Zwe's Kitchen

Zwe's Kitchen

Share

Little things mean a lot.�

30/09/2025

Ending September with a grateful heart ❤️

Photos from Zwe's Kitchen's post 26/09/2025

ဟင်းချက် Mood On 🤗
သုံးထပ်သား ဘာညာစမာကလာ 😁😍🥰🥩
You can order naw 😋


's Kitchen

Photos from Zwe's Kitchen's post 21/09/2025

Can you guess these? 🤗
Do you like 1st or 2nd or both? 🥰

21/09/2025

Made with love 🥰, served with joy😊

19/09/2025

Survival skill တဖြစ်လဲ ကိုယ်တွေ အတွက်တော့ စေတနာအရင်းခံ ပီတိကိုစားရင်းပေါ့။ ဝါသနာလည်းပါတယ်။ စိတ်လည်း ငြိမ်တယ်။

”စားကောင်းလိုက်တာ” ဆိုတဲ့ စကားလေးက ဟင်းချက်လို့မောသမျှတွေ အကုန်ပျောက်သွားသလိုပဲ…ကိုယ်တိုင်ခံစားချက်မို့ ကိုယ့်ကို စားစေချင်လို့ ကျွေးကြရင်လဲ အားပါးတရ စားပေး။ ချီးကျူးဖြစ်တယ်။ ကိုယ်က မကြိုက်ဘူးဆိုရင်တောင် စေတနာကို အသိအမှတ်ပြုပေးဖြစ်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက် မတူနိုင်ဘူးမလား။

နောက်ပြီး ကိုယ်ချက်တဲ့ ဟင်းကို စားတဲ့သူက အားရပါးရစားပေးတယ်ဆိုရင် ချက်ရတဲ့သူလည်း ပီတိဖြစ်တယ်…

စားစေချင်လို့ ဝယ်ပေးတာလေးက အစပေါ့။
ဘယ်သူကမှ မကောင်းတာချည်း ကျွေးချင်မှာလည်း မဟုတ်ဖူးလား 😊

📌ကျွန်မလေ ဟင်းကောင်းကောင်းချက်တတ်တဲ့ သူတွေကို အရမ်းသဘောကျတယ်.. ဟင်းချက်တယ်ဆိုတာက လွယ်မယောင်နဲ့ ခက်တဲ့အလုပ်ပါ.. ဟင်းချက်တာ လွယ်လွယ်လေးပါလို့ ပါးစပ်ကသာပြောရလွယ်ပေမဲ့ တကယ်ချက်တဲ့ အချိန်မှာ ပြင်ဆင်ရတာ၊ဆေးကြောရတာ အကုန်လုံးက အချိန်ပေးလုပ်ရတာချည်းပဲ.. ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့ အနည်းဆုံး အချိန်တစ်နာရီလောက်ပေးရတယ်..

📌ဟင်းချက်တာကလေ survival skill ထဲမှာပါတယ်… ဘယ်နေရာရောက်ရောက် ရှိတာလေးနဲ့ မငတ်အောင် ချက်ပြုတ်စားတတ်ရင်ကို ဒါ skill တစ်ခုပဲ.. တစ်ချို့ယောက်ကျားလေးတွေဆိုရင်လေ ဟင်းတစ်ခွက်ကို မိန်းကလေးထက်တောင် ကောင်းကောင်းချက်တတ်တဲ့ သူတွေရှိတယ်… ဒါဟာ လူတစ်ယောက်အနေနဲ့ ကြည့်ရင် survival skill တစ်ခုရှိနေတာပါပဲ..

📌နောက်တစ်ခုက ဟင်းချက်တယ်ဆ်ိုတာ စေတနာပါတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်.. ကိုယ်ချက်တဲ့ ဟင်းကို အရသာကောင်းအောင် အချိန်ပေးချက်ပြုတ်ပေးတာကိုက စေတနာပဲ.. ကိုယ့်ရဲ့ အချိန်ကိုခွဲပေးပြီး ကိုယ်ချစ်ရတဲ့ သူတစ်ဦးတစ်ယောက်က်ို အစားကောင်းလေး စားစေချင်တဲ့ စိတ်နဲ့ချက်ပြုတ်ပေးတာကြောင့် ဒါဟာ စေတနာအပြည့်နဲ့ လုပ်ပေးရတာဖြစ်ပါတယ်… နောက်ပြီး ကိုယ်ချက်တဲ့ ဟင်းကို စားတဲ့သူက အားရပါးရစားပေးတယ်ဆိုရင် ချက်ရတဲ့သူလည်း ပီတိဖြစ်တယ်…”စားကောင်းလိုက်တာ” ဆိုတဲ့ စကားလေးက ဟင်းချက်လို့မောသမျှတွေ အကုန်ပျောက်သွားသလိုပဲ…

📌တစ်ချို့ဆို ဟင်းကောင်းကောင်းမချက်တတ်ရင်တောင် ကိုယ်အလေးထားတဲ့ သူအတွက် ရအောင်ချက်ပြုတ်ပေးတတ်ကြတယ်… ထမင်းပွဲလေးသေချာပြင်ဆင်ပြီးကိုယ့်ရဲ့ အလေးထားမှု၊ ချစ်ခြင်းမေတ္တာကို ပြကြတယ်.. ဒါကြောင့် ကိုယ့်ကို ပြင်ဆင်ပေးတဲ့ အစားအသောက်တစ်ခုတိုင်း၊ ဟင်းတစ်ခွက်တိုင်းဟာ ချစ်ခြင်းမေတ္တာကို ပြသပေးရာလည်းရောက်တယ်…ကိုယ့်ကလေးရဲ့ ထမင်းဘူး၊ ခင်ပွန်း၊ဇနီး နဲ့ မိသားစုဝင်တွေရဲ့ ထမင်းဘူးလေးတွေကို သေချာပြင်ဆင်ပေးတတ်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့ စေတနာ၊ချစ်ခြင်းမေတ္တာလေးက်ို ဒီအစားအစာ စားတဲ့သူအတွက် ဝေမျှ ပေးတာလည်းဖြစ်ပါတယ်…

📌ကိုယ့်ရဲ့ဘေးမှာ ကိုယ့်ကို အစားကောင်းသေချာချက်ကျွေးမဲ့သူရှိရင် တကယ်ကျေးဇူးတင်လိုက်ပါ.. ကိုယ့်ရဲ့ အမေ၊ အဖွား၊အဒေါ်၊ညီအစ်ကို မောင်နှမ၊ ဇနီး၊ခင်ပွန်း၊သားသမီး ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အတွက် စားစရာပြင်ဆင်ချက်ပြုတ်ပေးတဲ့သူရှိရင်ကို ဒါဟာ gratitude တစ်ခုပဲ… ဒီလိုချက်ပြုတ်ပေးတဲ့ သူတွေရဲ့ စေတနာကို အလေးထားတဲ့ အနေနဲ့ အစားအစာကိုသေသေချာချာလေး စားပေးပါ.. ဒါဟာ ကိုယ့်ကို ချစ်ပေး၊စေတနာထားပေးတဲ့ သူအတွက် အားအင်၊ပီတိ ဖြစ်စေပါတယ်.. နောက်တစ်ခုက ကိုယ့်ကို ထမင်းစားဖိတ်တဲ့ သူဆီ သွားရင်လည်း အားပါးတရ စားပေးပါ.. စားကောင်းကြောင်းကိုလည်း ချီးကျူးပေးပါ.. လူတစ်ယောက်က တစ်ခြားသူတစ်ယောက်ကို အစားအသောက် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးဧည့်ခံတယ်ဆိုတဲ့ စိတ်ဟာ တော်ရုံစေတနာကနေ ဖြစ်လာတာ မဟုတ်ပါဘူး…

📌ကျွန််မဒီလိုပြောလို့ ကိုယ့်မှာ အစားကောင်းချက်ကျွေးမဲ့သူမရှိဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့.. ကိုယ်တိုင် အစားအသောက်တွေ ချက်ပြုတ်နေနိုင်တယ်ဆိုရင် ဒါဟာ survival skill တစ်ခုရှိနေပြီးသားမို့လို့ ဒီအရာလေးက်ို gratitude လုပ်လိုက်ပါ.. တကယ်တော့ ဘယ်အရာမဆို ကျေးဇူးတင်တတ်ရင်ကို စိတ်နှလုံးအေးချမ်းရပါတယ်..ကျေးဇူးတင်စရာလေး တွေးတတ်နေရင်ကို ပျော်ရွှင်ရပါတယ်.. ဒီစာလေးဖတ်ရင်းနဲ့ ကိုယ့်ကို အစားအသောက်ချက်ပြုတ်ပေးတဲ့ သူကိုဖြစ်စေ၊ ကိုယ်တ်ိုင် ချက်ပြုတ်နိုင်တာကိုဖြစ်စေ gratitude လေးပွါးများလိုက်ပါ.. ကျေးဇူးတင်လိုက်ပါ… အားအင်တွေ energy တွေမွေးဖွားလိုက်ပါနော် ❤️

Photos from Zwe's Kitchen's post 11/09/2025

မွေးနေ့မှာ ချက်ဖြစ်တဲ့ လူ (၁၅၀) စာ ကြက်သားပလာတာ အော်ဒါလေးပါ 🥰

မှာယူအားပေးတဲ့ အစ်မကိုရော ပါဝင်ကူညီလုပ်ကိုင်ပေးတဲ့လူတစ်ဦးစီတိုင်းကိုရော ကျေးဇူးအထူးတင်လျှက် ❤️

'Kitchen 🥢

Photos from Zwe's Kitchen's post 29/04/2025

အော်ဒါမှာလို့ ယနေ့ပြင်ဆင်ချက်ပြုတ်ပေးဖြစ်တဲ့
လူအယောက် (၂၀)စာ ကြက်သားပလာတာ 😊❤️

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

2/9/125 , Bo Ba Htoo (1) Street, Hlaing Thar Yar Township
Yangon