Telling Truth Time

Telling Truth Time

Share

အမှန်တရားပြောမယ့်အချိန်

Photos 17/04/2017

ကောင်း၏

မြန်မာနိုင်ငံမှာ နာမည်ကြီးတန်ခိုးကြီးဘုရားများကျတော့သန့်ရှင်းရေးအသင်းတပုံတပင်ပါဗျာ
ရန်ကုန်မြို့ထဲမှာတင်ဘုရားပေါင်းမြောက်မြားစွာရှိသော်လည်း၊ထိုဘုရားများကျတော့ပေုပြင်ထိန်းသိမ်းသန့်ရှင်းရေးအတွက်
ဘုရားစောင့်ပဲရှိတယ် သူတို့လဲအသက်ကြီးတော့မလုပ်နိုင်ဘုရားငယ်လေးတွေမှာရေညှိအထပ်ထပ် အမှိုက်ကရှုပ်
အဲ့ဒါတွေဟာလူငယ်တွေတာဝန်ဖြစ်တယ်လို့ယူဆတယ် Thaiမှာဆို ဘယ်ရပ်ကွက်ကဘုရားဖြစ်ဖြစ်စိတ်ကြည်နူးစရာဗျာ
ဒါတွေကိုပြုပြင်သန့်ရှင်းဖို့
၂၀၁၀ခုနှစ်လောက်တွင် ကျွန်တော်သည်
Myanmar's Generation Teamကိုဖွဲ့စည်းရန်ကြိုးပန်းခဲ့သို့သော်
အကြောင်းအမျိုးမျိုးကြောင့်ပျက်ခဲ့ရသည်
ထို့ကြောင့် ယခု ၇နှစ်ကျော်ကြာချိန်တွင်
စိတ်တူကိုယ်တူညီအကိုမောင်နှမများဖြင့်

၁၇ရက်၎လ၂၀၁၇ခုနှစ်
မြန်မာသက္ကရာဇ် ၁၃၇၉ တန်ခူးလ နှစ်ဆန်းတရက်နေ့တွင်
စတင်ဖွင့်လှစ်ထူထောင်ပြီဖြစ်ကြောင်းအသိပေးနှိုးဆော်ပါသည်

ပါဝင်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းသွင်းပြီး အပတ်စဉ်သန့်ရှင်းရေးလုပ်မည့်ဘုရားကိုသိစေရန်

https://www.facebook.com/Myanmars-Generation-Team-1002084866588929/

အသင်း၏ရည်ရွယ်ချက်-ရန်ကုန်မြို့တွင်းမှ ဘုရားများသာမကမြန်မာနိုင်ငံနေရာအနှံ့ အပြားမှ ဘုရားများကိုသန့်ရှင်းရေးလုပ်ရင်း
မြန်မာမျိုးဆက်သစ်လူငယ်တွေ ထိန်းသိမ်းချင်စိတ်နှင့်မိမိဘာသာအလေးထားတတ်စေရန်၊စည်းလုံးမှုရှိစေရန်
အသင်းလုပ်ဆောင်ချက်-တပတ်တခါတနင်္ဂနွေပိတ်ရက်များတွင် မြို့တွင်းမြို့ပြင်ဘုရားများအား
အလှည့်ကျသန့်ရှင်းရေး
တခြားသောလူမှူရေးအကူအညီများအလျဉ်းသင့်သလို
အသင်း၏ခိုင်မာသောဆုံးဖြတ်ချက်-အတင်းအဓမ္မအလှူမခံ(လမ်းဘေးတွင်လမ်းဆုံတွင်)
မိမိသဘောဖြင့်လှူဒါန်းမှုသာလက်ခံသည်

Photos 22/12/2016

ဆွမ်းခံပြီး ကျွေးပါ့မယ်
------------------------
ဟိုး အရင်တုန်းကဆိုရင် ရွှေတကျပ်သား
ကျွန်းသစ်တစ်တန် စပါးတစ်ရာ အဲဒီအရာသုံးခုရဲ့ ဈေးနုန်းဟာ အတူတူပါပဲ
တကျပ်သား တစ်တန် တင်းတစ်ရာ
ဈေးနုန်းဟာ သောင်းဂဏန်းပဲရှိတယ်
အခု ငွေကြေးဖေါင်းပွလာတော့ အားလုံးဟာ
၁၀ သိန်းနီးပါးဝန်းကျင်ဖြစ်နေပြီ
ဟိုတုန်းက မိသားစုတစ်စုရဲ့ဝင်ငွေဟာ
တစ်ဦးအလုပ်လုပ်ရင် ရတဲ့ လစာ
နှစ်သောင်း သုံးသောင်းနဲ့  တစ်မိသားစု
ထိုင်စားလို့ ရတယ် ကလေးတွေမုန့် ဖိုး
ပေးရတာကလည်း တဦးမှ ငါးမူး တကျပ်
ဒါဟာ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်
ခန့် ကိုပြောတာပါ
အခု ကလေးတစ်ဦးမုန့် ဖိုးကတော့
တစ်နေ့ ကို ထောင်ဂဏန်းထိ ငွေကြေး
ဖေါင်းပွလာခဲ့တယ်
အဲဒီမှာ ထူးဆန်းတာတစ်ခု တွေ့ မိတယ်
အဲဒါကတော့
ရဟန်းသံဃာတော်တွေ ကိုချီးမြှင့်ပေးတဲ့
စာအောင်ဆုကြေးပါပဲ
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကလည်း
အကြီးတန်းအောင် လေးရာကျပ် တဲ့
အဲဒီကနေ အကြီးတန်းအောင် ခုနစ်ထောင်ထိ တက်လာခဲ့တယ်
ဒါပေမဲ့ အခု ခုနှစ်ထောင်ကနေ ဆက်ပြီး
တက်မလာတော့ဘူး
မုန့် ဖိုး တစ်ကျပ်ကနေ ထောင်ဂဏန်းအထိ
အဆပေါင်းထောင်နဲ့ ချီပြီး တက်ပေမဲ့
ရဟန်းတော်များအတွက်ကတော့
ခုနစ်ထောင်မှာတင်တန့် နေတယ်
စာချတန်းတတန်းအောင်ဖို့ စာလိုက်ရတဲ့ စာရွက်စာတန်းကြေး နဲ့ အထွေထွေ
ကုန်ကျစရိတ်ဟာ တစ်နှစ်စာကို
ငါးသိန်းအထက်မှာ ရှိပါတယ်
ရတဲ့ဆုကြေးက ခုနစ်ထောင်ဆိုတော့
မေးချင်တယ်
ရဟန်းတော်များအတွက်
ခေတ်နဲ့ လိုက်လျှောညီထွေဖြစ်မဲ့
ဆုကြေးမျိုးက ဘယ်တော့မှ
ရမှာလည်းဟင် ?
အခု သာသနာရေးဆိုင်ရာ ဘားဂျက်
မရှိလို့  နောက်သုံးနှစ်စောင့်ပြီးမှ
ပေးမယ်ဆိုတော့
ဟို ဟာ လေ
နိုင်ငံတော်အကြီးအကဲတွေ
သာသနာရေးဆိုင်ရာအကြီးအကဲတွေ
စာသင်သားတွေရဲ့ ဘဝတွေကို
သေသေချာချာ လေ့လာဖို့ 
စာသက်တိုက်တွေမှာ
တက်နိုင်သလောက် လာနေကြည့်ကြပါလားဟင်
စားစရိတ်အတွက်
မပူပါနဲ့ 
ဆွမ်းခံပြီး ကျွေးပါ့မယ်
ဦးမြင့်ခိုင်
share

Photos from Telling Truth Time's post 18/12/2016

* * သူပုန် ငိုသောနေ့ * *

တပ်မတော်ကို . . .
ပြည်သူတွေက ထောက်ခံ
ဒေသခံတွေက ထောက်ပံ့
လုပ်ငန်းရှင်တွေက ကူညီ
နိုင်ငံတကာက အားပေး
ငြိမ်းချမ်းရေး လိုလားသူတွေက လေးစား
အိမ်နီးနားချင်းတွေက အသိအမှတ်ပြု
သဘောကျသူတွေက ကြည်ညို

ကဲ . . ဒါဆို ဘာလိုသေးလဲ ?
အားမာန်ဝံ့ချီ ရှေ့သို့တည်
တရားသောစစ် အောင်ရမည်ဟေ့ !

လေးစားလျှက်

Photos from Telling Truth Time's post 13/12/2016

အော်ရတာ.....အားရထှာ
----------------------

ပြည်သူပိုင်လမ်းကို ကိုယ်ပိုင်ဈေးဆိုင်အဖြစ်ပိုင်ဆိုင်ရေး.....ဒို့အရေး

လမ်းသွားလမ်းလာသူများကို ပိတ်ဆို့တားဆီးရေး............ဒို့အရေး

စည်ပင်ဝန်ထမ်းကို လာဘ်ထိုးခွင့်ရရှိရေး.........................ဒို့အရေး

ရန်ကုန်မြို့ကို ညစ်ညမ်းအောင်ပြုလုပ်ရေး........................ဒို့အရေး

ရန်ကုန်မြို့ကြီးရေစီးရေလာပိတ်ဆို့ရေး...........................ဒို့အရေး

ကားလမ်းများပိတ်ဆို့ရေး..............................................ဒို့အရေး

ပြည်သူတွေကားလမ်းပေါ်ဆင်းလျှောက်ခြင်းဖြင့် ကားတိုက်သေစေရေး..........ဒို့အရေး

ပြည်သူများကို မသန့်ရှင်းသောအစားအစာများလိမ်ညာရောင်းချရေး
.........ဒို့အရေး

ရန်ကုန်မြို့ကြီးအဖက်ဖက်မှ ယိုယွင်းအောင်ဖျက်ဆီးရေး......ဒို့အရေး။

Photos from Telling Truth Time's post 09/12/2016

မန္တလေးတောင် အနောက်ဖက် စောင်းတန်းမှာပါတဲ့
ခြင်္သေ့ဗိုက်ပေါက်ပြီး အခြေအနေမကောင်းလို့ဒေါက်ထောက်ထားရပါတယ်တဲ့
တန်ခိုးကြီးပြီးနမိတ်ပြတဲ့တောင်
အနောက်ဘက်စောင်းတန်းက ဖြစ်တယ်
ကေသရာဇာ ခြသေ့င်္မင်း ဖြစ်နေတယ်ဘာတွေဖြစ်အုံးမလဲ
ဟောင်းလို့ပြိုတယ်ပြောလို့ရပါတယ် ပဲ့မယ်ဆိုခြေတွေလက်တွေခေါင်းတွေစပဲ့မှာပေါ့ခုဟာကဝမ်းဗိုက်တည့်တည့်ကြီးဘာမှမဖြစ်ပါစေနဲ့ဗျာ
Photo - Ko Gandawin

Photos from Telling Truth Time's post 05/12/2016

တစ်​ခုပဲ ကျိန်း​သေတာက
ထိုင်းအသင်းက မြန်​မာအသင်း နဲ့ ​တွေ့တိုင်း
မြန်​မာအသင်း အ​ပေါ် အမြဲတမ်း ငယ်​နိုင်
မဟုတ်​ခဲ့ဘူး ဆိုတာပဲ

ရှင်​ပြုတုန်းက ​ရွှေထီး​ဆောင်းခဲ့တာ​တွေကို
ပြန်​တမ်းတ​နေခြင်း မဟုတ်​သလို

သမိုင်းမှတ်​တမ်း ဆိုတာ​တွေကလည်း
ဘယ်​​တော့မှ ​ပျောက်​ပျက်​သွားမှာ မဟုတ်​ဘူး

ရာဇဝင်​ ဆိုတာ​တွေလည်း ရှိခဲ့ဘူးတယ်
ကိုယ်​​တွေ နိုင်​ခဲ့စဉ်​တုန်းကလည်း ​တောက်​​လျှောက်​ပဲ​လေ

ဗဟာဒူး၊​ ​အေး​မောင်​ကြီး၊ ​အေး​မောင်​​လေးတို့
(ဂိုး)တင်​​အောင်​တို့ ​ခေတ်​​တွေတုန်းက
မြန်​မာ​ဘောလုံးရဲ့ ​အောင်​မြင်​မှု​တွေဟာ
ပုံပြင်​​တွေ မဟုတ်​ခဲ့တာ​တော့ ​သေချာပါတယ်

အခုမှ ပြန်​လည်​ထူ​ထောင်ခါစ အစစအရာရာ
နိမ့်​ပါး​နေခဲ့ရတဲ့ နိုင်​ငံအ​နေနဲ့ အာရှအဆင့်​ကို
ရောက်​​နေတဲ့ ထိုင်းအသင်းကို
အခု​လော​လောဆယ်​မှာ ဘယ်​ယှဉ်​နိုင်​ပါ့အုံးမလဲ

ဘောလုံးကွင်း​တွေမှာ ​ဘောလုံးကစားခွင့်​ မရှိခဲ့တဲ့
မြန်​မာပြည်​မှာ လူထုက​တော့ အရှိကိုအရှိအတိုင်း
လက်​ခံပြီး မြန်​မာ​ဘောလုံး အသင်းကို အရင်​လို
လျှမ်းလျှမ်း​တောက်​ ပြန်​​အောင်​မြင်​လာ​လေမလား
ဆိုပြီး ​မျှော်​လင့်​တကြီး နဲ့ ကြက်​သီး​မွှေးညှင်း
ထ​လောက်​​အောင်​ တခဲနက်​ လှိုက်​လှိုက်​လှဲလှဲ
အား​ပေး​နေကြဆဲပဲ

မြန်​မာ ဆိုတဲ့ အမျိုးကို
သိတ်​ချစ်​တတ်​တဲ့ စိတ်​​တွေနဲ့​လေ

ငါတို့ဟာ မြန်​မာများ ဖြစ်​ကြသည်
မြန်​မာ နိုင်​ရမည်​ ဆိုတဲ့ နိုင်​ငံချစ်​စိတ်​​တွေ​ကြောင့်​​ပေါ့

တစ်​ချိန်​ချိန်​ကျရင်​ မြန်​မာ ဆိုတာ
လူမှန်​၊ ​နေရာမှန်​ ပြန်​​ရောက်​မှာလို့
အမြဲတမ်း ယုံကြည်​​နေဆဲပါ

We are MYANMAR

Photos 03/12/2016
Photos from Telling Truth Time's post 01/12/2016

ယောက်ျားတွေ အတော်များများက
နားငြီးတဲ့ဒဏ် ပေါက်ပေါက်ဖောက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး
မိန်းမတွေနေရာမှာ အရုပ်မတွေ အစားထိုးလာတဲ့အချိန်....

အရင်က smart phone လောက်ထုတ်ပြီး
သာယာနေတဲ့ company တွေတောင်
အခုဆို အရုပ်မဈေးကွက်ကိုရဖို့ အပြိုင်အဆိုင်ထုတ်လာကြပြီ။

အရုပ်မတွေကလည်း
တကယ့်မိန်းမ တစ်ယောက်လောက်နီးနီးကို တိုးတက်လာတဲ့အချိန်ပေါ့ဗျာ...

ကျုပ်လည်း ခေတ်မှီသွားအောင်
တစ်ရုပ်လောက်ဝယ်မလားလို့
အရုပ်မ showroom ထဲ တစ်ချက်သွားကြည့်တာ....

အလဲ့ ဆွေဆောင်းက ထုတ်တာ Galaxy Doll 7 တဲ့
ရုပ်ကတော့ ကိုရီးယားရုပ်လေးတွေနဲ့ဗျာ့...
အွန်စောကြိုက်လား၊ Park Bom ကြိုက်လား၊ Hyuna ကြိုက်လား
အရွယ်စုံ ဆိုဒ်စုံရှိတယ်။

နည်းပညာတွေကလည်း စွန်းမြင့်ချက်ပဲ
အရုပ်ပိုင်ရှင်ရဲ့ data တွေကို
Iris scaner တို့ Fingerprintတို့နဲ့ မှတ်ထားပြီး
အရုပ်ပိုင်ရှင်တစ်ယောက်ပဲ သုံးနိုင်မယ်တဲ့။

အလဲ့ မဆိုးဘူးဟ
ဆွေဆောင်း က
တစ်ကိုယ်ရည်တစ်ကာယ သီးသန့်သုံးနိုင်ဖို့
security ကတော့ အပြည့်ဘဲ။

ဒါပေမယ့် မဖြစ်သေးပါဘူးလေ
ဆွေဆောင်းဆို ပေါက်ကွဲတတ်လွန်းလို့
တော်ကြာ အဝှါပြုနေတုန်း ထပေါက်မှ
ငါ့ ဂျွန်ကုန်းကုန်းဖြစ်နေဦးမယ်။
မဖြစ်သေးဘူး...

နောက်တစ်ရုပ်ကျပြန်တော့
ဆူနီ Xperia D တဲ့...
အလဲ့ ဒီအရုပ်ကျပြန်တော့
တော်တော်ကို အကြမ်းခံတယ်ဆိုဘဲ။

ရေအောက်အနက် ပေ၂၀ မှာတောင်
Function တွေ အကုန် အလုပ်လုပ်သတဲ့...
လခွမ်း...အဲ့တာတော့ များသွားပြီ
ရေစိုခံတယ်လောက်ဆို တော်ရောပေါ့
ဘယ်ဂြိုလ်သားက ရေအနက် ပေ၂၀မှာ ဟိုဒင်းပြုမတုန်း...
နောက်ပြီး Japan Made ဆိုတော့
သောက်ကျိုးနည်း အသံကလည်း ကျယ်လိုက်မယ့်အမျိုး
ဒါလည်း မဖြစ်သေးဘူး...

ငင်
ဒီအရုပ်ကျ ဘယ့်နှယ့် မည်းပြောင်နေတာတုန်း...
ဈေးကျတော့လည်း သူက အကြီးဆုံး
ကျုပ်မျက်လုံးထဲတော့ ကုလားမကို မီးခိုးကြပ်တိုက်ထားသလိုဘဲ...
အွန်း ညဘက်သာဆို
မှောင်မှောင်မဲမဲနဲ့ ဘားမြင်ရမှာမဟုတ်ဘူး။
"အို...မြင်ရတာ မရတာတော့မသိဘူး...
အဲ့တာ အက်ပယ့် i doll 7 ရှင့်
အကို လိုချင်တယ်ဆိုရင်တောင် ခုမရသေးဘူး
သူက Jet Black လေ...
စွန်းလူကြိုက်လွန်းလို့် ပစ္စည်းပါပြတ်သွားတာ
အနည်းဆုံး ၄လလောက်တော့ကြိုမှာရမယ်..."

" အွမ် အဲ့လိုလား...."

မှန်းစမ်း ဒါကျတော့
အိုပိုbrand ဆိုပါလား....
Model က ဘာတဲ့
အိုပို d1s ဆိုဘဲ
ဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ (SP ဘုရင်) တဲ့
ဘုရား ဘုရား model နာမည် နဲ့တင်
အသားဒေပါ တဆက်ဆက်တုန်သွားဒေ....

"ညယ်မ ဒီဟာကရော"

"အဲ့တာက အိတ်တီစီ myanmar fly လေ...
သူက မြန်မာပြည်အတွက်သီးသန့်ထုတ်ထားတာရှင့်
မြန်မာစကားကိုလည်း မွတ်ထွတ်နေအောင် ပြောတတ်တယ်
ပြီးတော့....''

"အိုခေ
ရပြီ ညယ်မ အဲ့တာဘဲယူတော့မယ်"

မြန်မာစကား ရေရေလည်လည်ပြောတတ်တယ်ဆိုတည်းက ပြီးပြီလေ...
ပျင်းရင်လည်း စကားပြောဖော်လေးရတယ်...
အရုပ် quality ကလည်း မဆိုးဘူးဆိုတော့
အရောင်းစာရေးမ စကားတောင် ဆုံးအောင်နားထောင်မနေတော့ဘူး...
တန်းဝယ်ပစ်တာ။

အဲ့ အိမ်ရောက်လို့
ဒချိဖို့ ပါဝါဖွင့်တော့မှ ပြသနာက စတော့တာဘဲ

"အို....
ဆင် ကျယ်မကို ဒါ ဘာလုပ်တာလား.."

"ဟို ဟိုဒင်းလေ..."

"ဘာ ဟိုဒင်းလဲ"

ဖြောင်း....
ငိ အရုပ်မက ပါးချသဟ
လက်သံကလည်း ပြောင်ချက်

"ဆင် ကျယ်မကို ဘယ်လို မိန်းမစားထင်နေလဲ
ကျယ်မက မြန်မာ မိန်းကလေးဆင့်"

"အမ်...
ခင်ဗျားက အရုပ်လေ
နောက်ပြီး ကျုပ်က ခင်ဗျားကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာဗျ"

ဖြောင်း...ဖလောင်း....

ငမ့် ဒီတစ်ခါ ဘယ်ပြန် ညာပြန်ဟ

" ဆင် ကျယ်မအချစ်ကို
ပိုက်ဆံနဲ့ ဝယ်လို့ရမယ်များထင်နေလား...
ကျယ်မကို တကယ်ချေ့ရင်
လူကြီးစုံရာနဲ့ တောင်းရမ်း လက်ထပ်ပါ။
နို့မဟုတ်ရင်တော့ ဆွိုင်းရီးဘဲ သက်လား"

"ငင်"

အော် ကျုပ်ဘဝနှယ်
ကွကိုယ် မစွံလို့ အရုပ်မ ဝယ်တာတောင်
သောက်ကြီးသောက်ကျယ်မနဲ့မှ လာတိုးနေရတယ်လို့....

Photos from Telling Truth Time's post 30/11/2016

စစ်သားတွေ သေနတ်ကိုင်သလို
သူပုန်လည်း သေနတ်ကိုင်ပါတယ်။

စစ်သားက နိုင်ငံတော်ကာကွယ်ရေးနဲ့
ပြည်သူ့လုံခြုံရေးအတွက်
တိုက်နေရသလို
သူပုန်ကလည်း သူတို့လိုလားချက်အတွက်
တိုက်နေကြပါတယ်။

တွေ့ရင် ပစ်ကြမှာပါပဲ
လစ်ရင်သတ်ကြမှာပါပဲ
ကြုံရင် တိုက်ကျရတာပဲ
သူဦး သူဆော်
ကိုယ်ဦးကိုယ်ဆော်ပဲ
သူအင်အားသာရင် ကိုယ့်စခန်းလာသိမ်းလှည့်
ကိုယ်သာရင် သူ့စခန်းကိုသိမ်းမှာပါပဲ။

ဒါပေမယ့် အမှန်တရားတော့တစ်ခုပဲရှိတယ်
တိုက်နေတဲ့စစ်ပွဲက
တရားသော စစ်ပွဲလား
မတရားတဲ့စစ်ပွဲလား
ထမင်းစားရင် သိကြပါတယ်။

အခုဖြစ်တဲ့ ရှမ်းမြောက်ဖြစ်စဉ်
သူပုန်က စကတည်းက ပြည်သူကိုပါ ပြဿနာရှာလာပါတယ်။
ခရီးသွားပြည်သူကို အကြောင်းမဲ့သတ်လာတယ်
လမ်း တံတားတွေ ဖျက်ဆီးလာတယ်
သေနတ်ကိုင်ပြီး
နိုင်လိုမင်းထက် လုပ်လာတယ်။
အကြမ်းဖက်အသွင်ဆောင်လာပါတယ်။
ဒါကို အားပေးအားမြှောက်လုပ်တဲ့
နိုင်ငံရေး စားဖားနဲ့
အဆင့်မရှိ သောက်ရှက်မရှိတဲ့
အဖွဲ့တွေပါ ရှိလာပါတယ်။

အဲ့ထက်ဆိုးတာက အခု ဒီနေ့ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ
MNDAA KIA နဲ့ TNLA သူပုန်တွေ
ဘယ်လောက်ယုတ်မာသလည်း
အောက်တန်းကျသလည်း
ဆိုတာပေါ်လာပါတယ်။

ဒီနေ့ကွတ်ခိုင်နဲ့ သိန္နီကြား နမ့်ပါချီးရွာနားက
သူပုန် ယာယီစခန်းကို
တပ်မတော်က ဝင်သိမ်းခဲ့ပါတယ်။
တပ်မတော်က အတင်းဝင်လုံးတော့
သူပုန်တွေ ခွေးပြေးဝက်ပြေး ပြေးပြီး
သူတို့ယာယီစခန်း မှာ ကျန်ခဲ့တဲ့
ပစ္စည်းတွေ ကို ကြည့်လိုက်တဲ့အခါ
သင်္ကန်း တွေနဲ့ ပရဟိတအဖွဲ့ အသုံးအဆောင်တွေဖြစ်နေပါတယ်။

စစ်ကို စစ်လိုမတိုက်တော့ဘူး
သောက်ရှက်မရှိပဲ
သင်္ကန်း ဝတ် ဘုန်းကြီးယောင်ဆောင်ပြီး
တိုက်ကွက်ဖော်ဖို့ ပြင်လာပါတယ်။
ပရဟိတအဖွဲ့အမည်ခံပြီး
အဖျက်အမှောက်လုပ်ဖို့
ပြင်လာပါတယ်။

တပ်က တွေ့လို့ ပစ်ရင်လည်း
သံဃာကို ပစ်တဲ့တပ်
ပရဟိတအဖွဲ့တွေကို ပစ်တဲ့တပ်အဖြစ်
ဝါဒဖြန့်ကြဦးမှာပါ။
အတွင်းပိုင်းက
သောက်သုံးမကျတဲ့ နိုင်ငံရေးအဖွဲ့တွေကလည်း
သောက်ရှက်မရှိ
ဗွီနိုင်းတွေထုတ်ပြီး ဆန္ဒပြကြပါဦးမယ်။
နလပိန်းတုန်းတွေကလည်း
ထောက်ခံကြဦးမှာပါပဲ။

အခုက သူပုန်လို့ခေါ်ရမှာတောင်
မတန်တဲ့ အဖွဲ့တွေဖြစ်လာပါပြီ။

သံဃာကို ခုတုန်းလုပ်သူများ ကျဆုံးပါစေသား။
နေဝမ်းထွန်း

23/11/2016

တကယ်တမ်း ဖြစ်သင့်တာက......

ရှမ်းပြည်ကို Wa နဲ့ SSA ကို တဝက်စီပေးလိုက်။

ရခိုင်ပြည်ကို အေးမောင်က သမ္မတလုပ်ပြီး AAနဲ့
ALP/ALA/RSLPတို့
အနောက်တံခါးကို ကာကွယ်ခိုင်းလိုက်ကြ။

KNU, KNLA, DKBA က ကရင်ပြည်နယ်ကို
ခွဲ ယူပလေ့စေ။

CNFက ချင်းပြည်မှာ အုပ်ချုပ်ခွင့်ပေးလိုက်။

KIAက ကချင်ကိုယူ
KNPP ကယားကိုယူ

MPDF နဲ့ MMAက မွန်ပြည်ထောင်စု ထောင်ပစေ။

ABSDFက ရန်ကုန်တက္ကသိုလ်ကိုသိမ်း။

မန်းလေးကို ပြည်ကြီးတရုတ်တွေကို အပိုင်ပေးလိုက်။

ရန်ကုန်ကိုတော့ ခရိုနီတွေ ယူပလေ့စေ။

အောက်က ကျန်တာတွေက သူရို့
လိုချင်နဲ့ နယ်မြေတွေကို
သိမ်းယူပလေ့စေ၊

DKBA 5 ကလိုထူးဖော
KNU ကရင်
KNLA ကရင်
NDAA-ESS ထူး ၎
NMSP မွန်
NSCN - K နာဂ
PNLO ပအိုဝ်း
SSA/SSPP ထူး ၃ ရှမ်းမြောက်
SSA/RCSS ရှမ်းတောင်
UWSA/P ဝပြည်
KIO/A ကချင် ထူး ၂
TNLA တအောင်း(န်)
NDA-K ကချင် ထူး ၁
KNPLF ကယား ထူး ၂
KNPDP ကယားနီ
KNDP/A ကယားနဂါး
KNUSO ကယားကြယ်ဖြူ
MNDAA ရှမ်းမြောက် ထူး ၁
Ja Pikwe လားဟူ
Jakuni လားဟူ
လားဟူ ပြည်သူ့စစ်
မက်ခ်မန်း ပြည်သူ့စစ်
KPF ကရင်
RRF ကချင်
KDA ကချင်
SSA-N ရင်း ၃
SSA-N ရင်း ၇
SSA-S ရင်း ၇၅၈
KNG ကယန်း
PSLP ပလောင်
KNLP ကယန်း
WNO/A ဝပြည်
NUPA ရခိုင်
LDU လားဟူ
ASA ရခိုင်
MTUF မြိတ်
ZRO ဇိုမီး
KNO ကချင်
MNDAA ကိုးကန့် ထူး ၁
MNDA မွန်
HRP မွန်
PNO ပအိုဝ်း ထူး ၆
လဝါးယန်ပြည်သူ့စစ်
ရဝမ်ပြည်သူ့စစ်
ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
စိန်ကျောက်ပြည်သူ့စစ် ၁ ၂
မိန်းခေးပြည်သူ့စစ်
ကာလိပြည်သူ့စစ်
ဝမ့်ပန်ပြည်သူ့စစ်
နားပွဲပြည်သူ့စစ်
မန်ပန်အဖွဲ့
မုံးဟင်အဖွဲ့
နောင်မိုအဖွဲ့
မိုင်းကောင်းအဖွဲ့
နားကော်အဖွဲ့
မိုင်းယုအဖွဲ့
ကြူကုတ်အဖွဲ့
မုံးကိုးအဖွဲ့
မုံးပေါ်အဖွဲ့
ရှောက်ဟော်အဖွဲ့
လုံခန်းအဖွဲ့
ပန်စိန်းအဖွဲ့
ကွတ်ကိုင်အထူးပြည်သူ့စစ်
ဖွန်းဆိုင်အဖွဲ့
ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
တာမိုးညဲအဖွဲ့
ပန်ဆေးအဖွဲ့
လုံထန်အဖွဲ့
နမ္မတူအဖွဲ့
မန်တုံအဖွဲ့
ဂန့်ဂွမ်း ချီဗွေအဖွဲ့
လူဖီအဖွဲ့
စင်းကြိုင်အဖွဲ့
ကန်ပိုက်တီးအဖွဲ့
ပန်တိန်အဖွဲ့
ဆော့ပိုင်အဖွဲ့
လောက်ကိုင်အဖွဲ့
ပုံပါကျင် လားဟူအဖွဲ့
မိုင်းယု လားဟူအဖွဲ့
တာလေ ဂျာကူနီအဖွဲ့
တာချီလိတ် ပြည်သူ့စစ်
မက်မန်း ပြည်သူ့စစ်
ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
ကျုံထော်အဖွဲ့
ကတိုင်တိအဖွဲ့
ဖာပွန်အဖွဲ့
ပိုင်ကျုံအဖွဲ့
ဒေါ်လန်းအဖွဲ့
မဲပုလဲအဖွဲ့
ရွှေကုက္ကိုအဖွဲ့
မြဝတီအဖွဲ့
ထီးဝါးကလေးအဖွဲ့
ထီးဟူသန်အဖွဲ့
အတွင်းကွင်းကလေးအဖွဲ့
ကျိုက်ဒုံအဖွဲ့

ငါတို့က ပြည်ပထွက်ပြီး ကျွန်ခံကြမယ် အေးရော

Photos 16/11/2016

သံဃာစာစစ်ပွဲ မေးခွန်းနံပတ်၆ကိုသာကြည့်တော့ ဟင့်

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon