TZ Computer Training Center
Tech Simplified, Solutions Amplified
09/10/2025
ဒီနေ့ Excel function တွေအကြောင်းသင်နေရင်းနဲ့ တွေးမိတဲ့ အတွေးတစ်စ
Function တွေဟာ မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ မတူခြားနားတဲ့ လုပ်ဆောင်ပုံ အမျိုးမျိုး ရှိကြပေမဲ့ အားလုံးမှာ တူညီတဲ့ အချက်တစ်ခုလည်း ရှိပါတယ်
အဲ့တာကတော့
Function တိုင်းကို Input, Criteria, Output ဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ် ဆိုတာပါပဲ
ဥပမာ
IF function ကို နမူနာကြည့်ပါ
IF(your mark >=40, "Pass","Fail")
IF က function ဖြစ်တယ်
Your mark က သင်ရရှိတဲ့ အမှတ်ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်လို့ Input ဖြစ်တယ်
>=40 --> 40 ထက်ကြီးခဲ့ရင် (သို့) 40 နဲ့ ညီခဲ့ရင် ဆိုတာကတော့ သက်မှတ်ချက် Criteria ဖြစ်တယ်
"Pass", "Fail" ကတော့ ရလာဒ် Output ဖြစ်ပါတယ်
အထက်မှာ ပြောခဲ့သလိုပါပဲ
Function တွေဟာ မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ မတူခြားနားတဲ့ လုပ်ဆောင်ပုံ အမျိုးမျိုး ရှိကြပေမဲ့ အားလုံးကို အခြေခံ အချက် ၃ ခုပေါ် အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတယ် ဆိုတာပါပဲ
တစ်ချို့ Function တွေမှာ မြင်သာတဲ့ Input နဲ့ Output ကိုပဲ ပေးထားတတ်ပြီး Criteria ကို ဖျောက်ထားတတ်တယ်
ဥပမာ
If you try the best, you will pass the exam.
If က function ဖြစ်တယ်
you try the best, က Input ဖြစ်တယ်
you will pass the exam. က output ဖြစ်တယ်
Criteria ကို hide ထားတယ်
Criteria ကို မမြင်တဲ့အခါမှာ
ကြိုးစားရင် အောင်မြင်မှာပဲလို့ အလွယ် တွေးတတ်ကြတယ်
ကြိုးစားပေမဲ့ မအောင်မြင်တဲ့အခါ ကံမကောင်းလို့ စာမေးပွဲ မေးခွန်းလှည့်လို့ စာမေးပွဲ နတ်ကြီးလို့ စသဖြင့် အကြောင်းပြချက်တွေ ရှာတတ်ကြတယ်
အဓိကကျတဲ့ သတ်မှတ်ချက် Criteria မပြည့်မီလို့ ကျရှူံးရတယ် ဆိုတဲ့ အချက်ကို ကျော်သွားကြတယ်
စာမေးပွဲ အောင်ချင်ရင် ကြိုးစားတယ်ဆိုတဲ့ Input တစ်ခုတည်း သွင်းရုံနဲ့ မရပါဘူး သတ်မှတ်ချက် Criteria ပြည့်မီဖို့လည်း လိုပါတယ်
ဒီနေရာမှာ
Criteria ဆိုတာက ဘာသာရပ်တစ်ခုချင်းစီ အောင်မှတ် ၄၀ ပြည့်မီရမယ်
ဘာသာရပ်တစ်ခုခု ၄၀ အောက်ကျရင် Criteria မပြည့်မီလို့ ကျရှူံးပါမယ်
စာမေးပွဲ ကျရှူံးရတဲ့ အကြောင်းရင်းဟာ ကံမကောင်းလို့ မေးခွန်းလှည့်လို့ နတ်ကြီးလို့ မဟုတ်ပါဘူး
သတ်မှတ်ချက် Criteria မပြည့်မီလို့ ကျရှူံးရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်
စာကို ဒီအတိုင်းကြိုးစားလို့ မရဘူး သတ်မှတ်ချက် Criteria ပြည့်မီအောင် ကြိုးစားရမယ် ဆိုတာကို နားလည်သဘောပေါက်မှသာ လိုချင်တဲ့ Output ကို အရယူနိုင်ပါလိမ့်မယ်
အတွေးတစ်စကို ဒီနေရာမှာ ရပ်ပါမယ်
ဒီ post လေး ဖတ်ပြီး အတွေးတစ်ချို့ ရသွားတယ်ဆို Like and share လုပ်ပေးလို့ရပါတယ်
ကျေးဇူးတင်ပါတယ်
26/03/2025
💻📣 ဆားတလင်းတန်းခွဲကို 29 ရက်နေ့ နံနက် ၉း၃၀ နာရီ စဖြစ်ပါမယ် ...
💻📣 ဒါးပိန်တန်းခွဲကတော့ 27 ရက်နေ့ နံနက် ၉း၀၀ နာရီ စဖြစ်ပါမယ်...
လျှပ်စစ်မီး အခက်အခဲကြောင့် သနပ်ပြင်မှာ တန်းခွဲဖွင့်ဖို့ အဆင်မပြေတဲ့အတွက် သနပ်ပြင်မှတပည့်များ ဆားတလင်းသင်တန်းခွဲကို လာတက်ကြဖို့ တိုက်တွန်းပါတယ်...
22/03/2025
အားလုံးပဲ မင်္ဂလာပါ
TZ Computer Training Center မှ နွေးထွေးစွာ ကြိုဆိုပါတယ် 🙏
နွေရာသီကျောင်းပိတ်ရက်မှာ ကွန်ပျူတာသင်တန်းတက်ရောက်ချင်သူများအတွက် တန်းခွဲသစ်များကို TZ Computer Training Center (၂) ခုတွင် အောက်ပါအတိုင်း ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်...
ကွန်ပျူတာကို အခုမှ စတင်လေ့လာမည့်သူများအတွက်
💻 Basic Computer Course
Online မှ သင်တန်း၊ ကျောင်းတက်ဖို့ ပြင်ဆင်နေသူများအတွက်
💻 i-Office Course
ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးချတက်ချင်သူများအတွက်
💻 Advanced Computer Course
Excel ကို ကျွမ်းကျင်စွာ အသုံးချတက်ချင်သူများအတွက်
💻 Advanced Excel Course
ရုံးများ၊ ကုမ္မဏီများတွင် HR အပိုင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်ချင်သူများအတွက်
💻 Excel for HR Course
Graphic Design ကို စိတ်ဝင်စားသူများအတွက်
💻 Graphic Design Course
ကွန်ပျူတာပန်ချီဆွဲတက်ချင်သူများအတွက်
💻 Basic Adobe Illustrator Course
💻 Vector Artwork Course
Architect ပိုင်းနှင့်လုပ်ငန်းခွင်ဝင်ရောက်လိုသောသူများ၊ Design ပိုင်းကိုစိတ်ဝင်စားသောသူများအတွက်
💻 Sketchup & Enscape Course
Video Editing ပိုင်းစိတ်ဝင်စားသူများအတွက်
💻 Video Editing Course
သင်္ချာတက္ကသိုလ်ကျောင်းသားများနှင့် Text editor အပိုင်း လေ့လာချင်သူများအတွက်
💻 LaTeX for Maths
💻 LaTeX Full Course
ကွန်ပျူတာတစ်လုံးကို အစ အဆုံး တပ်ဆင် ပြုပြင်တက်ချင်သူများအတွက်
💻 Practical A+ Hardware & Software)
အသက် ၇ နှစ်မှ ၁၀ နှစ်ကြား ကလေးများအတွက်
💻 Computer for kids
💻 Coding for kids
အထက်ဖော်ပြပါ ကွန်ပျူတာ သင်တန်းများကို TZ Computer Training Center (၂)ခုတွင် လေ့လာသင်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်
👉 တစ်ဦးလျှင် စက်တစ်လုံးနှုန်းဖြင့် သင်ကြားပေးပါတယ်။
🖥 Section တစ်ခုလျှင် လူ ၁၀ ဦးသာ လက်ခံသင်ကြာပေးတာမို့ ကြိုတင်အပ်ထားမှ စိတ်ချရပါမယ်။
⏱ သင်တန်းချိန်များကို ဖုန်းဆက်၍ ဖြစ်စေ Page Messenger မှဖြစ်စေ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ စုံစမ်းနိုင်ပါတယ်။
သင်တန်းဖွင့်လှစ်မည့်နေရာများ
🏠 သင်တန်းနေရာ ၁ - အမှတ် ၈၄၊ အေးငြိမ်းချမ်းသာလမ်း၊ အရှေ့ပိုင်း၊ ဒါးပိန်တောင်၊ လှည်းကူးမြို့နယ်။
🏠 သင်တန်းနေရာ ၂ - ဆားတလင်း အနောက်ပိုင်း၊ လှည်းကူးမြို့နယ်။
မှတ်ချက်။ ။ ဆားတလင်းမှ သင်တန်းသားများအတွက် မီးပျက်သောရက်များတွင် မီးစက်ဖြင့် သင်ကြားမှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon