Purple Mind
သင့်စိတ်ခွန်အားဖြည့်ရာ ထောင့်တစ်နေရာ
Be gentle with yourself 🌼💚
18/04/2026
ကမ္ဘာတစ်ဝှမ်း လူတွေထဲက ခန့်မှန်းအားဖြင့် ၇၀% လောက်က သူတို့ဘဝတစ်လျှောက် တစ်ချိန်ချိန်မှာ စိတ်ကို ထိခိုက်စေနိုင်တဲ့ အဖြစ်အပျက်တစ်ခုခုကို ကြုံတွေ့ဖူးကြပါတယ်။
လူအများစုက စိတ်မကောင်းတာ၊ ဖိစီးတာတွေ ခံစားရပေမယ့် အချိန်ကြာလာတော့ တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြပါတယ်။ ဒါပေမယ့် လူတချို့မှာတော့ PTSD လိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေက လပေါင်းများစွာ၊ တစ်ခါတလေ နှစ်တွေကြာအောင်တောင် ဆက်ရှိနေတတ်ပါတယ်။
စိတ်ဒဏ်ရာကနေ ပြန်လည်ကောင်းဖို့က အလွယ်တကူတော့မဟုတ်ပါဘူး—လူတွေနဲ့ ဆက်ဆံရေးတွေ၊ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ထဲက လုပ်ငန်းစဉ်တွေ၊ အတွေးအခေါ်၊ ယုံကြည်ချက်၊ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းမလဲဆိုတာတွေ အားလုံး ပေါင်းပြီး သက်ရောက်နေပါတယ်။
စိတ်ဒဏ်ရာ (PTSD အပါအဝင်) ကို ကုသရာမှာတော့ များသောအားဖြင့် စိတ်ကုထုံးတွေကို သုံးပြီး အဲဒီအတွေ့အကြုံတွေကို နားလည်ပြီး ဖြေရှင်းနိုင်အောင်၊ လက္ခဏာတွေကို ထိန်းနိုင်အောင် ကူညီပေးပါတယ်။ ဒီ့အပြင်လည်း self-care နဲ့ လူမှုအထောက်အပံ့ရှိတာက ပြန်ကောင်းလာဖို့ အရမ်းအရေးကြီးပါတယ်။
10/09/2025
ဒီနေ့က world su***de prevention day ပါ
ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ၇ သိန်းကျော်ဟာ ကိုယ့်ကိုကိုယ် အဆုံး စီရင်ပြီး သေဆုံးနေကြပါတယ် ။😞
ဒါဟာ ဖျားနာ သေဆုံးမှုလိုမျိုးမဟုတ်ပဲ ကြိုတင်ကာကွယ်လို့လဲရနိုင်ပြီး မဖြစ်သင့်တဲ့ ကိန်းဂဏန်းတစ်ခုဖြစ်နေပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေ များလွန်းလှလာတဲ့ ခေတ်ကာလ အ ခြေအနေတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီး စိတ်ခံစားချက်တွေဝေမျှပြီးနေကြပါစို့…
မိမိကိုယ်တိုင်ကိုရော မိမိနားက သူတွေကိုရော su***de လုပ်ခြင်းမဖြစ်မီ ကြိုတင် သတိထား ဖေးမ ကာကွယ်ပေးဖို့လိုပါတယ်။
Su***de လုပ်ဖို့ ကြံရွယ်နေတဲ့သူတွေရဲ့ ဘဝစာမျက်နှာလေးကို ပြောင်းလဲ လမ်းလွှဲပေးဖို့ အားပေးစကားလေးတစ်ခွန်းဖြစ်ဖြစ် ကြင်နာတဲ့ အပြုအမူလေးတစ်ခုကပဲဖြစ်ဖြစ် တတ်နိုင်ပါတယ်
ဆွေးနွေးပါ 💚အားပေးပါ 💚ကူညီပါ 💚သန်မာပါ 💚
18/08/2025
ဆီပူအိုးထဲ ရေထည့်လိုက်လို့ ရေကျော် ရယ်လို့ဖြစ်မသွားပါဘူး. . .
သူ့မှာ နဂိုရှိပြီးသား ဒြပ်ထုနဲ့ ဖွဲ့စည်းပုံကြောင့် ဒီလိုမဖြစ်နိုင်တာပါ
ဒီလိုပါပဲ
လူတစ်ယောက်နဲ့ တစ်ယောက်လဲ မွေးရာပါ ပုံစံ အကြိုက် ပျော်ဝင်ရာ မတူကြပါဘူး
ခေတ်စကားနဲ့ ပြောရရင် chemistry မမိဘူးပေါ့
အဲ့ဒီလို chemistry မမိတိုင်း တစ်ဖက်လူက အဆင်မပြေဘူး အသုံးမကျဘူး လို့မှတ်လို့မရပါဘူး. . .
ထိုနည်းလည်းကောင်းပဲ ကိုယ်က တခြားနေရာမှာ ပျော်ဝင်လို့မရတိုင်းလည်း ကိုယ်က အသုံးမကျဘူး လိုက်လျောညီထွေမနေဘူးဆိုပြီး အပြစ်တင်စိတ်ညစ်နေလို့ မရပါဘူး. . နော်
👉အကောင်းဆုံးက ကိုယ့်ပုံစံလေးနဲ့ ကိုယ် အံဝင်ခွင်ကျ ဖြစ်မယ့် အဝန်းအဝိုင်းမှာ ပျော်ရွှင်အသက်ရှင်ပါ
🎈ညှိမရတဲ့အခါ stress မဖြစိပါနဲ့
🌻 Chemistry မမိတဲ့ တစ်ဖက်လူကို နားလည်စိတ်နဲ့ကြည့်ပေးပါ
☘️ ဘဝတိုတိုလေးမှာ အကောင်းဆုံး နေထိုင်နိုငိကြပါစေ. . . 💜
“နက်ဖြန်ထိတောင် အသက်မရှင်ချင်တော့ဘူး”
ဘဝမှာ စိတ်ညစ်လွန်းလို့ အဲ့ဒီလိုတွေးခဲ့ဖူးတဲ့ နေ့ရက်တွေ ရှိခဲ့တယ်မလား . .
ခုတော့လည်း ကိုယ့်အသက်လေးကို ကောင်းမွန်စွာ မွေးနေနိုင်ဆဲမလား . .
တဒင်္ဂအတွေးတွေမှာ မမျောလိုက်မိခဲ့တာအတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်ပါ
ဒီနေ့ ကိုယ်ကို မနက်ဖြန်ကိုယ်ဆီ အတွေးသစ် အားအင်သစ်တွေနဲ့ လက်ဆင့်ကမ်းပေးပါ
💛You can do it💛
NMC
Purple Mind သင့်စိတ်ခွန်အားဖြည့်ရာ ထောင့်တစ်နေရာ
ဒီတလော စိတ်ဓါတ်ကျ မပျော် ၊ စိတ်ညစ်စရာတွေ ရင်ဆိုင်နေရလို့ ဘာလို့ ငါဟာ အရမ်း ဒုက္ခရောက်နေရတာလဲလို့ တွေးမိနေပြီလား. . .
ခဏလောက် အဲ့ဒီအတွေးတွေ pause လုပ်ကြည့်ရအောင်နော် 👌
အခန်းတစ်ခုထဲမှာထိုင်နေရင်. . . အိပ်ရာပေါ်မှာ ငိုင်နေရင် ခဏလောက် အသက်လေး ဝဝရှူပြီး အပြင်ကို တစ်ချက်လောက်ကြည့်ကြည့်ပါ
လူတိုင်း… လူတိုင်းမှာ မမြင်နိုင်တဲ့ သောကတွေရှိပါတယ်
ကလေး ကျောင်းလခ မပေးနိုင်လို့ စိတ်သောကရောက်နေရတဲ့ အမေနဲ့ မနေ့တနေ့ကမှ အချစ်ရဆုံးသောသူ သေဆုံးသွားလို့ ပူဆွေးနေရတဲ့သူနဲ့ စိတ်သောက တူတယ်မတူတယ် တိုင်းလို့မရပါဘူး. . .
ဘာလို့လဲဆိုတော့ ကြုံရတဲ့ဒုက္ခအပြင် ဒါကိုလက်ခံ ခံစားတဲ့ရင်ဖက်ပုံစံခြင်း ကွာခြားကြလို့ပါ
အဓိကက ဝမ်းနည်းလို့ရပါတယ်
အချိန်အကြာကြီး စိတ်ထဲထည့်လိုက်ရင် ပြန်အားယူဖို့ ခက်ခဲတတ်လို့ပါ
ကမ္ဘာပေါ်မှာ လူတိုင်း ဒုက္ခအထွေထွေရှိကြတာမို့ ကိုယ်ဟာလည်း အဲ့ဒုက္ခတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ် 👈
💚ပြသနာတိုင်းမှာ အဖြေတစ်ခုရှိပါတယ်
💚သင်တစ်ယောက်တည်းလို့မတွေးပဲ ဘေးမှာ သင့်ကို ချစ်တဲ့သူတွေ ဖေးမမယ့်သူတွေ တစ်ထောင့်တစ်နေရာမှာ ရှိနေသေးတယ်ဆိုတာ 💚ယုံကြည်ပေးပါ
💚ငိုလို့ဝရင် ပြန်ထပါ
💚ကိုယ့်အတွက် ကိုယ်ရှိပေးဖို့လိုပါတယ်
💚အကူအညီလိုရင် စိတ်ခံစားချက်တွေအတွက် ဖွင့်ဟ ပြောဆိုပါ
NMC
Purple Mind သင့်စိတ်ခွန်အားဖြည့်ရာ ထောင့်တစ်နေရာ
18/02/2025
အကြောင်းအမျိုးမျိုးကြောင့် ပေချ့်ကိုဝင်မရဖြစ်နေရာကနေ ခု ပြန်လာပါပြီနော်
စိတ်ကျန်းမာရေး အထောက်အပံ့စာတွေ ပြန် share ပေးပါမယ် 💚
06/01/2025
လူတိုင်း လူတိုင်း ကျပ်တည်း ခက်ခဲတဲ့ကာလတွေ ရောက်နေတာ သိပါတယ်. . .
ကမ္ဘာပေါ်မှာ အဖြစ်များဆုံး စိတ်နာမကျန်းမှုတွေထဲမှာ Depression စိတ်ကျတာနဲ့ Anxiety စိတ်ပူပင်ကစဉ့်ကလျားဖြစ်တာက ရေပန်းအစားဆုံးတွေပါ ☹️
ကိစ္စရပ်တစ်ခုတိုင်းမှာ သေချာ ဂရုစိုက်လေ့ကျင့်ယူရမယ့် ကုထုံးတွေရှိပေမယ့် Nourish တွေအတွက် အကြမ်းဖျင်း သတိထားသင့်တဲ့ tips လေးတွေ ဝေမျှချင်ပါတယ်. . .
👉အရမ်း စိတ်ညစ် စိတ်ရှုပ်လာရင် တစ်ကိုယ်တည်းမနေပါနဲ့
👉ယုံကြည်ရမယ့် တစ်စုံတစ်ယောက်ကို ခံစားချက်တွေ ဝေမျှပြောပါ
👉ဆိုးဆိုးရွားရွားတွေးတောခံစားလာရချိန် အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လေ့ကျင့်ခန်း ထလုပ်လိုက်ပါ
👉အားကစားတစ်ခုခု ဥပမာ လမ်းလျှောက်တာ yoga ဆော့တာ ပြေးတာ တစ်ခုခု ခံစားနေရတဲ့ ရက်ပိုင်းကစ လုပ်ပေးပါ
👉တခြား ဝါသနာပါရာ တစ်ခုခုကို အာရုံလွှဲပါ ဥပမာ သီချင်းဆိုတာ ပန်းချီဆွဲတာ ခွေးကြောင်လေးတွေနဲ့ဆော့တာ
👉အိပ်ရေးဝအောင် အိပ်ပြီး သင့်တင့်တဲ့ အာဟာရစားပေးဖို့ လိုပါတယ်
👉အရေးကြီးဆုံးက ဒီလို ပြသနာ ဒုက္ခစိတ်ဆင်းရဲစရာတွေဆိုတာ ငါတစ်ယောက်ထဲ ကြုံဖူးတာမဟုတ်ဘူးလို့ သတိရပေးပါ…
👆🏻ဒီတစ်ပတ်ထဲမှာ you are not the only one ခံစားချက်နဲ့ ပတ်သတ်ပြီး တွေးတော မှတ်ယူနိုင်ဖို့ ထပ် ဝေမျှ share ပေးပါ့မယ် . . . 💚
NMC
04/01/2025
Mental health is everybody’s business.
စိတ်ကျန်းမာရေးဆိုတာ လူတိုင်း လူတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်ပါ. . .
အသက်ကြီးပိုင်းမှာလည်း စိတ်ကျန်းမာရေးပြသနာတွေရှိသလို လူလတ်ပိုင်းမှာလည်း သူ့ပြသနာနဲ့သူ စိတ်ထိခိုက် မကျန်းမာမှုတွေရှိပါတယ်။
ဒါ့အပြင် ကလေးသူငယ်တွေမှာတောင် early childhood mental health ဆိုတာ အရေးကြီးပြီးလိုအပ်ပါတယ်။
ဒါကြောင့် ကိုယ် စိတ်ကျန်းမာစေဖို့ အကြောင်းအရာတွေကို ဗဟုသုတ အတွက်ဖြစ်စေ ကိုယ်တိုင်လေ့ကျင့်ဖို့အတွက်ဖြစ်စေ မကြာခဏ ရေးသား ဖော်ပြပေးသွားပါမယ်နော်. . .
ချစ်ရတဲ့ Nourish တွေအတွက် စိတ်ခွန်အားဖြည့် ရသတ္တပါတ်များ ဆိုပြီး စိတ်ခွန်အားအတွက် တွေးတော ဆင်ခြင် လိုက်ကျင့်သုံးလို့ရမယ့် message လေးတွေ အပတ်တိုင်း တင်ပေးသွားပါမယ်နော် . . .
Page ကို like and follow လေးလုပ်ထားကြပါဦးနော်
လူတိုင်း ကျန်းမာတဲ့ စိတ်ခန္ဓာ ပိုင်ဆိုင်နိုင်ကြပါစေ 💕
၂၀၂၄ ကုန်ကာနီး ၂၀၂၅ အတွက် အသုံးဝင်နိုင်မယ့် mindfulness အတွက် tip လေးတစ်ခုကတော့ မလိုအပ်တော့တဲ့အရာတွေကို လွှတ်ချခြင်းပါပဲ…
🖌️တစ်နှစ်တာလုံးမှာ ကိုယ့်အတွက် negativity မကောင်းခြင်းတွေဖြစ်ပေါ်စေတဲ့ လူ၊ အရာဝတ္တု၊ အကြောင်းအရာတွေကိုချရေးကြည့်ပါ
🖌️အဲ့ဒီ negativity ဖြစ်ပေါ်စေတဲ့အရာတွေဟာ ကိုယ့်အတွက်မရှိမဖြစ်တွေလား ၊အသုံးမဝင်တဲ့အရာတွေလို လွှင့်ပစ် ဥပ္ပေက္ခာ ပြုလိုက်လို့ရတဲ့အရာတွေလား စဉ်းစားပါ
🖌️အဲ့ဒီအရာတွေကို အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ ကောင်းတဲ့ဖက်ကို ဆွဲယူဖို့ plan တွေ ဖြေရှင်းနည်းတွေရော ကိုယ့်မှာရှိရဲ့လား စဉ်းစားပါ
🖌️နောက်ဆုံး စဉ်းစားရမှာက အဲ့ဒီအရာတွေက ကိုယ့်ရဲ့ စိတ်ချမ်းသာမှု ၊ ကိုယ်ရှေ့ဆက်သွားမယ့် ခရီးနဲ့လဲဖို့ တန်ရဲ့လားစဉ်းစားပါ
🖌️ကိုယ့်အတွက်မရှိမဖြစ် ဖြစ်နေခဲ့ရင်တောင် အကောင်းဖက်ကို ဆွဲယူနိုင်မယ့် အရာတွေ မရှိနေခဲ့ရင်…ကိုယ့်စိတ်ချမ်းသာမှုနဲ့ မတန်တော့ဖူးလို့ ခံစားရရင် လွှတ်သာချခဲ့လိုက်ပါ…
ကျန်တာ အများကြီး မစဉ်းစားပါနဲ့
လွှတ်ချခဲ့ရခြင်းမှာ နာကျင်မှုတွေ အနည်းနဲ့အများရှိပါမယ်
ဒါပေမယ့် ခဏတာ နာကျင်မှုလို့သာ မှတ်ယူပါ
မမြင်နိုင်တဲ့ ဘဝဇာတ်ခုံရဲ့ ကောင်းတဲ့ ဇာတ်ညွှန်းအသစ်တွေကို တွေ့ရပါလိမ့်မယ်
ဘဝတိုတိုလေးမှာ စိတ်ချမ်းသာမှုလေးကသာ ကိုယ့်ရဲ့ တခုပ်တယ ပိုင်ဆိုင်မှုလေးပါ . . .
ဒါကြောင့် ကျေးဇူးပြုပြီး
❤️လွှတ်ချပါ 💛ထားခဲ့ပါ 🤎ကြိုးစားပါ 💚ရဲရင့်ပါ
NMC
Purple Mind သင့်စိတ်ခွန်အားဖြည့်ရာ ထောင့်တစ်နေရာ
Click here to claim your Sponsored Listing.