Frequency Awakening
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Frequency Awakening, Musician, Yangon.
10/04/2026
လူတိုင်းမှာ ကိုယ်စီအောင်မြင်မှုတွေ၊
ကိုယ်စီအခက်အခဲတွေ ရှိကြပါတယ်။
တချို့က အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပေမဲ့
နောက်တစ်ဆင့်တက်ဖို့ အရှိန်မရဖြစ်နေတတ်သလို၊
တချို့ကလည်း ငွေကြေးနဲ့ ဘဝအခက်အခဲတွေ
ကြားမှာ ရုန်းကန်နေရတတ်ပါတယ်။
ဒီအခြေအနေနှစ်ခုလုံးရဲ့ အဓိကသော့ချက်က
"မသိစိတ်"ထဲက အပိတ်အဆို့တွေပါပဲ။
အောင်မြင်နေသူဖြစ်စေ၊ အောင်မြင်ချင်သူဖြစ်စေ...
မိတ်ဆွေရဲ့အတွင်းစိတ်ကသာ လမ်းပွင့်နေမယ်ဆိုရင်
ဖြစ်ချင်တဲ့ ပန်းတိုင်က လက်တစ်ကမ်းအလိုမှာပဲ ရှိနေမှာပါ။
✨ S.O.S (Sound of Success) VIP Session က
ဘယ်သူတွေအတွက်လဲ?
• ပိုမိုမြင့်မားတဲ့ အောင်မြင်မှုကို ရှာဖွေနေသူများ
လက်ရှိထက် အဆပေါင်းများစွာ ပိုမိုတိုးတက်ချင်သူတွေ
အတွက် အတွင်းစိတ်စွမ်းအားကို အမြင့်ဆုံး (Peak State)
ရောက်အောင် မြှင့်တင်ပေးပါမယ်။
• ငွေကြေးအပိတ်အဆို့ (Money Blocks) ရှိနေသူများ
ဘယ်လောက်ပဲကြိုးစားစား ငွေက မမြဲဖြစ်နေတာ၊
အခွင့်အလမ်းလွဲချော်နေတာတွေကို
အမြစ်ပြတ်ချေဖျက်ချင်သူများ။
• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအသစ်
တည်ဆောက်ချင်သူများ
မဝံ့မရဲဖြစ်နေတဲ့ စိတ်တွေကို ဖယ်ရှားပြီး
"ငါလုပ်နိုင်တယ်" ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့
အရှိန်အဝါ (Aura) ကို ပိုင်ဆိုင်ချင်သူများ။
• ဘဝကို အဓိပ္ပာယ်ရှိရှိ ပြောင်းလဲချင်သူများ
Stress တွေကြားမှာ လမ်းပျောက်နေတာမျိုးမဟုတ်ဘဲ
စိတ်အေးချမ်းမှုနဲ့အတူ အောင်မြင်မှုကို ဟန်ချက်ညီညီ
တည်ဆောက်ချင်သူများ။
💎 ဒီပွဲမှာ ဘာတွေ ထူးခြားမလဲ?
ဒီပွဲမှာ ခင်ဗျားရဲ့ မသိစိတ်ထဲက Negative Frequency တွေကို အသံလှိုင်းတွေနဲ့ ပြန်လည်ညှိယူ (Tune) ပေးမယ့်
VIP Breakthrough ပွဲတစ်ခုပါ။
အောင်မြင်မှုကို ဆွဲငင်နိုင်တဲ့ "Success Frequency" ထဲကို
လူတိုင်း ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။
✨ S.O.S (Sound of Success) VIP Session မှာ
ဘာတွေက ခင်ဗျားကို စောင့်ကြိုနေမလဲ?
• Subconscious Re-Engineering
လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ ဖိစီးမှုတွေနဲ့ မသိစိတ်ထဲက
အပိတ်အဆို့တွေကို အသံလှိုင်း (Sound Frequency) နဲ့
သိပ္ပံနည်းကျ ပြန်လည်ညှိယူပါမယ်။ ဒါဟာ ရိုးရိုးရှင်းရှင်း
စိတ်ဓာတ်မြှင့်တင်တာမျိုးမဟုတ်ဘဲ ခင်ဗျားရဲ့ Cognitive
Function ကို အမြင့်ဆုံးရောက်အောင် Optimize လုပ်ပေး
မှာဖြစ်ပါတယ်။
• The Power of Presence & Authority
စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ တစ်ဖက်လူကို
လွှမ်းမိုးနိုင်စွမ်း၊ အခန်းတစ်ခုထဲ ဝင်သွားရုံနဲ့ ခင်ဗျားရဲ့
ရှိနေမှု (Presence) က အလိုလို အရှိန်အဝါ ထွက်နေစေ
မယ့် Psychological Edge ကို တည်ဆောက်ပေးမှာပါ။
• Sustainable Peak Performance
မောပန်းနွမ်းနယ်မှု (Burnout) မရှိဘဲ အောင်မြင်မှုကို
ရေရှည်တည်တံ့အောင် ထိန်းကျောင်းနိုင်မယ့် အတွင်း
စိတ်ငြိမ်သက်မှုနဲ့ အာရုံစူးစိုက်မှု (Focus) ကို ရရှိပါမယ်။
• Breaking the Money Blocks
"ငါနဲ့မထိုက်တန်ဘူး"၊ "ငွေရှာရတာ ခက်ခဲတယ်" ဆိုတဲ့
မသိစိတ်ထဲက အဆိပ်အတောက်ဖြစ်စေတဲ့
အတွေးအခေါ်တွေကို အသံလှိုင်း (Sound Frequency) နဲ့
သိပ္ပံနည်းကျ ပြန်လည်ညှိယူပြီး ဖယ်ရှားပေးပါမယ်။
• The Psychology of High Achievers
ဘာလုပ်လုပ် အောင်မြင်နေတဲ့သူတွေရဲ့ အတွေးအခေါ်နဲ့
လုပ်ဆောင်ချက်တွေကို ခင်ဗျားရဲ့ မသိစိတ်ထဲမှာ စွဲမြဲသွား
အောင် လေ့ကျင့်ပေးမှာဖြစ်လို့ ခင်ဗျားဟာ "အောင်မြင်သူ
တစ်ယောက်" အဖြစ် အလိုလို ပြောင်းလဲသွားမှာပါ။
• Financial Breakthrough Strategy
ငွေကြေးနောက်ကို တကောက်ကောက် လိုက်နေရတဲ့ဘဝက
နေ ငွေကြေးက ခင်ဗျားဆီ လာရမယ့် နည်းလမ်းတွေကို
ထဲထဲဝင်ဝင် သိရှိသွားစေရမယ်။
• Exclusive Networking with Peers
ဒီပွဲဟာ ခင်ဗျားလိုပဲ အောင်မြင်မှုကို တန်ဖိုးထားတဲ့၊
Mindset တူတဲ့ High-level စက်ဝိုင်းတစ်ခုအတွင်း
ရောက်ရှိသွားမယ့် အခွင့်အရေး ဖြစ်ပါတယ်။
"အမှန်တကယ် အောင်မြင်တဲ့သူတွေဟာ အလုပ်ကို
ပိုလုပ်တာမဟုတ်ဘဲ... သူတို့ရဲ့ 'ဖြစ်တည်မှု
(State of Being)' ကို ပိုပြီး မြှင့်တင်ကြတာပါ။"
ဒါကြောင့်မို့ ကိုယ့်ဘဝရဲ့ pattern အဟောင်းတွေရဲ့
အဟန့်အတားတွေကို ချန်ထားခဲ့ပြီး အရာရာ ပြည့်စုံတဲ့
ဘဝသစ်တစ်ခုကို အတူတူ စတင်လိုက်ရအောင်။
📩 Registration Information:
လူတန်းစားမရွေး၊ အခြေအနေမရွေး မိမိကိုယ်မိမိ
ပြောင်းလဲလိုစိတ်ရှိသူတိုင်း တတ်ရောက်နိုင်ပါသည်။
VIP Session ဖြစ်သည့်အတွက် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံပါမည်။
အသေးစိတ်ကို Message တွင် "S.O.S" ဟု ပေးပို့၍
မိတ်ဆွေ ရဲ့ နေရာကို အမြန်ဆုံး ယူလိုက်ပါ။
📅 Date: မေလ ၃၁ ရက်နေ့ (၃၁.၅.၂၀၂၆)
🕘 Time: မနက် ၉:၀၀ - ညနေ ၆:၀၀
📍 Location: Yangon
06/04/2026
Deep relaxation အစစ်အမှန်ကို ရှာဖွေနေတယ်ဆိုရင်
Floating Sound Healing က အကောင်းဆုံး အဖြေပါ။
ရေပေါ်မှာ စိတ်လွတ်ကိုယ်လွတ် မျောပါနေတဲ့အခါ
ခန္ဓာကိုယ်ရဲ့ အတားအဆီးတွေ မရှိတော့ဘဲ
Universe နဲ့ တစ်သားတည်း ဖြစ်သွားသလို ခံစားရပါတယ်။
Singing Bowl တွေရဲ့ အသံလှိုင်းက ရေထုကိုဖြတ်ပြီး
ဆဲလ် (Cell) တိုင်းကိုငြိမ်းချမ်းစေတဲ့အခါ...
ကျွန်တော်တို့ဟာ စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်မှန်း ပြန်သတိရလာစေပါတယ်။ 🌏
ဒီလို experience မျိုးကိုဘယ်အရာနဲ့မှ လဲလို့မရနိုင်ပါဘူး။
05/04/2026
Frequency Awareness & Healing Retreat
ပွဲကိုအောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့ကြသည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ Certificate များ ပေးအပ်ချီးမြှင့်
ခဲ့သည့် အမှတ်တရပုံရိပ်များလည်း ဖြစ်ပါတယ်။ ❤️
မိမိတို့ရဲ့ Vibration များကို မြှင့်တင်ပြီး
ပိုမိုကြည်လင်တောက်ပသည့် နေ့ရက်သစ်များကို
ဖန်တီးနိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြသည့်
မိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
အထူးပင် လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
05/04/2026
Frequency Awareness & Healing Retreat (Day 2)
မိမိတို့ရဲ့ Frequency တုန်ခါမှုနှုန်းတွေကို အမြင့်ဆုံးအခြေအနေတစ်ခုဆီသို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့တဲ့
ဒုတိယမြောက်နေ့ အမှတ်တရပုံရိပ်များ ဖြစ်ပါတယ်။
04/04/2026
Frequency Awareness & Healing Retreat
နှစ်ရက်တာ ခရီးစဉ်ရဲ့ Day-1 ပုံရိပ်များဘဲဖြစ်ပါတယ်..
မိမိတို့ရဲ့ အတွင်းစိတ်စွမ်းအင်တွေကို
ကြိမ်နှုန်းတွေနဲ့အတူ ပြန်လည်နိုးထစေပြီး
ပိုမိုကောင်းမွန်တဲ့ ဘဝသစ်တစ်ခုဆီကို
တက်လှမ်းနိုင်ဖို့အတွက် တက်ရောက်သူအားလုံးက
အစွမ်းကုန် စိတ်နှစ်ပြီး ပါဝင်ခဲ့ကြပါတယ်။ 🪷
ဒီ Healing Retreat ကနေ ရရှိသွားတဲ့
ကြည်လင်ငြိမ်းချမ်းတဲ့ စွမ်းအင် (Vibration)
တွေနဲ့အတူ ပိုမိုတောက်ပ၊ ပျော်ရွှင်ပြီး
အောင်မြင်တဲ့ နေ့ရက်တွေကို
ထာဝရ ပိုင်ဆိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❤️
15/03/2026
အားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော်တို့ရဲ့ Frequency Awareness Healing Journey ရဲ့ အထူးလက်ဆောင်ရရှိသွားသော ကံထူးရှင်အကောင့် ထွက်ပေါ်လာပါပြီခင်ဗျာ...
ကံထူးရှင်က ကျွန်တော်တို့ရဲ့ Frequency Page ကနေ တစ်ဆင့် လာရောက်ဆက်သွယ်ပေးပါခင်ဗျ။
ကျွန်တော်တို့ရဲ့ Giveaway အစီအစဉ်လေးမှာ ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
06/03/2026
တစ်နေ့တာ ဖြတ်သန်းနေရတဲ့
ဘဝရဲ့ ရှင်သန်ရာ တာဝန်ဝတ္တရားတွေ ၊
အလုပ်ထဲမှာဘဲ အမြဲ ပိတ်လှောင်နေတဲ့စိတ်နဲ့
နေ့စဉ် မြို့ပြကြီးရဲ့ ဆူညံမှုသံတွေကြားမှာ
ကျွန်ုပ်တို့တစ်တွေဟာ ကိုယ့်ကိုယ်ကိုယ်
ပြန်ကြည့်ဖို့ ၊ ပြန်ရှာဖွေမို့ နှင့် ဂရုစိုက်မို့ကိုတောင်
အာရုံမစိုက်မိဘဲ မေ့လျှော့နေ တတ်ကြပါတယ်။
တစ်ခါတလေကျရင် ခန္ဓာကိုယ်က နားနေပေမယ့်
စိတ်က အနားမရဘဲ လေးလံနေတာမျိုး ခံစားဖူးမှာပါ။
ဒီတစ်ခေါက်မှာတော့ အဲဒီလေးလံမှုတွေကို
ရေပြင်ပေါ်မှာ ခဏချထားခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
𝐅𝐥𝐨𝐚𝐭𝐢𝐧𝐠 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ရဲ့ အသံလှိုင်း
တုန်ခါမှုတွေက မိတ်ဆွေရဲ့ စိတ်ဖိစီးမှုတွေကို
အနက်ရှိုင်းဆုံးအထိ ကုသပေးသွားမှာပါ။
ရေပေါ်မှာ လွင့်မျောရင်း ငြိမ်သက်နေရတဲ့
အချိန်မှာ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ပစ္စုပ္ပန်မှာဘဲ
ပြန်လည် ထိတွေ့ခွင့်ရပါလိမ့်မယ်။
ဒါ့အပြင် 𝐍𝐞𝐫𝐯𝐨𝐮𝐬 𝐒𝐲𝐬𝐭𝐞𝐦 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 နဲ့အတူ
စိတ်၊ ရုပ်၊ နာမ် သုံးပါးလုံး ညီညွတ်မျှတသွားအောင်
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐞𝐫 မှ ပုံဖော်ပေးအုံးမှာပါ။
ဒါဟာ သင်တန်းတစ်ခုထက် ပိုပြီး
ကိုယ့် 𝐈𝐧𝐧𝐞𝐫 𝐏𝐞𝐚𝐜𝐞 ကို ပြန်ရှာဖွေတဲ့
ဘဝရဲ့ ခရီးစဉ်တစ်ခုပါ။
🗓 𝐃𝐚𝐭𝐞: [𝟐𝟎.𝟑.𝟐𝟎𝟐𝟔-𝟐𝟏.𝟑.𝟐𝟎𝟐𝟔]
⏰ 𝐓𝐢𝐦𝐞 : 𝟏𝟎 𝐀𝐌 𝐭𝐨 𝟔 𝐏𝐌
📍 𝐏𝐥𝐚𝐜𝐞: [𝐙𝐞𝐚𝐥𝐚𝐱 𝐇𝐨𝐭𝐞𝐥, 𝐘𝐚𝐧𝐠𝐨𝐧]
အမှန်တကယ် အနားယူဖို့ လိုအပ်နေတဲ့
မိတ်ဆွေတို့အတွက် အထူးအခွင့်ရေးကောင်း တစ်ခုပါဘဲ ။
လူဦးရေအနည်းငယ်စာ အတွက်သာ ကျန်တော့တာမို့
အမြန်တော့ စာရင်းပေးသွင်းမို့လိုပါတယ် ။
စစ်မှန်တဲ့ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ရဲ့ အရသာကို
ခမ်းနားထည်ဝါမှုအပြည့် ဖြင့်ရရှိမှာဖြစ်သလို
𝐀𝐰𝐞𝐚𝐫𝐧𝐞𝐬𝐬 & 𝐍𝐞𝐫𝐯𝐨𝐮𝐬 𝐒𝐲𝐬𝐭𝐞𝐦 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကိုလည်း
စိတ် လုံခြုံမှုအပြည့် ဖြင့် နိုင်ငံတကာ ရဲ့ စံနှုန်းတွေနဲ့
အညီ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐇𝐞𝐚𝐥𝐞𝐫 / 𝐓𝐫𝐚𝐢𝐧𝐞𝐫 များနှင့်အတူ
ခံစား စီးမျောရမှာ ဖြစ်ပါတယ်။
ဒီအေးချမ်းမှုကို အတူတူ ခံစားချင်တယ်ဆိုရင်တော့ "𝐇𝐞𝐚𝐥𝐢𝐧𝐠" လို့ စာလေးချန်ထားပေးရုံဖြင့် 𝐅𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐞𝐚𝐦 က
အမြန်ဆုံး ဆက်သွယ်ပေးပါ့မယ် ။
မကောင်းတဲ့ Energy တွေကို ဒီအသံနဲ့ချက်ချင်းဆေးကြောလိုက်ပါ 🌊
ဒီအသံလေးကို နားထောင်ပြီး ညအိပ်မယ်ဆိုရင် အိပ် မပျော်တဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ် 🎧
တစ်မိနစ်လောက် အချိန်ပေးရုံနဲ့ သင့်ရဲ့
အတွင်းစိတ်အေးချမ်းမှုကို ပြန်လည်ရှာဖွေလိုက်ပါ 🌀
17/02/2026
ကိုရီးယားနိုင်ငံက Sound Healing ပညာရှင်တွေနဲ့အတူ
Frequency Awakening မှ မြန်မာပြည်ကိုယ်စားပြုအနေနဲ့
ပူပေါင်းပါဝင်အားဖြည့်ခဲ့ပါတယ်။ 🇲🇲🤝🇰🇷
မြန်မာနိုင်ငံမှာ Sound Healing ကို စနစ်တကျနဲ့
ထိထိရောက်ရောက်ခံစားနိုင်ဖို့အတွက် နိုင်ငံတကာက
ပညာရှင်တွေနဲ့ အမြဲထိတွေ့လေ့လာပြီး အကောင်းဆုံး
ဖြစ်အောင် ဖန်တီးပေးနေခြင်းဖြစ်ပါတယ်။
ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို အသံနဲ့ ကုစားချင်သူတွေအတွက်
Frequency Awakening မှ အမြဲတန်း ကြိုဆိုနေပါတယ်။ 🪷
ဒီအသံက Negative Energy တွေကို
စက္ကန့်ပိုင်းအတွင်း ရှင်းထုတ်ပေးပါလိမ့်မယ် 🌀
Click here to claim your Sponsored Listing.