Real Estate by Lin Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Real Estate by Lin Htet, Entrepreneur, Yangon.
20/07/2025
🎉သိန်း ၁၃၅၀ညှိနှိုင်းနဲ့ နေရာကောင်းအရမ်းတန်တဲ့မြေညီတိုက်ခန်းလေးပါ🎉
🎉Fortune plaza အနီး မြေညီအရောင်းလေးပါ🎉
✅မြေနီထပ်
✅ တိုက်သက်တမ်း -၁၁နှစ်
✅ပေ 12.5 X 50
✅သိန်း ၁၃၅၀ ညှိနှိုင်း
✅သာကေတ
✅ ဘိုထိုင်အိမ်သာပါ
✅ BCC ပါ/ကိုယ်ပိုင်မီတာ/စာရွက်စာတမ်းအပြည့်အစုံံ
📞Viber-09255633800
20/07/2025
🏠 ပထမထပ် တိုက်ခန်းအရောင်း (Hong Kong နှစ်လွှာ)
📍 ဗိုလ်တထောင်ဈေးလမ်းမပေါ်, ပုဇွန်တောင်မြို့နယ်
📌 အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်း ကြားမှာတည်ရှိ
လမ်းကျယ်ဝန်း
🔸အကျယ်အဝန်း – 12’ x 60’
🔸ပျဉ်ခင်းပြင်ပြီး၊ ဘိုထိုင်၊ မီးဖိုချောင်၊ ရေချိုးခန်း – ကြွေပြားခင်းအပြည့်
🔸တည်ဆောက်မှု (Hong Kong နှစ်လွှာ)
🔸ရေ/မီး – ကိုယ်ပိုင်မီတာ/မော်တာ
🔸ဈေး– သိန်း 2950
✅အကျိုးတူရ✅ဘဏ်ချိတ်ရ
📍နေရာကောင်း – ဈေးလမ်းမအနီး၊ သယ်ယူပို့ဆောင်ရေး အရမ်းအဆင်ပြေ
🏪 စီးပွားရေးလုပ်ရန်လည်း အထူးသင့်တော်
📞 စိတ်ဝင်စားသူများအတွက် ဆက်သွယ်ရန် -
✅09255633800 -Viber ✅
29/04/2025
🇹🇭 ထိုင်းဘဏ်များအကြောင်း သိကောင်းစရာ 🏦
🇹🇭 ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ချင်တဲ့သူတွေအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ဘဏ်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
1️⃣ Bangkok Bank (BBL) 🏦
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီးနိုင်ငံတကာနှင့် ချိတ်ဆက်ထားသော ငွေကြေးဝန်ဆောင်မှုများ၊ SME နှင့် Corporate Banking ကို အထူးပြုလုပ်ဆောင်ပါတယ်။ နိုင်ငံတကာတွင် ရုံးခွဲများစွာရှိပြီး Digital Banking (Bangkok Bank Mobile App) ကို ဦးဆောင်သည်။
🗯️ထူးခြားချက်
နိုင်ငံခြားသားများ အကောင့်ဖွင့်ဖို့ Work Permit တောင်းတတ်ပါတယ်။ Ed Visa များအတွက် သက်သေစာရွက်စာတမ်းများ အားလုံးပြည့်စုံဖို့လိုအပ်ပါတယ်။
2️⃣ Kasikornbank (KBank) 🏦
လူကြိုက်များပြီး နည်းပညာအသုံးပြုမှုများသော ဘဏ်တစ်ခုပါ။ ၁၉၄၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး "Thai Farmers Bank" အဖြစ် စတင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ အကောင်းဆုံး Mobile Banking App ကို ပိုင်ဆိုင်ထားပြီး၊ နည်းပညာအသစ်များ (AI, Blockchain) တွင် ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာပြည်မှာလည်း ရုံးခွဲဖွင့်ထားပြီးတော့ ငွေအလွှဲအပြောင်းလွယ်ကူတာကြောင့် မြန်မာနိုင်ငံသားတွေ အသုံးပြုသင့်တဲ့ ဘဏ်တစ်ခုပဲဖြစ်ပါတယ်။
🗯️ထူးခြားချက်
နိုင်ငံခြားသားများအကောင့် ဖွင့်ရ လွယ်ကူပါတယ်။ (Hotel address သက်သေ တင်ပြလည်း ရတတ်ပါတယ်။) Ed Visa နဲ့ဆို Student Certificate တင်ပြရုံဖြင့် ဖွင့်နိုင်ပါတယ်။ Ed Visa Recommend ✅
3️⃣ Siam Commercial Bank (SCB) 🏦
ထိုင်း၏ ပထမဆုံးဘဏ် တစ်ခုဖြစ်ပါတယ်။ Corporate Banking, Investment Banking နှင့် SCB Easy App (Digital Banking) တို့ကို အဓိကထားတယ်။ နိုင်ငံအနှံ့ ATM တွေရှိပြီးနိုင်ငံခြားသား တွေအတွက်အဆင်ပြေတဲ့ ဘဏ်တစ်ခု ဖြစ်ပါတယ်။ SCB easy app ကနေတစ်ဆင့်အလွယ် တကူ ငွေထုတ်လို့ရနိုင်ပါတယ်။ ရွှေရင်းနှီးမြှုပ်နှံမှု (Gold Investment), Unit Trust, Insurance အမျိုးမျိုးကိုလည်းဝန်ဆောင်မှု ပေးပါတယ်။
🗯️ထူးခြားချက်
Ed Visa နဲ့အလွယ်တကူ အကောင့်ဖွင့်လို့ရပါတယ်။ ငွေပမာဏအများကြီးမရှိတောင် acc စတင်ဖွင့်နိုင်ပါတယ်။ Ed Visa Recommend ✅
4️⃣ Krungthai Bank (KTB) 🏦
အစိုးရပိုင် ဘဏ်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အကျယ်ပြန့်စွာ ဝန်ဆောင်မှု ပေးနေပါတယ်။ ထိုင်းအစိုးရ၏ အဓိကငွေကြေးအဖွဲ့အစည်းဖြစ်တာကြောင့် အစိုးရနှင့်ဆက်စပ်သော ငွေကြေးဝန်ဆောင်မှုများကိုအဓိကလုပ်ဆောင်ပါတယ်။
🗯️ထူးခြားချက်
စည်ကမ်းများတာကြောင့် နိုင်ငံခြားသားတွေအတွက် ဘဏ်Account ဖွင့်ခြင်းမှာ သက်သေအထောက်အထားစုံလင်ဖို့ လိုအပ်ပါတယ်။
5️⃣ TMBThanachart Bank (TTB) 🏦
TMB Bank နဲ့ Thanachart Bank ပေါင်းစည်းပြီး အသစ်ထွက်လာတဲ့ ဘဏ်ဖြစ်တယ်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေချေးငွေပေးသော ဘဏ်ဖြစ်ပြီး (Mortgage Loan Leader) အဖြစ် ထင်ရှားသည်။ ဘဏ်ဝန်ထမ်းအများစု အင်္ဂလိပ်စကားပြောနိုင်တာ ကြောင့် ပြောဆိုမှုအဆင်ပြေပါတယ်။
🗯️ထူးခြားချက်
နိုင်ငံခြားသားများအတွက် အကောင့်ဖွင့်ရန် လွယ်ကူသည်။ Ed Visa ဖြင့်လည်း ဖွင့်နိုင်သည်။ နိုင်ငံတကာငွေလွှဲ (SWIFT) ဝန်ဆောင်မှုမှာအနည်းငယ် နှောင့်နှေးမှုရှိပါတယ်။
6️⃣ Bank of Ayudhya (Krungsri) 🏦
ဂျပန် MUFG Group ၏ ပိုင်ဆိုင်မှုအောက်တွင် ရှိပြီး SCB ပြီးလျှင် ထိုင်း၏ ဒုတိယအကြီးဆုံး ဘဏ်။ MUFG Global Network ကြောင့် ဂျပန်နှင့် အလုပ်လုပ်သော နိုင်ငံခြားသားများအတွက် အဆင်ပြေမှုရှိသည်။ Auto Loan နှင့် အိမ်ချေးငွေတွင် အထူးကောင်းမွန်ပါတယ်။
🗯️ထူးခြားချက်
ဘန်ကောက်နှင့် အဓိကမြို့ကြီးများတွင်သာ ဘဏ်ခွဲများရှိသည်။
7️⃣ United Overseas Bank (UOB Thailand) 🏦
စင်္ကာပူ အခြေစိုက် UOB Group ရဲ့အစိတ်အပိုင်းဖြစ်ပြီး အာဆီယံဒေသတွင် ခိုင်မာသောရင်းနှီးမြှုပ်နှံမှု ရှိသည်။ စင်္ကာပူ/အာဆီယံနှင့် ငွေလွှဲမည်ဆိုပါကအထူးသင့်လျော်ပါတယ်။ High-Net-Worth Individuals (HNIs) များအတွက် အထူးဝန်ဆောင်မှုကောင်းတယ်။ အင်္ဂလိပ်စာ ပံ့ပိုးမှုကောင်းမွန်ပါတယ်။
🗯️ထူးခြားချက်
နိုင်ငံခြားသားများအတွက် အကောင့်ဖွင့်ရန် အထောက်အထားများ ပိုမိုတင်းကျပ်
ထားပါတယ်။
ထိုင်းမှာရှိတဲ့ ဘဏ်ကြီးတွေအကြောင်းအတော်လေး သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
Click here to claim your Sponsored Listing.