Learn Korean With Tr.Hwa
Learn Korean together.📚 video အတန်း များကို page တွင် ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။
15/06/2026
ပုံသဏ္ဉာန်တွေနဲ့ ပတ်သတ်ပြီး လေ့လာကြည့်ရအောင်ရှင် 🤔
တြိဂံကို ကိုရီးယားလိုဆိုရင် '세모'? လို့ခေါ်တာလား
(1) 원 / 동그라미 = စက်ဝိုင်း ။
(2) 삼각형 / 세모 = တြိဂံ ။
(3) 사각형 / 네모 = လေးထောင့် ။
(4) 직사각형 = ထောင့်မှန်စတုဂံ။
(5) 하트 = အသည်းပုံ ။
(6) 오각형 = ပဉ္စဂံ ။
(7) 마름모 = diamond
(8) 타원형. = ဘဲဥ ။
(9) 별 = ကြယ် ။
Edit : '형' ဆိုတာ ပုံသဏ္ဉာန်လို့ အဓိပ္ပာယ်ရပါတယ်ရှင်။
Fb page- https://www.facebook.com/share/1AxbKbT8b3/ 🔰
Telegram page- https://t.me/learnkoreanwithtrhwa 🔰
TikTok page- https://www.tiktok.com/?_r=1&_t=ZS-96YzUeqEj6T 🎓
11/06/2026
현모양처 ဆိုတဲ့ စကားပုံလေးရဲ့ အဓိပ္ပာယ်ကတော့
မိသားစုပေါ် စောင့်ရှောက်မှု အပြည့်ပေးပြီး အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းတတ်တဲ့ အမျိုးသမီးတွေကို ခေါ်ပါတယ်။
예문: 그녀는 아이들을 잘 키우고 남편을 잘 내조하는 현모양처예요.
အဲ့မိန်းကလေးက ကလေးတွေကိုလည်း ကောင်းကောင်းပြုစုပျိုးထောင်ပြီး အမျိုးသားကိုလည်း ကောင်းကောင်းပံ့ပိုးပေးတဲ့ အမျိုးသမီးဖြစ်တယ်။
예문: 옛날에는 많은 여성들의 꿈이 현모양처가 되는 것이었습니다.
အရင်တုန်းကတော့ အမျိုးသမီးလေးတွေတော်"များ"ရဲ့ အိမ်မက်က ဇနီးကောင်း မိခင်ကောင်းဖြစ်လာဖို့ပဲဖြစ်ပါတယ်။
----
현 (ဟျွန်း): လိမ္မာပါးနပ်သော
모 (မို) : မိခင်
양 (ယန်း) : ကောင်းမွန်သော
처 (ချော) : ဇနီး
Fb page: Learn Korean With Tr.Hwa
Telegram page : https://t.me/learnkoreanwithtrhwa 📮
11/06/2026
일석이조 ဆိုတဲ့ စကားပုံလေးကိုဒီနေ့မှာ မင်တို့လေ့လာကြည့်ရအောင်ရှင်
သူရဲ့အဓိပ္ပာယ်က တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့လဲတူပါတယ်။
예문: 자전거로 출퇴근을 하면 돈도 아끼고 건강도 챙길 수 있어서 일석이조입니다.
စက်ဘီးနဲ့ အသွားအပြန်လုပ်တာ ပိုက်ဆံလဲချွေတာရာရောက်သလို ကျန်းမာရေးလဲကောင်းစေတဲ့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါတယ်။
예문: 한국 드라마를 보면 한국어 공부도 하고 재미도 있으니 일석이조예요.
ကိုရီးယား ဒရမ်မာတွေကြည့်ရင်း ကိုရီးယားစာလုပ်တော့ စိတ်ဝင်စားဖို့လဲကောင်း စာလဲလုပ်ဖြစ်သွားတာဆိုတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပြစ်လိုက်သလိုပါပဲ ..
------
일 (အိလ်): တစ်
석 (ဆော့): ကျောက်ခဲ
이 (အီ) : နှစ် (၂)
조 (ဂျို) : ငှက်
Fb page: Learn Korean With Tr.Hwa
Telegram page : https://t.me/learnkoreanwithtrhwa 📮
08/06/2026
ကျောင်းသားတို့ လေ့လာထားသင့်သော အဓိပ္ပာယ် ၂မျိုးနဲ့ စကားလုံးများ 🧐?
- Beginner 🔰
06/06/2026
Reading ဆိုတာနဲ့ ဘယ် course ကိုအရင်ဆုံး ပြေးမြင်လဲဆိုရင်🤔
မင်ကတော့ Yonsei Reading Textbook တွေကို recommend လုပ်ပေးပါတယ် 📮
စာချည်းပဲထိုင်လေ့လာနေရတာမျိုးမဟုတ်ဘူး လိုအပ်တဲ့ knowledge တွေအပြင် ..🫧
✅သူ့ lev နဲ့ သူကိုက်ညီမယ့် အကြောင်းအရာတွေကို system ကျကျ ပြဠာန်းထားတဲ့ သင်ရိုးတွေက ကျောင်းသားတွေအတွက်တော့ အဆင်ပြေဆုံး သင်ရိုးတစ်ခုဖြစ်လို့ပါပဲ။
B1-B2 level အတွက် ထုတ်ဝေထားတဲ့ Yonsei Korean Reading 3 text book ထဲ ပါဝင်တဲ့ သင်ခန်းစာတွေကို ကြည့်မယ်ဆိုလျှင်လဲ ..
🔵 제일과 (1) 취미 생활 ဝါသနာ
🔵 제일과 (2) 일상 생활 နေ့စဉ်ဘဝ
🔵 제일과 (3) 건강 ကျန်းမာရေး
🔵 제일과 (4) 공연과 감상 ကြည့်ရှုခံစားခြင်း
🔵 제일과 (5) 사람 လူတွေအကြောင်း
🔵 제일과 (6) 모임 အစုအဝေး
🔵 제일과 (7) 실수와 사과 တောင်းပန်ခြင်း
🔵 제일과 (8) 학교생활 ကျောင်းသွား၊ ကျောင်းလာ ဘဝပုံစံ
🔵 제일과 (9) 부탁과 거절 တောင်းဆိုခြင်းနဲ့ ငြင်းဆိုခံရခြင်း
🔵 제일과 (10) 어제와 오늘 မနေ့ကနဲ့ ဒီနေ့
စတဲ့ ခေါင်းစဉ်ကြီးတွေအောက်မှာ ထပ်ပြီး သင်ယူရမယ့် Reading passage လေးတွေရှိသေးတာမို့ စိတ်ဝင်စားစရာကောင်းပြီးအရမ်းအကျိုးရှိတဲ့ စာအုပ်လေးဖြစ်ပါတယ်။
to be continue ..
မင်တို့ဆီမှာ ဒီ (Course) လေးကို 🗓️june 15 မှာ စတင်ဖွင့်လှစ်သွားဖို့ရှိပါတယ်။
Early Bird discount တွေလဲရှိတာမို့ သင်တန်းရက်မစခင်ကြိုအပ်ထားတဲ့ ကျောင်းသား (၅) ဦးကို မူရင်း ၃၅၀၀၀ မှ ၂၅၀၀၀ အဖြစ် တက်ရောက်နိုင်မယ့် အခွင့်အရေးလေး ပေးနေပါတယ်ရှင်
သင်တန်းအပ်ရန်- fb messenger (သို့) maii တွင် လာရောက်အပ်နှံနိုင်ပါပြီ။
06/06/2026
ဒီနေ့တော့ grammar လေး တစ်ခု လေ့လာကြည့်ကြမယ်ရှင် 🤔 Verb+ (으) ㄴ적이있다 - ဖူးပါတယ်။
အတိတ်မှာဖြစ်ဖူးတဲ့ (Experience) ကို ပြောတဲ့အခါမှာ ဒီ သဒ္ဒါလေးကိုသုံးနိုင်ပါတယ်။
Final Cosonnants ရှိရင် ▫️ - 은 적이있다
Vowel နဲ့ ဆုံးရင် ▫️- ㄴ 적이있다
예문: JI 회사의 사장님을 만난적이 없습니다.
ဂျေအိုင် ကုမ္ပဏီသူဌေးကို မတွေ့ဖူးပါဘူး။
예: 갑자기 몸이 많이 아파진 적이 있어요.
ရုတ်တရက်ကြီး ဖျားသွားတာမျိုး ဖြစ်ဖူးပါတယ်။
Q.v များလည် ထိုအတိုင်းပဲ (은) ㄴ 적이있다 သုံးနိုင်ပါတယ်။
예: 저는 살이 쪄서 뚱뚱해진 적이 없어요.
ကျွန်မကတော့ ဝိတ်ကျသွားတော့ ဝလာတာမျိုးမရှိပါဘူး။
သတိပြုရမှာတစ်ခုက တိုက်ရိုက်ကြီး တီချယ်တို့ '뚱뚱한 적이 없다' လို့ မရေးကြပါဘူး။
မင်တို့ ပေ့ခ်ျလေးမှာ ပုံမှန်တင်သမျှကိုအဆတ်မပြတ်သိနိုင်ဖို့ like and share လေးလုပ်ပေးပါအုံးနော်။
Fb page- https://www.facebook.com/share/1AxbKbT8b3/ 🔰
Telegram page- https://t.me/learnkoreanwithtrhwa 🔰
TikTok page- https://www.tiktok.com/?_r=1&_t=ZS-96YzUeqEj6T 🎓
04/06/2026
ဆေးနဲ့ပတ်သတ်တဲ့ အခေါ်ဝေါ်များကိုလေ့လာလိုက်ရအောင် 😷
(1) 두통약 - ခေါက်းကိုက်ပျောက်ဆေး
(2) 치통약 - သွားကိုက်ပျောက်ဆေး
(3) 감기약 - အအေးမိ/နှာဆေး ဖျားနာပျောက်ဆေး
(4) 진통제 - အကိုက်အခဲပျောက်ဆေး
(5) 연고 - လိမ်းဆေး
(6)해열제 - အဖျားကျဆေး
(7)소화제 - အစာကြေဆေး
(8)안약 - မျက်စဉ်း
(9)한약 - တိုင်းရင်းဆေး
04/06/2026
ကျောင်းသားတို့အတွက် မင်တို့ဆီကနေ ဝယ်ယူနိုင်မယ့် Review Sheet လေးတစ်ခု မိတ်ဆတ်ပေးချင်တယ်။
-----🗺️
Korean language မှာ Complex ဖြစ်နေတဲ့ grammar rules တွေ၊ အရေးကြီးတဲ့ စည်းမျဉ်းတွေကို note လှလှလေးထဲမှာ highlight လုပ်ပြီးလေ့လာရလွယ်ကူအောင် ပြင်ဆင်ထားတဲ့ pdf Review Sheet လေးဖြစ်ပါတယ်။
ဒီထဲမှာ Basic level ကနေ lower intermediate ပိုင်းအထိ foundation grammar တွေကို short cut အနေနဲ့ ကြည့်ရလွယ်အောင် ရှင်းရှင်းလင်းလင်းနဲ့ file ထဲ ဖန်တီးထားပြီး Qr code system နဲ့ lessons video တွေလဲပါရှိပါတယ်။
QR နဲ့ အဆင်မပြေသူများအတွက်လဲ google drive ကနေ 2မိနစ်စာ ဝန်းကျင် ဗီဒီယိုဖိုင်ရဲ့ link လေးတွေပို့ပေးပါတယ်။ 🔗🫶🏻
၅၅၀၀ ကျပ် ဖြင့် page Messager မှလည်းကောင်း telegram ကနေသော်လည်းကောင်း လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်။
📢- Level1,2,3 သမားတွေ စာနဲ့ဝေးနေတဲ့ သူတွေအတွက်ကို ပြန်နွှေးဖို့ရာ target ထားဦးစားပေးပြီးထုတ်ထားတာဖြစ်လို့ Advanced level သမားတွေ နဲ့ Topik ဖြေဖို့ပြင်ဆင်နေတဲ့သူတွေအတွက်တော့ ဒါလေးကို ကျော်သွားနိုင်ပါဝာယ်။
#ကိုရီးယားစာလေ့လာမယ်
(workspace) သို့ အလုပ်အင်တာဗျူးတွေမှာ ပြန်ပြောလို့ရနိုင်မယ့် ကိုရီးယားစကားပြောအတိုလေးတွေ 🤔
(Speaking) တိုးတက်ချင်ရင် နေ့တိုင်းများများပြောပါ များများပြန်အသုံးချပါ။
신입사원 ဝန်ထမ်းအသစ်။
회의하다 ဆွေးနွေးသည်။
문서 စာရွက်စာတမ်း။
팀장님 အဖွဲ့မှုး။
월급. လစာ။
ဗီဒိယိုလေးတွေ ပုံမှန်တွေ့ရှိနိုင်အောင် မင်တို့ပေ့ခ်ျလေးကို follow ခဲ့ပါအုံးရှင့်
Fb page: Learn Korean With Tr.Hwa 🪶
Telegram page : https://t.me/learnkoreanwithtrhwa ⚖️🤍
Disclaimer: background music is fully credit to original owner but the content is originally ours.
#ကိုရီးယားစာလေ့လာမယ် #ကိုရီးယားစကားပြော
02/06/2026
력(力)ရဲ့ ဟန်ဂျာအဓိပ္ပာယ်ကို လေ့လာကြည့်ရအောင်ရှင်
အဓိပ္ပာယ်လေးက စွမ်းရည် (သို့) အရည်အချင်းလို့ပြန်နိုင်ပါတယ်။ 🪶⚖️
ဟန်ဂျာလေ့လာခြင်းရဲ့ အားသာချက်များ-
✅ စကားလုံးအသစ်ကို မြင်ရုံနဲ့ အဓိပ္ပာယ်ကို မှန်းနိုင်လာမယ်။
✅စကားလုံးတွေကို အစုအဖွဲ့လိုက် မှတ်မိစေတယ်။
✅TOPIK II နဲ့ advance words အများဆုံး သုံးနှုန်းနိုင်မယ်။
အခြေခံအမြစ်ကို နားလည်အောင်လုပ်ပြီး ဝေါဟာရစွမ်းရည်ကို မြှင့်တင်ကြည့်ပါ။
Fb page: Learn Korean With Tr.Hwa
Telegram page : https://t.me/learnkoreanwithtrhwa🗃️
Click here to claim your Sponsored Listing.