Rangoon Institute Technology
Technology and Digital Marketing with our comprehensive teaching program. Join us today!
15/03/2023
Coursera ဆိုတာဘာလဲ ?
Cousera ဆိုတာ ကမ္ဘာပေါ်ရှိ ထိပ်တန်း တက္ကသိုလ် ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ပြီး ဘာသာရပ်ပေါင်း ၇၀၀၀ ကျော် ကို အခမဲ့ Online မှတဆင့် သင်ယူနိုင်တဲ့ Online Learning ပလက်ဖောင်းစနစ်တစ်ခုဖြစ်ပါတယ်။ ဘာသာရပ်ပေါင်း ၇၀၀၀ ကျော် ကို www.coursera.org တွင် Sign Up ပြုလုပ်ပြီး သင်ယူလိုသည့် ဘာသာရပ် များကို အခမဲ့ ရှာဖွေ သင်ယူနိုင်ပါသည်။
ဒါဆိုရင် Coursera Plus ဆိုတာကရော ?
Cousera မှာ Free Courses ပေါင်းများစွာ ရှိပေမဲ့လည်း paid course များစွာလဲ ရှိပါတယ်။ Course Payment ချေမှသာ Enroll လုပ်လို့ရတာတွေ ၊ Certificate ရတာတွေရှိပါသေးတယ်။ ဒါကြောင့် Coursera Plus ကို ဝယ်ယူထားမှသာလျှင် paid course တွေလဲ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီလိုဆိုတော့ Coursera Plus ၀ယ်ရင်ရော။ သူကလည်း တစ်နှစ်ကို USD 300 ကျော်ပေးရပါတယ်။ ဒါက ရတဲ့ ပညာနဲ့ယှဉ်ရင် ဘာမဟုတ်တဲ့ပမဏပါလို့ တွေးလို့ရပေမဲ့ အခု Dollar ဈေးနဲ့ဆိုရင် မလွယ်ပါဖူး။ ဒါကြောင့် Coursera Plus ကို မတတ်နိုင်သူတွေ အတွက် New York State Department of Labor ကနေပြီးတော့ Coursera နဲ့ Partner ပြုလုပ်ပြီး အမေရိကန်နိုင်ငံမှာ ရှိတဲ့ အလုပ်လက်မဲ့တွေအတွက် Coursera မှာ ရှိသမျှ Paid Course 4000+ ကျော်ကို အခမဲ့ လေ့လာ သင်ယူခွင့်ပေးမှာဖြစ်ပါတယ်။
အခမဲ့ Free Access ရယူရန်အတွက် ဒီ Link ကနေ Registration ပြုလုပ်လိုက်တာနဲ့ ရမှာဖြစ်ပါတယ်။
Link > https://dol.ny.gov/online-learning-coursera
ဒီ Link ကို နှိပ်လိုက်ရင် New York State Department of Labor ရဲ့ website ကို ရောက်သွားပါလိမ့်မယ်။ အဲ့မှာ သူတောင်းတဲ့ အချက်အလက်တွေဖြစ်တဲ့ US ဖုန်းနံပါတ်နဲ့ US zip code ပဲလိုတာဖြစ်လို့ အလွယ်တကူ ထည့်နိုင်ပြီး email နေရာမှာ ကိုယ် Coursera အကောင့်ဖွင့်ထားတဲ့ email နဲ့ တူညီဖို့ လိုပါတယ်။ ဒါဆိုရင်တော့ နောက် နှစ်ရက် ၊ သုံးရက်နေတဲ့အခါ New York State Department of Labor ဘက်က ကိုယ့်ရဲ့ email ကို သူတို့ရဲ့ learning program အတွက် invitation email ပို့လာပါလိမ့်မယ်။ ဒါဆိုရင်တော့ 4000+ courses တွေကို free access ရရှိမှာဖြစ်ပါတယ်။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Registration ပြုလုပ်ရာတွေ တစုံတရာ အခက်အခဲများ ရှိပါက Comment or Chatbox ကနေတဆင့် သိလိုသည်များကို မေးမြန်းနိုင်ပါတယ်ခဗျာ။ အားလုံးပဲ ကိုယ်လိုချင်တဲ့ ပညာရေးတခု လွတ်လပ်စွာ လေ့လာသင်ယူနိုင်ပါစေ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
📢မကြာခင်မှာ IT နယ်ပယ်ထဲသို့ ဝင်ရောက်မည့် Junior လူငယ်များအတွက် ICT Course များ၊ စီးပွားရေးကို စိတ်ဝင်စားပြီး ဘယ်လုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူငယ်များအတွက် ဆွေးနွေးမှုများ၊ ခေတ်ရေစီးချောင်းပေါ် လိုက်တဲ့ Digital Marketing Course များ နှင့် Knowledge sharing များလဲ ဆက်လက် လုပ်ဆောင်ပေးသွားမှာဖြစ်လို့ Page ကို Like & Share လုပ်ပေးဖို့ မမေ့ကြပါနဲ့နော်။📢
14/03/2023
သင်ခန်းစာများကို လွယ်ကူစွာ လေ့လာ မှတ်သားနိုင်စေရန်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် ထည့်သွင်းထားသင့်သည့် Apps များအကြောင်း။
📝Note-taking အတွက်
1) Google Keep
Google Keep ဆိုတာ Gmail တခု ရှိယုံနဲ့ Note Taking Features စုံလင်ပြီး အသုံးပြုရတာ ရိုးရှင်း အလွန်မြန်ဆန်တဲ့ Note App တခုဖြစ်ပါတယ်။ အခြေခံ Functions တွေဖြစ်တဲ့ Notes, List, Handwriting, Audio Note, Camera တို့ပါဝင်ပြီးတော့ Notes တွေကို ပြန်လည်ရှာဖွေရာမှာ အလွန်မြန်ဆန်ပါတယ်။ နောက်ပြီး Notes တွေကို Labels တပ်ပြီး ခွဲခြားထားနိုင်တလို Note Sharing မှာတော့ အလွန်လွယ်ကူစေပြီး အခြား Google Keep သုံးနေတဲ့သူရဲ့ Gmail address ထည့်လိုက်ရုံ နဲ့ အသုံးပြုနိုင်ပါတယ်။
https://keep.google.com/
Android : https://play.google.com/store/apps/details?id=com.google.android.keep&hl=en&gl=US
iOS : https://apps.apple.com/us/app/google-keep-notes-and-lists/id1029207872
✏️Writing အတွက်
2) Grammarly
Grammarly ဆိုတာ AI နည်းပညာပေါ်မှာအခြေခံပြီး တီထွင်ထားတဲ့ digital writing assistance tool တစ်ခုဖြစ်ပါတယ်။ Grammatical error စစ်ပေးခြင်း၊ vocabulary များအား စစ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သာကြောင့် အချိန်တိုအတွင်း English Articles များရေးသားခြင်းများအတွက် အသုံးဝင်ပါတယ်။
https://www.grammarly.com/
Android : https://play.google.com/store/apps/details?id=com.grammarly.android.keyboard&hl=en&gl=US
iOS : https://apps.apple.com/us/app/grammarly-keyboard-editor/id1158877342
📈Productivity အတွက်
3) Notion
All-in-one productivity app ဖြစ်ပါတယ်။ Note-taking, Journaling, Planning, အစရှိတဲ့ Features စုံလင်တလို Project Management ကအစ Resume ပြင်ရေးတာတွေ အဆုံး အသုံးပြုလို့ရပါတယ်။ ဒီ Productivity App ကတော့ Students တွေအတွက်သာမက အလုပ်ခွင်ဝင်နေသူတွေအတွက်ရော၊ ကိုယ်ပိုင်စီပွားရေးလုပ်နေတဲ့သူတွေအတွက်ပါ အသုံးဝင်တဲ့ productivity app တခုဖြစ်တာကြောင့် စမ်းသုံးကြည့်ဖို့ အကြုံပြုပါတယ်။
https://www.notion.so/
Android :https://play.google.com/store/apps/details?id=notion.id&hl=en&gl=US
iOS : https://apps.apple.com/us/app/notion-notes-docs-tasks/id1232780281
နောက်ထပ်လဲ ကျောင်းသား/ကျောင်းသူတွေအတွက် လိုအပ်သည့် Application များ Website များနှင့် Education နှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ပေးသွားမှာဖြစ်လို့ Like & Share လုပ်ပေးခြင်းဖြစ် ကူညီပါခဗျာ။
We learn, We share.
Click here to claim your Sponsored Listing.