Kace: Transform Your Life

Kace: Transform Your Life

Share

Together, we’ll light the way to your next chapter.

10/08/2025

💡 ကိုယ့်ရဲ့အလုပ်တွေကို ရွှေ့ဆိုင်းပြီး အချိန်ဆွဲနေမိလို့ စိတ်မပူပါနဲ့။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ Group Coaching Session တုန်းက အချိန်ဆွဲတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမေးမြန်းကြတာလေးရှိလို့ ကျွန်တော်ကိုယ်တိုင်အတွက်လဲ အကျိုးရှိပြီး လုပ်ရလွယ်ကူတဲ့ အချက်လေးနှစ်ချက်ကို မိတ်ဆွေတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

✅ 2 Minutes Rule (၂ မိနစ် စည်းမျဉ်း)
အလုပ်တစ်ခုကိုလုပ်ဖို့ တွေဝေနေတယ်ဆိုရင် ငါဒါကို ၂မိနစ်ပဲလုပ်မယ်လို့ ပြောပြီး ချက်ချင်းထလုပ်ပါ။
ဒီသေးငယ်တဲ့စည်းမျဉ်းလေးက အလုပ်မလုပ်သေးတဲ့အခြေအနေကို ဖြိုခွဲပေးပါတယ်။ စတင်လိုက်တာကနေ အရှိန်အဟုန်တည်ဆောက်မိပြီး ဆက်လုပ်ဖြစ်သွားပါလိမ့်မယ်။

⏱️ 5 Seconds Rule - Mel Robbins (၅ စက္ကန့် စည်းမျဉ်း)
အလုပ်တစ်ခုကို လုပ်ချင်စိတ်ရှိနေတယ်ဆိုရင် သင့်ဦးနှောက်ထဲက နတ်ဆိုးက သင့်ကို ဘာမှပြန်မပြောနိုင်ခင် ၅-၄-၃-၂-၁ ရေတွက်ပြီး ချက်ချင်းလုပ်ဆောင်လိုက်ပါ။
ဒီသေးငယ်တဲ့အချိန်လေးက သင့်ကိုတွယ်ကပ်နေတဲ့ နတ်ဆိုးရဲ့ သံသယဝင်မှုနဲ့ တုံ့ဆိုင်းမှုတွေကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။

💬 သင်ဆိုရင်ရော ၂ မိနစ် (သို့) ၅ စက္ကန့် စည်းမျဉ်း ဘယ်တစ်ခုကို စမ်းကြည့်မလဲ။ comment မှာ ရေးခဲ့ပါ။

သင့်ရဲ့ သေးငယ်တဲ့ခြေလှမ်း နောက်တစ်လှမ်းဟာ ကြီးမားတဲ့အရာတစ်ခုရဲ့အစ ဖြစ်နိုင်ပါတယ်။ 💥

08/08/2025

👼 ကျွန်တော်တို့ရဲ့ စိတ်အတွင်းထဲက နတ်သားနဲ့ နတ်ဆိုး

ကျွန်တော်တို့ တစ်ဦးစီရဲ့အတွင်းမှာ အမြဲပြောနေတဲ့ အသံနှစ်ခုရှိပါတယ်။

တစ်ခုကတော့ နူးညံ့ပေမဲ့ ခိုင်မာတဲ့ နတ်သားအသံ ဖြစ်ပါတယ်။
သူကအခုလို ပြောလေ့ရှိပါတယ်-
💪 “မင်းပိုကောင်းအောင်လုပ်နိုင်တယ်”
📘 “ဒီနေ့အသစ်တစ်ခုခု သင်ယူရအောင်”
🧘‍♂️ “မင်းရဲ့လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ပါ။ မင်းလိုချင်တဲ့ဘဝကို တည်ဆောက်နေတာ”

သူက ကြီးထွားမှု၊ စည်းကမ်း၊ အိပ်မက်တွေကို တီးတိုးပြောနေပါတယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ အနားယူချင်တဲ့၊ သက်တောင့်သက်သာပဲ နေချင်တဲ့ နတ်ဆိုးရဲ့ ဆူညံသံက ပေါ်လာပါတယ်။
သူကတော့ အခုလိုပြောပါတယ်-
🛋️ “ဒီထက် နည်းနည်းလောက် ဆက်ပြီး စောင့်ကြည့်လိုက်ပါဦး”
🍩 “မင်းတော်တော်လုပ်ပြီးပြီ၊ အနားယူတော့”
😴 “ဘာလို့ပြောင်းလဲမှာလဲ။ ဒီအတိုင်းနေရတာကောင်းပါတယ်”
သူက သက်တောင့်သက်သာရှိမှု၊ အကြောင်းပြချက်တွေနဲ့ အချိန်ဆွဲတာတွေကို တီးတိုးပြောလေ့ရှိပါတယ်။

နေ့တိုင်းမှာ ကျွန်တော်တို့ဟာ ဘယ်သူ့စကားကို နားထောင်မယ်ဆိုတာကို ရွေးချယ်ခွင့်ရကြပါတယ်။
💥 နတ်ဆိုးရဲ့အသံကို သင်သတိပြုမိပြီး နတ်သားရဲ့လမ်းညွှန်ချက်အတိုင်း စည်းနဲ့ကမ်းနဲ့ ဆက်လက်လုပ်ဆောင်ဖို့ ရွေးချယ်တဲ့အခါ သင့်ဆီမှာ ကြီးထွားမှုဆိုတာ စတင်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ နေ့တိုင်းသင်ပြုလုပ်တဲ့ သေးငယ်တဲ့ရွေးချယ်မှုတွေမှာ သင့်ရဲ့အနာဂတ်ကို ပုံဖော်ပေးနေတာကြောင့် ဖြစ်ပါတယ်။

💬 အခုသင့်ရဲ့ဘဝမှာ ဘယ်အသံက ပိုကျယ်လောင်နေပါသလဲ။
💬သင်ကိုယ်တိုင်ရော ဘယ်အသံကို ပိုနားထောင်ဖြစ်ပါသလဲ။
Comment မှာ ဖြေခဲ့လို့ရရင် ဖြေခဲ့ပေးပါဦး။

07/08/2025

🌱 အပင်စိုက်ပျိုးခြင်း နိယာမ - အလေ့အကျင့်တွေ တစ်နေ့ပြီးတစ်နေ့ ဘယ်လိုကြီးထွားလာသလဲ
(အလေ့အကျင့်တွေ တည်ဆောက်တာဟာ သစ်ပင်တစ်ပင်ကို စိုက်ပျိုးတာနဲ့ တူပါတယ်။ ဖြည်းဖြည်းမှန်မှန်နဲ့ ကြီးထွားလာတာပါ။)

ကျွန်တော်တို့ဟာ လုပ်ရပ်တွေကနေ ချက်ချင်းလက်ငင်းရလဒ်တွေကို လိုချင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်အသွင်ကူးပြောင်းမှုက သဘာဝတရားအတိုင်း အလုပ်လုပ်ပါတယ်။ ဖြတ်လမ်းနည်းတွေကြောင့် မဟုတ်ဘဲ အချိန်ကာလတွေအတိုင်း ဖြစ်ပေါ်လာတာပါ။
ဒီမှာတော့ အလေ့အကျင့်ဆင့်ကဲ တည်ဆောက်ခြင်း (habit stacking) ဟာ အပင်စိုက်ပျိုးခြင်း နိယာမနဲ့ ဘယ်လိုကိုက်ညီလဲဆိုတာ ဖော်ပြပေးပါမယ်။

🔁 ၂၁ ရက် - မျိုးစေ့ချခြင်း
သင်ဟာ အပြုအမူအသစ်တစ်ခုအတွက် ဖန်တီးယူနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အလေ့အကျင့်ဟာ မရေရာသေးဘဲ မေ့လျော့ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်ရဲ့ ရည်ရွယ်ချက်ကို စတင်ချမှတ်လိုက်ပြီးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
💡 အကြံပြုချက်: သေးငယ်တဲ့အရာနဲ့ စတင်ပါ။ အလေ့အကျင့်တစ်ခု၊ အချိန်တစ်ခု၊ သင်ပုံမှန်လုပ်နေတဲ့ အရာတစ်ခုခုနဲ့ ဆက်စပ်ပေးပါ။
🧠 ဥပမာ: သွားတိုက်ပြီးနောက် ၂ မိနစ်လောက် ကိုယ်လက်အကြောလျှော့မယ်။

🌿 ၄၀ ရက် - ကမ္ဘာမြေနှင့် ကုပ်အားမိခြင်း
ဒီအဆင့်မှာ အလေ့အကျင့်က မြဲမြံအောင် ကြိုးစားနေတာပါ။ တချို့နေ့တွေမှာ အားကောင်းသလို တချို့နေ့တွေမှာ အားနည်းနေနိုင်ပါတယ်။ ဒါပေမဲ့ မြေကြီးအောက်မှာတော့ အမြစ်တွေ စတင်တွယ်နေပါပြီ။
💡 အကြံပြုချက်: Reminder တွေ၊ alarm တွေ ဒါမှမဟုတ် မြင်သာတဲ့ အရာတွေကို အသုံးပြုပါ။ ပြီးပြည့်စုံမှုကို အာရုံမစိုက်ပါနဲ့။ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖို့အတွက် အာရုံစိုက်ပါ။
🧠 ဥပမာ: ညတိုင်း ဒိုင်ယာရီရေးဖို့ မမေ့အောင် သင့်ခေါင်းအုံးပေါ်မှာ ချထားပါ။

🌱 ၉၀ ရက် - သင့်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း
သင့်ရဲ့ အလေ့အကျင့်အသစ်ဟာ ပိုပြီး သဘာဝကျလာပါတယ်။ သင်တောင် သိပ်ပြီးစဉ်းစားနေစရာ မလိုတော့ပါဘူး။ သင့်ရဲ့ ပုံမှန်လုပ်ဆောင်မှုထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာပါပြီ။
💡 အကြံပြုချက်: သေးငယ်တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုပါ။ သင့်ရဲ့ တိုးတက်မှုကို အသိအမှတ်ပြုပြီး မှတ်တမ်းတင်ပါ။
🧠 ဥပမာ: “၉၀ ရက်မှာ ၆၀ ရက်တောင် တရားထိုင်ဖြစ်ခဲ့တယ် - ငါ တကယ်လုပ်နိုင်ခဲ့တာပဲ!” လို့ ကိုယ့်ကိုယ်ကိုယ် ပြောပါ။

🌸 ၁၂၀ ရက် - မြေပြင်အထက် ပေါက်ရောက်လာခြင်း
ဒီအချိန်မှာ တခြားသူတွေက သင့်ရဲ့ပြောင်းလဲမှုတွေကို စတင်သတိထားမိလာပါပြီ။ သင်လုပ်ဆောင်တဲ့အရာတွေတင်မကဘဲ သင်ဖြစ်လာတဲ့ ပုံစံကြောင့်ပါ ပြောင်းလဲမှုကို သင်ခံစားမိပါလိမ့်မယ်။
💡 အကြံပြုချက်: အလေ့အကျင့်အသစ်တွေကို ထပ်ပေါင်းထည့်ပါ။ အလေ့အကျင့်တစ်ခုရဲ့ အပေါ်မှာ နောက်ထပ်အလေ့အကျင့်တစ်ခုကို တည်ဆောက်ပါ။
🧠 ဥပမာ: မနက်ခင်းလမ်းလျှောက်ပြီးရင် ကျေးဇူးတင်စရာ ၃ ခုကို ချရေးမယ်။

🌳 ၁၀၀၀ ရက် - သင်ဟာ အလေ့အကျင့် ဖြစ်လာခြင်း
ဒါဟာ သင်လုပ်ဆောင်တဲ့ အရာမဟုတ်တော့ပါဘူး - ဒါဟာ သင်ကိုယ်တိုင် ဖြစ်နေပါပြီ။

မျိုးစေ့ဟာ သစ်ပင်တစ်ပင် ဖြစ်လာခဲ့ပါပြီ။🌳
ပုံမှန်လုပ်ရိုးလုပ်စဉ်က သင့်ရဲ့ သဘာဝ ဖြစ်လာခဲ့ပါပြီ။
သင်ဟာ ဒီစိတ်နေသဘောထားကို ကျွမ်းကျင်ပိုင်နိုင်သွားပါပြီ။💯

💡 အကြံပြုချက်: သင့်ရဲ့ အမြစ်တွေကို ကာကွယ်ပါ။ မတည်ငြိမ်မှုတွေကြားမှာတောင် တသမတ်တည်းရှိနေပါ။ ဒါဟာ သင့်ရဲ့ အုတ်မြစ် ဖြစ်ပါတယ်။

🌟 တကယ့် အလေ့အကျင့်တွေဟာ တစ်ရက်တည်းနဲ့ တည်ဆောက်တာ မဟုတ်ပါဘူး။ တစ်နေ့ပြီးတစ်နေ့ တည်ဆောက်တာ ဖြစ်ပါတယ်။
တစ်ခုတည်းနဲ့ စတင်ပါ။ ဖြည်းဖြည်းချင်း ထပ်ပေါင်းပါ။ အမြစ်တွယ်နေပါစေ။

Mindspire Coaching Mastery အတန်းတုန်းက ဆရာမခိုင်ငြိမ်းရဲ့ မျှဝေမှုလေးကို သဘောကျလို့ ကျွန်တော့်မိတ်ဆွေတွေအတွက် ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။💌

စိုက်ပျိုးခြင်းနဲ့ ရိတ်သိမ်းခြင်းနိယာမကို မျှဝေပေးခဲ့တဲ့ ဆရာမခိုင်ငြိမ်းကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်။✨

06/08/2025

🧠 အကျင့်ကောင်းတစ်ခုကို ဘာကြောင့် မတည်ဆောက်နိုင်ရတာလဲ?
စိတ်အားထက်သန်မှုအပြည့်နဲ့ အကျင့်ကောင်းတစ်ခုကို စတင်ခဲ့ဖူးပေမယ့် ရက်အနည်းငယ်အကြာမှာ ပြန်ပြီး ရပ်တန့်ခဲ့ဖူးလား။🚧

သင်က ပျင်းရိတာ၊ ပျက်စီးနေတာ မဟုတ်ပါဘူး။ဒါက လူတိုင်းနီးပါး ဖြစ်လေ့ရှိတဲ့ အရာတစ်ခုပါ။ကျွန်တော်တို့ဟာ အကျင့်ကောင်းတစ်ခုကို မှားယွင်းတဲ့နည်းလမ်းနဲ့ တည်ဆောက်နေမိတတ်ကြတာပါ။🚨

ဘာကြောင့် အကျင့်ကောင်းအများစုဟာ ပျက်ယွင်းသွားရတာလဲ❓

❌ အရမ်းကြီးမားလွန်းတယ်၊ အရမ်းမြန်လွန်းတယ်
ကျွန်တော်တို့က သုညကနေ တစ်ခါတည်း အမှတ် ၁၀၀ ကိုရောက်ချင်တယ်။ တစ်ညတည်းနဲ့ အရာအားလုံးပြောင်းလဲသွားဖို့ မျှော်လင့်တယ်။

❌ စနစ် (systems) ကိုအားကိုးတာမဟုတ်ဘဲ စိတ်အားထက်သန်မှု (motivation) ကို အားကိုးတယ်။
စိတ်အားထက်သန်မှုက မှေးမှိန်သွားတတ်တယ်။ စနစ်တွေကတော့ တည်မြဲနေတယ်။

❌ ကိုယ်ပိုင်စရိုက်လက္ခဏာ (identity) နဲ့ မကိုက်ညီဘူး။
"ငါက ဒါကိုလုပ်တဲ့လူစားမျိုးပဲ" လို့ မယုံကြည်ဘူးဆိုရင် အကျင့်က ကိုယ်နဲ့ အမြဲတွဲနေမှာ မဟုတ်ပါဘူး။

❌ အခြေခံအုတ်မြစ် (anchor) မရှိဘူး
အကျင့်တစ်ခုက အချိန်၊ အစပျိုးတဲ့အရာ ဒါမှမဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခုနဲ့ ချိတ်ဆက်မထားရင် ဟိုယိမ်းဒီယိမ်း ဖြစ်နေတတ်ပါတယ်။

✅ ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေက အလုပ်ဖြစ်မလဲ

✔ သေးသေးလေးကနေ စတင်ပါ။ မိနစ် ၂၀ မဟုတ်ဘဲ ၂ မိနစ် ကို စဉ်းစားပါ။

✔ သင်ပုံမှန်လုပ်နေတဲ့အရာတစ်ခုနဲ့ တွဲပြီး တည်ဆောက်ပါ။
ဥပမာ - ငါကော်ဖီသောက်ရင်း gratitude တစ်ကြောင်းရေးမယ်။☕📝

✔ လုပ်ရုံသက်သက် မဟုတ်ဘဲ ဖြစ်လာဖို့ (becoming) ကို အာရုံစိုက်ပါ။
ကိုယ့်ရဲ့ identity နဲ့ တွဲမြင်ဖို့ထိ ကြိုးစားပါ။

✔ အသေးအမွှား အောင်မြင်မှုလေးတိုင်းကအစ ဂုဏ်ပြုပါ။ ဟုတ်ပါတယ်။ To-do-lists တွေထဲက အမှန်ခြစ်လေးတစ်ခုဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် အားပေးပါ။

သေးငယ်တဲ့ အကျင့်လေးတွေဟာ အလွယ်လမ်း မဟုတ်ပါဘူး။ အဲဒါက တကယ့် စနစ်ကျတဲ့လမ်းကြောင်းဖြစ်ပါတယ်။ သင်တစ်ခါလုပ်တိုင်းမှာ ဖြည်းဖြည်းချင်း အမြစ်တွယ်သွားမှာပါ။ 🌱

👉 အခု မိတ်ဆွေအနေနဲ့ရော ဘယ်လိုမျိုး အလေ့အကျင့်ကောင်းလေးတွေ ကြိုးစားတည်ဆောက်နေလဲဆိုတာ Comment မှာ ပြောပြပေးသွားပါဦး။

Photos from Kace: Transform Your Life's post 04/08/2025

The Power of Small Steps Group Coaching Session လေး အောင်မြင်စွာ ပြီးစီးသွားပါပြီ အချိန်ပေးပြီး energy အပြည့်နဲ့ လာရောက်ပေးတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ဒီနေ့ရဲ့ Coaching Session ကနေ အများကြီးအကျိုးရှိသွားမယ်လို့ ယုံကြည်ပါတယ် တက်ရောက်ခဲ့တဲ့ ဘာတွေရလိုက်လဲဆိုတာ comment မှာ မျှဝေပေးသွားပါဦး 🥰✨

03/08/2025

တနင်္လာနေ့ကစပြီး အကုန်ပြောင်းလဲတော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးဖူးတယ်မလား?🤔

☀️စောစောအိပ်ရာထမယ်
🏸လေ့ကျင့်ခန်းလုပ်မယ်
🥗ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားမယ်
🎯အလုပ်တွေပြီးအောင်လုပ်မယ်

ဒီလိုနဲ့ 4ရက်လောက် ဆက်တိုက်လုပ်ပြီး သောကြာနေ့လောက်ရောက်တော့ ပင်ပန်းလာကြတယ်မလား?😴

ဒီလိုဖြစ်တာ မိတ်ဆွေတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုပြဿနာကြုံရတာက သင့်ရဲ့ရည်ရွယ်ချက် မခိုင်မာတာကြောင့် မဟုတ်ဘဲ သင့်ရဲ့ အလေ့အကျင့်တွေ တည်ဆောက်တဲ့ နည်းလမ်းနဲ့လည်း သက်ဆိုင်ပါတယ်။📊

📑 သိပ္ပံပညာရဲ့ သုတေသနတွေအရ ကြီးမားတဲ့ပြောင်းလဲမှုတွေက မကြာခဏကျရှုံးတတ်ကြောင်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အကြောက်တရား၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရတဲ့အခါ သက်သောင့်သက်သာ မဖြစ်တော့ဘူးလို့ ခံစားလာရပါတယ်။ ဒီအခါ ပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်ရင် ကျွန်တော်တို့အတွက် ကောင်းတဲ့အရာဖြစ်ရင်တောင် ကျွန်တော်တို့ရဲ့ အာရုံကြောစနစ်တွေက ဒါကိုခုခံရမယ်၊ ငြင်းဆန်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အလေ့အကျင့် သေးသေးလေးတွေကနေ စဖို့လိုပါတယ်။✅

🗓️ လာမယ့် Monday (August 4) — ကျွန်တော့်မွေးနေ့မှာ ကျင်းပမယ့် အခမဲ့ Group Coaching Session “The Power of Small Steps” မှာ ဒီ Tiny Habits ကို အခြေခံပြီး မိမိဘဝကို ပြောင်းလဲနိုင်တဲ့ လက်တွေ့နည်းလမ်းတွေ ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ဖို့ ကူညီပေးသွားပါမယ်။ 🎉🎉

အတူပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Comment မှာ PSS လို့ မန့်ခဲ့လိုက်ပါ။💬

02/08/2025

📣 Group Coaching ဆိုတာဘာလဲ?

🌱 Group Coaching ဆိုတာ ကိုယ့်ရဲ့အခုလက်ရှိနေရာကနေ တိုးတက်ပြောင်းလဲမှု ဖြစ်ချင်သူတွေအတွက် စီစဉ်ထားတဲ့ လုံခြုံစိတ်ချရတဲ့ အသိုက်အဝန်းလေး တစ်ခုဖြစ်ပါတယ်။

❌Lecture ပေးမှာမဟုတ်ပါဘူး။
❌Therapy တစ်ခုမဟုတ်ပါဘူး။
✅လမ်းတူတဲ့သူတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် အစစ်အမှန် ပြန်လည်သုံးသပ်ပြီး တိုးတက်ဖို့ အထောက်အပံ့တစ်ခုဖြစ်ပါတယ်။

💬 ကျွန်တော့်ရဲ့ လာမယ့် Coaching Session လေးမှာတော့ "The Power of Small Steps" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်လေးတွေကို consistent ရှိရှိလုပ်ဆောင်ပြီး ကိုယ့်ရဲ့ အနာဂတ်ပန်းတိုင်တွေဆီရောက်ဖို့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

👥 ဘယ်သူတွေ တက်ရောက်သင့်လဲ?

မိတ်ဆွေက ...
✅Goal ဆီကိုသွားဖို့ ကြိုးစားရင်း လမ်းတစ်ဝက်မှာ ရပ်သွားတတ်တယ်။
✅အလေ့အကျင့်အသစ်တွေ ပြောင်းလဲလုပ်ဆောင်ရင်း မောလာတယ်။
✅ကိုယ့်ရဲ့ Goal ကို ရောက်ဖို့ အစီအစဉ်သေချာချပြီး ရှင်းလင်းချင်တယ်။
✅ကိုယ်နဲ့ လမ်းတူတဲ့ တခြား‌သူတွေဆီကနေ သင်ယူလေ့လာချင်တယ် ဆိုရင်တော့ ဒီအစီအစဉ်က မိတ်ဆွေအတွက်ပါ။

🎁 ကျွန်တော့်မွေးနေ့အတွက် အမှတ်တရလက်ဆောင်လေးအနေနဲ့ Group Coaching Session လေးကို အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🗓️ Date: August 4 (Monday)
⏰ Time: 8:00-9:30 Pm (1:30 hr)
📍 Platform: Zoom

ကျွန်တော့်အသက် 21နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ Free Group Coaching အတွက် 21 ‌ယောက် လက်ခံပေးသွားပါမယ်ခင်ဗျာ။🎉

မိတ်ဆွေအနေနဲ့ စိတ်ပါဝင်စားလို့ join ချင်ရင် comment မှာ join လို့ ment ခဲ့လို့ရပါတယ်။ Page messenger မှာလည်း လာရောက်ဆက်သွယ်နိုင်ပါတယ်။💬

01/08/2025

လူတွေက သူတို့ရဲ့ goals တွေကို ဘာလို့ရပ်တန့်ပစ်လိုက်ကြတာလဲ❓

ဘာလို့လဲဆိုတော့ သူတို့ဟာ အရမ်းဝေးဝေးတွေးပြီး အနာဂတ်မှာပဲ‌နေရင်း မောနေတတ်ကြလို့ပါ။😓

လက်တွေ့ဘဝမှာ တိုးတက်ပြောင်းလဲဖို့အတွက် အမှန်တကယ်လိုအပ်တာက နေ့စဉ်လုပ်ဆောင်ချက်လေးတွေပါ။ 💯

ဒီတော့ မိတ်ဆွေတို့ရဲ့ Goal‌s တွေကို လက်မလွှတ်ရ‌စေဖို့ ကျွန်တော်ရဲ့ မွေးနေ့ August 4ရက်နေ့မှာ Free Group Coaching Session တစ်ခု စီစဉ်ထားပါတယ်။ 💌

Stay tuned💬

01/08/2025

🎉 Something special is coming!

August လဟာ ကျွန်တော့်ရဲ့ မွေးလဖြစ်တာကြောင့် ကျွန်တော့်ရဲ့ followers တွေကို အဓိပ္ပာယ်ရှိတဲ့အရာလေးတစ်ခု အမှတ်တရလက်ဆောင်အဖြစ် ပေးချင်ပါတယ်။💌

ဒီလက်ဆောင်လေးဟာ မိတ်ဆွေတို့ဘဝအတွက် တိုးတက်မှု၊ အောင်မြင်မှုတွေရရှိဖို့ ကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို ဒီညမှာ ဆက်လက်စောင့်‌ကြည့်ပေးပါ။💫

The Power of Small Steps - Coming Soon

31/07/2025

💞 Part 2: Masculine & Feminine Energy in Relationships

Relationship တိုင်းမှာ စည်းချက်ညီတဲ့ energy လေးတွေ စီးဆင်းနေတတ်ကြပါတယ်။ တစ်ယောက်က ဦးဆောင်တယ်။ တစ်ယောက်က လိုက်နာတယ်။ တစ်ယောက်က အစီအစဉ်ဆွဲတယ်။ တစ်ယောက်က အကောင်အထည်ဖော်တယ်။

👨‍🦱 Masculine Energy – တည်ငြိမ်မှုရှိတယ်၊ လမ်းညွှန်တယ်၊ ကာကွယ်တယ်၊ သေချာအထောက်အထားနဲ့ ဦးဆောင်တယ်။

👩 Feminine Energy – နူးညံ့တယ်၊ လက်ခံတယ်၊ ဂရုစိုက်တယ်၊ ခံစားချက်တွေနဲ့ တက်ကြွမှုပေးတယ်။

❤️ အချိန်အခိုက်အတန့်တစ်ခုထဲမှာ –
တစ်ယောက်က ဦးဆောင်တယ် (masculine)
တစ်ယောက်က ယုံကြည်ပြီးလိုက်နာတယ် (feminine)
ဒါပေမယ့် role တွေက အမြဲပုံသေမဟုတ်ဘဲ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ လိုအပ်သလိုလဲ ပြောင်းလဲနိုင်ပါတယ်။

‼️ ဘာလို့ ဒီ energy တွေကို ဆွေးနွေးဖို့လိုတာလဲ?

နှစ်ယောက်လုံး ဦးဆောင်ချင်တယ် (masculine) ဆိုရင် – ထိပ်တိုက်‌တွေ့ပြီး ယှဉ်ပြိုင်တတ်တယ်။

နှစ်ယောက်လုံး လိုက်နာစောင့်ဆိုင်းနေတယ် (feminine) ဆိုရင် – အဲ့နေရာမှာ stuck ဖြစ်သွားပြီး ရှေ့မရောက်တော့ဘူး။

🧠 ဒါကြောင့် အဓိကကတော့ – ချစ်သူနှစ်ဦး လိုအပ်ချက်အရ negotiation လုပ်ဖို့ လိုပါတယ်။

💬 ဒီလိုညှိနှိုင်းဖို့ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေမေးပါ။

ဒီအချိန်မှာ ဘယ်သူဦးဆောင်မှာလဲ❓
ဘယ်သူက ပိုပြီး နားလည်ဖို့၊ လက်ခံဖို့လိုနေလဲ❓
ငါတို့တစ်ယောက်ကို တစ်ယောက် ယုံကြည်ပေးပြီး role ပြောင်းမယ်ဆိုရင်ရော ဖြစ်နိုင်လား❓

ယောက်ျားလေးက အမြဲဦးဆောင်ရမယ်၊ မိန်းကလေးက အမြဲလိုက်နာရမယ်လို့ စည်းမျဉ်းမရှိပါဘူး – အဓိကသော့ချက်က ညှိနှိုင်းမှုပါ။⚖️
မိမိမှာ masculine/feminine energy ပိုရှိနေတာဟာလဲ သဘာဝပါ။

✅မိမိရဲ့ energy ကို ကိုယ်တိုင်သတိပြု နားလည်ရမယ်။
✅မိမိ partner ရဲ့ energy ကိုလဲ လေးစားရမယ်။
✅နှစ်ဦးလုံး စိတ်ချလုံခြုံမှုရှိမယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်ပြီး လိုအပ်လာရင် roleပြောင်းလဲယူနိုင်ကြမယ်ဆိုရင်
Energy တွေကို negotiation လုပ်နိုင်ဖို့ လွယ်ကူမှာပါ။

📌Reminder:
မင်း masculine တစ်ယောက်ဖြစ်ဖို့ မလိုသလို
feminine တစ်ယောက်ဖြစ်ဖို့လဲ မလိုပါဘူး။

အရေးကြီးတာက – မင်းနဲ့ မင်းရဲ့ချစ်သူက
ကိုယ့်ရဲ့ energy ကို Awareness ရှိမယ်။
တစ်ယောက်နဲ့ တစ်ယောက် Respect ရှိမယ်။
နှစ်ဦးသား ယုံကြည်မှုရှိပြီး ပြောင်းလဲနိုင်ဖို့ စိတ်ဖွင့်ထားဖို့ပါပဲ။

Awareness, Respect, Trust - ART ၃ခုနဲ့ပြည့်စုံရင် နှစ်ဦးလုံး ပျော်ရွှင်ပြီး အနုပညာဆန်ဆန် လှပတဲ့ ဘဝပန်းချီကားတစ်ချပ်ကို ဖန်တီးနိုင်မှာပါ။🖼️🎨

27/07/2025

❤️ Great relationships are not 50/50.
They are 100/100.

တကယ်ကောင်းမွန်တဲ့ relationship တွေဆိုတာ တစ်ဝက်၊ တစ်ဝက် 50/50 ပေးထားကြတာမဟုတ်ပါဘူး။

တစ်ယောက်ချင်းစီက သူတို့ရဲ့ energy၊ အာရုံစိုက်မှု၊ လုပ်ဆောင်နိုင်စွမ်းတွေကို ပေးနိုင်သမျှ အစွမ်းကုန်ထိ 100% ပုံအောပေးထားကြတာပါ။❤️

27/07/2025

🌓 Masculine & Feminine Energy

Masculine နဲ့ Feminine Energy ဆိုတာ လူတိုင်းရဲ့ စိတ်အတွင်းထဲမှာ ရှိတတ်ကြပါတယ်။
ဒီ energy တွေဟာ မိတ်ဆွေက ယောက်ျားတစ်ယောက်ဖြစ်တယ်၊ မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတာပေါ် မမူတည်ဘဲ ကျွန်တော်တို့ရဲ့ အတွေး၊ ခံစားချက်၊ လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်မှုပုံစံတွေပဲ ဖြစ်ပါတယ်။

🌀တရုတ်အစဉ်အလာ Taoism မှာ Yin & Yang ဆိုတဲ့ ဆန့်ကျင်ဘက် အင်အားနှစ်ခုကို ဖော်ပြပါတယ်။

🌙 Yin (Feminine)
မဓာတ် - ပျော့ပျောင်းမှု၊ လက်ခံနိုင်စွမ်း၊ ခံစားနိုင်စွမ်း၊ ဖန်တီးမှု၊ ပြုစုပျိုးထောင်မှု

☀️ Yang (Masculine)
ဖိုဓာတ် - အားကြီးမှု၊ ဂရုစိုက်မှု၊ လွှမ်းမိုးတတ်မှု၊ ဆင်ခြင်နိုင်စွမ်း၊ လုပ်ဆောင်မှု၊ ဖွဲ့စည်းမှု၊ ဦးဆောင်နိုင်စွမ်း

ဒီလို မတူညီကြပေမဲ့
🌅နေ့ နဲ့ ည🌌
☀️နေ နဲ့ လ🌛
🔥မီး နဲ့ ရေ 🫧 လိုမျိုး တစ်ခုနဲ့တစ်ခု လိုအပ်ကြပါတယ်။ အပြန်အလှန် ဖြည့်တင်းပေးပြီး ပြည့်စုံစေပါတယ်။

✅Yin & Yang မျှတမှုရှိသွားတဲ့အခါ ဘဝက အဆင်ပြေ ချောမွေ့စွာ လည်ပတ်ပါတယ်။ တစ်ဖက်မှာ အလေးသာသွားရင်တော့ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

Tao Te Ching စာအုပ်ထဲမှာ Philosopher Laozi က ဒီလိုပြောထားပါတယ်။

“The feminine overcomes the masculine with stillness.”
“The soft and yielding overcome the hard and strong.”

💡အဓိကပေးချင်တဲ့ message ကတော့ မဓာတ်ဆိုတာ အင်အားနည်းတဲ့အရာ မဟုတ်ပါဘူး။ မဓာတ်ရဲ့အင်အားက တင်းမာမှုမဟုတ်ဘဲ တည်ငြိမ်မှုဖြစ်ပါတယ်။

နောက်ရက်မှာတော့ ဒီ energy နှစ်ခုကို relationship မှာ ဘယ်လိုအချိုးညီညီ အသုံးပြုကြမလဲဆိုတာ ပြောပြသွားပါမယ်။💞

👉 Stay tuned for Part 2!

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon