May Pyo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Pyo, Poet, Pazundaung Township, Yangon.
08/11/2023
အချစ်ခံရဖို့ အတွက် တကူးတက သွားမရှာတော့မှ
တိုက်တိုက်ဆိုင်ဆိုင် ပြန်ပေါ်လာတဲ့ ချစ်ခြင်းတရားလေး...
ဒီတစ်ခါ တွဲလက် မြဲလောက်ပါပြီလေ
01/05/2023
တစ်ဖက်လူတစ်ယောက်ကို မယုံကြည်တာတော့မဟုတ်ဘူး...
ယုံကြည်မှုပေးလိုက်မိရင် တစ်ဖက်လူက လုပ်ချင်တာတွေလုပ်ရော...
ယုံကြည်မှုပေးပြီးရင် မပစ်ထားဘူး... ပိုပြီး သတိထားလေ့လာဖြစ်နေတာ...
သူဘာလုပ်တယ်...ဘယ်သွားတယ်...ဘယ်သူနဲ့စကားပြောတယ်...ဒီနေ့ ဘာအရောင်ဝတ်ထားတယ်...ဒီနေ့ ဘာစားတယ်...သူ့Post ကို ဘယ်သူတွေက ဘယ်လို Reated တွေပေးတယ်...ဘာလို့သူက ဒီ Post ကိုတင်တယ်...ဘာညာပေါ့နော်...သူ့ကိုမယုံတာမဟုတ်ဘူး... သူ့ဘေးက လူတွေကိုမယုံတာ... အနည်းနဲ့အများတော့ စနောက်ချင်တာပဲလေနော်...ပြောချင်တာက...ယုံကြည်မှုဆိုတာ တစ်ဖက်လူက လုပ်ပေးရတာ...ကိုယ်ကလည်းလုပ်ယူလို့မရဘူး ... သဝန်မတိုဘူးဆိုတာက လျှောက်ပြောတာ.. အမှန်တကယ်က သဝန်တိုတာကို လူမသိအောင်တစ်မျိုး လူသိအောင်တစ်မျိုး လုပ်ပြကြတာပါပဲ...ဒါကို တစ်ဖက်လူက အကဲခတ်ညံ့နေတာ...ဒါကို ဘေးလူက သိလို့ပြောရင် သူ့အကြောင်း ဘာသိလို့လဲဆိုပဲ... ဒါကလူတိုင်းနီးပါးမှာဖြစ်တတ်တဲ့သဘောကိုပြောပြချင်တာ.. ရှုပ်သွားလား...ရှုပ်သွားတယ်ထင်ရင်... ၂ ခေါက် ၃ ခေါက်လောက်ပြန်ဖတ်လေနော်...🙂🙂🙂
တစ်စုံတစ်ယောက်ကိုဆွဲထားရတာ
အောက်ကျနောက်ကျနိုင်မှန်း
ကျွန်တော်တို့လည်းသိပါတယ်
ဒါပေမဲ့လည်း
အချစ်ဆုံးတစ်ယောက်ဖြစ်နေတော့
ကျွန်တော်တို့ဟာ
ကိုယ့်သိက္ခာလည်းကိုယ် မငဲ့နိုင်ကြတော့.. ။
-မိုးနေ့
#ဧည့်သည်
၊ အချစ်ဦး ၊
ကျွန်တော်ချစ်တာ သူသိတယ်
သူချစ်တာလည်း ကျွန်တော်သိတယ်
ဒါပေမယ့် ကျွန်တော်တို့ မနီးစပ်ခဲ့ဘူး ။
#ဆူး
ရေစက် ဆိုတဲ့ တွေ့ဆုံမှုတွေဟာ
လုပ်ယူလို့မရပါဘူး။
နီးစပ်ဖို့အကြောင်းတရားတွေရှိခဲ့ရင်
ဘဝရဲ့ တစ်ချိုးတစ်ကွေ့မှာ
မဖြစ်မနေဆုံဆည်းကြရတာပါပဲ။
လူတိုင်းမှာ
Love Partner ပဲရှိကြပင်မဲ့...
Life Partner မရှိကြတာများပါတယ်...
အကယ်၍များ ရှိခဲ့တယ်ဆိုရင်တော့...
သင်ဟာ သိပ်ကံကောင်းတဲ့သူတစ်ယောက်ဆိုတာ မမေ့ပါနဲ့...
ပထမဆုံးမဖြစ်ချင်ဘူး...
နောက်ဆုံးပဲဖြစ်ချင်တယ်...
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ
ထပ်မချစ်စေချင်တော့ဘူး...
လောကမှာ
အသက်အရွယ်ကြောင့်
ရင့်ကျက်လာတဲ့သူရှိသလို
စိတ်ဒဏ်ရာကြောင့်
ရင့်ကျက်လာတဲ့ လူငယ်တွေလည်း ရှိပါတယ်...
#ဆွေး(ရွှေအိုင်)
မလွဲချင်ဘူး အချစ်ရယ်...
မြဲပဲမြဲချင်တယ်...
ဖူးစာတွေမပါလည်း မင်းကို ကိုယ်နဲ့ပဲ ပေါင်းဖက်စေချင်တယ်...
ချစ်တယ်ဆိုရင်
ရင်ထဲကို မြင်အောင်ကြည့်ရတယ်...
#မောင်လှမျိုး(ချင်းချောင်းခြံ)
လက်ထဲ တကယ် ပိုက်ဆံ လိုအပ်တဲ့အချိန်
အရာရာ ဖြည့်ဆည်းခဲ့ပေးဖူးသူတွေဆီက
ပိုက်ဆံ ငါးရာ မပြောနဲ့ တစ်ရာတောင်
အကူအညီရဖို့ သိပ်ခက်ခဲလွန်းဘဝ
သိပ်စိတ်အားငယ်ရတယ်....
08/03/2023
ဒိုင်ယာရီထဲမှာ
ကိုယ့်ဘဝထဲမှာ
တိမ်တွေလို အရောက်မပြောင်းဘူး
ပန်းတွေလို မနွမ်းခြောက်ဘူး
ကြွေကျလို့ မြေမခဘူး
အချစ်ဦးတဲ့
တကယ်ပါ...
စွဲစွဲလမ်းလမ်းကိုရူးခဲ့ဖူးတယ်...
kaythayee
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the establishment
Telephone
Website
Address
Yangon