MMG Cheroot Manufacturing

MMG Cheroot Manufacturing

Share

အောင်စည်၊ ရွှေကျီးမမကြီး ဆေးပေါ့လိပ် ဖြန့်ချီထုတ်လုပ်ရေး

19/03/2025

MMG Che_root Manufacturing မှနေပြီး ရွှေကျီးမမကြီး၊ အောင်စည် အစရှိတဲ့ ရိုးရာဆေး_ပေါ့လိပ်များထုတ်လုပ်နေတာဟာဆိုရင် နှစ်ပေါင်း 80 ကျော်ရှိနေပြီဖြစ်ပါတယ်။

တိုးတက်လာတဲ့ ခေတ်အလျောက် မြန်မာ့ရိုးရာ ဆေး_ပေါ့လိပ် အငွေ့အသက်များ မပျောက်ပြေသွားစေလိုတဲ့ အတွက် MMG မှနေပြီး မြို့ကြီးများတွင် ဖြန့်ချီချင်သူများ၊ ဆိုင်ပိုင်ရှင်ကြီးများကိုရှာဖွေနေပါတယ်။

နယ်စပ်ဒေသ စျေးကွက်တွင် နေရာတစ်ခုရနေပြီးဖြစ်တဲ့ MMG ထုတ်ကုန်များဟာဆိုရင် မြို့ပြလူနေမှုဘဝထဲသို့တိုးဝင်ရန်ကြိုးစားနေပြီ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများဆက်သွယ်ပေးကြရန် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Contact Phone
095134472 (viber)
09795406414 (viber)

#အောင်စည် #ရွှေကျီး #ဆေး_ပေါ့_လိပ်

18/03/2025

စျေးကွက်ထဲမှာ နှစ်ပေါင်း 80 ကျော်သက်တမ်းရှိနေပြီ ဖြစ်တဲ့ MMG Che_root Manufacturing မှနေပြီး
• အောင်စည်
• ကြယ်ဒေါင်း
• ရွှေကျီးမမကြီး ဆိုတဲ့ ဆေး_ပေါ့_လိပ် တံဆိပ်များထုတ်လုပ်ထားပါတယ်။

အောင်စည်၊ ကြယ်ဒေါင်း ဆေး_ပေါ့_လိပ် များဟာဆိုရင် နေ့စဉ်စျေးကွက်ထဲမှာ မြင်နေကျ ဆေး_ပေါ့_လိပ်များလို သေးငယ်ကျစ်လစ်တဲ့ အသွင်ရှိပြီး အရသာပိုင်းဟာဆိုရင် စူးရှတဲ့ဘက်ကိုရောက်ပါတယ်။

ရွှေကျီးမမကြီးဟာဆိုရင် မြို့ပြများမှာ တွေ့ရခဲသွားတဲ့ ဆေး_ပေါ့_လိပ် ( အလျားတစ်ထွာကျော်ကျော်၊ အလိပ်ကြီး ) ပုံစံရှိပြီး အရသာကလဲ ပြင်းရှတဲ့ ဘက်ကိုသွားပါတယ်။

Contact Phone
095134472 (viber)
09795406414 (viber)
အောင်စည် #ရွှေကျီး #ဆေး_ပေါ့_လိပ်

17/03/2025

အတိတ်ရဲ့ အငွေ့သက်များ
လွမ်းမောဖွယ်ရာ ငယ်ဘဝ ရှုမျှော်ခင်းတွေကို စကားဝိုင်းထဲ ပုံဖော်ကြတဲ့အခါ ကျနော်တို့ရဲ့ ပါးစပ်‌တွေမှာ အောင်စည် ဆေး_ပေါ့_လိပ်ကို ခဲထား ရင်းပေါ့ဗျာ။
အတိတ်ရဲ့ အငွေ့သက်တွေနဲ့ ရစ်ပတ်ထားတဲ့ ရှေးမြန်မာ့ရိုးရာ ဆေး_ပေါ့_လိပ် အောင်စည် ကို ရေနွေးကြမ်းတစ်ငုံ မော့ရင်း ဖွာရှိုက်လိုက်တိုင်း ပူပန်စရာမရှိခဲ့တဲ့ ငယ်ဘဝတွေ ပြန်လည် အမှတ် ရမိပါတယ်။

#အောင်စည် #ဖက်ကြမ်း

11/03/2025

လူတွေ ဆေး_ပေါ့_လိပ် သောက်ရတဲ့အကြောင်းအရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ
• စိတ်ဖိစီးမှုဖြေဖျောက်ရန်
• ခဏတာ စိတ်ပျော်ရွှင်မှုရရန် ဆိုတဲ့ အကြောင်းအရင်းနှစ်ချက်ကို တွေ့ရပါတယ်။

အဲ့အတွက်ကြောင့် ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန် အချိန်တိုင်းမှာ ရှိပေးချင်တာက “အောင်စည်” ဆေးပေါ့လိပ်ရဲ့ စေတနာပါ။

Contact Phone
095134472 (viber)
09795406414 (viber)

#အောင်စည် #ရွှေကျီး #ဆေး_ပေါ့_လိပ် #ဖက်ကြမ်း

09/03/2025

အချိန်တိုင်းမှာ လက်ကြားညှပ်ဖြစ်တဲ့ အောင်စည်
အတောမသတ်နိုင်တဲ့ မောပန်းမှုတွေကြား အမောဖြေ ဆေး-လိပ်သောက်ချိန် ဖွာလိုက်တိုင်း ‌စိတ်ပြေဖို့ ကျနော်ကတော့ အောင်စည် ဆေး-ပေါ့-လိပ် ‌(အသေး) ကိုပဲ လက်ကြားညှပ်ထားမိတယ်ဗျ။
ရှေးမြန်မာ ဆေး-ပေါ့-လိပ်အရသာကိုမှာ ကျစ်လစ်တဲ့ ဆေးသားတွေ နဲ့ မွှေးကြိုင်လွန်းတဲ့ အငွေ့သက်တွေ ရရှိစေတဲ့အပြင်၊ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဈေးနဲ့မို့ အမောပြေ ဆေး-ပေါ့-လိပ် အောင်စည်ကို လက်ကြားထဲ အထာကျကျ ညှပ်ထားရင်း အောင်မြင်မှုဆီသွားတဲ့ ဘဝရဲ့ နေ့ရက်တွေကို ကျော်ဖြတ်ပါတယ်။

MMG #အောင်စည် #ဖက်ကြမ်းအသေး

04/03/2025

“အောင်စည်” ဆေး_ပေါ့_လိပ် ဟာဆိုရင် သွားနေကျဆိုင်တိုင်း၊ နေရာတိုင်းမှာ မိတ်ဆွေတစ်ယောက်အနေနဲ့ အိတ်ကပ်ထဲ ပါနေကြဆိုတော့ “ဘာလိုလဲ” ဆိုတဲ့ မေးခွန်းအတွက် “ ပြာခွက်ပဲချပေးပါ” ဆိုတဲ့ အဖြေပဲ ထပ်ခါ ထပ်ခါဖြေမိတယ် ဆိုပါတော့ခင်ဗျာ။

#အောင်စည် #ရွှေကျီး

03/03/2025

လူငယ်ကျောင်းသားဘဝကို တဖန်ပြန်သွားကြည့်ကြရအောင်….

လူပျိုဖော်ဝင်ခါစ အစစ အရာရာစူးစမ်းချင်တဲ့ အချိန်ကနေ စမ်းသုံးကြည့်ခဲ့တဲ့ “အောင်စည်” ဆေး_ပေါ့_လိပ် ဟာဆိုရင် နေ့စဉ်ဘဝရဲ့ အခက်အခဲတွေကို ဖြေဖျောက်အဖော်ပြုပေးနေတဲ့ မိတ်ဆွေကြီးတစ်ယောက်လိုဖြစ်လာခဲ့ပါပြီ။

#ဖက်ကြမ်း

03/03/2025

လူမှုရေး၊ စီးပွါးရေး စိတ်ဖိစီးမှုတွေကို မီးညှိပြီး အငွေ့လေးတစ်ချက်အနေနဲ့ ရှိုက်ထုတ်ပြစ်တဲ့အချိန်တစ်ခုဟာ ကျင်လည်နေကြတဲ့ ယောကျာ်းထုတိုင်းမှာရှိကြပါတယ်။

ကျွန်တော့်ကို မီးညှိဖြစ်တဲ့အချိန်တွေ လာမေးဖြစ်ရင်တော့ ထွက်ပေါက်ပိတ်နေတဲ့အချိန်တွေလို့ပဲဖြေမိလိမ့်မယ်။ အဲ့အချိန်တွေမှာ အတူတူရှိနေခဲ့နေတာကတော့ “အောင်စည်” ဆေး_ပေါ့_လိပ် ဆိုပါတော့။
#အောင်စည် #ဖက်ကြမ်း

17/01/2025

ရွှေကျီးမမကြီး ရိုးရာဆေးပေါ့လိပ်ကြီးကို ဧရာဝတီတိုင်း ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ကျိုက်ပိမြို့၊ မြင်းကကုန်းမြို့၊ ဖျာပုံမြို့တို့မှာဝယ်ယူလို့ရပါတယ်။

အနီးအနားမှာဝယ်ယူလို့မရရင်လဲ ယခု Page Messenger ကနေလာရောက်မှာယူနိုင်ပါတယ်။

ရိုးရာဆေးပေါ့လိပ်ကြီးဆိုမမေ့သင့်တာ ရွှေကျီးမမကြီး ….

#ရိုးရာဆေးပေါ့လိပ် #ဆေးပေါ့လိပ် #ရွှေကျီး #ရွှေကျီးမမကြီးဆေးပေါ့လိပ်

13/01/2025

ဆေးပေါ့လိပ်သောက်တဲ့ ဓလေ့ဟာဆိုရင် သာလွန်မင်းတရားလက်ထက်မှာကတည်းကရှိနေခဲ့ပြီဆိုတဲ့အထောက်အထားများရှိခဲ့ပြီး … သီပေါမင်းပါတော်မူအချိန်တွင်လည်း စုဖုရားလတ် ဟာဆိုရင် ဘီရိုလှည်းပေါ်ကနေပြီး ဘေးမှာရှိနေတဲ့ ဂေါ်ရာစစ်သားများကို မီးခြစ်လှမ်းတောင်းခဲ့တယ် ဆိုတဲ့ မှတ်တမ်းများရှိပါတယ်။

ဆေးပေါ့လိပ်ဟာဆိုရင် သနပ်ဖက်ထဲ ဆေးရွက်ကြီးအမှုန့် ထည့်လိပ်ထားခြင်းဖြစ်ပြီး မြန်မာ့ရိုးရာဆေးလိပ် လို့လဲခေါ်ရပါမယ်။ မြန်မာနိုင်ငံတွင်းမှာ ရိုးရာဆေးပေါ့လိပ် လုပ်ငန်းပေါင်းများစွာရှိတဲ့အထဲ MMG Cheroot Manufacturing လဲတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

MMG cheroot Manufacturing မှနေပြီး “ရွှေကျီးမမကြီး” (ဆေးပေါ့လိပ်အကြီး ) နှင့် “အောင်စည်” (ဆေးပေါ့လိပ်အသေး) ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပြီး စျေးကွက်ထဲရောက်ရှိနေတာ နှစ်ပေါင်း 80 ကျော်ခဲ့ပါပြီ။

ရိုးရာဆေးပေါ့လိပ်ကို ကြိုက်နှစ်သက်သူများ၊ စတင်သောက်သုံးချင်သူများသောက်သုံးကြည့်ကြပါလို့ ကြေငြာပါရစေ။

#ရွှေကျီးမမကြီး #အောင်စည် #ဆေးပေါ့လိပ်

12/01/2025

“ရွှေကျီးမမကြီး”ဆေးပေါ့လိပ် (အကြီး) ဟာဆိုရင်လွန်ခဲ့တဲ့ နှစ်ပေါင်း 80 ကျော်ကစတင်ထုတ်လုပ်ခဲ့ပြီး ရှေးလူကြီးများအသောက်များတဲ့ ရိုးရာဆေးပေါ့လိပ်လဲဖြစ်ပါတယ်။

“အောင်စည်” ဆေးပေါ့လိပ် (အသေး) ကိုတော့ 2011 မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နေ့စဉ်ဘဝမှာ လူတန်းစားမရွေးဝယ်ယူသောက်သုံးကြတဲ့ ပေါ့ပါးတဲ့ ဆေးပေါ့လိပ်ပဲဖြစ်ပါတယ်။

ဆေးပေါ့လိပ်ခုံမင်တဲ့သူများအဖို့တော့ ဆေးပေါ့လိပ် နှစ်ခုလုံးက သဘောတွေ့စရာဖြစ်စေမှာပါ။

#ဆေးပေါ့လိပ် #အောင်စည် #ရွှေကျီးမမကြီး

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon