Prevent HIV
HIV, ART, PEP, PrEP, Counselling...
26/05/2026
ဘယ်လိုအခြေအနေမှာ
အိပ်ချ်အိုင်ဗွီပိုးပိုပြီး ကူးစက်နိုင်သလဲ?
အိပ်ချ်အိုင်ဗွီပိုးရှိနေသူနဲ့ ကွန်ဒုံးမသုံးပဲ
လိင်ဆက်ဆံခြင်း၊
အိပ်ချ်အိုင်ဗွီပိုးရှိနေသူရဲ့ သွေးပေပစ္စည်း
များနဲ့ ထိခိုက်မိခြင်း၊
စတဲ့အခြေအနေတွေမှာ အိပ်ချ်အိုင်ဗွီပိုး
ပါဝင်နေတဲ့ သွေး၊ လိင်အင်္ဂါမှထွက်တဲ့
အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့ ခြင်းမှ
တဆင့် ကူးစက်နိုင်ပါတယ်၊
သွေးပေပစ္စည်းများနှင့်ထိတွေ့မိခြင်း၊
=========================
တိုက်ရိုက်ထိတွေ့မိသူရဲ့ အရေပြားမှာ
ပွန်းပဲ့ဒဏ်ရာရှိခြင်း၊ မျက်စိနဲ့မမြင်နိုင်
တဲ့ အရေပြားပွန်းပဲ့နေခြင်းတွေ ရှိနေမှ
ထိုဝင်ပေါက်တွေကနေ အိပ်ချ်အိုင်ဗွီပိုး
ဝင်ရောက်ကူးစက်နိုင်ပါတယ်၊
သာမာန်ကောင်းနေတဲ့ အရေပြားကို
အိပ်ချ်အိုင်ဗွီပိုး ဖောက်မဝင်နိုင်ပါဘူး၊
လိင်ဆက်ဆံရာမှတဆင့် ကူးစက်ခြင်း၊
==========================
အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ
လိင်အင်္ဂါခြင်း ထိတွေ့ပွတ်တိုက်မိရာမှ
ပွန်းပဲ့မှုဖြစ်နိုင်ပါတယ်၊
လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေရှိ
နေလို့ လိင်အင်္ဂါအတွင်း မမြင်တွေ့နိုင်
တဲ့ ထိခိုက်အနာတွေ၊ စစ်ဆေးကုသမှု
တွေ မလုပ်ထားလို့ ရောဂါမြုံနေတာ
တွေရှိနေရင် အိပ်ချ်အိုင်ဗွီပိုးကူးစက်
မှုပိုပြီး ဖြစ်ပွားနိုင်ပါတယ်၊
==============================
သွေးနဲ့တိုက်ရိုက် ထိတွေ့မိရာမှတဆင့်
အိပ်ချ်အိုင်ဗွီပိုးကူးစက်နိုင်မှု အလွန်များ
ပေမယ့် တကယ်တမ်းကူးစက်ခံရသူတွေ
ရဲ့ အများစုက လိင်မှတဆင့် ကူးစက်ခံရ
သူတွေဖြစ်နေတာကလည်း လိင်မှတဆင့်
ကူးစက်တဲ့ ရောဂါတွေကြောင့်ဖြစ်ပါတယ်၊
Hotline ☎ 09775292602
24/05/2026
အိပ်ချ်အိုင်ဗွီပိုးနှင့် လိင်မှတဆင့်
ကူးစက်သော ရောဂါများ၊
(ကာလသားရောဂါများ)
ကွန်ဒုံးမသုံးပဲ အကာအကွယ်မဲ့ လိင်ဆက်ဆံ
ခြင်းကြောင့် အိပ်ချ်အိုင်ဗွီပိုးနှင့် လိင်မှတဆင့်
ကူးစက်တတ်သော ရောဂါများ ကူးနိုင်ပါတယ်၊
လိင်ဆက်ဆံရာမှတဆင့် အဓိက ကူးစက်တတ်
တဲ့အတွက် ကာလသားရောဂါများလို့လည်းခေါ်
ဆိုကြပါတယ်၊
(၁) အိပ်ချ်အိုင်ဗွီပိုး၊
(၂) ဆစ်ဖလစ်ရောဂါ၊
(၃) ဂနိုရောဂါ (ဆီးပူညောင်းကျ)
(၄) ဂနိုမဟုတ်သောညောင်းကျရောဂါ၊
(၅) ရှန်ကရွိုက်ရောဂါ၊
(၆) လိင်အင်္ဂါရေယုံရောဂါ၊
(၇) လိင်အင်္ဂါမှက္ခရုရောဂါ၊
(၈) လိင်အင်္ဂါကြွက်နို့ရောဂါ၊
(၉) ထရိုင်ကိုမိုးနက် အဖြူဆင်းရောဂါ၊
(၁၀) ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့
အဖြူဆင်းရောဂါ၊
ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ ဖော်ပြပါရောဂါ
တွေရှိနေရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာ
မှတဆင့် ကူးစက်နိုင်ပါတယ်၊
အချို့သောရောဂါတွေကို အရှင်းပျောက်ကင်း
အောင် ကုသလို့ ရနိုင်ပေမယ့် အချို့ကိုတော့
သက်သာအောင် ကုသလို့ရနိုင်ပါတယ်၊
အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဖြစ်ခဲ့တယ်၊
ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေလည်း ရှိနေရင်
လိင်မှတဆင့်ကူးစက်ရောဂါတွေ ကုသနိုင်တဲ့
ဆေးရုံ၊ ဆေးခန်းတွေကို လမ်းညွှန်ပေးပါတယ်၊
(လိုအပ်တဲ့ ကာကွယ်မှုတွေ ဆွေးနွေးပေးပါတယ်)
Hotline ☎ 09775292602
23/05/2026
အိပ်ချ်အိုင်ဗွီပိုး ကာကွယ်ပါ၊
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊
အိပ်ချ်အိုင်ဗွီပိုး ပါဝင်သောသွေးပေ
ပစ္စည်းတွေနဲ့ ထိခိုက်ဒဏ်ရာဖြစ်ခြင်း၊
စတဲ့ အခြေအနေတွေမှာ PEP ဆေး
သောက်ပြီး အရေးပေါ်ကာကွယ်လို့
ရပါတယ်၊
စတင်ဖြစ်တဲ့အချိန်မှ (၇၂) နာရီအတွင်း
PEP ဆေးစတင်သောက်ရပါမယ်၊
(၂၈) ရက် နေ့စဉ်အချိန်မှန်မှန်သောက်
ရပါမယ်၊
အရေးကြီးတဲ့အချက်များ
====================
(၁) ထိရောက်မှန်ကန်တဲ့ ဆေးတွဲဖြစ်
ရပါမယ်၊
(၂) ဆောင်ရန်၊ ရှောင်ရန်အချက်တွေ
သိထားရပါမယ်၊
(၃) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့
ဓာတ်မတည့်မှုတွေကို သိထားရပါမယ်၊
(၄) ဆေးရယူရာနေရာနဲ့ ဆက်သွယ်မှု
ရှိနေရမှာဖြစ်ပြီး ထူးခြားမှုတွေဖြစ်လာ
ရင် ချက်ခြင်းပြောပြရပါမယ်၊
(၅) လိုအပ်ရင် ဆေးပြောင်းရပါမယ်၊
(၆) ဆေးကုန်ပြီး သွေးစစ်ဖို့ရန်လိုအပ်တဲ့
ဆွေးနွေးမှု ပြုလုပ်ရပါမယ်၊
ကူးစက်လာနိုင်တဲ့ အိပ်ချ်အိုင်ဗွီပိုးတွေရဲ့
မျိုးပွားမှုကို တားဆီးပေးတဲ့ ဆေးဖြစ်လို့
သံသယရှိတဲ့အခြေအနေတွေမှာ ကာကွယ်
ပေးပါတယ်၊
တကယ်လို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုမရှိ
ခဲ့ရင်လည်း ဆေးရဲ့အာနိသင်က ထိခိုက်မှု
မရှိနိုင်ပါဘူး၊
ဆေးရဲ့သွေးတွင်းနေချိန်က အကန့်အသတ်
ရှိတာကြောင့် နေ့စဉ်အချိန်မှန်မှန်သောက်မှ
သာ ထိရောက်တဲ့ အာနိသင်ရနိုင်ပါတယ်၊
PEP ဆေး သောက်ဖို့ လို /မလိုနဲ့ လိုအပ်
ခဲ့ရင်လည်း စိတ်ချမှန်ကန်တဲ့ ဆေးရရှိရန်
လမ်းညွှန်ဆောင်ရွက်ပေးပါတယ်၊
Hotline ☎ 09775292602
17/05/2026
အိပ်ချ်အိုင်ဗွီပိုး ကူးသွားပြီလား?
သွေးစစ်ကြည့်ကြတဲ့ သူတွေအားလုံးရဲ့
စိုးရိမ်စိတ်နဲ့မေးကြတဲ့ မေးခွန်းပါ၊
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုဖြစ်ခဲ့တယ်၊
အနီစက်တွေထွက်နေတယ်၊ တုပ်ကွေးဆန်တဲ့
ဖျားတာ၊ ချောင်းဆိုးတာတွေဖြစ်နေတယ်၊
အိပ်ချ်အိုင်ဗွီပိုး ကူးတဲ့ လက္ခဏာတွေလား၊
စိတ်ချရအောင် သွေးဘယ်နှစ်ကြိမ်စစ်ရမလဲ၊
ဘယ်လောက်စောင့်ရမလဲ၊ ဟိုမှာဒီမှာမေးကြည့်
တော့လည်း အိပ်ချ်အိုင်ဗွီပိုး လက္ခဏာတွေလို့
ပြောကြတယ်၊ တော်တော်လည်းစိုးရိမ်နေပြီ၊
ဘယ်သူပြောတာ ယုံရမလဲ မသိတော့ဘူး၊
ဒါတွေအားလုံး ဘာကြောင့်ဖြစ်ရတာလဲ?
အဖြေက တစ်ခုထဲပါ၊ နှစ်သိမ့်ဆွေးနွေးမှု
မယူကြလို့ ဖြစ်ပါတယ်၊
အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်တဲ့အပြုအမူတွေ
ပြုလုပ်ထားခဲ့တယ်ဆိုရင် သွေးစစ်ကြည့်မှ
တိကျသေချာတဲ့ အဖြေရနိုင်ပါတယ်၊
သွေးစစ်ဖို့ရန်အတွက် နှစ်သိမ့်ဆွေးနွေးမှု
သေချာလုပ်ရပါမယ်၊
အစိုးရဆေးရုံတွေ၊ NGO ဆေးခန်းတွေ၊
သေချာရှင်းပြဆွေးနွေးပေးတဲ့ page တွေ၊
စတဲ့နေရာတွေမှာ ဆွေးနွေးရပါမယ်၊
သိသင့်သိထိုက်တဲ့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်
နည်း၊ ကာကွယ်နည်းနဲ့ သွေးစစ်တဲ့အခါပြု
လုပ်ရမယ့် National Guide Line အတိုင်း
ဆက်လက်ဆောင်ရွက်ရပါမယ်၊
အထက်က အချက်တွေအားလုံးကိုသိရှိပြီး
လိုက်နာဆောင်ရွက်မှသာ ရရှိလာတဲ့ သွေး
အဖြေအပေါ် စိတ်ချမှုရှိနိုင်ပါမယ်၊
မဟုတ်ရင်တော့ ဟိုမှာသွားမေး တမျိုးပြော၊
ဒီမှာလာမေး တမျိုးပြောနဲ့ သွေးစစ်ရတာ
လည်း (၁၀)ကြိမ်လောက်ရှိပြီ စိတ်လည်း
မချရဲသေး၊ သံသယတွေနဲ့ ဘယ်သူပြော
တာမှ မယုံဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်၊
ဆရာကလည်း စုံနေတော့ ဘယ်လိုမှရှင်း
ပြလို့လည်းမရနဲ့ သွေးပဲထပ်ခါထပ်ခါစစ်
နေရတဲ့ သူတွေဖြစ်နေပါတယ်၊
(၁)လကျော်မှာ စစ်လည်း စိတ်မချရ၊
(၃)လမှာ စစ်လည်း စိတ်မချရဖြစ်ပြီး
(၆)လမှာစစ်မှ စိတ်ချရမယ်ပြောတဲ့
သူတွေကလည်း ရှိနေတော့ ထပ်စစ်ရ
တချို့လူတွေမှာ (၁)နှစ်ကျော်မှပေါ်တယ်
လုပ်ပြန်တော့ ထပ်စစ်ရ၊ (၁) နှစ်အတွင်း
မှာလည်း စိုးရိမ်စိတ်တွေနဲ့ စားမကောင်း၊
အိပ်မရနဲ့ ဒုက္ခတွေများကြရတဲ့ သူတွေရှိ
နေပါတယ်၊
ဒါကြောင့် အိပ်ချ်အိုင်ဗွီအတွက် သွေးစစ်
မယ်ဆိုရင် အရင်ဆုံး ဆွေးနွေးမှုလုပ်ပါ၊
သေချာ နားလည်သိရှိပြီဆိုမှ သွေးစစ်ပါ၊
ဒါမှလည်း ရလာတဲ့သွေးအဖြေကို လက်ခံ
ပြီး စိတ်ချလက်ချနေနိုင်မှာပါ၊
Prevent မှာ ဆွေးနွေးမေးမြန်းမှုများကို
လက်ခံဖြေကြားပေးနေပါတယ်၊ လိုအပ်
တဲ့ ဆွေးနွေးမှုများ ပြုလုပ်ပေးပါတယ်၊
Hotline ☎ 09775292602
15/05/2026
အိပ်ချ်အိုင်ဗွီပိုး ကူးနိုင်တဲ့
အခြေအနေများ၊
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊
အကာအကွယ်သုံးပေမယ့် ပေါက်ပြဲခြင်း၊
အခြေအနေတွေမှာ လိင်ဆက်ဆံဖော်ရဲ့
အိပ်ချ်အိုင်ဗွီပိုး ရှိ/မရှိ မသိနေခြင်း၊
အပြင်ပန်းကြည့်ပြီး ဘယ်သူ့မှာ ကူးစက်
နေတယ်ဆိုတာ မသိနိုင်တဲ့အပြင်၊ ပိုးရှိနေ
ပြီး သွေးမစစ်ရင်လည်း မသိနိုင်တဲ့အတွက်
အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်၊
အိပ်ချ်အိုင်ဗွီကူးစက်မှုကို ကြိုတင်ကာကွယ်
လို့ရတယ်၊ အရေးပေါ် ကာကွယ်လို့ရတယ်
ဆိုပေမယ့် သတ်မှတ်ထားတဲ့ အချိန်အတွင်း
ဖြစ်ရပါမယ်၊
Hotline ☎️ 09775292602
14/05/2026
PEP ဆေးသောက်နေချိန်
လိင်ဆက်ဆံလို့ရလား?
အိပ်ချ်အိုင်ဗွီပိုးကူးစက်နိုင်တဲ့ အန္တရာယ်ရှိ
အပြုအမူဖြစ်ပြီးချိန်မှ (၇၂) နာရီအတွင်း
PEP ဆေးသောက်ပြီး ကာကွယ်ရပါတယ်၊
PEP ဆေးသောက်နေချိန် လိင်ဆက်ဆံမယ်
ဆိုရင် အရေးကြီးတဲ့အချက်တွေရှိပါတယ်၊
ဆက်ဆံဖော်က ကိုယ့်ရဲ့ ချစ်သူ၊ဇနီး၊ခင်ပွန်း
လိုမျိုး ပုံမှန်လိင်ဆက်ဆံဖော်ဆိုရင် ကွန်ဒုံး
အကာအကွယ်သုံးရပါမယ်၊
တကယ်လို့ ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံ
မယ်ဆိုရင် PEP သောက်နေချိန်ဖြစ်လို့ ကူး
စက်နိုင်ချေမရှိပေမယ့် ထိတွေ့မှုဖြစ်ပြီးချိန်
မှ နောက်ထပ် (၂၈) ရက်အထိ ဆေးကိုရက်
တိုးသောက်သင့်ပါတယ်၊
PEP ကာကွယ်မှုဟာ ထိတွေ့မှုဖြစ်ပြီးချိန်မှ
(၂၈) ရက် အတိအကျသောက်ရတာဖြစ်လို့
ဆေးသောက်နေချိန် PEP ဆေးရဲ့ကာကွယ်
မှုကြောင့် ကူးစက်နိုင်ချေမရှိသလောက်နည်း
ပေမယ့်ဝင်ရောက်လာတဲ့ အိပ်ချ်အိုင်ဗွီပိုးတွေ
များနေမယ်၊ ဆေးသောက်နေတဲ့ ရက်လည်း
သိပ်မကျန်တော့ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ
ထပ်မံကူးစက်နိုင်ချေ ရှိလာပါတယ်၊
ဒါကြောင့် PEP သောက်နေချိန်မှာ လိင်ဆက်
ဆံမယ်ဆိုရင် ကွန်ဒုံးသုံးတာ၊ ဆေးကိုရက်တိုး
ပြီး သောက်တာမျိုးတွေပြုလုပ်သင့်ပါတယ်၊
Hotline ☎ 09775292602
13/05/2026
ကြိုတင်ကာကွယ်မလား?
အရေးပေါ်ကာကွယ်မလား?
အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတဆင့်
အိပ်ခ်ျအိုင်ဗွီပိုး မကူးစေရန် ကာကွယ်လို့ရ
ပါတယ်၊
လိင်မဆက်ဆံခင် ကြိုတင်ကာကွယ်ရင်
PrEP (pre exposure prophylaxis)
ဆေးရှိပါတယ်၊
လိင်ဆက်ဆံပြီးချိန် အရေးပေါ်ကာကွယ်ရင်
PEP (post exposure prophylaxis)
ဆေးရှိပါတယ်၊
ထိရောက်မှန်ကန်တဲ့ ဆေးဝါးအတွဲတွေနဲ့
သေချာတဲ့လမ်းညွှန်မှုတွေပြုလုပ်ပေးပါတယ်၊
Hotline ☎️ 09775292602
11/05/2026
ကူးစက်ဖို့ရန် မလွယ်ကူပေမယ့်
ကာကွယ်ဖို့ရန် လွယ်ကူပါတယ်၊
အိပ်ချ်အိုင်ဗွီပိုး လွယ်လွယ်မကူးပါဘူး၊
ဒါပေမယ့် ပေါ့ဆလို့မရပါဘူး၊
တစ်ကြိမ် တစ်ခါပဲ အကာအကွယ်မသုံး
ပဲ လိင်ဆက်ဆံမိတယ်၊ အဲ့ဒီ့အကြိမ်မှာပဲ
ကူးစက်သွားတယ်ဆိုတာ ရှိပါတယ်၊
လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရာခိုင်နှုန်း
တော်တော်နည်းပေမယ့် လိင်မှတဆင့်
ကူးစက်တဲ့ ရောဂါတွေ ဖြစ်ပွါးနေပြီး
ကုသမှုလည်း မရှိရင် ကူးစက်နိုင်ချေ
အလွန်များသွားနိုင်ပါတယ်၊
ကာကွယ်ဖို့နည်းလမ်းတွေက,
(၁) အကာအကွယ် (ကွန်ဒုံး) သုံးပါ၊
(၂) Prep ဆေး ကြိုတင်သောက်ပါ၊
(211 Ondemand prep) (Daily prep)
(၃) ဖြစ်ပြီးချိန်မှာ PEP ဆေးသောက်ပါ၊
အကာအကွယ် (ကွန်ဒုံး) နဲ့အတူ PrEP
PEP တစ်မျိုးမျိုးကို ပေါင်းစပ်အသုံးပြု
မယ်ဆိုရင် အိပ်ချ်အိုင်ဗွီပိုး ဘယ်တော့မှ
မကူးစက်အောင် ကာကွယ်နိုင်ပါတယ်၊
Hotline ☎️ 09775292602
10/05/2026
အိပ်ချ်အိုင်ဗွီပိုးကို တစ်လအတွင်းမှာ
စစ်လို့ရလား?
အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်တဲ့ အပြုအမူ
ပြုလုပ်ထားပြီးချိန်မှ (၁)လအတွင်းစစ်လို့
ရတဲ့ Test တွေရှိပါတယ်၊
P24 Antigen test နဲ့ HIV Viral Load test
တွေနဲ့ စစ်လို့ရနိုင်ပါတယ်၊
ပိုပြီးစိတ်ချရအောင် ရက် (၃၀) ကျော်ရင်
နီးစပ်ရာ ဓာတ်ခွဲခန်းမှာ Antibody Test
ဖြစ်စေ Antibody and Antigen Test နဲ့
ဖြစ်စေ ထပ်မံစစ်ဆေးကြည့်သင့်ပါတယ်၊
အိပ်ချ်အိုင်ဗွီပိုး စစ်ဆေးတော့မယ်ဆိုရင်
အရေးအကြီးဆုံးက နှစ်သိမ့်ဆွေးနွေးမှု
(Counselling) လိုအပ်ပါတယ်၊
အိပ်ချ်အိုင်ဗွီနဲ့ ပါတ်သက်တဲ့ ဆွေးနွေးမှု
တွေကို Prevent HIV မှာ အခမဲ့ မေးမြန်း
ဆွေးနွေးလို့ ရပါတယ်၊
Hotline ☎️ 09775292602
10/05/2026
အေအာတီဆေးမသောက်ပဲ
ဘယ်လောက်နေရမလဲ?
အိပ်ချ်အိုင်ဗွီပိုး ကူးစက်တာသေချာရင်
အေအာတီဆေး မြန်မြန်သောက်ရပါမယ်၊
အေအာတီဆေးမသောက်ရင် ဘယ်လောက်
ကြာကြာ နေရနိုင်လဲဆိုတာ တစ်ဦးနဲ့တစ်ဦး
မတူနိုင်ပါဘူး၊
ရောဂါတိုးနှုန်းနှေးသူတွေမှာ (၁၀) နှစ်ကျော်
အထိ ရောဂါလက္ခဏာတွေ မပြတတ်တာမျိုး
ရှိပေမယ့် အလွန်နည်းတဲ့ လူနည်းစုပါ၊
များသောအားဖြင့်က (၃) နှစ်မှ (၅) နှစ်အတွင်း
အခွင့်အရေးယူဝင်ရောက်တဲ့ ရောဂါလက္ခဏာ
တွေဖြစ်လာတတ်ကြပါတယ်၊
အိပ်ချ်အိုင်ဗွီပိုးဝင်ရောက်လာတဲ့ လက္ခဏာတွေ
က မသေချာပေမယ့် အေအိုင်ဒီအက်စ် အဆင့်
ရောက်ရင်တော့ ရောဂါလက္ခဏာတွေ သိသာ
သေချာနေပါပြီ၊
အေအာတီဆေးလုံးဝ မသောက်ရသေးသူများ
မှာ ဖြစ်တတ်တဲ့ ကိုယ်ခံအားကျဆင်းမှုအခွင့်
အရေးယူရောဂါတွေလိုပဲ အေအာတီဆေးကို
သောက်ပြီးမှ ဆေးရပ်လိုက်သူတွေမှာလည်း
ဖြစ်ပွါးတတ်ကြပါတယ်၊
Hotline ☎️ 09775292602
08/05/2026
အေအာတီဆေးတွေ မှန်မှန်သောက်ပြီး
ဘာကြောင့် ပိုးကောင်ရေများနေသလဲ?
အေအာတီဆေးက အိပ်ချ်အိုင်ဗွီပိုးရဲ့
မျိုးပွါးမှုကို ထိန်းချုပ်တားဆီးပေးနိုင်
တဲ့ ပိုးထိန်းဆေးဖြစ်လို့ အချိန်မှန်မှန်
သောက်ဖို့ အလွန်အရေးကြီးပါတယ်၊
အချိန်မှန်မှန် သေချာသောက်နေရင်
အိပ်ချ်အိုင်ဗွီ ပိုးကောင်ရေကျဆင်းရ
ပါမယ်၊
ဆေးမှန်မှန်သောက်နေပြီး ပိုးကောင်ရေ
မကျဆင်းဘူး တန့်နေတယ် ဒါမှမဟုတ်
ပိုများလာတယ်ဆိုရင် သတိထားရမယ့်
အကြောင်းရင်းတွေရှိပါတယ်၊
ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေက,
(၁) သောက်နေတဲ့ ဆေးတွေထဲမှာ
ဆေးတစ်မျိုးမျိုး မတိုးတော့ခြင်း၊
(၂) သောက်နေတဲ့ ဆေးတွေထဲမှာ
ဆေးအားလုံးမတိုးတော့ခြင်း၊
(၃) ဆေးမှန်မှန်သောက်နေပေမယ့်
အချို့သောရက်တွေမှာ မေ့သွားတာ၊
ပျက်ကွက်တာတွေရှိနေခြင်း၊
(၄) အေအာတီဆေးစတင်သောက်ချိန်
မှာ အိပ်ချ်အိုင်ဗွီပိုးကောင်ရေ အလွန်
များနေခြင်း၊
(၅) ကိုယ်ခံအားစနစ် အလွန်ကျဆင်း
နေခြင်း၊
(၆) အခွင့်အရေးယူဝင်ရောက်သော
ရောဂါများ များနေခြင်း၊
(၇) ခန္ဓာကိုယ်မှ အေအာတီဆေးတွေ
ကို စုပ်ယူမှုမကောင်းခြင်း၊
(၈) အခြားသောဆေးဝါးတွေသောက်
နေလို့ (Drug Interaction) ဆေးခြင်း
ဓာတ်တုန့်ပြန်မှုရှိနေခြင်း၊
(၉) ဆေးထားသိုပုံမကောင်းခြင်းနှင့်
ဆေးအာနိသင် ပျက်စီးနေခြင်း၊
စတဲ့အကြောင်းရင်းတွေရှိနေသလား
စဥ်းစားရပါမယ်၊
ဆေးထုတ်ရာနေရာဌာနမှာ ဆရာဝန်နဲ့
ဆွေးနွေးပြီး လိုအပ်တဲ့ လမ်းညွှန်မှုကို
ရယူရပါမယ်၊
Hotline ☎️ 09775292602
Click here to claim your Sponsored Listing.