SSID - Yangon
အသေးစားစက်မှုလက်မှုဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
23/07/2026
ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပေးခြင်း
ရန်ကုန် ဇူလိုင် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများ
အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို (၂၂.၇.၂၀၂၆) ရက်နေ့ နံနက်( ၉း၀၀ )နာရီတွင် ကျင်းပခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ စီမံကိန်း လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ကော်မတီဝင်များတို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဦးစီးမှူးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာန၏လုပ်ငန်းဆောင်ရွက် နေမှုများ၊ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည့် အစီအစဉ်များရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်သူများအနေဖြင့်လည်း လုပ်ငန်းကိုအမှန်တကယ် လုပ်ကိုင်ရန်လိုပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး အခြား သင်တန်းသားများထဲမှ လုပ်ငန်းထူထောင်မည့်သူများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများက ဝင်ငွေတိုးစီမံကိန်းလက်စွဲပါ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်း စည်းကမ်းများ၊ ဈေးကွက် ရှာဖွေရေးနည်းလမ်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဥပဒေ၊ နည်းဥပဒေများရှင်းလင်း ပြောကြားခြင်း၊ သမဝါယမနှင့်စီမံခန့်ခွဲရေးပညာတက္ကသိုလ်(သန်လျင်)မှ ကထိကဆရာမ(၂)ဦးကလည်း ခေါင်းဆောင်မှုဆိုင်ရာဘာသာရပ်များ၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာဘာသာရပ်များကို ညနေ(၄)နာရီအထိ ရှင်းလင်းပြောကြားခဲ့ပါသည်။
13/07/2026
(၁၄၆)ရပ်ကွက် ၊ တောင်ဒဂုံမြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပခြင်း
ရန်ကုန် ဇူလိုင် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၊ အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းရေး ဆောင်ရွက်မည့် လုပ်ငန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို (၁၂.၇.၂၀၂၆)ရက် နေ့လည်(၂:၀၀)နာရီတွင်ကျင်းပခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူများတို့ တက်ရောက်ကြပါသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည့် အစီအစဉ်များ၊ လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ခြင်းများနှင့် လုပ်ငန်းဆိုင်းဘုတ်များ ပေးအပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းထူထောင်မည့်သူများအနေဖြင့်လည်း မိမိတို့လုပ်ငန်းကို တိုးတက်အောင် ဆက်လက်လေ့လာပြီး အိမ်တွင်းတပိုင်တနိုင် လုပ်ငန်းရှင်များမှတဆင့် အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသားတစ်ဦးအား သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးမှ သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
09/07/2026
လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်
ရန်ကုန် ဇူလိုင် ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင် ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက်မှ အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၉.၇.၂၀၂၆)ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ လှည်းကူးမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူများ တက်ရောက်ကြ ပါသည်။
ဦးစွာ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနေမှုများ၊ စားသောက်ကုန် လူသုံးကုန်လုပ်ငန်းများအား ဓါတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးရောင်းချ နိုင်စေရန် လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သင်တန်းလာရောက် ဖွင့်လှစ်ခြင်းအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ၄င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ(၁၅)ဦးအား ရင်စေ့/ရင်ဖုံး အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ အမျိုးသမီးရှပ်အင်္ကျီ၊ ကလေးဝတ် အင်္ကျီ၊ ဘောင်းဘီချုပ်နည်းနှင့် စက်ချုပ်နည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇူလိုင်လ (၉) ရက်နေ့မှ ဩဂုတ်လ (၂၇)ရက်နေ့ အထိ (၁)လခွဲကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပါသည်။
07/07/2026
(ဆ/က)ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆင်းပွဲ ကျင်းပခြင်း
ရန်ကုန် ဇူလိုင် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ အမျိုးသမီးများဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ် နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို (၇.၇.၂၀၂၆)ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Nature Green Myanmar မှ Founder ဒေါ်မာလာရင်၊ (ဆ/က)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားသင်တန်းသူများတို့ တက်ရောက်ကြပါသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးက ဝင်ငွေတိုးစီမံကိန်းသင်တန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည့် အစီအစဉ် များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် မိမိတို့လုပ်ငန်းကိုအောင်မြင်အောင် ဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ကြရန်၊ ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများဖြစ်သော လုပ်ငန်း မှတ်ပုံတင်ဆောင်ရွက်ခြင်းများနှင့် ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်စေရန် ဓါတ်ခွဲစမ်းသပ်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးအား သင်တန်းသားများ ကိုယ်စား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး Nature Green Myanmar မှ Founder ဒေါ်မာလာရင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း သတင်းပါရှိမှု
30/06/2026
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း
ရန်ကုန် ဇွန် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၃၀.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)တွင် ရန်ကုန်တိုင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များနှင့် လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသားသင်တန်းသူများတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက “ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်မှာ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း SMEs လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးလျက်ရှိပါကြောင်းနှင့် ယခုအခါတွင်လည်း နိုင်ငံတော်မှ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့်လုပ်ငန်း ထူထောင်မည့်သူများအနေဖြင့် ဌာနမှသင်ကြားပေးလိုက်သော ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူပြီး အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးက " ဌာန၏လုပ်ငန်း ဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပို့ချနေမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများ၊ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ စျေးကွက်အတွင်းသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချ နိုင်ရန် ဓါတ်ခွဲစမ်းသပ်ပေးနေမှုများနှင့် ဌာနမှဆောင်ရွက်နေသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည် ” ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လုပ်ငန်းထူထောင်လုပ်ကိုင်မည့်သူများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
23/06/2026
ရန်ကုန် ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၏ ကျောင်းနေအရွယ်သားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို (၂၂.၆၂၀၂၆) ရက်နေ့၌ ရန်ကုန်တိုင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
23/06/2026
တောင်ဒဂုံမြို့နယ်၊ (၁၄၆)ရပ်ကွက်၌ ဝင်ငွေတိုးစီမံကိန်းသင်တန်း အကောင်အထည်ဖော်ဆောင်ရွက်
ရန်ကုန် ဇွန် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းရေးဆောင်ရွက်မည့် လုပ်ငန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ့မေတ္တာအိမ်ရာ(၃)ခန်းမ၊ (၁၄၆)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၌ (၂၃.၆.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒါရိုက်တာဒေါ်ဗန်လီဇာအောင်၊ (၁၄၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးက "အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းဖွင့်လှစ်ပြီးစီးပါက လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးသွားမည့် အစီအစဉ်များနှင့် လုပ်ငန်းထူထောင်မည့်သူများကို ဌာနအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၃.၆.၂၀၂၆) ရက်နေ့မှ (၁၂.၇.၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်ခြင်း၊ ခေါင်းလျှော်ရည်ပြုလုပ်ခြင်း၊ ဆပ်ပြာခဲ အမျိုးမျိုးပြုလုပ်ခြင်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်ခြင်း၊ လက်ဆေးဆပ်ပြာပြုလုပ်ခြင်း၊ ရေချိုးဆပ်ပြာ ပြုလုပ်ခြင်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်ခြင်းတို့ကို စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက် များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော သဘာဝဆိုးဆေးနှင့် Botanical printing နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား သတင်းပါရှိမှု
15/06/2026
အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပခြင်း
ဇွန် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သော အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၅.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက သင်တန်းဆင်းများအနက်မှ ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် သူများကို ဌာနအနေဖြင့် ပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေများ၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်ပါက ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်ရန် ဌာနတွင်ဓါတ်ခွဲစမ်းသပ်ပေးနေမှုများ၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများနှင့် ဌာန၏လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသူတစ်ဦးကို သင်တန်းဆင်းထုတ်ကုန်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို နံနက်(၁၁း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |