Schnucki Handmade
Amigurumi
12/06/2026
ပထမ အော်ဒါလေးတဖြတ် အားလုံးပို့ပြီးပါပြီ
လက်ကားမထိုးပါဘူးရှင့် customized ဘဲထိုးပါတယ်ရှင့်🥰
Admin အရုပ်ကြွေးတွေ တအားပိနေလို့ အရင်ရှင်းနေပါသေးတယ် ပြီးသွားတာနှင့် patternတွေရော event တွေရော ပြန်လုပ်ပေးပါမယ်ရှင်
MLBB pattern တွေ ထပ်ရေးပါဦးမယ်
မနှစ်က ထုတ်မဲ့ patternတွေလည်း ရေးပေးပါ့မယ်
အခုတော့ အကြွေးတွေ စိတ်ဖိစီးရတာတွေ အရင်ရှင်းပေးနေလို့ ခဏတော့ ရပ်ထားဦးမယ်နော်
အကုန်ပြီးရင် ပြန်လာခဲ့ပါ့မယ်
20/05/2026
One piece ရဲ့ Going Merry လေး
17/05/2026
ထပ်ထိုးဖြစ်တဲ့ ကြွက်အာပြဲလေး 😍
လကုန်အထိ အရုပ်သစ်တွေ လက်မခံသေးပါဘူးရှင်
အရင်လက်ခံထားတဲ့အရုပ်တွေ တခုချင်းရှင်းနေသေးလို့ပါရှင့်
အကောင်လေးတွေအပြင် customized လူရုပ် ငါးရုပ်လောက် ထိုးရဦးမှာပါရှင့်
Pattern ရှိပြီးသား အရုပ်လေးတွေ အရင်ထိုးပြီး စဉ်းစားရမယ့်အရုပ်လေးတွေ ဖြည်းဖြည်းချင်းထိုးပေးပါ့မယ်ရှင့်
လူကတယောက်တည်း လုပ်စရာတွေများနေလို့ ထပ်မံနားလည်ပေးကြပါနော် ကျေးဇူးအများကြီးပါရှင့်
😘🥰
14/05/2026
Pattern credit ပါရှင် ဒါလေး လာမေးထားလို့ ယူပါရှင့်
Thanks to pattern creator 🙏
14/05/2026
Pinterest ကပုံလေးအတိုင်းဘဲမလား မဟုတ်ဘူးနော် အဲ့ဒါ Admin ထိုးတာရှင့် Admin ရဲ့ ကိုယ်ပိုင် design 😁😎
ကူးချတာလည်း နည်းနည်းတော့ ပါတာပေါ့ ဟဲဟဲ 😜
Watermark ထည့်ရင် အရောင်မလှတော့လို့ နောက်မှ logoထည့်ရိုက်မယ် 😁
13/05/2026
Pattern credit & thanks to original creator.
I got it free from some social platform & sharing again with respect.
ဒါလေးတွေလိုချင်နေတာကြာပြီ ခုမှတွေ့လို့ body က အတူတူဘဲ ကိုယ်လိုသလို အကောင်လေးတွေ အများကြီး ထပ်ထွင်လို့ရတယ်နော် try ကြည့်ကြပါရှင့် 😍
12/05/2026
Admin အခုမှ ချည်ပြန်ထိုးတာမို့ ချည်ထိုးစရာတွေ အများကြီး ရှိနေသေးတယ် အရုပ်အော်ဒါအသစ်လေးတွေ ဒီတလလုံး လက်မခံသေးပါဘူးလို့
နောက်လမှဘဲ အော်ဒါအသစ်တွေ ပြန်လက်ခံမယ်နော်
အခုတောင် ထိုးစရာတွေမနည်းမနောရှိနေသေးလို့ပါ
လက်ခံပြီးမှ အချိန်မှီ မပြီးမှာ စိုးလို့ပါရှင်
ပြီးတော့ Urgent ဆို လုံးဝ လက်မခံပါဘူးလို့
စိတ်အေးအေးလေးနှင့် ဖြည်းဖြည်းချင်းထိုးရတာဘဲ ကြိုက်လို့ပါ အမြန်ထိုးရရင် မပျော်တော့ဘူး
10/05/2026
Keychain လုပ်ရင် အရမ်းလှမယ့် clownfish ငါးရုပ်ဆိုးလေးတွေ 🤭
လိုချင်တဲ့သူ ယူလို့ရအောင်ပါ
တွေ့သလောက်လေး နောက်ထပ်ထပ်တွေ့ရင် ဒီထဲဘဲ ထပ်ဖြည့်ထားမယ်ရှင့်
09/05/2026
ဒါလေးလည်း လိုချင်တယ်ဆိုလို့ 🥰
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11211