Climate Proof - Waterproofing

Climate Proof - Waterproofing

Share

Provide Waterproofing solutions and services for residential, commercial, and industrial projects.

Photos from Climate Proof - Waterproofing's post 19/03/2026

သင့်အဆောက်အဦးရဲ့ ဘယ်နေရာတွေက ရေယိုနိုင်ခြေ အများဆုံးလဲ။

အဆောက်အဦးရယ်လို့ ဆောက်ပြီးရင် Waterproofing လုပ်ခဲ့သည်ဖြစ်စေ မလုပ်ရသေးဘူးဖြစ်စေ အချိန်တခုရောက်လာခဲ့ရင် ရေယိုနိုင်ခြေ ရှိပါတယ်။

အဲ့လို ရေယိုစိမ့်မူတွေက သင့်အဆောက်အဦးရဲ့ ဘယ်လိုနေရာတွေမှာ အဖြစ်များလဲဆိုတာကို ကျနော်တို့ တောက်လျှောက်ကြည့်ခဲ့တဲ့ Survey တွေနဲ့၊ ပြင်ဆင်ပေးခဲ့ရတဲ့ Project Reference တွေပေါ်မူတည်ပြီး ပြန်လည်မျှဝေပေးပါ့မယ်။

၁။ Roof Slab (ကွန်ကရစ် အမိုး)

အဆောက်အဦးရဲ့ ရေယိုနိုင်ခြေအများဆုံး ပထမနေရာကတော့ Roof Slab တွေပါ။ နောက်ပိုင်း အဆောက်အဦးတွေမှာ သွပ်အမိုးတွေနေရာကို Roof Slab တွေအစားထိုးသွားပါပြီ။ Space တခုပိုထွက်လာပြီးတော့ Design အရလည်း အားသာချက်တွေရှိပါတယ်။

ဆောက်ကတည်းက တိကျတဲ့ Waterproofing ကို ထည့်မဆောက်ခဲ့ရင်တော့ Roof Slab ရှိခြင်းက အားနည်းချက်ဖြစ်လာပါလိမ့်မယ်။ ဒီနေရာမှာ Waterproofing ကလုပ်ဖို့လိုလို့လား၊ Roof Slab ကို Topping လောင်း(သို့) ကြွေပြားကပ်လိုက်ရင် ရေယိုမှာမှ မဟုတ်တော့တာလို့ တွေးထားရင် သင်လုံးဝမှားနေပါပြီ။

ဘာလို့လဲဆိုတော့ Topping လောင်းထား၊ ကြွေပြားကပ်ထားပြီးရေယိုလာလို့ ပြင်ပေးရတဲ့ အိမ်ပေါင်းမနည်းတော့ဘူးမို့ပါ။ Waterproofing ရဲ့ ကုန်ကျစရိတ်က အဆောက်အဦးတခုလုံးရဲ့ ကုန်ကျစရိတ်ရဲ့ ၁% တောင်မရှိလောက်ပေမယ့် နှမြောခဲ့တဲ့ အိမ်ရှင်တွေအတွက် ရေယိုလာတဲ့အခါ စိတ်ဆင်းရဲရတာနဲ့ နှစ်ခါကုန်တာက အတော်ခံရခက်စေပါလိမ့်မယ်။

၂။ Beam နဲ့ အုတ်နဲ့ အစပ်နေရာတွေ။

နောက်ရေယိုတဲ့နေရာ အများဆုံးဆိုရင် Beam ဒါမှမဟုတ် Column ရဲ့ဘေး အုတ်နဲ့ စပ်နေတဲ့ နေရာတွေက ယိုတာပါ။ (ခုရက်ပိုင်းဆို အဲ့လိုယိုလို့ လိုက်ကြည့်ပေးရတာတွေက ပိုတောင်များလာသလိုပါပဲ)

သဲ၊ ဘိလပ်မြေ စတဲ့ ပစ္စည်း Quality တွေကိုမကောင်းလို့လား၊ Workmanship တွေပဲ အားနည်းလာလို့လား မသိပေမယ့် အုတ်နဲ့ Beam အစပ်တွေက ရေယိုတာတွေက တိုက်ခန်းပဲ ဖြစ်ဖြစ်၊ လုံးချင်းပဲ ဖြစ်ဖြစ် ဆောက်ပြီး နှစ်ပိုင်းအတွင်းကို ရေယိုတာမျိုးတွေဖြစ်နေကြတာပါ။

တကယ်တော့ ဒီလိုနေရာတွေဟာ ဆောက်တည်းက မဖြစ်မနေကို Waterproofing ကို ထည့်ဖို့စဥ်းစားသင့်နေပါပြီ။ ဥပမာ Beam နဲ့ အုတ်အစပ် ဟနေတဲ့ နေရာနားမှာ မဆာလာနဲ့ ပေါက်ချောလိုက်တာထပ် Mortar တမျိုးမျိုးကို လက်လုပ် Pump တွေနဲ့ ထည့်တာ ဒါမှမဟုတ် Backer Rod ထည့် Sealant ထိုးပြီးမှ အပေါ်က Plaster သာပြန်ချောတာမျိုးလုပ်နိုင်ခဲ့ရင် ကုန်ကျစရိတ်လဲ သက်သာပြီး အနာဂတ် ဒီပြသနာတွေအတော်လေးလျော့သွားမယ်ထင်ပါတယ်။

အဲ့လိုမှ မလုပ်ခဲ့လို့ ဆောက်ပြီးမှ ရေယိုခဲ့မယ်ဆိုရင် ဆေး၊ ပလာစတာ ပြီးပြီးသားနေရာကို ခွဲထုတ်ပြီး ရေလုံအောင် ပြန်ပြင်ရတာက အသစ်အတိုင်းပြန်ရဖို့ဆိုရင် ကုန်ကျစရိတ်အတော်လေးများပါတယ်။

ခိုင်မာတဲ့ Policy တွေမရှိတာကြောင့် ရေယိုတာမျိုးတွေဖြစ်လာရင် Client တွေပဲ စိတ်ညစ်ရတာများပါတယ်။ တာဝန်ယူပြီး ပြန်ပြင်ပေးတာမျိုးတွေရှိတယ်ဆိုပေမယ့် အခက်အခဲတွေ အများကြီးရှိနေဆဲပဲမို့ ကိုယ်က အဆောက်အဦး ဆောက်တော့မယ်ဆို ဒီလိုနေရာတွေကို နားလည်တဲ့ လူတွေကို Q/C ပဲ ဖြစ်ဖြစ် Service ပြန်ပေးတာမျိုးမျိုးဖြစ်ဖြစ်လုပ်နိုင်ခဲ့မယ်ဆိုရင် အတော်လေးအဆင်ပြေနိုင်မယ့်အကြောင်းပါ မျှဝေပေးချင်ပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

☎️Phone– 09-795816604, 09-799239786

🏡Address - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

18/03/2026

ပဲခူးမြို့မှာရှိတဲ့ မဟာစေတီမွန်ကျောင်းရဲ့ ကျောင်းဆောင်သစ်ပေါ် Exposed Type Waterproofing သုတ်ခြင်း

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။
📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

13/03/2026

အဆောက်အဦးရဲ့ ရေယိုတာအများဆုံးနေရာတွေ

📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

11/03/2026

ပစ္စည်းပို့ခြင်း အနုပညာ

Road to Bago

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

11/03/2026

Cementitious Flexible Type သုတ်ဖြစ်တဲ့ သာကေတက ဆိုဒ်

📞 ဆက်သွယ်ရန် – (09-795816604)
လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 05/03/2026

မြေ‌အောက်ကန်ထပ် ပိုကြာအောင် ပြင်လိုက်ရတဲ့ မြေကြီးပေါ်ကကန်

ရွှေတောင်ကြားထဲမှာရှိတဲ့ ရေထွက်နေတဲ့ မြေအောက်ကန်တခုကို ရေပိတ်သွားအောင် ပြင်ပေးတဲ့ Post ကို တင်ပြီးသိပ်မကြာခင်မှာပဲ (၇) မိုင်ဘက်က အိမ်တလုံးကလဲ သူတို့သုံးတဲ့ ရေကန်က ရေတအားစိမ့်လို့ ကျွန်တော်တို့ Climate Proof အဖွဲ့ ထုံးစံအတိုင်း Site Survey အရင်သွားကြည့်ပေးကြပါတယ်။

အဲ့အိမ်က ဂျိူးဖြူရေကို အဓိကထားပြီးသုံးတာပါ။ အိမ်အနောက်ဖက်မှာ ရေကန်အကြီးတလုံးကို ဆောက်ထားပြီး ဂျိူးဖြူရေကို အဲ့ဒီကန်ထဲအရင်ထည့်ပါတယ်။ ပြီးမှ အိမ်အမိုးပေါ်မှာရှိတဲ့ Tank တွေပေါ်ကို ပြန်တင်ပြီးသုံးပါတယ်။

ပြသနာ အဲ့မြေပြင်ပေါ်မှာရှိတဲ့ ရေကန်ကြီးက ဂျိုးဖြူရေသွင်းထည့်လိုက်လို့ တညလောက်ထားလိုက်ရင် နောက်နေ့လောက်ဆို ကန်ထဲမှာရေမရှိတော့ပါဘူး။ အိမ်ရှင်ဦးလေးရဲ့ အပြောအရဆို တစ်နာရီကို ၂ လက်မလောက် ရေလျော့တဲ့သ‌ဘောရှိနေတာပါ။ ပိုဆိုးတာက ရေလျော့တက်တဲ့ ကန်ရဲ့ဘေးမှာ ဘာရေမှ မရှိနေပဲနဲ့ ခြောက်သွေ့နေတာပါ။ ပြောချင်တာက လျော့သွားတဲ့ ရေဂါလံပေါင်းများစွာက ဘယ်ရောက်သွားမှန်းကို မသိရပါဘူး။

(အိမ်ရှင်ဦးလေး ပြောစကားအရဆိုရင် ရေကန်ရဲ့အောက်မှာ ရေတွင်းရှိခဲ့ပြီးတော့ ဒီလိုရေယိုတာက ငလျင်ကြီးကြီးမားမား လှုပ်ပြီးတဲ့အချိန်မှာစဖြစ်တာပါ။ ကျွန်တော်တို့ မတိုင်ခင်ရှေ့မှာ အဖွဲ့တခုကို ခေါ်ပြင်ထားပေမယ့် စိတ်တိုင်းမကျတာနဲ့ ကျွန်တော်တို့ဆီရောက်လာတာပါ။)

ဆိုတော့ ပထမဦးဆုံး Solution တခုအနေနဲ့ ကျနော်တို့ ကန်ထဲကရေတွေကို ကုန်အောင်ထုတ်လိုက်ပါတယ်။ နောက် ကန်အတွင်းထဲက မဆာလာသားတွေကို ခွာပစ်ပြီး Cementitious Waterproofing ကို နှစ်ကုတ်သုတ်ပြီးတဲ့နောက် Protection အနေနဲ့ Waterproofing အပေါ်ကနေ မဆာလာ ပြန်ချောပါတယ်။ (ကျွန်တော်တို့ ယူဆတာက မဆာလာသားနဲ့ သူ့အောက်က အုတ်တွေက ကြာနေပြီမို့ မမြင်နိုင်တဲ့ Crack တွေထဲက ရေတွေယိုပြီး တွင်းထဲကျသွားတယ်လို့ ယူဆတာမို့ ဒီနည်းကို အရင်ဆုံးသုံးကြည့်ကြတာပါ။)

ကန်ကို သေသေချာချာလေး ပြန်ပြင်ထားတဲ့အတွက် ကျွန်တော်တို့ကော၊ အိမ်ရှင်ကောက ရေယိုတာရပ်ပြီလို့ ယုံကြည်ပြီးတော့ ကန်ထဲကို ရေအပြည့် ၂၄ နာရီထည့်စမ်းကြပါတယ်။ ဒါပေမယ့် ရေတွေက အရင်လို လျော့တုန်းပဲ ဖြစ်တာမို့ အကုန်လုံး အကြပ်ရိုက်သွားကြပါတယ်။ (ရေလျော့တဲ့နှုန်းက နဲနဲလေးပဲ သက်သာတာမို့ အရင်အတိုင်းယိုနေတယ်လို့ ပြောလို့ရပါတယ်။)

အိမ်ရှင်ဦးလေးလဲ စိတ်ဓာတ်ကျသွားပေမယ့် ကန်နံရံတွေက ရေလုံတာသေချာနေပြီမို့ အထဲမှာရှိတဲ့ ရေပိုက်တွေကို ထပ်စဥ်းစားကြပါတယ်။ ကန်ထဲမှာ ရေပိုက် (၃)ပိုက်ရှိပြီးတော့ ပထမပိုက်က အပေါ်က Tank တွေကို ရေတင်တဲ့ပိုက်ပါ။ ဒုတိယပိုက်က ကန်ထဲက ရေကို တိုက်ရိုက်သုံးတဲ့ ပိုက်ဖြစ်ပြီးတော့ နောက်ဆုံးပိုက်က ကန်ထဲရေတွေကို အကုန်ဖောက်ချပစ်တဲ့ပိုက်ပါ။

အဲ့သုံးပိုက်ထဲမှာမှ ကျနော်တို့က အ‌ပေါ်ကို ရေတင်တဲ့ပိုက်ကို မသံကာပါဘူး။ ဘာလို့လဲဆိုတော့ ရေသုံးတဲ့ပိုက်နဲ့ ရေထုတ်တဲ့ပိုက်ကသာ ရေယိုခဲ့မယ်ဆိုရင် များလွန်းတဲ့ရေတွေကို သေချာပေါက်မြင်ရမယ်လို့ တွေးကြလို့ပါ။

အဲ့တော့ ဒုတိယ Solution အနေနဲ့ မသံကာတဲ့ပိုက်ကို အရင်းက ဖြတ်၊ အပိတ်ပိတ် နောက် ရေပြန်ထည့်ပြီး ပြန်စောင့်ကြည့်ကြပါတယ်။ ဒါပေမယ့် ရေကတော့ စိမ့်မြဲစိမ့်နေတုန်းမို့ ထပ်ပြီးအကြပ်ရိုက်ကုန်ကြပါတယ်။ စိမ့်ထွက်သွားတဲ့ ရေပမာဏနဲ့ မနည်းတဲ့အပြင် ဘယ်ကစိမ့်နေမှန်းမသိတော့ ပိုစဥ်းစားရခက်ကုန်ပြီး ထပ်မပြင်ခင် နှစ်ပတ်လောက်တောင် ကြာသွားပါတယ်။

နောက်တော့ ရှိသမျှရေတွေအကုန်စိမ့်သွားဖို့ဆိုရင် အောက်မှာအနှိမ့်ဆုံးရှိနေမယ့် ရေထွက်တဲ့ပိုက်က ဖြစ်နိုင်ဖို့များတယ်ဆိုပြီး ရေထွက်တဲ့ပိုက်ကို စစ်ကြည့်တော့မှာ ကန်ထဲမှာရေနည်းလာရင် ရေထွက်ပိုက်နားမှာ ရေတွေစိမ့်ဝင်နေမှန်း တွေ့သွားခဲ့တာပါ။ အဲ့တော့ ပိုက်နားကို ထွင်းကြည့်လိုက်မှပဲ ရေထွက်ပိုက်အောက်မှာ ဂလိုင်တခုဖြစ်နေပြီး ပိုက်ကလည်း အတွင်းထဲမှာ ကျိုးနေခဲ့တာပါ။

ဂလိုင်ပေါက်ကို သေချာလေးပိတ်၊ ပိုက်အသစ် ပြန်လဲပြီးရေစမ်းလိုက်မှသာ ကန်ထဲမှာရေကလုံးဝမလျော့ပဲ အကောင်းအတိုင်းပြန်ဖြစ်သွားခဲ့တာပါ။

ဒီနေရာပြောချင်တာက ရေယိုတာကို ပြင်တယ်ဆိုတာ တခါတလေ လွယ်လွန်းပေမယ့် တခါတလေမှာ ဆီလိုပေါက်ရှာ၊ အချိန်ပေးပြီးပြင်ရတာမျိုးတွေရှိတက်ပါတယ်။ ဒီလိုကန်တွေမှ မဟုတ်ပါဘူး အမိုးSlab တွေမှာလဲ ရေယိုတာအရှင်းသားတွေ့နိုင်ပေမယ့် Topping လောင်းရုံ၊ Waterproofing ကို ကိုယ်တိုင်ဝယ်သုတ်လိုက်ရုံတဲ့ မလုံနိုင်တာမျိုးတွေရှိနိုင်တာမို့ နားလည်တက်ကျွမ်းတဲ့ Waterproofing Technician တွေနဲ့ တိုင်ပြင်ပြီး ပြင်နိုင်ရင် နှစ်ခါကုန်တာမျိုးကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။

ရေကန်ကို ပြင်တာအချိန်အတော်ကြာသွားပေမယ့် ကျွန်တော်တို့ Climate Proof အဖွဲ့သားတွေကို ယုံကြည်ပေးပြီးတော့ အကြံဥာဏ်တွေရော အကူအညီတွေပါ ပေးပေးခဲ့တဲ့ (၇) မိုင်အိမ်က အိမ်ပိုင်ရှင် ဦးလေးကိုလည်း ဒီနေရာ ကျေးဇူးတင်လိုက်ရပါတယ်။
Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

03/03/2026

How many types of waterproofing do we have?
Climate Proof - Waterproofing
#ရေလုံဆေး # ရေတာဆေး

02/03/2026

Answers for frequent questions.
Climate Proof - Waterproofing

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 27/02/2026

ရေယိုတာကို ပြင်မယ်ဆိုရင် ဒီအချိန်ကသာ အကောင်းဆုံးဖြစ်မှာပါ။

မကြာခင်ပဲ ရောက်လာတော့မယ် မိုးရာသီအတွက် မနှစ်က ရေယိုခဲ့မှန်းသိတဲ့ အဆောက်အဦးကို ခုချိန်ပြင်ဆင်ခဲ့မယ်ဆိုရင် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

အဆောက်အဦးရဲ့ အပြင်ဖက်ခြမ်းတွေဖြစ်တဲ့ အမိုး Slab တွေ၊ နံရံတွေ၊ ဝရံတာတွေနဲ့ တခြားသောနေရာတွေက ပြီးခဲ့တဲ့ မိုးတွင်းမှာသာ ရေယိုစိမ့်မူ ရှိခဲ့တယ်ဆိုရင် နောက်မိုးတွင်းထိ အချိန်မဆွဲသင့်ပဲ ဒီလို အချိန်မျိုး ပြင်ဆင်မယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေ ရနိုင်ပါလိမ့်မယ်။

၁။ ကုန်ကျစရိတ်ကို အတော်လေးလျော့ချနိုင်လိမ့်မယ်။

ဥပမာ သင့်အဆောက်အဦးရဲ့ Beam နဲ့ အုတ်အစပ်ကြားက ရေယိုတယ်ဆိုပါစို့။ ဒီအချိန်မှာ ပြင်မယ်ဆိုရင် မိုးတွင်းမဟုတ်တဲ့အတွက်ကြောင့် ဆေးသုတ်ရုံနဲ့ပြီးသွားပါလိမ့်မယ်။

မိုးတွင်း ရေတွေ ထပ်ယိုတော့မှပြင်မယ်ဆိုရင် Injection ပဲ ထိုးရတာမျိုးတွေ ဖြစ်နိုင်တယ်။ Injection ဆေးက စျေးပိုကြီးတဲ့ အတွက်ကုန်ကျစရိတ်က ပိုများလာနိုင်တယ်။

၂။ Quality ကောင်းတာပိုရနိုင်တယ်။

မိုးတွင်းမှာ ဆေးသုတ်လုပ်ငန်း မလုပ်သင့်ဘူးဆိုတာ ဆေးသုတ်သမားတိုင်းရော၊ သာမန်လူရော သိနိုင်ပါတယ်။ စိုထိုင်းဆများတာနဲ့ ဆေးသုတ် လုပ်ငန်းလုပ်နေတဲ့အချိန် မိုးရွာလိုက်ရင် လုပ်ငန်းရဲ့ Timing မကိုက်တော့ပဲ ရသင့်တဲ့ Quality လဲ မရနိုင်တော့ပါဘူး။

ဒီလိုအချိန်မှာသာ လုပ်မယ်ဆိုရင် Quality ကောင်းဖို့က ပိုသေချာပါတယ်။

၃။ လုပ်ငန်းစဥ်တွေ ရိုးရှင်းတဲ့အတွက် လုပ်ငန်းပြီးတာ မြန်နိုင်တယ်။

ရေယိုတဲ့ Slab ပြင်ကို မိုးတွင်းမှသာ ရေလုံဆေးသုတ်မယ်ဆိုရင် မိုးရွာလာတဲ့အချိန် မျက်နှာပြင်ကို အခြောက်မြန်အောင် Cementitious ခံသုတ်ရတာမျိုး၊ ဆေးသုတ်ရင်း မိုးရွာသွားရင် ခြောက်တဲ့စောင့်ရတာမျိုးတွေရှိတက်တာမို့ လုပ်ငန်းပြီးမယ့်အချိန်ဟာ တွက်ထားတာ ထပ်ပိုကြာတာမျိုးများပါတယ်။

ခုလိုချိန်မှာသာ ရေလုံဆေးလုပ်ငန်းလုပ်မယ်ဆိုရင် ခန့်မှန်းထားတဲ့ ရက်အတိုင်းဝင်အောင် ဆောင်ရွက်နိုင်လိမ့်မယ်။

ရန်ကုန်မိုးတွင်းက စိုထိုင်းဆများတဲ့အတွက် နေရတာ သိပ်မကောင်းတက်တာမို့ မိုးသာ ကိုယ့်အိမ်မှာ ယိုနေတယ်ဆိုရင် ပိုလို့ စိတ်ညစ်ဖို့ကောင်းပါတယ်။ မိုးတွင်းမှ ဒီပြသနာတွေကို အလျင်စလိုပြင်ဆင်တာထပ် ခုပဲ ပြင်ဆင်လိုက်ဖို့ အကြံပေးလိုက်ရပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 23/02/2026

ရန်ကုန်ရဲ့ မိုးကို အံ့တုနိုင်စွမ်းမရှိတဲ့ ကိုလိုနီခေတ်အဆောက်အဦးတခုအား ရေလုံဆေးဖြင့် ပြင်ဆင်ခြင်း။

ထုထည်ကြီးမားပြီးတော့ ခမ်းနားလှပတဲ့ ကိုလိုနီခေတ် အဆောက်အဦးတွေက အများအားဖြင့် ရန်ကုန်မြို့တွင်းမှာ တွေမှာရှိကြပါတယ်။ အားကောင်းတဲ့ Structure တွေ၊ ကြီးမားတဲ့ထုထည်တွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဆောက်ခဲ့ကြတယ်ဆိုပေမယ့် ငလျင်ဒဏ်ကြီးကြီးမားမား ခံခဲ့ရတာတောင် အကောင်းတိုင်းရှိနေကြတုန်းပါ။

သို‌ပေမယ့် မိုးတွင်းမှာ ရွာလာတဲ့ မိုးရေတွေကိုတော့ အဆောက်အဦးအတွင်းပိုင်းထိ ဝင်မလာအောင်တော့ မတားနိုင်ကြတော့ပါဘူး။ အားနည်းနေပြီဖြစ်တဲ့ နံရံတွေက အတွင်းပိုင်းကို ရေစိမ့်ရုံ မဟုတ်တော့ပဲ ရေတွေစီးကျလာတဲ့ အထိဖြစ်နေတာမျိုးတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ မိုးတွင်းမှာ ဒီလိုမျိုး ပြသနာတွေနဲ့ ကြုံတွေ့နေရတဲ့ ဗိုလ်အောင်ကျော်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ အစိုးရရုံးတရုံးကို ကျွန်တော်တို့ Climate Proof Waterproofing အဖွဲ့ အောက်ပါအတိုင်း ဂုဏ်ယူစွာ ပြင်ဆင်‌ပေးခဲ့ပါတယ်။

၁။ ပထမဆုံး ပြင်ခြင်တဲ့ နံရံတွေဘေးကို ငြမ်းဆင်ရပါတယ်။

၂။ ထုံးစံအတိုင်းမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပါတယ်။ ရေညှိတက်နေတဲ့ နေရာတွေ သံBrush နဲ့တိုက်တာ၊ အပင်တွေ ခုတ်တာတွေလုပ်ပါတယ်။

၃။ နောက်မျက်နှာပြင်ကို ဆေးသုတ်လို့ရတဲ့ အနေအထားအထိပြန်ညှိပါတယ်။ နံရံမှာ Void ဖြစ်နေတဲ့ နေရာတွေကို ပြန်ဖာရပါတယ်။

၄။ အလွှာသုံးလွှာရှိတဲ့ ထဲကမှ ဒုတိယအလွှာတခုတည်းက ကွက်ပြင်တာမို့ အလွှာနှစ်ခုကြားမှာ ရေဝင်နိုင်မယ့် နေရာတွေကို ရေကြောဖြတ်ရပါတယ်။

၅။ နောက် အခံဆေးအနေနဲ့ Cementitious Type ကို
နှစ်ကုတ်သုတ်ပါတယ်။

၆။ Cementitious type ကောင်းကောင်းခြောက်ပြီဆိုမှ မိုးဒဏ်လေဒဏ်ခံနိုင်မယ့် Exposed Type Waterproofing ကို နှစ်ကုတ်သုတ်ပေးခဲ့ပါတယ်။

ကိုလိုနီခေတ်အဆောက်အဦးအဟောင်းတွေဟာ ရန်ကုန်မြို့ရဲ့ ပြရုပ်တခုဖြစ်တာနဲ့ အညီ နောက်နှစ်ပေါင်းများစွာထိ တည်ရှိနေနိုင်အောင် သင့်လျော်မှန်ကန်တဲ့ ပြုပြင်မွမ်းမံမူတွေကို အခါအားလျော်စွာ ပြုလုပ်သင့်ပါတယ်။ ကျွန်တော်တို့ Climate Proof Waterproofing အနေနဲ့လည်း ခုလို ရှေးကျတဲ့ အဆောက်အဦးတလုံးကို ရေမယိုအောင် ပြင်ဆင်ပေးခဲ့ ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ရတဲ့ အကြောင်းမျှဝေပေးလိုက်ရပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့

Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 22/02/2026

ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းဆွမ်းစားဆောင်သစ်၏ အမိုး Slab အတွက် Waterproofing လုပ်ငန်း ပြီးစီးခြင်း။

Climate Proof Waterproofing ရဲ့ ယခုလအတွင်း ပြီးစီးခဲ့တဲ့ Project တွေအများကြီးထဲကမှ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းဆွမ်းစားဆောင်အသစ်ကြီးရဲ့ Slab ပြင်ကို Fortune International Company အောက်ကနေ ‌ဆောင်ရွက်ပေးခဲ့မူကို မျှဝေပေးချင်ပါတယ်။

အဆောက်အအုံအသစ်တွေဟာလည်း အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ယိုစိမ့်မူတွေ၊ အက်ကြောင်း (Crack) တွေနဲ့ Structural Damage တွေကို ကာကွယ်နိုင်ဖို့ သင့်လျော်မှန်ကန်တဲ့ Waterproofing တမျိုးကို အသုံးပြုဖို့ရာ အတော်လေး အရေးကြီးပါတယ်။ ဆွမ်းစားဆောင်သစ်ဖြစ်တာနဲ့အညီ ကျွန်တော်တို့ Climate Proof Waterproofing အဖွဲ့ကလည်း ရေရှည်ခံပြီး အကြမ်းခံနိုင်မယ့် Exposed Type Waterproofing ကို အောက်ပါအတိုင်း အသုံးပြုပေးခဲ့ပါတယ်။

၁။ မျဥ်းရိုက်တာကြမ်းနေတဲ့ မျက်နှာပြင်ကို Grinder နဲ့ ပြန်ညှိပါတယ်။

၂။ ပိုမိုချောမွေ့တဲ့ မျက်နှာပြင်ရရန် Mastic Layer တခုကို Mesh နှင့်တကွ ထပ်မံဖန်တီးပါတယ်။

၃။ မျက်နှာပြင်ကောင်းပြီဆိုမှ Exposed Type Waterproofing ကို နှစ်ကုတ်တင်ပါတယ်။

၄။ Curing နဲ့ ဆေးသားကို စစ်ဆေးပြီးချိန်မှာတော့ Water pounding test ပြုလုပ်ပြီးဆုံးခဲ့ပါတယ်။

ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းဆွမ်းစားဆောင် Project အတွက် စလည်ဆုံး ကူညီပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များကိုလည်း ဒီနေရာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ရပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

📞 ဆက်သွယ်ရန် – (09-795816604)

လိပ်စာ - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Photos from Climate Proof - Waterproofing's post 28/01/2026

Slab ပြင်ကို ကြွေပြားကပ်လိုက်ရုံနဲ့ ရေလုံပြီလို့ ထင်နေပြန်ပြီလား။

ကြွေပြာကပ်ခြင်းက သင့် Slab ပြင်ကို ရေလုံအောင်လုပ်ပေးတာမဟုတ်ပါဘူး။ အလှဆင်ရုံ သပ်သပ် သာပါ။

Slab ပြင်ကို အလှဆင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ကြွေပြားကပ်တာ ဖြစ်သင့်ပေမယ့် ရေလုံချင်လို့ ကြွေပြားကပ်တာဆိုရင်တော့ သင်တွေးတာဟာ ကလေးအတွေးလောက်ပဲ ရှိပါတယ်။

ပြီးခဲ့တဲ့လက ဦးချစ်မောင်လမ်းပေါ်မှာ ရှိတဲ့ကိုယ်ပိုင်တိုက်ခန်းရဲ့ အပေါ်ဆုံးထပ်ကို မိုးတွင်းရေယိုတာကြောင့် ပြင်ပေးခဲ့ရပါသေးတယ်။
မိုးယိုတဲ့ Slab ပြင်က ကြွေပြားတွေ အပြည့်ကပ်ထားတာပါ။

Survey ကြည့်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ Option ၂ ခုပေးပါတယ်။ တခုက ကြွေပြားပေါ်ကပဲ Waterproofing လုပ်ဖို့နဲ့ နောက်တခုက ကြွေပြားတွေခွာပြီး မူရင်း Slab ပြင်ကို Waterproofing လုပ်ဖို့ပါ။

အပ်တဲ့အကိုက ဆောက်လုပ်ရေးပိုင်းကို ကောင်းကောင်းနားလည်သူမို့ စျေးပိုများပြီး အချိန်ပိုပေးရတဲ့ ကြွေပြားတွေကို ခွာတဲ့ နည်းလမ်းကိုပဲ အောက်ကအတိုင်းသုံးခဲ့ကြပါတယ်။

၁။ ကြွေပြားတွေကို ပြန်ခွာပါတယ်။

၂။ ကြွေပြားကပ်ကော်တွေနဲ့ Topping သားတွေကို ပြန်ခွာပါတယ်။

၃။ Slab ပြင်မှာရှိတဲ့ Crack တွေကို ပြန်ပြင်ပါတယ်။ (Crack ပြင်တဲ့ နည်းအသေးစိတ်ကို တခြား ပိုစ့်တွေမှာ ကြည့်လို့ရပါတယ်။)

၄။ မျက်နှာပြင်ကို စိတ်တိုင်းကျပြီဆိုမှ ထောင့်တွေကို ဇကာ (Mesh ) နဲ့ Bitumen တွဲပြီး အရင်ချုပ်ပါတယ်။ (ပုံမှန်‌ထောင့်တွေကို Fillet (လူး) ထိုးနေကျပေမယ့် Client ကမကြိုက်လို့ Mesh ကိုပဲ သေချာသုံးပေးလိုက်ပါတယ်)

၅။ နောက်မှ မျက်နှာပြင်တခုလုံးကို Bitumen နှစ်ကုတ် သုတ်ပါတယ်။

၆။ ဆေးက ကောင်းကောင်းခြောက်ပြီဆိုမှ ရေစမ်းပါတယ်။

၇။ ရေစမ်းတာ အဆင်ပြေပြီဆိုမှ အပေါ်ကနေ Topping ပြန်လောင်းပါတယ်။

(မူရင်း Slab ပြင်ကသာ ရေလုံဆေးရဲ့ Layer တခု တွဲနေပြီဆိုရင် Topping ပေါ်မှာ ကြွေပြားကပ်ချင်လဲကပ်လို့ရပါတယ်။)

ကြွေပြားကပ်ကော်တဲ့ ခွာတဲ့အခါ ခွာရတဲ့ ထုက များလို့ အတော်လေးခွာလိုက်ရပါသေးတယ်။

ထပ်ပြောရရင် Slab ပြင်တွေရေယိုလို့ဆိုပြီး Topping တွေ ဘယ်လောက်ထူထူလောင်းလောင်း၊ ကြွေပြားတွေ ဘယ်လိုကပ်ကပ် မူရင်း Slab မှာရှိနေတဲ့ Crack တွေကို မပြင်မချင်း အဆောက်အဦးရဲ့ လုပ်ရှားမူဒဏ်ကို အတိုင်းအတာ တခုထိခံနိုင်မယ့် Waterproofing ပစ္စည်းတခုခုကို သေချာအောင် မသုတ်မချင်း ရေလုံဖို့ရာ အတော်လေး ခက်မယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

Waterproofing Solutions များနှင့်ပတ်သတ်၍သိရှိလိုပါက Climate Proof ထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်များမှ သင့်အဆောက်အဦးအတွက် Survey အခမဲ့ဆင်းပေးနိုင်မှာဖြစ်သလို Waterproofing Solutions နဲ့ Quotation များပံ့ပိုးပေးမှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
☎️Phone– 09795816604
🏡Address - အမှတ် (၅၈၀), ဇာနည် (၁၁) လမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
#ရေလုံဆေး #ရေတားဆေး

waterproofing knowledge

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 580
Yangon