Zaw Win 2
သွပ်ပြား၊ ကာလာစတီးအမိုးပြားထုတ်လုပ်ဖြန့်ချိရေး နှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
11/12/2025
အမိုးဒီဇိုင်းလေးတွေစိတ်ကူးယဉ်နေရင် ဇော်ဝင်း(၂) မှာရွေးချယ်စရာ(၈)မျိုးကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်ဝယ်ယူရရှိနိုင်ပါတယ်နော်
11/07/2025
မြို့ပြတွေမှာပဲဖြစ်ဖြစ်၊ ကျေးလက်ဒေသတွေမှာပဲဖြစ်ဖြစ် နေရာတိုင်းမြင်တွေ့နေကျ အမိုးပြားတစ်ခုကဘာဖြစ်မလဲ ... 🤔❓
ရိုးရှင်းပေမယ့် အသုံးဝင်မှုအပြည့်ရှိတဲ့ 4 Angles အမိုးပြားပါပဲ 💯
ဘာလို့ 4 Angles က လူတိုင်းရဲ့ပဓာနရွေးချယ်မှု ဖြစ်လာတာလဲဆို
✅ 4 Angles အမိုးပြားတွေဟာ ရိုးရှင်းတဲ့ဒီဇိုင်းရှိလို့ ဘယ်လိုအဆောက်အအုံပုံစံမျိုးနဲ့မဆို လိုက်ဖက်ညီတယ်။
✅ ပေါ့ပါးတဲ့အတွက် သယ်ယူရလွယ်ကူပြီး တပ်
ဆင်တဲ့အခါမှာလည်း အချိန်ကုန်သက်သာစေတယ်။
✅ ကျယ်ပြန့်တဲ့ မျက်နှာပြင်ဖွဲ့စည်းပုံကြောင့် လေဒဏ်၊ မိုးဒဏ်စတဲ့ ရာသီဥတုဒဏ်တွေကို ကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။
ဒါကြောင့်မလို့ အိမ်တွေ၊ ကျောင်းတွေ၊ စက်ရုံတွေနဲ့ ဂိုဒေါင်တွေလို နေရာကျယ်ကျယ်ပြန့်ပြန့် ဆောက်လုပ်ရမယ့် အဆောက်အအုံကြီးတွေအတွက် 4 Angles ဟာ စိတ်ချရတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ် 😉
အရည်အသွေးမြင့် 4 Angles အမိုးပြားတွေ ရှာဖွေနေတယ်ဆိုရင်တော့ "Zaw Win 2" မှာ မိတ်ဆွေတို့စိတ်တိုင်းကျဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ ။
#အမိုးပြား
#အိမ်ဆောက်ပစ္စည်း
#သွပ်ပြား
07/07/2025
အဆောက်အဦးကြီးတွေဆောက်တဲ့အခါ အမိုးသွပ်ပြားနှင့်အတူ ဆက်စပ်ပစ္စည်းများ လိုအပ်ပြီဆိုတာနဲ့ “Zaw Win 2" ရှိပါတယ်ခင်ဗျာ
✅ ရေတံလျှောက်
✅ ဖလက်ရှင်
✅ ခေါင်အုပ်
✅ ရေလိမ်
✅ Capping အစရှိတဲ့ ပစ္စည့်းလေးတွေကို ကိုယ့်လိုအပ်ချက်နဲ့ အချိုးလေးတွေကိုတွက်ချက်ပြီး အံဝင်ခွင်ကျ စိတ်ကြိုက်မှာယူနိုင်မှာပဲဖြစ်ပါတယ်။
#ဇော်ဝင်း၂
#အမိုးပြား
#အိမ်ဆောက်ပစ္စည်း
#သွပ်ပြား
02/07/2025
မိုးတွင်းရောက်ပြီဆိုတော့ အိမ်ရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေတံလျှောက်စနစ်ကို ဂရုစိုက်ဖို့အချိန်တန်ပါပြီ❗️
သစ်ရွက်တွေ၊ သဲတွေ၊ အမှိုက်တွေ ပိတ်ဆို့နေတာက မိုးရေကိုစီးဆင်းခွင့်မပေးဘဲ ခေါင်မိုး၊ နံရံတွေနဲ့ အုတ်မြစ်တွေကို တိုက်ရိုက်ထိခိုက်ပျက်စီးစေနိုင်လို့ ရေတံလျှောက်ပိတ်ဆို့တာကနေ အိမ်တွင်းပိုင်းမှာ ရေစိမ့်တာ၊ မှိုတက်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မလို့
✅ ရေတံလျှောက်တစ်ခုလုံးကို အမှိုက်တွေရှိမရှိ၊ အက်ကွဲတာတွေရှိမရှိ စစ်ဆေးပါ။
✅ သေးငယ်တဲ့ အက်ကွဲကြောင်းတွေ၊ လွတ်နေတဲ့ Holders တွေကို ပြန်လည်ပြုပြင်ပါ။
✅ ကြီးကြီးမားမားပျက်စီးမှုတွေရှိရင် အစားထိုးလဲလှယ်ဖို့ စဉ်းစားပါခင်ဗျာ
မိုးရာသီကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ဖို့ Zaw Win 2 မှာဆိုရင် ရေတံလျှောက်နှင့်ဆက်စပ်ပစ္စည်းမျိူးစုံကို စုံစုံလင်လင်ရရှိနိုင်ပါတယ်။
#အမိုးပြား #အိမ်ဆောက်ပစ္စည်း #𝐏𝐨𝐥𝐲𝐜𝐚𝐫𝐛𝐨𝐧𝐚𝐭𝐞 #𝐈𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 #𝐆𝐈𝐏𝐢𝐩𝐞𝐬 #𝐓𝐮𝐫𝐛𝐢𝐧𝐞𝐕𝐞𝐧𝐭𝐢𝐥𝐚𝐭𝐨𝐫𝐬 #𝐏𝐕𝐂𝐖𝐢𝐧𝐝𝐨𝐰𝐅𝐫𝐚𝐦𝐞𝐬
30/06/2025
✅ အရည်အသွေးအာမခံ
✅ ဈေးနှုန်းသက်သာ
✅ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဒီဇိုင်းတွေနဲ့
✅ ဝန်ဆောင်မှုအာမခံချက်အပြည့်ပေးတဲ့
မိတ်ဆွေတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတဲ့ “Zaw Win 2” မှာ
💠 မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ခံနိုင်တဲ့ လှိုင်းခြမ်းဒီဇိုင်း ရောင်စုံ အမိုးပြားများ (Colored & Corrugated Roofing Sheets)
💠 အရည်အသွေးမြင့် အမိုးနဲ့ ရေတံလျှောက်ပစ္စည်းများ (Roofing & Drainage Materials)
💠 အပူလျှော့ပေးပြီး နေရောင်ခြည် ကောင်းကောင်းရရှိစေမယ့် Polycarbonate Transparent Sheets
💠 အိမ်တွင်းအပူချိန်ကို ထိန်းညှိပေးမယ့် အပူထိန်းပစ္စည်းများ (Insulation Materials)
💠 လေဝင်လေထွက်ကောင်းစေတဲ့ Ventilators
💠 တပ်ဆင်ရလွယ်ကူတဲ့ PVC Window Frames တွေကိုတောင်ကြီးမြို့က ဇော်ဝင်း (၂)ရဲ့ Showroom တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။
📍 တောင်ကြီး Showroom 1 အမှတ် (၈/၂)၊ အနောက်မြို့ပတ်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ ဖုန်းနံပါတ်: 09444434673, 09961199966
📍 တောင်ကြီး Showroom 2 အမှတ် (၇/၁၄၀)၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်၊ တောင်ကြီးမြို့ ဖုန်းနံပါတ်: 09444434675, 09961199955
အခုပဲ ဖုန်းဆက်မေးမြန်းပြီး လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
#အမိုးပြား #အိမ်ဆောက်ပစ္စည်း #𝐏𝐨𝐥𝐲𝐜𝐚𝐫𝐛𝐨𝐧𝐚𝐭𝐞 #𝐈𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 #𝐓𝐮𝐫𝐛𝐢𝐧𝐞𝐕𝐞𝐧𝐭𝐢𝐥𝐚𝐭𝐨𝐫𝐬 #𝐏𝐕𝐂𝐖𝐢𝐧𝐝𝐨𝐰𝐅𝐫𝐚𝐦𝐞𝐬
26/06/2025
မိုးရာသီရောက်လာတော့မယ်ဆိုရင် အမိုးပြားတွေနဲ့ပတ်သက်ပြီး စိတ်ပူနေရတာ ပုံမှန်ပါပဲ။ အထူးသဖြင့် အမိုးစကူတွေကျွတ်တာ၊ သံချေးတက်တာတွေက မိုးယိုတာရဲ့ အဓိကတရားခံတွေပါ။ ဒါဆို မိုးမရွာခင် ဘယ်အချိန်မှာ အမိုးပြားတွေကို စစ်ဆေးပြီး လဲသင့်လဲဆိုတာ ဆွေးနွေးကြည့်ရအောင်ဗျာ။
🔺 အမိုးစကူ/စကူကျွတ်နေပြီဆိုရင် အမိုးပြားတွေ လှုပ်ပြီး လေတိုက်တိုင်း အသံမြည်နေတာ၊ မိုးရေစိမ့်တာတွေဖြစ်တတ်လို့ အမိုးစကူတွေ ချောင်နေတာ၊ ကျွတ်နေတာဆိုရင် စကူအသစ်နဲ့ ချက်ချင်းပြန်တင်းထားပါ။ သံချေးတက်နေတဲ့ အမိုးစကူ/စကူတွေကို WD-40 (သို့) သံချေးသက်သာစေတဲ့ ဆေးသုတ်ပြီး အစားထိုးပါ။
🔺 သံချေးတက်နေရင် အမိုးပြားအစွန်းတွေ အနီရောင်/ အညိုရောင်ဖြစ်နေတတ်ပြီး သံမဏိအမိုးဆိုရင် အပေါက်လေးတွေ ဖြစ်နေတတ်ပါတယ်။ သံချေးတက်နေရင်တော့ ချွတ်ဆေးသုံးပြီး သံချေးကာဆေး ( Anti-Rust Paint) သုတ်ပါ။ အပေါက်ကြီးနေရင်တော့ အမိုးပြားအသစ်လဲပါ။
🔺 တခြားအနေနဲ့ အမိုးပြားတွေ အက်ကွဲပြီး ပေါက်ပြဲနေရင် အမိုးပြားအသစ်လဲပါ။ ရေဆင်းပိုက်တွေ ပိတ်နေရင် ရေတွေလျှံပြီး အမိုးကို ပိုပျက်စီးစေနိုင်လို့ သန့်ရှင်းရေး လုပ်ပေးပါ။
အကြံပြုချက်အနေနဲ့
✅ ကိုယ်တိုင်တက်ရောက်စစ်ဆေးဖို့ အခက်အခဲရှိရင် လုံခြုံစိတ်ချရအောင် အမိုးပြင်တဲ့ ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး စစ်ဆေးပါ။
✅ အမိုးပြားအသစ်လဲတာပဲဖြစ်ဖြစ်၊ အမိုးစကူအသစ်ထည့်တာပဲဖြစ်ဖြစ် အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။
✅ တစ်နေရာတည်း မဟုတ်ဘဲ အမိုးတစ်ခုလုံးကို သေချာပတ်ပြီး အသေးစိတ် စစ်ဆေးပါ။
ဒီတော့ မိုးတွင်းကာလမှာ အမိုးယိုလို့ စိတ်မပူရအောင် ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ။
#အမိုးပြား #အိမ်ဆောက်ပစ္စည်း #𝐏𝐨𝐥𝐲𝐜𝐚𝐫𝐛𝐨𝐧𝐚𝐭𝐞 #𝐈𝐧𝐬𝐮𝐥𝐚𝐭𝐢𝐨𝐧 #𝐆𝐈𝐏𝐢𝐩𝐞𝐬 #𝐓𝐮𝐫𝐛𝐢𝐧𝐞𝐕𝐞𝐧𝐭𝐢𝐥𝐚𝐭𝐨𝐫𝐬 #𝐏𝐕𝐂𝐖𝐢𝐧𝐝𝐨𝐰𝐅𝐫𝐚𝐦𝐞𝐬
နွေ၊ မိုး၊ ဆောင်း ဘယ်လိုရာသီဥတုဒဏ်ကိုမဆို ခံနိုင်ရည်ရှိတဲ့အမိုးပြားတွေရှာနေတာလား ❓
ဒါဆို ရေရှည်အတွက်စိတ်ပူစရာမလိုဘဲ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်စေမယ့် Zaw Win 2 ကိုသာ သတိရလိုက်ပါ 😉
✅ နှစ်ပေါင်းများစွာကြာရှည်အသုံးပြုနိုင်အောင် အဆင့်မြင့်နည်းပညာတွေနဲ့ ဂရုတစိုက်ထုတ်လုပ်ထားပြီး
✅ ကာလာဒီဇိုင်းအစုံအလင်ကို ပေအရှည်အတိုင်းနဲ့ အထူအပါး ကိုယ်လိုသလောက်ရွေးချယ်နိုင်တဲ့အပြင်
✅ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ယုံကြည်စိတ်ချရတဲ့ အရည်အသွေးကိုပိုင်ဆိုင်နိုင်မှာဖြစ်လို့အိမ်အမိုးပြားအတွက် ခိုင်ခံ့လှပအောင်ဖန်တီးတော့မယ်ဆို Zaw Win 2 ဆီသာ အရောက်လှမ်းလာခဲ့လိုက်ပါနော် 🙋♀️
#အမိုးပြားအိမ်ဆောက်ပစ္စည်း
#သွပ်ပြား
21/06/2025
☀️နေပူပူ၊ 🌧️မိုးရွာရွာ ရာသီဥတုဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ Aluzinc အမိုးပြား
Aluzinc ကတော့ အဓိကအားဖြင့် Aluminium နှင့် Zinc ဖြင့် ဖန်တီးထားတဲ့ သံမဏိပြားတစ်ခုဖြစ်ပြီး၊ Silicon အနည်းငယ်ပါဝင်ပါတယ်
• အလူမီနီယံ – အပူဒဏ်ခံနိုင်မှုကောင်းပြီး သံချေးတက်ခြင်းကို ကာကွယ်ပေးပါတယ်
• ဇင့် – သံချေးဒဏ်ကိုစုပ်ယူပြီး အောက်ခံ steel သားကို တာရှည်ခံအောင် ပံ့ပိုးပေးပါတယ်
• ဆီလီကွန် – အပူဒဏ်ခံနိုင်မှုတိုးတက်စေပြီး coating စွဲကပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်
Aluzinc ကို ဘယ်လိုအားသာချက်တွေကြောင့်ရွေးချယ်သင့်လဲ?
• သံချေးတက်မှုကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးခြင်း
• အပူဒဏ်ကို အလွန်ခံနိုင်ခြင်း (315°C ထိ)
• သက်တမ်းရှည်ပြီး ပြုပြင်ထိန်းသိမ်းမှုနည်းခြင်း
• တောက်တောက်ပြောင်ပြောင်ရှိပြီး ဘက်စုံသုံးနိုင်ခြင်း
• ပုံသွင်းဖို့နှင့် ဆက်စပ်ဖို့လွယ်ကူခြင်း
အရည်အသွေးကောင်းတဲ့ Aluzinc - အလူဇင့်အမိုးပြားတွေကို classic ငွေရောင်ပြား၊ color coated လေးတွေထိ “ဇော်ဝင်း (၂) ကိုမင်းမောင် + မခိုင်” မှာ စုံစုံလင်လင် ရရှိနိုင်ပါတယ်ခင်ဗျာ။
#ဇော်ဝင်း၂
#အမိုးပြား #သွပ်မိုး
#အိမ်ဆောက်ပစ္စည်း
16/06/2025
Zaw Win (2) ရဲ့ customersများကို Korea နိုင်ငံထုတ် အပူကာပစ္စည်း ( 𝗚𝗛 𝗛𝘆𝗯𝗿𝗶𝗱 𝗥𝗲𝗳𝗹𝗲𝗰𝘁𝗶𝘃𝗲 𝗜𝗻𝘀𝘂𝗹𝗮𝘁𝗶𝗼𝗻 ) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) မျိုးဝယ်ရုံနဲ့ အကျိုးကျေးဇူးက (၆) မျိုးအထိ ရနိုင်မှာပါ။
1️⃣ အလူမီနီယံဖယောင်းအလွှာတွေပါလို့ အပူဒဏ်မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း
2️⃣ တာရှည်ခံလို့ နှစ်ပေါင်းများစွာ အသုံးပြုနိုင်ခြင်း
3️⃣ Hybrid Reflective အမျိုးအစားက အရမ်းပါးလွှာပြီး အလေးချိန်ပေါ့ပါးသောကြောင့် တပ်ဆင်ရလွယ်ကူလျင်မြန်ခြင်း
4️⃣ Insects မကြိုက်သဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း
5️⃣ Aluminium ငွေမှင် (၂) ဖက်လုံး ပါရှိမှုကြောင့် သာမန်ထက် အခန်း အလင်းရောင် ပိုမို ရရှိခြင်း
6️⃣ မီတာခ လျှော့ချပေးနိုင်ခြင်း
အမျိုးအစားအနေဖြင့် အထူ၊ အပါး ကွာခြားမှု product (3) ခုရှိပြီး
✅ 𝗣𝗖𝟭𝟬𝗧 က (3) မျိုးထဲမှာ အအေးဆုံး
✅ 𝗥𝗕𝟬.𝟮 က အပူကာပြီး foundation အောက်ခြေမှာ waterproof ပုံစံမျိုး ပြန်သုံးလို့ရပါတယ်
✅ 𝗔𝗚𝗙 𝟬𝟭𝟮 က Fire Resistance ပိုကောင်းတာမို့ မီးနှင့်ပတ်သတ်ပြီး အသုံးပြုမည့်နေရာများတွင် နံရံရော ၊ အမိုးရော သုံးလို့ရပါတယ်
အမိုးအောက် ဘယ်နေရာအတွက်မဆို စမတ်ကျပြီး အကျိုးများတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေတာမို့ ကိုရီးယားနိုင်ငံထုတ်ပစ္စည်းလေးကို ဇော်ဝင်း (၂) မှာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
#ဇော်ဝင်း၂
#အမိုးပြား
#အိမ်ဆောက်ပစ္စည်း
15/06/2025
အိမ်တစ်အိမ်ရဲ့ခိုင်မာမှုဟာ အမိုးအကာတွေပေါ်မှာ မူတည်သလို၊ မိသားစုတစ်စုရဲ့ လုံခြုံစိတ်ချရမှုကလည်း ဖခင်တွေရဲ့ မေတ္တာနဲ့ ကာကွယ်မှုအပေါ်မှာ မူတည်ပါတယ် 👨👧👦
ဒီနေ့ဇွန်လ (၁၅) ရက်နေ့မှာကျရောက်တဲ့အဖေများနေ့မှာ မိသားစုအပေါ်အမြဲကာကွယ်စောင့်ရှောက်ပေးတဲ့ အဖေ့ရဲ့ဂုဏ်ကျေးဇူးတရားတွေကို အောက်မေ့ရင်း ကမ္ဘာပေါ်မှာရှိတဲ့ အဖေများအားလုံး သက်ရှည်ကျန်းမာပြီး ပျော်ရွှင်ကြပါစေကြောင်း “Zaw Win 2” မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏
#အမိုးပြား #အိမ်ဆောက်ပစ္စည်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
11041