BCG

BCG

Share

BCG - Broadcasting Corporation Global 🌍Trusted news from Myanmar & worldwide. Breaking news, in-depth reports & global updates 24/7.

Accurate, reliable & unbiased info. Follow for the latest headlines.

18/10/2025

မင်းလှတွင် စစ်တပ်အင်အား ၆၀ ခန့်ပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား – စစ်တပ်ဘက် ၁၂ ဦးသေ၊ PDF ဒုတပ်ခွဲမှူး ဝဿန် ကျဆုံး

မန္တလေးတိုင်း မင်းလှမြို့နယ်အတွင်းတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၂ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မင်းလှမြို့နယ် လက်ပံတံခါးကျေးရွာအနီး သရက်အုပ်လမ်းခွဲရှိ စာသင်ကျောင်းအနီး၌ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်ဘက်မှ မလွန်ကပစ ၂ မှ အင်အား ၆၀ ခန့်ပါ စစ်သားများ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း ဒုတပ်ခွဲမှူး ဝဿန် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ညနေ ၄ နာရီ ၅ မိနစ်အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကား ၂ စီးလည်း ပျက်စီးသွားကြောင်း တိုက်ပွဲဝင်တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း ဒုတပ်ခွဲမှူး ဝဿန်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မပြေးနိုင်တော့သဖြင့် မိမိလက်အောက် တော်လှန်ရေးရဲဘော်များကို ဆုတ်ခိုင်းကာ ကိုယ်တိုင် စစ်တပ်ထံတွင် အဖမ်းမခံရန် လက်ပစ်မိုင်းဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

“ဒုတပ်ခွဲမှူး ဝဿန်က မိုးရွာနေတဲ့အချိန် မပြေးနိုင်တော့ဘဲ ကိုယ့်ရဲဘော်တွေကို သေနတ်ပေးပြီး ကိုယ့်ကိုယ်ကို လက်ပစ်မိုင်းနဲ့ ဖောက်ခွဲသတ်သွားတာပါ။ သူက အာဇာနည်သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးခဲ့ရတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းမှ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားခဲ့သည်။

တစ်ဖက်တွင် စစ်တပ်ဘက် လော်ဘီတယ်လီဂရမ်ချန်နယ်များမှ မင်းလှတိုက်ပွဲအတွင်း PDF တပ်သားတစ်ဦး RPG ကျည်ထိမှန်၍ ခန္ဓာကိုယ်အစိတ်အပိုင်းများအဖြစ်ဖြစ်သွားကြောင်း ဓာတ်ပုံဖြင့်တကွ လိမ်လည်သတင်းများ ထုတ်ပြန်ခဲ့သော်လည်း ထိုသတင်းများမှာ မှန်ကန်ခြင်းမရှိကြောင်း မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။
📸 ဓာတ်ပုံ – မူလအရင်းအမြစ် (Social Media မှ ရရှိ)

18/10/2025

နတ်တလင်းတွင် စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း နတ်တလင်းမြို့နယ်အတွင်းတွင် စစ်တပ်က ဆက်တိုက် ၂ ရက်တိုင်ပင် ဗုံးကြဲခဲ့ရာ ဒဏ်ရာရသူအပါအဝင် ပြည်သူအနည်းဆုံး ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲမှုသည် အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မကျီးပင်ဆည်ဘောင်ပေါ်ရှိ ရှင်းလင်းဆောင်တစ်လုံးကို ဗုံးကြဲခြင်းဖြင့် စတင်ခဲ့ပြီး ထို့နောက် အောင်သုခစက်လှေဆိပ်နှင့် သင်္ဘောချည်တိုင်ဘုန်းကြီးကျောင်းကိုလည်း ထပ်မံ ဗုံးကြဲခဲ့ကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။

ဤတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထိုင်ဆရာတော်နှင့် စစ်ဘေးရှောင်ပြည်သူအနည်းဆုံး ၄ မှ ၅ ယောက်ခန့် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် မကျီးပင်ရွာအနီးတွင်လည်း စစ်တပ်မှ ဗုံးများ ထပ်မံကြဲခြင်းကြောင့် အသက် ၅၀ ဝန်းကျင်ရှိမိခင်တစ်ဦးနှင့် အသက် ၂၀ ဝန်းကျင်ရှိ သမီးတစ်ဦး သားအမိနှစ်ဦးအပါအဝင် နေရာမှာပင် သေဆုံးခဲ့ကြသည်ဟု သိရသည်။

အခြားတစ်ဖက်တွင် မယင်းရွာရှိ စာသင်ကျောင်းကိုလည်း စစ်တပ်က ဗုံး ၂ လုံးထပ်မံကြဲရာ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းအဆောက်အအုံလည်း အပြည့်အဝ ပျက်စီးသွားကြောင်း ထပ်ဆင့်သိရသည်။

Photo: Social media

Photos from BCG's post 18/10/2025

နတ်ရေကန်ဗျူဟာကုန်းတွင် ကျန်နေသေးသည့်နေရာများကို အေအေတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင်နေ

အာရက္ခတပ်တော် (အေအေ) သည် မကွေးတိုင်း ငဖဲမြို့နယ် အတွင်းရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းတွင် ကျန်ရှိနေသေးသည့် နေရာအချို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်းကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဗျူဟာကုန်းသည် အမ်း–ပဒါန်းလမ်းဟောင်းအပေါ်တွင် တည်ရှိပြီး စက်တင်ဘာလကုန်ပိုင်းကတည်းက အေအေနဲ့ မဟာမိတ်တပ်များက တကျော့ပြန်ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာခဲ့ကြသည်။ ယနေ့အထိလည်း တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

အေအေရဲ့ ထုတ်ပြန်ချက်အရ “နတ်ရေကန်ဗျူဟာကုန်း မကျရန်အတွက် စစ်ကော်မရှင်ဘက်မှ လေကြောင်းပစ်ကူနှင့် စစ်ကူထောက်ပံ့မှုများကို ဆက်လက်ပေးနေသော်လည်း အာရက္ခစစ်သည်တော်များက အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင်ဆက်လက်ပြုလုပ်နေကြသည်” ဟု ဖော်ပြထားသည်။

ဘီဘီစီသတင်းရင်းမြစ်များအရ နတ်ရေကန်ဗျူဟာကုန်း၏ နေရာအများစုကို အေအေနဲ့ မဟာမိတ်တပ်များက သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ ဆုတ်ခွာသွားသော စစ်ကော်မရှင်တပ်များကတော့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံတဝိုက်တွင် ခံစစ်ပြင်နေကြသည်ဟု သိရှိရသည်။

အေအေရဲ့ ထုတ်ပြန်ချက်တွင်လည်း မနေ့အထိ တချို့နေရာများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့က အလံဖြူဖြင့် လက်နက်ချအလင်းဝင်လာကြောင်းနှင့် တချို့ကို တိုက်ပွဲအတွင်း လက်နက်အပါအဝင် ဖမ်းဆီးရမိကြောင်း ဓာတ်ပုံများဖြင့်ဖော်ပြထားသည်။
Photo: social media

17/10/2025

မင်းအောင်လှိုင်က ကိုယ်တိုင် ကိုယ်စားလှယ်လောင်းများ စိစစ်နေကြောင်း ထုတ်ဖော်ပြော – စစ်တပ်ကို ဝေဖန်တိုက်ခိုက်ပါက အမတ်လောင်းအဖြစ်မှ ပယ်ဖျက်နိုင်ကြောင်း ခြိမ်းခြောက်

BCG News ၊ အောက်တိုဘာ ၁၇ ရက်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရေး လုပ်ငန်းကို သူကိုယ်တိုင် လုပ်ဆောင်နေကြောင်း အောက်တိုဘာ ၁၅ ရက်နေ့ ပြုလုပ်သော NCA ၁၀ နှစ်ပြည့် အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က “ရွေးကောက်ပွဲဝင်စာရင်းပေးထားသူ စုစုပေါင်း ၅၇ ပါတီ၊ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ရှိပြီး အတန်းပညာနှင့် အခြားကိစ္စရပ်များတွင် ငြိစွန်းနေသူများကို တွေ့ရသည်။ ထို့ကြောင့် တချို့ကိုယ်စားလှယ်လောင်းများတွင် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် စစ်အုပ်စုက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပါတီများအနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ပြုထားပြီး၊ မဲဆွယ်စည်းရုံးမှုအတွင်း စစ်တပ်ကို ဝေဖန်တိုက်ခိုက်ပါက အမတ်လောင်းအဖြစ်မှ ပယ်ဖျက်နိုင်ကြောင်း စည်းမျဉ်းချထားသည်ဟု တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

“မြို့နယ်ကော်မရှင်ဘက်က မဲဆွယ်စည်းရုံးရာတွင် တပ်မတော်ကို မဝေဖန်ရဘူးလို့ အသိပေးခဲ့တယ်။ ငြိစွန်းခဲ့လျှင် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နိုင်တယ်လို့ ပြောတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲဝင် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ မဲဆွယ်စည်းရုံးနိုင်ပြီး၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော အချက် ၉ ချက်ပါ စည်းမျဉ်းများကို လိုက်နာရမည် ဖြစ်သည်။

အဆိုပါ စည်းမျဉ်းများတွင် –

စစ်တပ်ပြိုကွဲရေး မဖြစ်စေရန်၊

စစ်တပ်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

လူမျိုး၊ ဘာသာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပဋိပက္ခ မဖြစ်စေရန်၊

ဘာသာရေးကို နိုင်ငံရေးအတွက် မသုံးစွဲရန်၊

အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆန့်ကျင်ရန် မသွေးထိုးရန်

စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ မဲဆွယ်ဟောပြော စာမူများကို စိစစ်ပြီး ပြင်ဆင်ရေးသားခိုင်းခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးမှုများ ပြုလုပ်မည်ဟုလည်း ထုတ်ပြန်ထားသည်။

BCG News သည် မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ စစ်ရေးနှင့် လူ့အခွင့်အရေး သတင်းများကို တိကျမှန်ကန်စွာ တင်ပြပေးနေပါသည်။

17/10/2025

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း သတင်းများ
By BCG News

ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ တင်ပြပေးမယ့် သတင်းတွေကတော့ —

🔸 ဒေါ်အောင်ဆန်းစုကြည် အကြောင်း
အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ စကားပြောခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်) က လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုနေသော်လည်း စစ်အုပ်စုက အခုထိ တုံ့ပြန်မှုမရှိသေးတာကြောင့် စိုးရိမ်ပူပန်နေကြောင်း ထုတ်ပြန်ထားပါတယ်။

🔸 ချင်းပြည်နယ်တွင် အကျဉ်းသားကယ်တင်ရေး စစ်ဆင်ရေး
ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားများကို ကယ်ထုတ်ရန် CNA နှင့် CDF တပ်ဖွဲ့များက လျှပ်တပြက်စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး CNA၊ CDF စစ်သားများအပါအဝင် အကျဉ်းသား စုစုပေါင်း ၁၅ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNA) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဖော်ပြခဲ့ပါတယ်။

🔸 ပခုက္ကူမြို့နယ် စစ်အုပ်စုတပ်တိုက်ခိုက်မှု
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်း ရိက္ခာယူပြီး ပြန်လမ်းမတော်သော စစ်အုပ်စုတပ်စစ်ကြောင်းကို ပြည်သူ့တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

BCG News သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော နိုင်ငံရေး၊ စစ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများကို သက်ဆိုင်ရာအရင်းအမြစ်များမှ သတင်းအချက်အလက်မှန်အောင်စုဆောင်းတင်ပြနေပါသည်။

16/10/2025

ပုလောမြို့နယ် မင်းပြင်နှင့် တန်းရှင်းရွာတွင် စစ်တပ် အကြမ်းဖက်မှု ဆက်တိုက်ဖြစ်ပေါ်

BCG News ၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မင်းပြင်ရွာတွင် စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှ စ၍ နေ့စဉ်အကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး၊ အရက်အသီးအနှံမရှိသော နေအိမ်များကို ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သတင်းပေးထားသည်။ မီးရှို့ခံရသော နေအိမ်အရေအတွက်မှာ ၂၀ နီးပါးဖြစ်သော်လည်း အတိအကျ အတည်ပြုနိုင်မှု မရှိသေးသေးသည်။

အလားတူပင် တန်းရှင်းရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြပြီး၊ အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာနှင့် စက်လက်များဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ဒေသခံများထိခိုက်မှု မရှိသေးကြောင်း သိရသည်။

ဒေသခံများအရ၊ “စစ်ခွေးတွေက တိုက်ပွဲမဖြစ်ပွားချိန်က တန်းရှင်းရွာကို ဗုံး ၂ လုံးကျဲပြီး စက်လက်ဖြင့်ပါ ပစ်ခိုက်ထားတာပါ။ ပြည်သူတွေ ထိခိုက်မှု မရှိဘူး” ဟု ပြောကြားထားကြသည်။

16/10/2025

Argentina's $20 Billion Bailout: Trump's Support and the Fine Print

In a significant move, U.S. President Donald Trump has extended a $20 billion financial aid package to Argentina, aiming to bolster the nation's economy amidst its ongoing crisis. This gesture underscores the close ties between Trump and Argentine President Javier Milei, who has been implementing bold economic reforms since taking office in December 2023.

Key Details of the Bailout:

Amount and Purpose: The $20 billion bailout is designed to stabilize Argentina's economy, address mounting debt, and support Milei's free-market reforms.

Conditions and Fine Print: While the aid is substantial, it comes with specific conditions. These include fiscal austerity measures, structural reforms, and commitments to international financial institutions. Critics argue that these stipulations may limit Argentina's economic sovereignty and impact social programs.

Implications for Argentina:

Economic Stabilization: The bailout provides immediate relief to Argentina's financial system, helping to stabilize the currency and reduce inflationary pressures.

Reform Challenges: Implementing the required reforms may face political resistance domestically, potentially leading to social unrest.

International Relations: The aid strengthens Argentina's relationship with the United States but may strain ties with other global partners who view the conditions as overly stringent.

Conclusion:

While the $20 billion bailout offers a lifeline to Argentina's struggling economy, the associated conditions present both opportunities and challenges. The coming months will be crucial in determining whether the reforms can be successfully implemented without significant social or political fallout.

16/10/2025

Istanbul Declares Gaza City Its Sister City, Approves Humanitarian Aid for Palestinians

The Istanbul Metropolitan Council has unanimously approved a proposal to make Gaza City its sister city, in a powerful gesture of solidarity with the Palestinian people. The decision was made on October 16, paving the way for closer cooperation in education, culture, economy, and humanitarian support, according to TRT News.

As part of this partnership, Istanbul and Gaza will collaborate on joint projects that promote cultural exchange, educational development, and economic empowerment. The move reflects Istanbul’s long-standing commitment to supporting the Palestinian cause and addressing the hardships faced by Gaza residents under ongoing conflict and blockade conditions.

In a related move, the Metropolitan Council also approved a separate motion to send humanitarian aid to Gaza. The aid is expected to include medical supplies, food, and essential relief items to support civilians who continue to suffer from shortages caused by the blockade and destruction from repeated violence.

Officials from Istanbul highlighted that the sister city decision symbolizes Turkey’s “moral duty and fraternity” toward the people of Gaza, emphasizing the importance of humanitarian cooperation in times of crisis.

The Istanbul-Gaza partnership aims to build stronger cultural and humanitarian ties while promoting global awareness of the situation in Palestine.

News Source: TRT News
Published by: The Daily Edge

16/10/2025

မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်အဖွဲ့များ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကြောင်း ထုတ်ဖော်

BCG News ၊ အောက်တိုဘာ ၁၆
မြန်မာနိုင်ငံမြောက်ပိုင်းကို အခြေခံပြီး လှုပ်ရှားနေသည့် ရာဇဝတ်အဖွဲ့များသည် စစ်ခေါင်းဆောင်များနှင့် ဒေသ နိုင်ငံရေးသမားများ၏ ကျောထောက်မှုဖြင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း၊ ကိုးကန့် ဒေသမှ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဝေဆန်းက ထွက်ဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဖမ်းဆီးထားသော ဝေဆန်းနှင့် အင်တာဗျူးထုတ်လွှင့်ခဲ့ပြီး ၎င်းအင်တာဗျူးတွင် ဝေဆန်းက ကိုးကန့်ဒေသမှ ဝေမိသားစုနှင့် ပတ်သက်၍ ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ဝန်ခံလိုက်သည်။ ဝေမိသားစုသည် ကိုးကန့်ဒေသတွင် လက်နက်ကိုင်တပ်ကို တိုက်ရိုက်ကွပ်ကဲခဲ့ပြီး အခြားရာဇဝတ်အဖွဲ့များသည် စစ်သားများကို ငှားရမ်းအသုံးပြုကြောင်း ဝေဆန်းက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်က နယ်ခြားစောင့်တပ်များအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းရန် သဘောတူညီခဲ့ပြီး ဤအတွက် ကိုးကန့်ပြည်သူ့စစ်အဖွဲ့များပေါ်ပေါက်လာကြောင်း သိရှိရသည်။ CCTV သတင်းဌာနအရ “သူတို့သည် အစိုးရဆီမှ လစာထုတ်ပြီး နယ်ခြားစောင့်ရှောက်ရေးလုပ်ပေမယ့် မိသားစုအကျိုးစီးပွားအတွက် အာဏာကို အသုံးပြုခဲ့ကြသည်” ဟု ဖော်ပြထားသည်။

ဝေဆန်းအနေနှင့် သူ၏ တူဖြစ်သူ Chen Dawei ကို ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ပြီး Chen Dawei သည် အနည်းဆုံး လူသတ်မှု တစ်ခုကို ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဝေဆန်းနှင့် မိသားစုအား လူသတ်မှု၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတို့အတွက် သံသယရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

ဝေဆန်းနှင့် မိသားစုတို့၏ လှုပ်ရှားမှုကြောင့် တရုတ်နိုင်ငံသား ၈ ဦး သေဆုံးခဲ့ပြီး၊ ၎င်းတို့၏ ရာဇဝတ်မှုများမှ ထွက်လာသည့် အမြတ်ငွေသည် ဒေါလာသန်းပေါင်းများစွာနဲ့ ညီမျှကြောင်း သိရှိရသည်။ အဆိုပါ အမှုအပေါ် တရုတ်နိုင်ငံက မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လွန်ခဲ့သည့်နှစ်နှစ်အတွင်း တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင် ဝေဆန်းအပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများအတွက် တရားစွဲခဲ့ပြီး တရုတ်နိုင်ငံအတွင်း တရားစွဲချက်များအရ လိမ်လည်မှု၊ လူသတ်မှုရည်ရွယ်ချက်၊ နယ်စပ်ထိန်းသိမ်းမှုမရှိခြင်းနှင့် ငွေညှစ်မှုတို့ဖြင့် တာဝန်ယူရမည့်အနေဖြင့် ဆောင်ရွက်နေကြသည်။

တရုတ်နိုင်ငံအာဏာပိုင်များက ဝေဆန်းနှင့် မိသားစုတို့၏ ရာဇဝတ်မှုများကို အချိန်မရွေး စီမံနိုင်ကြောင်းနှင့် တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးကို ကာကွယ်ရန် တာဝန်ရှိကြောင်း ထုတ်ပြန်ထားသည်။

Website