BESM
Burma Entertainment and Sports Media
10/06/2025
#အင်္ဂလန်ပရီးမီးယားလိဂ်သမိုင်းစံချိန်တင်ပြောင်းရွေ့မှုအနေနဲ့
လေဗာကူဆင် ကစားသမား Florian Wirtz ကို လီဗာပူးလ်က ယူရိုသန်း 150 နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်😎😘
အခုခေါ်ယူမှုဟာ
🥇 ဘွန်ဒက်လီဂါသမိုင်းတွင် ဈေးအကြီးဆုံးစံချိန်တင်ရောင်းချမှု
🥇 လီဗာပူးသမိုင်းမှာလည်း ဈေးအကြီးဆုံး ခေါ်ယူမှု
🥇 ပရီမီယာလိဂ်သမိုင်းတွင် ဈေးအကြီးဆုံး ခေါ်ယူမှု
စတဲ့ စံချိန်တင်မှက်တမ်းတွေကို ချိုးသွားနိုင်တာဖြစ်ပါတယ်။
FSG တို့ကတော့ လုပ်ပြနေပါပြီ🎯😁
08/06/2025
UEFA နေရှင်းလိဂ် ဖိုင်နယ် ပင်နယ်တီအဆုံးအဖြတ်နဲ့ ပေါ်တူဂီ ချန်ပီယံဖြစ်🏆🏆
ပေါ်တူဂီ 2-2 စပိန် _ full time
Penalty 4-5
31/05/2025
ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို မြေပုံပြန်ဆွဲကြည့်သောအခါ🌚
31/05/2025
ဒီနေ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ PSGကစားသမား ဟာကီမီကတော့ အသင်းဟောင်း အင်တာမီလန်ကို ဂိုးသွင်းခဲ့ပေမဲ့ အောင်ပွဲမခံခဲ့တာကိုတော့ လေးစားတဲ့လုပ်ရပ်အဖြစ် ဂုဏ်ယူလျက်ပါ။ 🥲🫡
31/05/2025
ချန်ပီယံလိဂ်ကို PSG သိမ်းပိုက်သွားခဲ့ပါပြီ🏆👏🏿👏🏿🤩
PSG 4-0 Inter - Full Time
31/05/2025
ခင်ဗျားတို့က မချစ်တော့ပေမဲ့ နေပယ်သားတို့လက်ထဲမှာတော့ အတောက်ပဆုံးအဖြစ် ပျော်ရွှင်နေလေရဲ့ဗျာ🥹
ဘာပဲဖြစ်ဖြစ် ဂုဏ်ယူလျက်ပါ တော်မီနေး👏🏿😍🏆
31/05/2025
ဆော်ဒီမှာလည်း အများအချစ်တော်ကြွက်ကလေး
ကန်တေးတို့က အောင်မြင်တာပါပဲ👏🏿😍
မနေ့ညက အီတီဟက်က ဆော်ဒီ King Cup ဖိုင်နယ်မှာမှာ ကွာဒါစီရာ ကို 3-1 နဲ့ ရယူပြီး ဖလားမြှောက်ခဲ့တာပါ။
အဆိုပါပွဲမှာ ဘန်ဇီးမားကတော Player of the match ကို ရရှိခဲ့ပြီး နှစ်ဂိုးသွင်းစွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး၊ ကွာဒါရာစီ အသင်းတိုက်စစ် အူဘာမီယာန်းကလည်း တဂိုးသွင်းခဲ့သေးတာဖြစ်ပါတယ်။
30/05/2025
🚨 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 သတင်း
#ရီးရဲလ်မက်ဒရစ်အသင်းဟာ Trent Alexander Arnold ကို ခေါ်ယူထားပြီး Club World Cup ကစား
မယ့်ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်🌚
မက်ဒရစ်က Trent ကို ဇွန် 2031 မတိုင်မီအထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီးတော့
ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် လီဗာပူးကိုလည်း ရီးယဲလ်မက်ဒရစ်က ကလပ်ပွဲ ကစားအမှီ Fee around ပြောင်းရွှေ့ကြေး ယူရို𝟏𝟎 သန်းပေးပြီး သဘောတူညီမှု ထပ်ရယူခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်နှင့် သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏လစာကို ဇွန်လနှင့် ဇူလိုင်လစာရော ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
30/05/2025
ဖရင်းပေါင်ကတော့ £35 millions ၊ 5 နှစ် သတ်တမ်းစာချုပ်နဲ့လီဗာပူးလ်ကလပ်ရဲ့တရားဝင် ကစားသမားအဖြစ်လက်မှက်ထိုးလိုတ်ပါပြီ။
Liverpool 🎯
29/05/2025
အင်္ဂလန် ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအနေနဲ့ 2024-25 ရာသီမှာ ပရီးမီးယားလိဂ်ငါးသင်းကပဲ
ငွေဖလားကိုယ်စီ ရယူနိုင်ခဲ့ပါတယ်🏆🏆🏆🏆🏆
မှက်တမ်းကောင်းသမိုင်းတခုပါပဲ 💪🏿☠️
🏆 လီဗာပူးအသင်း - ပရီးမီးယားလိဂ်
🏆 နယူးကာဆယ် ယူနိုက်တက် - EFL ဖလား
🏆 ခရစ္စတယ်ပဲလေ့စ်ဘောလုံးအသင်း - FA ဖလား
🏆 တော့တင်ဟမ်ဟော့စပါး - ယူရိုပါလိဂ်
🏆 ချဲလ်ဆီးဘောလုံးအသင်း - ကွန်ဖရင့်လိဂ်
မန်ယူဘက်ကို မောင်မောင်လွင် ဂိုးသွင်းလိုတ်ပါပြီ😍😁
Click here to claim your Sponsored Listing.
Category
Website
Address
11032