး မဟုတ်တောင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မီအောင်တော့ အားထုတ်တယ်။
နောက်ဆုံး S ကတော့ – Self-control (To meet ethical standard)
ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းပဲ။ ဒီအပိုင်းက ကျွန်တော်တို့ဆီက ပရော်ဖက်ရှင်နယ်တွေမှာ အလိုအပ်ဆုံးအပိုင်းလို့လည်း ပြောလို့ရပါတယ်။
ထိန်းသိမ်းမယ်ဆိုတော့ ဘာတွေကို ထိန်းသိမ်းရမှာလဲ။ ၃ချက် ထပ်ပြောချင်ပါတယ်။
ပထမအချက် – စိတ်ခံစားချက်တွေကို ထိန်းသိမ်းရပါမယ်။
အဆိုတော်ဖြစ်လာရင် အသံကို ထိခိုက်စေမယ့် အစားအသောက်တွေ ဘယ်လောက်စားချင်စားချင် ရှောင်ရမယ်။
ကိုယ်က ၀န်ဆောင်မှုပေးသူ ဖြစ်နေရင် ကိုယ့်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိနေရှိနေ၊ Customer ကို အချိုသာဆုံး ဆက်ဆံနိုင်ရမယ်။ တစ်ဖက်က ဒေါသနဲ့ Complain လုပ်နေဦးတော့၊ စိတ်ကို အတည်ငြိမ်ဆုံး ထားပြီး တုံ့ပြန်ပြောဆိုနိုင်ရမယ်။
ကိုယ်က ဆရာဝန်ဖြစ်နေရင် ကိုယ်အမုန်းဆုံးလူတစ်ယောက် သေခါနီးဆဲဆဲ အခြေအနေနဲ့ ကိုယ့်ဆီရောက်လာတဲ့အခါ အကောင်းဆုံးကုသမှုတွေ ပေးနိုင်ရပါမယ်။
နောက်တစ်ခု – အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားရပါမယ်။
ဒီအပိုင်းက ပြောမယ်ဆို ပြောစရာတွေအများကြီးရှိတယ်။
အိမ်က ခံစားချက်တွေ အလုပ်ကို သယ်လာတာ၊ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုကြောင့် အလုပ်ကို အမြဲနောက်ကျနေတာ၊ အလုပ်မှာ စွမ်းဆောင်ရည်ထက် ကိုယ့်အကြိုက် ဘယ်လောက်သိလဲ၊ ကိုယ်ခိုင်းတာ ဘယ်လောက်လုပ်ပေးသလဲ ဆိုတာနဲ့ အကဲဖြတ် အမှတ်ပေးနေတာ၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါပဲ။
နောက်ဆုံးတစ်ခု၊ ပရိုပီသချင်တယ်ဆိုရင် ရသင့်ရထိုက်တာ ပိုပြီး မယူမိအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
အလုပ်မှာ ကိုယ်က သူ့အထက်က ဖြစ်နေတယ်ဆိုတာဟာ ကိုယ့် ကိုယ်ရေးကိုယ်တာအလုပ်တွေ သူ့ခေါ်ခိုင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
အစက သဘောတူထားတာ ဒါတွေ၊ ဒါတွေလုပ်ပေးဖို့ပဲ ပါတယ်၊ နောက်တော့ ဟိုဟာလေး လုပ်ပေးပါဦး၊ ဒါလေး Request လုပ်တာပါ စသဖြင့် ဖြစ်လာတယ်။
နောက် မယူသင့်မယူထိုက်တဲ့ ခံစားခွင့်တွေကို ရှောင်ဖို့ပေါ့။
မီဒီယာသမားတွေဟာ အဖွဲ့အစည်းတခုခုဆီက တံစိုးလက်ဆောင် ယူခွင့်မရှိပါဘူး၊ ရေးသားဖော်ပြမှုတွေ ဘက်လိုက်မိမှာကို ကာကွယ်တဲ့အနေနဲ့ပါ။
စီးပွါးရေးလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်း ရောင်းရရင် ပြီးရော မလုပ်သင့်ပါဘူး။
အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း လက်သင့်ရာ စားတော်ခေါ် လုပ်လို့ မရပါဘူး။
ပြောရရင်တော့ ဘယ်လောက်ကျွမ်းကျင်မှု ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့လည်း ခက်ပါတယ်။
ပရိုပီသဖို့ဟာ သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုပါရမီ၊ စတဲ့အချက်တွေမှာ ပြောရလောက်အောင် ကောင်းမနေတဲ့ ဒေးဗစ်ဘက်ခမ်း ဘာလို့ ဒီလိုအဆင့်အတန်းထိ ရောက်နိုင်ခဲ့သလဲ။ အဓိကကတော့ ပရိုပီသမှုကြောင့်ပါပဲ။ တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ပြည့်တန်ဆာတောင်မှ ပရိုပီသတဲ့ ပြည့်တန်ဆာက ဧည့်သည်ပိုရပါတယ်။
တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါ။ ပရိုမပီသတဲ့ ဆရာနဲ့ စာသင်ဖူးလား၊ ပရိုမပီသတဲ့ ဆရာဝန်နဲ့ ဆေးကုဖူးလား၊ ပရိုမပီသတဲ့ ၀ပ်ရှော့ဆရာဆီမှာ ကားပြင်ဖူးလား၊ ပရိုမပီသတဲ့ ဘော့စ်တစ်ယောက်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးလား၊ ပရိုမပီသတဲ့ အစိုးရနဲ့ရော ကြုံဖူးလား။ သိပ်စိတ်ညစ်စရာ ကောင်းတာ သတိထားမိပါလိမ့်မယ်။
ခင်မင်ရတဲ့ ညီငယ်တစ်ယောက်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေပါတယ်။ ငယ်သေးတဲ့အချိန်မှာ ငွေစုတာထက် ယုံကြည်မှု စုတာ ပိုကောင်းပါတယ် တဲ့။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားပါ။ ဒါဆိုရင် ကိုယ်နဲ့ အလုပ်တွဲလုပ်ရတဲ့သူတိုင်းဆီက ‘ဒီလူဟာ ယုံကြည်စိတ်ချရတဲ့သူ၊ သူနဲ့တွဲလုပ်ရတာ သိပ်စိတ်ချမ်းသာရတယ်’ ဆိုတဲ့ တုံ့ပြန်မှုမျိုး ရလာပါလိမ့်မယ်။
အဲဒီအခြေအနေဟာ ကိုယ့် career မှာ ရှေ့ကို အဝေးကြီး ဆက်လျှောက်လို့ ရတဲ့ လမ်းမကြီးတစ်ခုကို ခင်းနိုင်လိုက်တာနဲ့ အတူတူပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၁၀.၅.၂၀၁၇
25/08/2019
#အကောင်းဆုံးအရောင်းသမား
(The Best of Salesmanship)
အရောင်းသမားကောင်းတစ်ဦးဖြစ်ဖို့လိုအပ်ချက်များ
1. Know your Job
2. Know your Organization
3. Know your Product
4. Know your Customer
5. Know your Competitors
6. Know your Market
1. Know your Job
အရောင်းသမားကောင်းတစ်ယောက်က မိမိအလုပ် မိမိတာဝန်များကိုသိဖို့လိုပါတယ်။ အဲဒီလိုသိဖို့ဆိုတာက အလုပ်စဝင်တဲ့အချိန်မှာ သေချာ သင်ကြားပြသဖို့လိုအပ်ပါတယ်။ အရောင်းဘောက်ချာရေးတာ ၊ FOC လက်ဆောင် ပေးရင် ၊ Discount ဈေးလျှော့ရောင်းရင် ၊ ဘယ်လိုလုပ်ရမယ် စသည်ဖြစ်ပါ။ နောက် မိမိက ဘယ်သူ့ကို နေ့စဉ် ၊အပတ်စဉ် ၊ လစဉ် report လုပ်ရမယ် စတဲ့ မိမိလုပ်ဆောင်ရမဲ့ အလုပ်တွေကိုသိအောင်လုပ်ရပါမယ်။
2. Know your Organization
မိမိ အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေသိထားဖို့လို့ပါတယ်။ မိမိအဖွဲ့အစည်းရဲ့ Policy မူဝါဒတွေ၊ Process လုပ်နည်းလုပ်ဟန်တွေ ၊ Rule & Regulation စည်းမျဉ်းစည်းကမ်းကမ်းတွေ ၊ အဖွဲ့အစည်းရဲ့ Vision Mission တွေသိထားသင့်ပါတယ်။
3. Know your Product
အရောင်းသမားကောင်း တစ်ဦးက မိမိရောင်းချတဲ့ကုန်ပစ္စည်းအကြောင်းကို သေသေချာချာသိနေဖို့လိုပါတယ် ။ ကုန်ပစ္စည်း အသုံးဝင်ပုံ ၊အားသာချက်၊ အားနည်းချက် ဈေးနှုန်း စတာတွေသိဖို့လိုအပ်ပါတယ်။
4. Know your Customer
အရောင်းသမားကောင်းတစ်ဦးအနေနဲ့ မိမိကုန်ပစ္စည်း သုံးစွဲမည့် သူကိုသိဖို့လိုပါတယ်။
ဥပမာ - ကိုယ့်ရောင်းချတဲ့ ပစ္စည်းက ဆပ်ပြာမှုန့်ဆိုပါစို့။ ဒါဆို မိမိရောင်းရမဲ့ မိမိကုန်ပစ္စည်းဝယ်သူသည် အမျိုးသမီး (အိမ်ရှင်မ) များဖြစ်ပါတယ်။
ဝယ်သူဖောက်သည် ရဲ့ လိုချင်တာ ၊ လိုအပ်တာကိုသိဖို့လိုပါတယ်။
5. Know your Competitors
မိမိကုန်ပစ္စည်း နှင့် တိုက်ရိုက်ပြိုင်ဘက်များ ၊ သွယ်ဝိုက်ပြိုင်ဘက်များရဲ့ အားသာချက် ၊ အားနည်းချက်များ ၊ ဈေးနှုန်း ၊ ဖြန့်ချီရေးစနစ် ၊ Promotion ၊ ကြေငြာ ၊ ဈေးကွက်ဝေစု စတာတွေကို သိထားဖို့လိုအပ်ပါတယ်။
6. Know your Market
မိမိကုန်ပစ္စည်းရဲ့ ဈေးကွက်အခြေအနေ ၊ အလားအလာ ၊ မိမိကုန်ပစ္စည်းရဲ့ ဈေးကွက်ဝေစု ရရှိမှု့အခြေအနေ ၊ပြိုင်ဘက်များ ဈေးကွက်ရရှိမှု့အခြေအနေ ဝယ်သူ ၊ တဆင့်ပြန်ရောင်းချသူများရဲ့ အပြုအမှုများ ၊ ဈေးကွက်နှင့်ဆက်စပ်နေသော အကြောင်းအရာများသိထားသင့်ပါတယ်။
လူတိုင်းသည် အရောင်းသမားများဖြစ်ကြပါတယ်။
Product (ကုန်ပစ္စည်း) သို့ Service (ဝန်ဆောင်မှု့) များကို တစ်နည်းမဟုတ်တစ်နည်းရောင်းချနေကြတာပါ။
Click here to claim your Sponsored Listing.
Website
Address
Yangon
+95