Movi Plus
Watch | Read | Listen
Movi Plus Read နဲ့ Listen ကို
pookio ဆိုပြီး နာမည်တစ်ခုနဲ့ page တစ်ခုအဖြစ်ပြောင်းလဲ လုပ်ဆောင်ထားပါတယ်...
Like and Follow လုပ်ထားလိုက်ပါအုံးနော်..
Movi Plus မှာတော့ Watch ချန်နယ်တစ်ခုပဲရှိပါတော့မယ်...
အဲ့ကနေ မြန်မာစာတန်းထိုး ရုပ်ရှင်တွေ၊ ကြည့်လို့ရတယ်နော်...
https://www.facebook.com/profile.php?id=61573395647698&mibextid=ZbWKwL
pookio
read...listen....learn...do
pookio
12/02/2025
ပိုက်ဆံ တပြားမှပေးစရာမလိုဘဲ
ရုပ်ရှင်ကြည့်မလား၊ စာအုပ်ဖတ်မလား၊ Audiobooks နားထောင်မလား ?
တစ်နေရာတည်းမှာ ဒီသုံးခုလုံးကို ရယူနိုင်တဲ့နေရာတစ်ခုက Movi Plusပဲ...🔥🔥
⭕ နိုင်ငံတကာရုပ်ရှင်တွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်မယ်ဆိုရင်
Movi Plus | Watch
⭕မြန်မာဘာသာပြန်စာအုပ်တွေ၊ နိုင်ငံခြားစာအုပ်တွေကို ဖတ်ချင်တယ်ဆိုရင်
Movi Plus | Read
⭕စာဖတ်တာပျင်းတယ်။ စာအုပ်တစ်ခုလုံးကို အသံဖိုင်နဲ့ နားထောင်ချင်ရင်
Movi Plus | Listen
ဒီတော့ စာဖတ်ရတာ၊ ရုပ်ရှင်ကြည့်တာ၊ audiobooks နားထောင်ရတာကြိုက်တဲ့သူတွေအားလုံးအတွက် ဒီအခွင့်အရေးက လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ....
ဘာလဲဆိုတော့...February 14ထိ
Movi Plus ကို Member ဝင်ခ ( အခမဲ့ ) နဲ့ Join နိုင်မယ်ဆိုတာပါပဲ...
Free Member ဝင်ခွင့်ရက်က နီးကပ်လာပြီဖြစ်တာကြောင့် မြန်မြန်လေး Join ထားဖို့ အကြံပြုချင်ပါတယ်...
Messenger ကနေ Hi Movi Plus လို့ရေးပြီးပို့လိုက်ပါတော့
06/02/2025
Deadpool 2 (2016)
"Deadpool 2" ဟာ 2016 ခုနှစ်က အရင်ထွက်ရှိခဲ့တဲ့ ပထမဆုံး Deadpool ရုပ်ရှင်ထက် ပိုမိုကြမ်းတမ်းပြီး ဟာသပိုင်းကိုလည်း ပိုပြီးသေသေချာချာ အာရုံစိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီတစ်ခေါက်မှာ Wade Wilson (Deadpool) ဟာ သူ့ရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရင်း ပြင်းပြင်းထန်ထန် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။
ဇာတ်လမ်းအဖြစ်အပျက်တွေက စိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် Deadpool ရဲ့ တင်စားမှုတစ်ခုခုက တစ်ချိန်တိုင်းမှာပဲ ဟာသပျော်စရာ ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းထဲမှာ Cable (Josh Brolin) ဆိုတဲ့ အနာဂတ်မှလာတဲ့ စိုင်းဘာနာစ် တစ်ဦးပါဝင်လာပြီး Deadpool နဲ့ တိုက်ခိုက်ရတဲ့ အခြေအနေကိုဖြစ်ပေါ်စေပါတယ်။
ဒီတစ်ခေါက်မှာ X-Force ဆိုတဲ့ အသစ်တည်ထောင်တဲ့ သွေးသံကြမ်းအဖွဲ့လည်း ပါဝင်လာပြီး ဇာတ်ကားအနေနဲ့ တခြားသော Superhero ဇာတ်ကားတွေထက် ပိုမိုရင်းနှီးမှုရှိတဲ့ team-up action တွေကို တွေ့ရမှာပါ။ Ryan Reynolds ဟာ Deadpool အဖြစ် ထပ်မံသရုပ်ဆောင်ပြီး သူ့ရဲ့ ငြူငြူညံညံ ဟာသတွေက ပရိသတ်ကို ပျော်ရွှင်စေနိုင်ပါတယ်။
ဇာတ်လမ်းတစ်ဝက်အထိရောက်လာပြီဆိုရင်တော့ Deadpool ဟာ သူ့ရဲ့ sense of justice နဲ့ comedy ကို Cable နဲ့ X-Force အဖွဲ့ရဲ့ missions တွေနဲ့ တွဲပြီး ပိုပြီး စိတ်ဝင်စားဖွယ်ဖြစ်လာပါတယ်။ အနာဂတ်အတွက် Deadpool ရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လို အကျိုးသက်ရောက်မှုတွေနဲ့ ဆက်ပြီး အဖြေထွက်လာမလဲ? Cable ရဲ့ အကြောင်းအရာက ဘာတွေနဲ့ ဆက်စပ်နေလဲ? ဇာတ်လမ်းအပြီးကို သိချင်တယ်ဆိုရင် Movi Plus မှာ ကြည့်လိုက်တော့နော်.....
မြန်မာစာတန်းထိုးရုပ်ရှင်တွေ၊ ဘာသာပြန်စာအုပ်တွေ ၊ Audiobook တွေ ရယူချင်တယ်ဆိုရင် Movi Plus ကို Messenger ကနေ Movi Plus လို့ရေးပြီးပို့လိုက်ပါ။
#ဘာသာပြန်စာအုပ် #ရုပ်ရှင်
05/02/2025
Deadpool 1 (2016)
မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။
မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။
ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero
တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။ ဟိုလို Man of Steel ထဲကလိုမျိုး ဝုန်းဒိုင်းကြဲကြမ်းတာကိုပြောတာမဟုတ်ပါဘူး။ Wade Wilson ရဲ့ Skill ကို ပြသွားတာ တော်တော်မိုက်လို့။ ခုန်ပျံကျော်လွှားတဲ့ဟာတွေ ခုတ်တာဘာညာက တော်တော်ကြည့်ကောင်းတယ်။ Stunt တွေလည်းလှတယ်။4th Wall breaking ကတော့ ဘယ်ပြောကောင်းမလဲပေါ့။ ဖောက်ချက်က မြင်မကောင်းဘူး။ တခြားရုပ်ရှင်တွေ မင်းသားမင်းသမီးတွေ ရုပ်ရှင် studio တွေလည်းမနေရဘူး။ မင်းသားတစ်ယောက်ဆို တော်တော်သနားဖို့ကောင်းတယ် သူ့ပဲဖောက်နေလို့ ။ နောက်ခံတေး သို့မဟုတ် ပြောင်တေး ကလည်းမိုက်သဗျ။ သီချင်းတွေကောင်းတယ်။
နောက်ဆုံးပြောချင်တာက Deadpool ဟာ fan တွေစောင့်စားလာသမျှအတွက် တော်တော်အားရစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရမ်းကြီး perfect တော့မဖြစ်၊ သိပ်အားမရဘူးတော့ဖြစ်တဲ့လူဖြစ်လိမ့်မယ်။ ဇာတ်လမ်းက အခုမှ အစဖြစ်တာရယ် ပြသချိန်တိုတာရယ် အဲ BUDGET က $58 Million ထဲရယ်။ နောက်ကားတွေဆို ဒီထက်ပိုကောင်းလောက်မယ်ထင်ပ။ လုံးဝ 18+ joke တွေ အခန်းတွေမို့လို့ သိကြမဲ့အတိုင်း ကလေးတွေအတွက် တော်တော်ကြမ်းပါတယ်။ ဒါတောင် တချို့အခန်းတွေက ဒီကမိန်းကလေးတွေအတွက် သိပ်မသင့်တော်ဘူးလို့ပြောလို့ရပါတယ်။ (ဒါပေမဲ့ ဒီမှာတော့ ကလေးဘာညာမရွေး ကြည့်နေကြတာပဲလေနော့) ဒီလောက်ပါပဲ။ အဲလောက်ကြီးအဆိုးကြီးမဟုတ်ပါဘူး။ Comic fan မဟုတ် marvel fan မဟုတ်ဘူးဆိုရင်တောင် action/comedy ကားအနေနဲ့ ကြည့်လို့ကောင်းတယ်။
မြန်မာစာတန်းထိုးရုပ်ရှင်တွေ၊ ဘာသာပြန်စာအုပ်တွေ၊ Audiobook တွေရယူချင်ရင် Movi Plus ကို Messenger ကနေ Hi Movi Plud လို့ရေးပြီးပို့လိုက်ပါ....
05/02/2025
Godzilla (2014)
၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီး
အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။
တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။
အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊
ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလို
Power Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။
သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထားတာ အရမ်းပီပြင်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်ရတာဖြစ်လို့လည်း ကြည့်ရတဲ့သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။
Joe က ဒီ Nuclear Plant ပြိုကျတာဟာ သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလို့ ခံယူထားပြီး အစိုးရက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်နေပါတယ်။ ၁၅ နှစ်ကြာပြီးမှာတော့ သူ့ရဲ့ သား Aaron Taylor-Johnson (Kick-Ass မင်းသား ဖြစ်ပြီး၊ Avengers:Age of Ultron မှာ Quicksilver အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။) က မိန်းမနဲ့ကလေးနဲ့ ရှိနေသလို စစ်ထပ်ထဲမှာလည်း Bomb Specialist အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။
သူ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်မှာပဲ သူ့အဖေက Japan မှာ ဖမ်းခံနေရလို့ အာမခံနဲ့သွားထုတ်ပေးရာက စပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်ကို သိခဲ့ရပါတယ်။Nuclear Power Plant ပြိုကျခဲ့တာက သဘာ၀ အတိုင်း ငလျင်မဟုတ်ပဲ MUTO (Massive Unidentified Terrestrial Object) ကြောင့်ပြိုကျခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ဖီလစ်ပိုင်မှာတွေ့တဲ့ MUTO ဥနှစ်ဥထဲက အထီးရဲ့ ဥက အကောင်ပေါက်ပြီး ဂျပန်ကိုရောက်လာတာဖြစ်ပါတယ်။
MUTO တွေရဲ့ အဓိက အစာက Nuclear Radiation ဖြစ်တာကြောင့် Nuclear Power Plant မှာလာပြီး အသိုက်လုပ်နေနေပါတယ်။ အဲ့ဒီအချိန်ထဲက လူတွေက မသတ်ရဲသလို မသတ် ပဲနဲ့ လေ့လာမှုတွေလုပ်နေခဲ့ကြပါတယ်။ (သတ်လိုက်ရင် သူဆီက Radiation တွေ Nuclear ဗုံးဖောက်သလို ပွင့်ထွက်မှာ စိုးလို့လို့ ရှင်းပြထားပါတယ်။)
MUTO နဲ့ Godzilla တို့က လူတွေထက်နှ်စ်သန်းပေါင်းများစွာစောပြီး ကမ္ဘာကြီးမှာ Radiation တွေ ရှိနေတဲ့ အချိန်ထဲက ရှင်သန်နေတာဖြစ်ပါတယ်။ သူတို့က ဒီ Radiation ကနေ အဟာရဖြစ်ပြီး နေလာရာက တစ်ဖြည်းဖြည်း Radiation နည်းလာတဲ့နောက် ရေအောက်ထဲကို ဆင်းပြီးနေလာ ကြပါတယ်။ ရေအောက် ကြမ်းပြင်က ကမ္ဘာ့ဗဟိုနဲ့ နည်းပြီး Radiation ပိုရလို့ဖြစ်ပါတယ်။ ဖီလစ်ပိုင်မှာတွေ့တဲ့ Godzilla ရုပ်ကြွင်းက MUTO တွေကြောင့် သေတာဖြစ်မယ်လို့လည်း ရှင်းထားပါတယ်။MUTO အမရဲ့ဥကိုတော့ Nevada, USA ကို သယ်သွားခဲ့ပြီး အဲ့ဒီမှာရှိတဲ့ Nuclear Waste ထားတဲ့ တောင်ကြားထဲမှာ ထားထားပါတယ်။ အမက ဥကနေ အကောင်မပေါက်သေးပဲ အထီးက အရွယ်ရောက်လို့ အချက်ပေးတော့မှ သူက အကောင်ပေါက်လာတာဖြစ်ပါတယ်။
၁၅ နှစ်ကြာပြီးတဲ့နောက်မှာ Japan က အထီးနဲ့ Nevada က အမတို့ San Francisco မှာ တွေ့ကြပြီး မျိုးပွားဖို့ အစီအစဉ်ဖြစ်ပါတယ်။ဒါပေမယ့် အထီးက အမကို Signal ထုတ်လွှတ်ပြီး ဆက်သွယ်ရာမှာ ကြားထဲက Godzilla က ကြားသွားပြီး တဖန် နိုးထလာပါတယ်။အဲ့ဒီကနေ Godzilla နဲ့ MUTO နှစ်ကောင်ရဲ့ တိုက်ပွဲ ကို ပရိတ်သတ်ကြီးရင်သက်ရှုမောဖွယ် ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။
Godzilla က ဒီကားမှာ လူတွေကို ဒုက္ခပေးဖို့မဟုတ်ပဲ “Godzilla came to restore balance to the nature” လို့ပြောထားပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လာတဲ့ ရန်သူတွေကို Godzilla က အမြဲ ရင်ဆိုင်ရပြီး ကမ္ဘာကြီးကို စောင့်လျှောက်နေတာဖြစ်ပါတယ် (Original Japan ကားကြည့်ဖူးသူတွေသိမှာပါ။)အရင်ကားဟောင်းတွေရဲ့ အရသာမပျက်ပဲ အမြင်ဆန်းနဲ့ ရိုက်ကူးထားနိုင်ပြီး Visual Effect ကောင်းကောင်း နဲ့ ကြည့်ရသလို၊ ဇာတ်လမ်း ဇာတ်သွားလည်း အရမ်းကောင်းပါတယ်။
Fight Scene တွေကလည်း အထူးကောင်းမွန်ပြီး၊ Godzilla ကို တင်ဆက်သွားတာလည်း အရမ်းပီပြင်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ ဇာတ်ရှိန်အတက်အကျ ဘာမှပြောစရာမရှိသလို၊ Godzilla ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Atomic Ray ကိုလည်း မြင်တွေ့ခံစားရမှာဖြစ်ပြီး၊ ဒီဘက်ခေတ်လူငယ်တွေ၊ ၁၉၅၀ ကျော်က ဂျပန် ကားမကြည့်ဖူးတဲ့လူတွေအတွက် ဒီကားက Godzilla ရဲ့ အနှစ်သာရကို အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။
တစ်ခုရှိတာက Godzilla က အရင်တုန်းကနဲ့ ယှဉ်ရင် အနည်းငယ်ဝနေတာကိုတွေ့ရပါတယ်။အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
မြန်မာစာတန်းထိုး ရုပ်ရှင်တွေ၊ ဘာသာပြန်စာအုပ်တွေ၊ Audiobook တွေ ရယူချင်တယ်ဆိုရင် Movi Plus ကို Messenger ကနေ Hi Movi Plus လို့ရေးပြီး ပို့လိုက်နော်....
02/02/2025
Audiobookတွေ၊ မြန်မာစာတန်းထိုး ရုပ်ရှင်တွေ၊ဘာသာပြန်စာအုပ်တွေ အခမဲ့ ရယူဖို့ Movi Plus ကို Join ထားလိုက်ကြစို့...
မြန်မာစာတန်းထိုးရုပ်ရှင်တွေ ၊
video တွေကြည့်မယ်ဆိုရင်
Movi Plus | Watch ရှိတယ်...
စာဖတ်ပျင်းသူတွေအတွက် အသံစာအုပ် Audiobook နားထောင်ချင်ရင်
Movi Plus | Listen ရှိတယ်...
ဘာသာပြန်စာအုပ်တွေ ဖတ်ချင်ရင်
Movi Plus | Read ရှိတယ်...
ဒီသုံးခုလုံးကို ရယူဖို့ဆိုရင် Friend ဆီမှာ
Telegram App ရှိရမယ်...
ဒါဆိုရပြီ...
တခြားဘယ်မှာမှ မရနိုင်တဲ့ အခွင့်အရေးတစ်ခုကို Movi Plus Team ကနေ ယူဆောင်ပေးထားပါတယ်။
February 14 (ချစ်သူများ) နေ့ထိပဲ [ အခမဲ့ ] ဝင်ရောက်နိုင်မှာဆိုတော့ အခုပဲ Messenger မှာ MoviPlus လို့ရေးပို့ပြီး Join လိုက်ပါ...🔥🔥🔥
#မြန်မာစာတန်းထိုး #ဘာသာပြန်စာအုပ် #အသံစာအုပ်
21/01/2025
Garudan (2024)
အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်း
တူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိ
တူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲ
အသက်ဆုံးပါးသွားခဲ့ပါတယ်။
အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့
ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာ
အုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့
သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့
သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။
သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။
ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေ
ချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာ
ကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု,
ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ……..
သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ …..
သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ဘယ်လိုပုံစံနဲ့ ဆက်စပ်နေတာလဲ ….
ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။
မြန်မာစာတန်းထိုး ရုပ်ရှင်တွေ ကြည့်ချင်ရင် ၊ မြန်မာဘာသာပြန်စာအုပ်တွေ ဖတ်ချင်ရင်၊ Audiobook တွေနားထောင်ချင်ရင် Movi Plus ကို Join ထားလိုက်နော်...
February 14 ချစ်သူများနေ့အထိ Member ဝင်ကြေး Freeနဲ့ Join နိုင်မှာဆိုတော့ အခုပဲ Messenger ကနေ Hi ထားလိုက်တော့နော်...❤❤❤
#ရုပ်ရှင် #စာအုပ်
20/01/2025
Inception (2010)
Christopher Nolan ကားတွေကြီးပဲတင်ပေးနေလို့ ပျင်းသွားမလားမသိဘူး...😀😀
ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုးတဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူသွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်းကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်ကနေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင်ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင်တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက်အကြောင်း သိထားတဲ့သူတောင် မျက်စိလည်သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှမဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။
ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီးကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူ့ရဲ့ သားနဲ့သမီးကိုလည်း တွေ့ခွင့်မရှိပါဘူး။ တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ်ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူအနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆိုတာကတော့ အိပ်မက်ပညာရှင်လောကမှာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံအောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါတော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောဘ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကိုရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက်စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။
++++++++++++++++++++++++
ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါတယ်။
ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂၀ ကွာပါတယ်။အရင်အိပ်မက်တွေက ၁၂ ဆပဲ ကွာတာပါ။
အလွှာ ၁ – ကမ္ဘာအစစ် (၁၀ နာရီ)
အလွှာ ၂ ပထမအိပ်မက်အလွှာ – မိုးရွာနေတဲ့မြို့ ( တစ်ပတ်)
အလွှာ ၃ ဒုတိယအိပ်မက်အလွှာ – ဟိုတယ် ( ၆ လ)
အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်းတော(၁၀နှစ်)
အလွှာ ၅ – လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်)
ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။
မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့အိပ်မက်)
ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယအိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယအလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာဟိုတယ်ကနေ နှိုးဖို့ပါ။
ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့အိပ်မက်)
အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင်အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက်ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကိုဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။ ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွားတာပါ။
နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်)
အဲဒီအိပ်မက်မှာ ဖစ်ရှာ့ကို စိတ်ကူးထည့်ပေးလိုက်နိုင်ပေမဲ့ မဲလ်က ဖမ်းခေါ်သွားလို့ လင်ဘိုအထိ ကော့ဘ် နဲ့ အရီရာ့ဒ်နီတို့ လိုက်သွားရတာပါ။ နှင်းတောထဲက အဆောက်အဦကို ဖောက်ခွဲပြီး အရီရာ့ဒ်နီတို့ကို လင်ဘိုထဲကနေ နှိုးမှာပါ။
လင်ဘို
လင်ဘိုမှာတော့ ရှင်းပါတယ်။ ကော့ဘ်က ဆိုက်တို့ကို လိုက်ရှာပြီး သူတို့နှစ်ယောက်သတ်သေပြီး အလွတ်ရုန်းကြတာပါ။ အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ်ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင်ဘိုထဲမှာပဲ ကမ္ဘာအစစ်လိုဖန်တီးမိသွားတာလား။ ဆိုက်တိုကရော ဆိုက်တိုလား မဲလ်လား။ ဒါတွေကတော့ ကြည့်ပြီးမှ အတွေးပွား ဆွေးနွေးပေးကြပါဦး။
မြန်မာစာတန်းထိုး ရုပ်ရှင်တွေ ကြည့်ချင်ရင် ၊ မြန်မာ ဘာသာပြန်စာအုပ်တွေ ဖတ်ချင်ရင်၊ Audiobook တွေနားထောင်ချင်ရင်
Movi Plus ကို Join ထားလို့ရတယ်နော်...
February 14 ချစ်သူများနေ့အထိ Member ကြေး Free နဲ့ Join နိုင်မှာဆိုတော့ အခုပဲ Messenger ကနေ Hi လိုက်တော့နော်....❤❤❤
10/01/2025
နှစ်သစ်ကူးလက်ဆောင် ဖုန်းဘေလ်ကံထူးရှင်များ ပေါ်ထွက်လာပါပြီ...Movi Plus ကို Join လာတဲ့ Member တိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်....
နောက်ထပ်စိတ်ဝင်စားစရာ အစီအစဉ် တွေလည်းပြုလုပ်သွားအုံးမှာမို့လို့...
Movi Plus ကို Like and Follow လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်နော်...
နိုင်ငံခြားဇာတ်ကားကောင်းများ၊ မြန်မာဘာသာပြန်စာအုပ်များ၊ Audiobook များကို
ကြည့်ဖို့ ၊ ဖတ်ဖို့ ၊ နားထောင်ဖို့
Movi Plus မှာ Member အဖြစ် Join လိုက်ပါ..
05/01/2025
Interstellar (2014)
IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…
ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…
Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်
… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background music
တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…
ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…
21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ
ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…
၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…
ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း
ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…
ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်..
.ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး.
.ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ..
အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်….
နိုင်ငံတကာမှရုပ်ရှင်များကို မြန်မာစာတန်းထိုးနဲ့ကြည့်မယ်ဆိုရင် Movi Plus ကို Free Join ထားလိုက်နော်....
04/01/2025
Mufasa: The Lion King (2024)
Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။
ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့
Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။
ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။
ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။
သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
နိုင်ငံတကာမှရုပ်ရှင်များကို မြန်မာစာတန်းထိုးနဲ့ကြည့်မယ်ဆိုရင် Movi Plus ကို Free Join ထားလိုက်တော့နော်....
Click here to claim your Sponsored Listing.