Let Draw With Me
Just Live
06/07/2026
အစကတော့ အနုပညာကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် လျှောက်လှမ်းရင်း ပန်းချီကားတွေကို Collectors တွေဆီ ရောင်းချဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်တော်ကိုယ်တိုင်ကပဲ ကျွန်တော့်ရဲ့ ပန်းချီကားတွေကို အများဆုံးစုဆောင်းသူ ဖြစ်လာခဲ့တယ်😅။ ဆွဲထားသမျှ ကားတွေအကုန်လုံးကို သိမ်းထားမိပြီး မရောင်းဖြစ်တော့ဘူး။
ဒီနေ့တော့ အဲဒီလို သိမ်းဆည်းထားတဲ့ လက်ရာတွေထဲကမှ "Plant Edition" လေးကို စတင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီပန်းချီကားလေးတွေက size သေးတဲ့အတွက် ရုံးစားပွဲပေါ်မှာဖြစ်ဖြစ်၊ စာကြည့်စားပွဲပေါ်မှာဖြစ်ဖြစ် တင်ထားလို့ အရမ်းလှပါတယ်။
အလုပ်များပြီး စိတ်ပင်ပန်းတဲ့အခါမျိုးမှာ ဒီပန်းချီလေးတွေကို ကြည့်ပြီး ဘဝရဲ့အမောတွေကို ဖြေဖျောက်ပေးနိုင်တဲ့ အဖော်မွန်လေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
03/07/2026
အခုလို ယုံယုံကြည်ကြည်နဲ့ အားပေးတဲ့အတွက် အမှန်တကယ်ကို ပျော်ရွှင်ရပါတယ်✨✨
02/07/2026
ဘဝအတွက် လမ်းပြလေးအဖြစ် အမြဲရှိနိုင်ပါပြီနော်✨✨
01/07/2026
"If you spend your time chasing butterflies, they will fly away. But if you spend your time making a beautiful garden, the butterflies will come to you. And if they don't, you still have a beautiful garden."
ကျွန်တော် အရမ်းသဘောကျတဲ့ စာသားလေးပါ။ လိပ်ပြာတွေနောက်ကို တကူးတက ပြေးလိုက်နေမယ့်အစား၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ အနုပညာဥယျာဉ်လေးကို လှပအောင် အရင်ဆုံး ဖန်တီးပေးလိုက်ပါ။
ဒီမှာကတော့ ကျွန်တော့်ရဲ့ ဥယျာဉ်လေးပါ။
တကားချင်းစီတိုင်းကို အသက်ဝင်အောင် ကြိုးစားထားတဲ့ ကျွန်တော့်ရဲ့ အနုပညာ လမ်းကြောင်းလေးတစ်ခုလုံးပေါ့။ ရလဒ်တွေပဲ အရေးကြီးတာ မဟုတ်ဘဲ၊ ကျွန်တော် ဖန်တီးခဲ့တဲ့ ဒီခရီးလမ်း တစ်လျှောက်လုံးကလည်း လှပနေတယ်လို့ ခံစားမိတယ်။
သင်တို့ရော ကိုယ့်ရဲ့ ဥယျာဉ်လေးတွေကို ပြုစုပျိုးထောင်နေကြပြီလား?
30/06/2026
ဘယ်လို creationတွေ မြင်ချင်လဲဆိုတာ commentမန့်သွားလို့ ရပါတယ်နော်
Your dream is mine to create.
29/06/2026
May i be your Lighthouse
ဒီတစ်ခါ ပုံဖော်နေတဲ့ "May I be your lighthouse" bookmark series လေးအကြောင်း ပြောပြချင်ပါတယ်။
အခုလောလောဆယ် ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော်တို့အားလုံး လမ်းပျောက်နေသလို ခံစားနေရတဲ့အချိန်တွေ များတယ်ဆိုတာ သိပါတယ်။ တစ်ခါတလေ ကြိုးစားလိုက်တိုင်း ကျရှုံးလိုက်၊ ကျန်းမာရေးတွေကြောင့် စိတ်ဓာတ်ကျလိုက်၊ စီးပွားရေးအခက်အခဲတွေကြားထဲမှာ ဘယ်လိုရှေ့ဆက်ရမှန်းမသိ ဖြစ်နေတာမျိုးတွေပေါ့။
ကျွန်တော့်ရဲ့ ဒီလက်ရာလေးတွေကတော့ ဘဝရဲ့ မုန်တိုင်းတွေ၊ ကျောက်ဆောင်တွေကြားထဲမှာ စိတ်ဓာတ်မကျသွားစေဖို့ မျှော်လင့်ချက်ရောင်ခြည်လေးတွေအဖြစ်၊ လမ်းပြကြယ်လေးတွေအဖြစ် ရှိနေပေးချင်တာပါ။ လှိုင်းတွေ၊ လေတွေ ကြမ်းနေတဲ့ကြားထဲက မီးပြတိုက်လေးတစ်လုံးလို ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေမှာ မျှော်လင့်ချက်ဆိုတဲ့ အလင်းတန်းလေး ပျောက်မသွားအောင် အဖော်ပြုပေးချင်ပါတယ်။
ဒီ wipလေးကတော့ အဆင်မပြေတဲ့ ကြားကနေ ကျွန်တော့်စိတ်ကူးလေးတွေကို အသက်သွင်းနေတာပါ။ ခက်ခဲတဲ့ကာလတွေကို အတူတူကျော်ဖြတ်ရင်း ဒီbookmark လေးက သင့်ရဲ့နေ့ရက်တွေမှာ အဖော်မွန်လေး ဖြစ်ပါစေ။
19/06/2026
လူပုံတော့ ဆွဲချင်တယ်။
Anatomyတွေ လေ့လာ၊ muscular structureတွေ ဆွဲနဲ့
အဝတ်တွန့်တာ ခေါက်တာကျမှ သဘာဝမကျလို့ စိတ်ညစ်နေတဲ့ ကျွန်တော့်လို artistsတွေအတွက်🥹
အဝတ်တွန့်တာ၊ ခေါက်တာကို X,Y,Zနည်းလေးနဲ့ (ပထမပုံ) စပြီး လေ့ကျင့်စေချင်ပါတယ်။ တခြားသော ပုံစံလေးတွေလည်း ထည့်ပေးထားလို့ တခါတည်း နားမလည်တောင် လိုက်ဆွဲကြည့်ရင် အဆင်ပြေလာလိမ့်မယ်လို့ ယူဆပါတယ်။
အကူအညီ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။✨✨✨
မြတ်နိုးတဲ့သူဆီတော့ ရောက်သွားပြီ✨✨
16/06/2026
ကျွန်တော်ရဲ့ ပထမဆုံးသော artworkကနေ ထုတ်တဲ့ bookmarkလေးပါ။
ဘာလို့ ဒီartworkကို ရွေးချယ်ရသလဲဆိုတော့ သူ့ရဲ့ အဓိပ္ပာယ်လေးကြောင့်ပါ၊
ကိုယ် မင်းကို အကြွင်းမဲ့ ချစ်တယ်တဲ့🖤🖤✨