Armor Insurance

Armor Insurance

Share

Your reliable partner in safeguarding what matters most.

With a strong commitment to integrity, dependability, and customer service, we provide a range of insurance solutions to ensure your peace of mind during life’s unexpected events.

20/05/2026

⛈🚢 ကုန်စည်များ သင်္ဘောပေါ်သို့ တင်ဆောင်နေစဉ် ရုတ်တရက် မိုးသက်လေပြင်းကျရောက်လာပါက အောက်ပါအန္တရာယ်များနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါတယ် -

• ကုန်ပစ္စည်းများ စိုစွတ်ပျက်စီးခြင်း 📦 အထူးသဖြင့် ဆန်၊ ပဲ၊ နှမ်း၊ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေကဲ့သို့ ကုန်ပစ္စည်းများ မိုးရေစိုစွတ်ကာပျက်စီးဆုံးရှုံးခြင်း။


• ထုပ်ပိုးမှုပျက်စီးပြီး အရည်အသွေးကျဆင်းခြင်း 📉 မိုးရေနှင့် စိုထိုင်းမှုကြောင့် ထုပ်ပိုးမှုပစ္စည်းများ (Packaging) ပျက်စီးကာ ကုန်စည်များ အရည်အသွေး ကျဆင်းသွားခြင်း။


• Cargo Sweat (ငွေ့ရည်ပြန်ခြင်း) ဖြစ်ပေါ်ခြင်း 💦 ရာသီဥတုပူပြင်းရာမှ ရုတ်တရက် မိုးရွာသွန်းမှုကြောင့် အပူချိန်ရုတ်တရက် ပြောင်းလဲကာ ကွန်တိန်နာ သို့မဟုတ် သင်္ဘောအတွင်း “Cargo Sweat” ဖြစ်ပေါ်ပြီး ကုန်စည်များ စိုစွတ်မှိုတက်ခြင်း။


• လုပ်ငန်းကြန့်ကြာပြီး အပိုကုန်ကျစရိတ်များခြင်း ⏳ လေပြင်းနှင့် မိုးကြီးမှုကြောင့် မြင်ကွင်းမရှင်းလင်းဘဲ တင်/ချလုပ်ငန်းများ နှောင့်နှေးကြန့်ကြာကာ အချိန်ကုန်ခ၊ လုပ်အားခများနှင့် ဆိပ်ကမ်းရက်လွန်ကြေး များ ပိုမိုကုန်ကျလာခြင်း။


• ငွေကြေးလည်ပတ်မှု ထိခိုက်ခြင်း 💰 ကုန်ပစ္စည်းထဲသို့ ရေဝင်ပျက်စီးပါက ရရှိမည့် အကျိုးအမြတ်များ ဆုံးရှုံးမှုကြောင့် လုပ်ငန်းခွင်အတွင်း ငွေကြေးလည်ပတ်မှုနှောင့်နှေးစေခြင်း တို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုကဲ့သို့ ကြိုတင်မခန့်မှန်းနိုင်သော ရာသီဥတုအခြေအနေများကြောင့် လူကြီးမင်းတို့၏ အဖိုးတန်ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ငွေကြေးအရ နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါ့ကြောင့် ကုန်ပစ္စည်းများ သင်္ဘောပေါ်သို့ စတင်တင်ဆောင်စဉ်ကတည်းက ကုန်စည်အာမခံ (Marine Cargo Insurance) ကြိုတင်ထားရှိခြင်းဖြင့် အကောင်းဆုံး အကာအကွယ်ယူထားနိုင်ပါပြီ။

📞 ရေကြောင်းကုန်စည်အာမခံအကြောင်း အသေးစိတ်ကို သိရှိလိုပါက Armor Insurance ၏ Hotline နံပါတ် 09-440201201 သို့ အခုပဲ ဆက်သွယ်လိုက်ပါ။

10/05/2026

အမေများနေ့ အထူးဂုဏ်ပြုလွှာ

"လောကရဲ့ အနူးညံ့ဆုံးသော မေတ္တာ၊ အခိုင်မာဆုံးသော အကာအကွယ်"
မိခင်တစ်ယောက်ရဲ့ မေတ္တာဆိုတာ အရာရာကို လုံခြုံစေနိုင်တဲ့၊ အင်အားအရှိဆုံးသော အကာအကွယ်တစ်ခုပါပဲ။ သားသမီးတွေအတွက်ဆိုရင် အမေ့ရဲ့ ရင်ခွင်က ကမ္ဘာပေါ်မှာ အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံး နေရာလေးတစ်ခု ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အမေများနေ့မှာ မိခင်တိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကြပါစေကြောင်း ARMOR Insurance မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အမေတို့က သားသမီးတွေအပေါ် မေတ္တာနဲ့ စောင့်ရှောက်သလို၊ သင့်မိသားစုရဲ့ အနာဂတ်တိုင်းကို အပြည့်အဝ ကာကွယ်ပေးဖို့ ARMOR Insurance မိသားစုကလည်း အမြဲတမ်း အနားမှာ ရှိနေပေးမှာပါ။ မိခင်တို့ရဲ့ နူးညံ့တဲ့မေတ္တာကို အင်အားဖြည့်ပေးမယ့် စိတ်ချရတဲ့ အာမခံဝန်ဆောင်မှုများနဲ့အတူ မိသားစုတိုင်း လုံခြုံအေးချမ်းကြပါစေ။

Happy Mother’s Day! 🌸

09/05/2026

Armor ကို စိတ်ချယုံကြည်စွာဖြင့် အာမခံထားရှိသော ကုန်သည်ကြီး၏ ကုန်ပစ္စည်းများတွင် Damage ဖြစ်ပွားကြောင်း အကြောင်းကြားလာသဖြင့် Armor Team မှ ထူးဆိပ်ကမ်းသို့ သွားရောက်ကာ ပစ္စည်းအတင်အချလုပ်ငန်းစဉ်များကို မျက်မြင်စစ်ဆေးပေးခဲ့ပါသည်။ 🚢🛡️

Armor တွင် အာမခံထားရှိခြင်းသာမက ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာသည့်အချိန်တွင်လည်း
✅ ချက်ချင်း သွားရောက်စစ်ဆေးပေးခြင်း
✅ Claim တောင်းခံရန် လိုအပ်သော Documents များအား ကူညီပြင်ဆင်ပေးခြင်း
✅ လျော်ကြေးငွေ Customer လက်ဝယ်သို့ ရောက်ရှိသည်အထိ One Stop Service ဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးခြင်း
တို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

ရေကြောင်းလမ်းခရီးတွင် မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးပြီး ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သောကြောင့် Armor ၏ ရေကြောင်းကုန်စည်အာမခံဖြင့် အကောင်းဆုံး အကာအကွယ်ရယူလိုက်ပါ။

📞 အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 09 440 201 201 သို့ အခုပဲ ဆက်သွယ်လိုက်ပါနော်။

08/05/2026

ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရတဲ့ ရေကြောင်းကုန်စည်အာမခံ

စီးပွားရေးလုပ်ငန်းတစ်ခု၏ ရေရှည်တည်တံ့ခိုင်မြဲမှုမှာ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့မှုအပေါ် များစွာ မူတည်နေပါတယ်။ ပြည်တွင်း/ပြည်ပ ပို့ကုန်၊ သွင်းကုန် (Export/Import) လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းခရီးတစ်လျှောက် မမျှော်လင့်ထားသော ဘေးအန္တရာယ်များနှင့် ထိခိုက်ပျက်စီးမှုများကြောင့် ကုန်စည်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ လုပ်ငန်း၏ အရင်းအနှီးနှင့် အကျိုးအမြတ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။
လူကြီးမင်းတို့၏ အဖိုးတန်ကုန်စည်များ ဘေးကင်းလုံခြုံစေရန်နှင့် စီးပွားရေးဆိုင်ရာ Risk များကို လျှော့ချနိုင်ဖို့အတွက် ARMOR မှ ခိုင်မာယုံကြည်ရသော Cargo Insurance ဝန်ဆောင်မှုများဖြင့် အပြည့်အဝ ကာကွယ်ပေးလျက်ရှိပါတယ်။

ဘာကြောင့် Armor Insurance ကို ရွေးချယ်သင့်သလဲ?

✅ ကုန်စည်ပို့ဆောင်စဉ်အတွင်း ဖြစ်ပေါ်လာနိုင်သော မတော်တဆထိခိုက်ပျက်စီးမှုများအတွက် သင့်လျော်သော အာမခံအမျိုးအစားများကို အကြံပြုရွေးချယ်ပေးခြင်း
✅ မမျှော်လင့်ထားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လျော်ကြေးတောင်းခံမှုများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးခြင်း
✅ ကုန်စည်ပို့ဆောင်မှု အဆင့်တိုင်းအား အနီးကပ် follow up ပြုလုပ်ပေးပြီး လိုအပ်သည့်အချိန်တိုင်း ဝန်ဆောင်မှုအပြည့်ဖြင့် အသင့်ရှိနေခြင်း
လူကြီးမင်းတို့၏ ကုန်စည်အမျိုးအစားနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် မူတည်၍ အသင့်တော်ဆုံး Cargo Insurance Plan များကို ဆွေးနွေးတိုင်ပင်လိုပါက ARMOR ရဲ့ ဖုန်းနံပါတ်/Viber သို့ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📞 Hotline / Viber : 09-440201201

05/05/2026

ပူပြင်းတဲ့ နေအပူရှိန်အောက်မှာ မီးဘေးအန္တရာယ်အတွက် စိတ်ပူနေပါသလား ? 🔥🛡️

ပထမဦးစွာ April လအတွင်းမှာ ဂိုဒေါင်ထဲတွင် သိုလှောင်ထားသော ပဲတီစိမ်းများအတွက် Armor Insurance အား စိတ်ချယုံကြည်စွာဖြင့် မီးအာမခံထားရှိပေးခဲ့သော customer အား အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင့်။

အခုလို ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ မတော်တဆ မီးဘေးအန္တရာယ်ဟာ ဘယ်အချိန်မဆို မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ အဖိုးတန် အဆောက်အဦးတွေအပြင် ဂိုဒေါင်အတွင်းက သိုလှောင်ကုန်ပစ္စည်းတွေပါ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မီးအာမခံ (Fire Insurance) နဲ့ ကြိုတင်ကာကွယ်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်။

Armor နှင့် မီးအာမခံထားမယ်ဆိုရင် …….

✨ အခမဲ့တိုင်ပင်ဆွေးနွေးအကြုံပြုပေးခြင်း
မီးအာမခံမှာ ပါဝင်သော Basic Coverage များနှင့်အပိုအကာအကွယ်များကို အသေးစိတ်ရှင်းပြပေးပြီး အခမဲ့ အကြံပြုတိုင်ပင်ပေးပါတယ်။

✨ လိုအပ်သည့် Coverage များသာ ရွေးချယ်ပေးခြင်း
နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားအလိုက် အမှန်တကယ်လိုအပ်သော အကာအကွယ်များကိုသာ သေချာရွေးချယ်ပေးသောကြောင့်မလိုအပ်သော အပိုကုန်ကျစရိတ်များ မရှိစေရန် ကူညီပေးပါတယ်။

✨ အခမဲ့မျက်မြင်စစ်ဆေးပေးခြင်း
Armor Team နှင့် surveyor များမှအာမခံထားရှိမည့်နေရာသို့ အိမ်တိုင်ရာရောက် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးပါတယ်။

အထက်ပါ ဝန်ဆောင်မှုများအားလုံးအတွက် အပို charges မရှိဘဲ (လုံးဝအခမဲ့) ရရှိနိုင်ပါတယ် ။ ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့ ပိုင်ဆိုင်မှုများကိုမီးအာမခံဖြင့် ကြိုတင်ကာကွယ်၍ လုံခြုံစိတ်ချမှုအပြည့် ကို ယနေ့ပဲ ရယူလိုက်ပါ!

📞 Contact Now: 09-440201201

01/05/2026

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်တွင် အဓိကမောင်းနှင်အားဖြစ်သော အလုပ်သမားထုတစ်ရပ်လုံး၏ ကြိုးစားအားထုတ်မှုနှင့် ပေးဆပ်မှုများကို ARMOR Insurance မှ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

မိမိတို့၏ လုပ်ငန်းခွင်အသီးသီးတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာစွာဖြင့် အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

30/04/2026

🙏🙏 ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယနေ့ 🙏🙏

“ဗုဒ္ဓမြတ်စွာဘုရားရှင် တရားတော်ထူး ရရှိရာ ဗောဓိညောင်ပင်အား ရည်စူး၍ နွေအပူဒဏ် သက်သာစေရန် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုကြသော မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။”

ယနေ့ ၃၀.၄.၂၀၂၆ (ကြာသပတေးနေ့) တွင် ကျရောက်သောမင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာ မိဘပြည်သူအပေါင်းတို့အား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်
အောင်မြင်ပျော်ရွှင်မှုများ ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🎁 ရုံးပိတ်ရက်ကာလအတွင်း အာမခံကိစ္စများအတွက် 📞 Hotline ဖုန်း - 09 440201201 သို့ ဖြစ်စေ Viber Number - +959440201201 သို့ ၂၄/၇ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

29/04/2026

မြန်မာ့ရိုးရာ ကဆုန်လပြည့် “ညောင်ရေသွန်းပွဲတော်” နှင့် “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အဖြစ် ၃၀.၄.၂၀၂၆ (ကြာသပတေးနေ့) မှ ၃.၅.၂၀၂၆ (တနင်္ဂနွေနေ့) အထိ Armor Insurance ရုံးကို ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရုံးလုပ်ငန်းများကို ၄.၅.၂၀၂၆ (တနင်္လာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ရုံးပိတ်ရက်ကာလအတွင်း ဝန်ဆောင်မှုလိုအပ်ပါက ကျွန်ုပ်တို့၏ ၂၄ နာရီ Hotline ဖုန်း - 09 440201201 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

27/04/2026

🛡️ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် လူကြီးမင်းတို့ ကြိုတင်ပြင်ဆင်ပြီးပြီလား?

လုပ်ငန်းတစ်ခုကို ရေရှည်တည်တံ့အောင်မြင်အောင် တည်ဆောက်ရာမှာ မမျှော်လင့်ဘဲ ဖြစ်ပွားတတ်တဲ့ ဆုံးရှုံးနိုင်ခြေတွေကို စနစ်တကျ စီမံခန့်ခွဲဖို့က အထူးပင် အရေးကြီးလှပါတယ်။ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရန် လိုင်စင်လျှောက်ထားသည့်အခါမှာဖြစ်စေ၊ ကုန်တိုက်ကြီးများတွင် ဆိုင်ခန်းပြင်ဆင်ပြီး လုပ်ငန်းစတင်သည့်အခါမှာဖြစ်စေ General Third Party Liability Insurance (အထွေထွေစီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးလျော်ရန်တာဝန်ရှိမှု အာမခံ) ထားရှိရန်မှာ ယခုအခါ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။

ဒီအာမခံအမျိုးအစားဟာ မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ပတ်ဝန်းကျင်အနီးအနားမှာ ပြင်ပလူပုဂ္ဂိုလ်တစ်ဦးဦး မတော်တဆ ထိခိုက်မှုဖြစ်ခြင်း ဒါမှမဟုတ် ပစ္စည်းပျက်စီးမှုတွေအတွက် ဥပဒေအရ ပေးလျော်ရန် တာဝန်ရှိလာတဲ့အခါမှာ အကောင်းဆုံး အကာအကွယ်ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုကြောင့် လူတစ်ဦးတစ်ယောက် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် သူတစ်ပါးပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခြင်းတို့အတွက် ပေးလျော်ရန် တာဝန်ရှိလာပါကလည်း အာမခံထားရှိတဲ့ ပမာဏအတိုင်း အာမခံကုမ္ပဏီက အပြည့်အဝ တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကြောင့် ကြီးမားတဲ့ ပေးလျော်မှုတွေ ကျခံရတဲ့အခါ လုပ်ငန်းရဲ့ အရင်းအနှီးနဲ့ ငွေကြေးစီးဆင်းမှုကို အဟန့်အတားမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို စနစ်တကျနဲ့ တာဝန်ယူမှုရှိရှိ ဖြေရှင်းပေးနိုင်တာကြောင့် မိမိတို့လုပ်ငန်းအပေါ် ဖောက်သည်တွေနဲ့ ပါတနာတွေရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး လုပ်ငန်းဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ လုပ်ငန်းရှင်ကြီးများအတွက် အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်မယ့် အာမခံအကာအကွယ်တွေ ရရှိနိုင်ဖို့ Armor Insurance Team မှ အနီးကပ် ဆွေးနွေးအကြံပြုပေးနေပါတယ်။

အထွေထွေစီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးလျော်ရန်တာဝန်ရှိမှု အာမခံနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမေးမြန်းလိုပါက - ☎️ 09-440201201 (Hotline) သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။

27/04/2026
24/04/2026

လူကြီးမင်းတို့ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်လေး ထိခိုက်ပျက်စီးမှုတွေဖြစ်လာတဲ့ အခါမှာ ပြန်လည်ပြင်ဆင်ရတဲ့ စရိတ်တွေကြောင့် စိုးရိမ်ပူပန်မှုတွေဖြစ်နေရပါသလား?

မကြာသေးမီက Armor Insurance တွင် အာမခံထားရှိထားသော NETA X အမျိုးအစား မော်တော်ယာဉ်သည် လမ်းဘေးတွင်ရပ်ထားစဥ် နောက်လေကာမှန် ခဲစင်ပြီး မှန်တစ်ချပ်လုံးကြေမွကာ ပျက်စီးမှု ဖြစ်ပေါခဲ့ပါတယ်။ ထိုသို့ ထိခိုက်ပျက်စီးမှုကို Armor Insurance ရဲ့ hotline သို့ အကြောင်းကြားလာသည်နှင့်တစ်ပြိုင်နက် Armor Insurance မှ
✅ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခြင်း - အကြောင်းကြားမှုရရှိသည်နှင့်တစ်ပြိုင်နက် အာမခံလုပ်ငန်းစဉ် များကို နှောင့်နှေးမှုမရှိဘဲ ချက်ချင်း စတင်ပေးခဲ့ပါတယ်၊
✅ အမြန်ဆုံးပြင်ဆင်ခွင့်ရရှိခြင်း - ယာဉ်ပြင်ဆင်ခွင့်အား ၂ရက်အတွင်း ရရှိအောင် အာမခံရုံးသို့အကြောင်းကြားစာ, CLAIM FORM များပြင်ဆင်ပေးပို့ဆောင်ရွက်ပေးခဲ့ပါတယ်။
✅ အပြည့်အဝ တာဝန်ယူပေးခြင်း - ကားမှန်၏တန်ဖိုးကို နုတ်ဖြတ်ခံရခြင်းမရှိဘဲ မူလအကောင်းပကတိအတိုင်း ပြန်လည်ပြင်ဆင်နိုင်ရန် NETA SERVICE နှင့်ချိတ်ဆက်ပြီး အစအဆုံး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

"မြန်ဆန်၊ တိကျ၊ ယုံကြည်ရ" သည့် Armor Insurance တွင် အာမခံထားရှိခြင်းဖြင့် လူကြီးမင်းတဲ့ရဲ့ တန်ဖိုးထားရတဲ့ မော်တော်ယာဉ်အတွက် အကောင်းဆုံးသော အကာအကွယ်ကို ရယူလိုက်ပါ။

ကားအာမခံဝယ်ယူခြင်းနှင့်ပက်သက်ပြီး တစ်နှစ်စာကျသင့်မယ့် ပရီမီယံပမာဏ ၊အကာအကွယ်များနှင့် လျော်ကြေးတောင်းခံခြင်း များအတွက်အသေးစိတ် တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်တော့ ☎️ Hotline: 09-440201201 သို့ 24/7 ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

https://www.tiktok.com/@armorinsurance, https://invite.viber.com/?g2=AQBtP%

Address

Room/201 (B), 51st Street
Yangon
11161

Opening Hours

09:00 - 17:00