Memory Box

Memory Box

Share

Daily feeling including motivation, missing and love_based on true story

15/05/2026

လွမ်းတယ်

19/06/2025

သူ အရာရာ အဆင်ပြေဖို့ ဆုတောင်းပေးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး ဗျာ..

17/06/2025

နည်းနည်းလေးပူရင် ချွေးပြန်တတ်တဲ့ ခလေးလေးအတွက် ယပ်တောင် တစ်ချောင်း ဖြစ်ချင်တယ်
နည်းနည်းအေးရင် ခိုက်ခိုက်တုန်တတ်တဲ့ ခလေးလေးအတွက် စောင်ကလေး တစ်ထည် ဖြစ်ချင်တယ်..
အဲဒီထက်မပိုပါဘူးကွယ်.. 🥺

15/06/2025

ဒီနေ့ တနင်္ဂနွေ နေ့ ..
ဖန်ဆင်းရှင်က ကမ္ဘာကြီး ကို ဖန်ဆင်းတာ တနင်္ဂနွေ တစ်ရက် နားသတဲ့..
ကိုယ်တော့ ခလေးလေး ကို လွမ်းတဲ့စိတ် က နားရက်မရှိပါဘူးကွာ..
ဘလော့ထားတဲ့ ခလေးလေး နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေ.. 🥺

13/06/2025

မျက်စိတစ်မှိတ်လျှပ်တပြက်အတွင်း ငလျင်တွေလှုပ်.. အဆောက်အဦတွေပြို.. လူအသက်ခန္ဓာ ပစ္စည်း ဥစ္စာ ပေါင်းများစွာ ဆုံးရှုံးပျက်စီးကြရတယ်..
မနေ့တနေ့ကပဲ အိန္ဒိယ လေယာဥ်ပျက်ကျတာ လူပေါင်း ၂၀၀ ကျော်.. လေယာဥ်တစ်စီးလုံးမှာ တစ်ယောက်ပဲ အသက်ရှင်သတဲ့.. ပျက်ကျတဲ့ အဆောက်အဦ က သူတွေလဲ ဆုံးရှုံးပျက်စီးကြရမှာ..
အခု လာပြန်ပြီ..
ပူတင် က တတိယကမ္ဘာစစ် စပြီ လို့ ကြေငြာပြီး စစ်အင်အားတွေ ပြင်လိုက်ပြီတဲ့.. Mirror သတင်းဌာန (သြဇာကြီးမားတဲ့ အင်္ဂလန် အခြေစိုက် မီဒီယာကြီး) က ထုတ်ပြန်ထားတာ..
အမေရိကန်မှာလဲ ထရန့် က ရှုပ်တီးရှုပ်တုတ် နဲ့..
ဘာတွေဖြစ်လာမယ်မှန်း မသိတဲ့ ကမ္ဘာကြီးမှာ အမုန်းတရား တွေ ခဏလောက်မေ့ပြီး ချစ်ခြင်းတရားတွေ ပွားများပါကွာ..
မရေမရာ လောကကြီးမှာ စိတ်ဆိုးနေမယ့် အစား ခွင့်လွှတ်ပေးပါလား.. တောင်းပန်ပါတယ်..
မင်း နဲ့ အရင်လို ပြန်ဖြစ်ခွင့်မရှိမှာကို တတိယကမ္ဘာစစ် ဖြစ်မှာထက် ကြောက်မိတယ်.. တကယ်လို့များ စစ်ကြီးဖြစ်ခဲ့ရင် ခုလို သာ အဆက်အသွယ် ဖြတ်ထားရင် မင်း အဆင်ပြေပါ့မလား စိုးရိမ်နေရတာနဲ့ပဲ ကိုယ့်ကိုကိုယ် စိတ်ပူနေဖို့တောင် မေ့နေမယ် ထင်ပါတယ်ကွာ.. 🥺🥺🥺

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon