BTF

BTF

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BTF, Sports & Fitness Instruction, Yangon.

05/10/2024

အစားတွေလဲရှောင်တယ်လျှော့လဲစားတယ်

(ခနပဲဘာလို့ဝိတ်တွေပြန်တက်နေတာလဲ.....?

ပြီးတော့ဘာလို့ဝိတ်ချရတာခတ်နေတာလဲ.....?)

ဆိုတဲ့သူများ ဒီစာကိုအဆူံအထိဖက်ပေးပါလို့ပြော ပါရ‌ စေ။🤗🤗

ကိုယ်အလေးချိန်များလာပီလို့မိတ်ဆွေ
”စ စ”သိရတဲ့အချိန်မှာ မိတ်ဆွေရဲ့ကိုယ်အလေးချိန် က အနဲဆုံးပေါင် ၁၆၀ ၁၇၀ ၁၅၀ အစရှိတဲ့ ပမာဏနဲ့ မိတ်ဆွေအရပ်နဲ့ မလိုက်အောင်ဖြစ်နေမှာပါ
အဲ့တော့ ထုံးစံအတိုင်း လူအများစုလုပ်တက်တဲ့ အစား‌ကိုလျှော့စားမယ်ဆိုတဲ့နည်းအတိုင်း အငက်ခံအစာ‌လျှော့စားလာပါတော့တယ် ဘယ်လောက်ပမာဏ လျှော့စားရမလဲ
သေသေခြာခြာမသိတာကြောင့် တက်နိုင်သလောက် ဆွတ်ရွတ်လျှော့စားလာပါမယ်။

လေးပါတ် ငါးပါတ်ကြာ လာတော့ အတော်ကို

ကျသွားပါ တယ် အနည်းဆုံး ၁၀-၁၅ပေါင် ဒါမှ

မဟုတ် ၁၈-၂၀ပေါင်လောက်ပေါ့။

မိတ်ဆွေကလဲ
ပျော်သွားပြီး အဲ့နည်းက မှန်တယ်ထင်ပြီး ရှေ့မှာအငတ်ခံခဲ့ သမျှ တစ်ပါတ်လောက် လေးတော့ စားခြင်တာပြန်စားပါအုန်းမယ်လေ ဆိုပြီးစားလိုက်တဲ့အခါ မှုလ ကိုယ်အလေးချိန်ကို
ဒိန်းကနဲ ပြန်ရောက်သွားပါတယ်(ဖြစ်ဖူးတဲ့သူတွေသိပါတယ်)။

Why......?‌။

အရမ်းအငတ်ခံစရာလဲမလိုသလို ၀၀လင်လင်စားမယ် လေ့ကျင့်ခန်းနဲ့တွဲလုပ်မယ်ဆို အတော်မိုက်တဲ့ရာ အစာစားတိုင်းမှာ Fiber(အမျှင်ဓာတ်)ပါတဲ့အရာတွေထည့်စားဖို့ပါပဲ။

အမျှင်ဓာတ်အကြောင်းလေးပြောပြပေးပါမယ်

ကျွန်တော်အ ရှေ့မှာပြောပြပေးခဲ့တဲ့ အဟာရတွေထဲက ကာဗိုလ်ဟိုက်ဒရိတ်အမျိုးအစားတစ်ခုဖြစ်တဲ့ Fiber(အမျှင်ဓာတ်)ဟာ ပုံစံနှစ်ခု ရှိပါတယ်။

သူတို့က-ရေတွင်ပျော်၀င်နိုင်သော Fiber နှင့်

ရေတွင်မပျော်၀င်နိုင်သော Fiber ဆိုပြီးတော့ပါ။

အမျှင်ဓာတ်ဟာ ကာဗိုက်ဟိုက်ဒရိတ် အမျိုးအစားဖြစ်သော်လည်း ကယ်လိုရီအလွန်နည်းပါးပြီး

သွေးတွင်း သကြားဓာတ်ကို ထိန်ပေးတဲ့
အင်ဆူလင်ဟိုမုန်း အလွန်အကျွန် ထွက်ခြင်းမှကာကွယ်ပေးပါတယ်။
အင်ဆူလင်အကြောင်းပြောရရင် ကျွန်တော်တို့စားသုံးလိုက်တဲ့ ကဆီဓာတ်တွေဟာ

ခန္ဓာကိုယ်ထဲမှာ ‌ကြေညက်ပြီး

ဂလူးကို့စ် အနေနဲ့ သိုလှောင်ပါတယ်

တစ်နည်းအားဖြင့် သကြားဓာတ်လို့လူသိများပါတယ်။
Simple carbohyrate တွေအများအပြား
စားသုံးပြီးသွားရင် သွေးတွင်းသကြားဓာတ်ကိုထိန်းဖို့ ပန်ကရိယ(မုန့်ချိုအိတ်)မှ အင်ဆူလင် ဟိုမုန်းကို အလွန်အမင်း ထုတ်ပေးရပါတယ်။

၎င်းက သွေးတွင်းသကြားဓာတ်ကိုလျှော့ချပြီး ပိုနေသော ဂလူးကိုစ်တွေကို
အသည်းဆီသွားရောက် သိမ်းဆည်းပါတယ်၊အသည်းက ပြည့်နေတော့ ကြွက်သားနဲ့ အခြား ဆဲလ်တွေ ဆီသွားပါတယ် ။
ကိုယ်လက်လှုပ်ရှားမှုလဲ အားနည်းတာကြောင့်

ကြွက်သားနဲ့
အခြားဆဲလ်တွေကလဲပြည့်နေပြန်တော့ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်တဲ့ အဆီ ဆဲလ်တေဆီ သွားစုပါတော့တယ်

အဲ့နည်းနဲ့ အဆီတွေ ပိုပို စုလာပြီး
လူက အ၀လွန်လာရပါတယ်။

ဒါကြောင့် …

သွေးထဲသကြားဓာတ်များများမရောက်အောင်နဲ့ အင်ဆူလင်ပမာဏ များများအထွက်အောင် ထိန်းပေးဖို့ အစာစားတိုင်း အမျှင်ဓာတ်ပါတဲ့ အရာတွေတွေနဲ့ အစားအစာတွေကိုပူးတွဲ စားသုံးပေးရပါမယ်။

အပေါ်မှာပြောခဲ့သလို ရေတွင်ပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်နဲ့မပျော်၀င်နိုင်တဲ့အမျှင်ဓာတ်ရယ်
လို့ နှစ်ခုရှိပါတယ်။



ရေမှာပျော်၀င်နိုင်တဲ့အမျှင်ဓာတ်တွေက အစာစားပြီးချိန် အစာအိမ်ထဲမှာ ရေတွေကို စုပ်ယူပြီး ဂျယ်လ် ပုံစံ ဖြစ်ပြီး အစာခြေစနစ်ကိုနှေးကျွေးလိုက်တယ်။ဗိုက်လဲ ခနခန မစာတော့သလို အစာချေတာလဲနှေးသွားတာကြောင့် သွေးတွင်းသကြားဓာတ် မများတော့ပဲ အင်ဆူလင်ပိုထွက်တာကိုလဲကာကွယ်ပေးတယ် အဆီ စုနှုန်း သက်သာသွားပါတယ်။

ရေတွင်မပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်တွေက ကျတော့ အူမကြီးအတွက် အလွန်အဆင်ပြေပြီး၀မ်းချုတ်တာတွေ အူမကြီးသန့်ရှင်းရေးနဲ့ အူမကြီးကင်ဆာ ဖြစ်တာတွေကနေလဲ ကွာကွယ်ပေးပ့တယ်။

အဲ့တော့ ဝိတ်ချနေသူတွေအတွက် ရော ပုံမှန်သူတွေအတွက်ရော အမျှင်ဓာတ်က မရှိမဖြစ်လိုအပ်တာကို သိပြီလို့ထင်ပါတယ်။
တစ်နေ့တာအတွက် စားရတဲ့အာဟာရအနပ်တိုင်းမှာ အမျှင်ဓာတ်ကျွယ်၀စွာပါ၀င်တဲ့
အရွက်တွေ အသီးတွေ ထည့်စားဖို့မမေ့ပါနဲ့။

ကိုယ်လက် လှုပ်ရှားမှုနဲ့ ပါတ်သတ်တဲ့ အားကစားနည်းတွေကိုလဲ မကြာ ခင် တီချယ်နဲ့ ဆရာများက တင်ပေးဖို့ရှိပါတယ်။

02/10/2024

ကဲ.. ဒီနေ့တော့ အာဟာရအုပ်စုထဲမှနောက်ဆုံး ဖြစ်တဲ့Fat(အဆီ)ဓာတ်အကြာင်းလေးကိုအကျယ်အ၀န့်ပြောပြပေးမယ်နော်....

အဆီလို့ပြောလိုက်ရင်လူတော်တော်များများကအရမ်းကိုကယ်လိုရီများတယ် ကျန်းမာရေးအတွက်မကောင်းဘူးလို့ထင်းပီးလန့်ကျပါတယ်အတက်နိုင်ဆုံးရှောင်ကျတာပေါ့။တကယ်တော့ ကျွန်တော်တို့အတွက် Fat(အဆီဓာတ်)ဟာအလွန်အရေးပါတဲ့အာဟာရတစ်ခုပဲဖြစ်ပါတယ်။



အဆီဓာတ်ကဘာ့ကြောင့် အရေးပါတာလဲဆိုတော့-

*ကျွန်တော်တို့အာရုံကြောစနစ်တစ်ခုလုံးကိုအကာအကွယ်ပေးခြင်း၊

*ခန္ဓာတ်ကိုယ်တွင်လိုအပ်သောဗိုက်တာမင်များကို အဆီဓါတ်တွင်ပျော်၀င်စေပြီး ခန္ဓာကိုယ်တွင်လိုအပ်သော‌ ဆဲလ်လေးများသို့ ပို့ဆောင်ပေးခြင်း၊

*ဟိုမုန်းများထွက်ရှိရန် အတွက်အထောက်အကူပြုခြင်း၊

*အဆီသည် ဦးနှောက်ဖွဲ့စည်းမှုအတွက်အလွန်အရေးပါခြင်း၊

*ကိုယ်တွင်းအစိတ်အပိုင်းတွေကို ကာကွယ်ပေးခြင်း၊

*ခနွာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော Essential fatty acids များထောက်ပန့် ပေးခြင်း စသည့်တို့ကြောင့် အရေးပါတယ်လို့ဆိုခြင်းပင်ဖြစ်ပါတယ်။



မရှိမဖြစ်လိုအပ်သော Acids များဖြစ်တဲ့ Linoleic acid Oleic acid တွေက ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါတွေကို ကာကယ်ပေးနိုင်ပါတယ်။

Linoleic acid ကတော့ Omega(အိုမီဂါ)-6 Fatty acids ဖြစ်ပီး ထိုအရာကတော့ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ Fatty acidဖြစ်သည့်အတွက် အစားစာများမှာထည့် ပီးစားသောက်သင့်ပါတယ်။

ထိုAcidsက နှစ်လုံးရောဂါကိုဖြစ်စေသော ကိုလက်စရောလ် ပမာဏကိုလျော့ကျစေနိုင်ခြင်း နှင့်ဦးနှောက်ကျန်းမာရေးအတွက်လဲအသုံး၀င်သောအရာပဲ ဖြစ်ပါတယ်။

နောက်ပီး Omegea(အိုမီဂါ)-6 fatty acid ကနှစ်လုံးရောဂါဖြစ်နိုင်ခြေကိုလဲလျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ်။

Oleic acid ကကျတော့ Omega(အိုမီကာ)-9 ဖြစ်ပီးသူ့ကို ခန္ဓာကိုယ်ကလဲ ထုတ်လွှတ်နိုင်သလို အာဟာရများကလဲရရှိနိုင်တယ်လို့ဆိုတယ်။

၎င်းကလဲကောင်းတဲ့ကိုလက်စရောလ် HDLကိုအထွက်တိုးစေခြင်းဖြင့်နှစ်လုံးရောဂါဖြစ်နိုင်ခြေကိုလဲလျော့ချပေးတယ်လို့သိရတယ်ခဗျာ့။

ကဲဒီလောက်ဆို အဆီးဓာတ်ရဲ့ ကောင်းကြိုးတွေ ကို သိလောက်ပါပီ။ဒါပေမဲ့အဆီဓာတ်မှာ-သုံးမျိုးရှိပါသေးတယ် အဲ့သုံးမျိုးမှာမှ ကျန်းမာရေအတွက်ကောင်းမွန်တဲ့ အဆီအုပ်စုက တစ်ခုပဲရှိပြီး ကျန်အုပ်နှစ်ခုက မကောင်းမွန်ပဲ ကျန်းမာရေးအတွက်ထိခိုက်စေပါတယ်။

ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပီး မပြည့်၀ဆီ လို့လူသိများကြတဲ့ Unsaturated Fat( Omega-3s and Omega-9s)ရဲ့ကောင်းကျိုးတွေကတော့.....

*ကျန်းမားရေးအတွက်ကောင်းသောသက်ရောက်မှုများဖြစ်ပေါ်စေခြင်းနှင့် မကောင်းသော ကိုလက်စရောလ်ကိုလျှော့ကျစေသော Essential fatty acids များရရှိခြင်း၊

*အင်ဆူလင်ပမာဏအပေါ်ကောင်း‌သောသက်ရောက်မှုရှိသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုတ်ပေးနိုင်ခြင်း၊

*Omega-3 ဖက်တီးအက်ဆစ်သည်ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းမျိုးကို ဟန့်တားပေးနိုင်သောကြောင့် သွေး‌ဖိအားကို လျော့ကျ စေခြင်း စတဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

ကောင်းမွန်သောUnsaturated Fat ကိုရရှိနိုင်တဲ့အစားအစာတွေကတော့- ဆယ်လ်မွန်ငါး/ငါသလောက်/အခွန်မာသီးများ/အစေ့ဆန်များ/ချီယာစေ့/သစ်ကြားသီး/ပဲပုပ်ဆီတို့ဖြစ်တယ်။

၎င်းတို့က Omega-3 ဖြစ်ပီး

-သံလွင်ဆီ/သိဟိုဠ်စေ့ဆီ/ဗာဒံဆီ/မြေပဲဆီ/ထောပတ်သီး/အခွံမာသီးများသည် Omega-9 ပဲဖြစ်ပါတယ်။

ကျန်မာရေးအတွက်မကောင်းမွန်သော Saturated fatsလိုခေါ်တဲ့ပြည့်၀ဆီတွေကတော့-

❗သွှေလွှတ်ကြောများကိုမာကျောစေခြင်နှင့်မျိုးရိုးလိုက်နှလုံးနှင့်ပတ်တဲ့သောရောဂါများဖြစ်နိုင်စေပါတယ်❗

Saturated fats ဖြစ်တဲ့ အစားအသောက်တွေကတော့ တိရစ္ဆာန်အဆီ/နို့ထွက်ပစ္စည်း/ထောပါတ်အဆီ/ဟင်းသီးဟင်းရွက်ဆီ/ဒိန်ခဲ/ကိတ်မုန့် အစရှိသည်တိုပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကျန်းမာရေးကို အဆိုးရွားဆုံးဖြစ်စေနိုင်တဲ့ Trans fats လို့ခေါ်တဲ့အသွင်ပြောင်းဆီးတွေကတော့-

❗မကောင်းသောကိုလက်စရောလ် LDLကိုမြင့်စေပြီး ကောင်းသော ကိုလက်စရောHDLကိုလျော့ကျစေနိုင်ပီးနှလုံးသွေးကြော ဆိုင်ရာပြဿနာများစွာဖြစ်ပေါ်နိုင်ခြင်းနှင့် နှလုံးအဆီဖုန်း အသဲအဆီဖုန်းရောဂါများဖြစ်စေနိုင်ပါတယ်❗

Trans fats ဖြစ်တဲ့အစားအသောက်တွေကတော့-

ဆီကျော်စာများ/ပီဇာ/မိုက်ခရိုဝေ့ပြာင်းဖူးပေါက်ပေါက်များ/နို့မဟုတ်သော ကော်ဖီခရင်မာများ/ဒိုးနပ်များနှင့် ထက်ခါထက်ခါပြန်လည်အသုံးပြုနေသောဆီကျော်စာများပဲဖြစ်ပါတယ်ခဗျာ။

29/09/2024

ဒီနေ့ အဟာရအုပ်စုသုံးခုထဲက
တစ်ခုဖြစ်တဲ့ Protein( ပရိုတင်း ) အကြောင်းကို
Sharing လုပ်ပေးပါမယ် 🤗👇👇

*Protein (ပရိုတင်း) အကြောင်း တစေ့တစောင်း *
____________________________________
…………………………………………………………………….

Protein ဆိုတာအသားဓာတ်ဖြစ်တယ်ဗျ
ဘယ်ကနေရနိုင်လဲဆိုတော့..🤔

*တိရစ္ဆာန်တွေကရရှိတဲ့အသား အမျိုးမျိုး🥩

*ငါးအမျိုးမျိုး 🐟🐠

*(ဥ)အမျိုးမျိုး 🥚🍳

*နို့နှင့်နို့ထွက် ပစ္စည်း အမျိုးမျိုး🥛

*ပဲအမျိုးမျိုး နဲ့ 🥜🫘
🥦🫛ဟင်းသီးဟင်းရွက်
တွေကနေလဲProtein( ပရိုတင်း ) အနည်းငယ်ရရှိပါတယ် ။

တိရစ္ဆာန် အမျိုးမျိုးမှ ရရှိတဲ့ protein (ပရိုတင်း)တွေကို ခန္ဓာကိုယ်အတွင်းကနေ
ကြေညက်ပြီး

Amino acid ( အမိုင်နို အက်စစ်) အဖြစ်ပြန်လည်
သိမ်းဆည်းလိုက်ပါတယ်။

Amino acids တွေကပျက်စီးသွားတဲ့ကြွက်သားများ ပြန်လည်တည်ဆောက်ရေး/ အရိုးများ / သွားများ ခိုင်မာရေးနှင့်
ကိုယ်တွင်းကိုယ်ခံအားစနစ်ကောင်းမွန်ရေးအတွက် အလွန်အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။

Protein( ပရိုတင်း ) ကို လိုအပ်တာထက်ပိုပြီးအများအပြားစားသုံးရင်လဲ
ကျောက်ကပ်ရောဂါဝေဒနာအတွက် ဆိုးရွားစေတယ်ဗျ ဒါကြောင့် လိုတာထက်တော့ ပိုပြီး အလွန်အကျွန်မစားမိဖို့ အကြံပြုချင်ပါတယ်။

ကြွက်သားတည်ဆောက်ဖို့အတွက်
ကိုယ်အလေးချိန် 1Kg ဆိုရင် protein 2.5 g
လိုအပ်ပါတယ်။

Protein ( ပရိုတင်း) လုံလောက်စွာစားသုံးမည်ဆိုပါက ဟင်းသီးဟင်းရွက်တွေထက်
တိရစ္ဆာန်များမှရရှိသော အသားများ ငါးများကို ဦးစားပေး စားသုံးသင့်ပါတယ်ခဗျာ..……။🤗🤗

27/09/2024

မိမိရဲ့ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ဖို့ calories
အကြောင်းလေး မနေ့က မင်မင်တို့ပြောခဲ့ ပြီးပါပြီနော် …😊
ဒီနေ့မှာတော့ ထပ်ပြီး
အာဟာရ အုပ်စု သုံးခုနဲ့ ဒီအုပ်စုသုံးခုထဲက တစ်မျိုးချင်းစီရဲ့အကျိုး သက်ရောက်မှုလေးတွေကို sharing လုပ်ပေး သွားပါမယ်နော်

Carbohydrate(ကာဗိုဟိုက်ဒရိတ်)အကြောင်းတစ်စေ့တစ်ဆောင်း

ကျွန်တော်တို့နေ့စဉ်လှုပ်ရှားသွားလာရေးအတွက်အာဟာရများကိုမှီဝဲစားသုံးကြရပါတယ်။အာဟာရများအုပ်စုအဓိကအားဖြင့် သုံးမျိုး ရှိပါတယ်။ထိုအရာတွေကတော့

*Carbohydrate(ကဆီဓာတ်)

*Protein(အသားဓာတ်)

*Fat(အဆီဓာတ်)တို့ပဲဖြစ်ပါတယ်။

Carbohydtae,Protein,Fatအထဲမှ-Carbohydrate(ကာဗိုဟိုက်ဒရိတ်)အကြောင်းကို ပြောပြပေးသွားပါမယ်နော်။

ကာဗိုဟိုက်ဒရိတ်ခေါ်(ကဆီဓာတ်)ကို-

*ဆန်/ဂျုံ/ပြောင်း/အာလူး/ဟင်းသီးဟင်းရွက်များ/သစ်သီးများ/ပဲအမျိုးမျိုး/ကန်စွန်းဥ/သကြားနှင့်သကြားလုံးများ/သစ်ဥသစ်ဖုများ/အစေ့အဆန်များမှရရှိပြီး။

ကျွန်တော်တို့သွားလာလှုပ်ရှားရေး ဦးနောက်နှင့်ကြွက်သားများလှုပ်ရှားမှုအတွက်အဓိကလိုအပ်သောအရာပဲဖြစ်ပါတယ်။

ကာဗိုဟိုက်ဒိတ်ခေါ်ကစီဓာတ်ကို

Simple carbohydrateနှင့် Complex carbohydrate ဆိုပြီး နှစ်မျိုးခွဲထားပါသေးတယ်။

Simple Carbohydrate(အလျှင်အမြန် ကျေညက်လွယ်သော ကဆီဓာတ်ဖြစ်ပြီး မောလီကျုးတစ်ခုနှစ်ခုအနည်းငယ်သာဖွဲ့စည်းထားသောအရာပဲဖြစ်ပါတယ်)



Complex carbohydrate(ဖြေးဖြေးချင်းကျေညတ်ပီး အစာခံသော ကဆီဓာတ်ပဲဖြစ်ပြီး မော်လီကျူးများအပျားဖွဲ့စည်းထားသောအရာပဲဖြစ်ပါတယ်)



Simple carbohyrate တွေကတော့

*သကြားနှင့်သကြားလုံးများ

*သစ်သီးဖျော်ရေများ

*နို့မှရသောသကြား(Lactose)

*အသီးမှရသောသကြား(Fructose)

*အချိုရည်များပဲဖြစ်ပါတယ်

Complex carbohydrate တွေကတော့

*ဂျုံ

*ပြောင်းဖူး

*ကန်စွန်းဥ

*အာလူး

*ပဲအမျိုးမျိုး

*ဟင်းသီးဟင်းရွက်များ

*ဆန်လုံးညို

*သစ်သီးမျာနင့်အစေ့အဆန်များ

*သစ်ဥသစ်ဖုများက ရရှိပါတယ်။"သစ်ဥသစ်ဖုများက(သတ္တုဓာတ်ကိုလဲရရှိစေပါတယ်)"။



ကျေညတ်လွယ်တဲ့ Simple carbohyrate တွေကိုအများအပျားစားသုံးခြင်းက သွေးတွင်းသကြားဓာတ်တွေကိုမြင့်တက်စေပြီး ဆီးချိုသွေးချို/သွေးချိုရောဂါကို ဖြစ်စေပါတယ်ခဗျာ။

ဒီနေ့တော့ဒီလောက်ပါပဲနော် အဆုံးအထိ ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

Photos from BTF's post 26/09/2024

ကဲ ဒီနေ့မှာတော့ မင်မင်တို့ 👉 BORN TO FIT 👈 Pageက​နေ ကျန်းမာကြံ့ခိုင်ဖို့အတွက် ကနဦး လိုအပ်တဲ့ “ Calories “ အကြောင်းလေးကို အရင်ဆုံး sharing လုပ်ပေးပါမယ်နော်🤗😍

What is Calories?🤔

ကယ်လိုရီဆိုတာဘာလဲ?🧐

ကယ်လိုရီဆိုတာက ကျွန်တော်တို့စားသောက်နေသောအာဟာရများရဲ့ စွမ်းအင်တန်ဖိုးပဲဖြစ်ပါတယ်။🤨

Latin(လက်တင်)ဘာသာစကား"Calor"ကနေဆင်းသက်လာပြီးသူရဲ့အဓိပါယ်ကတော့အပူ "Heat"လို့ခေါ်ပါတယ်။

ကယ်လိုရီကိုအပူစွမ်းအင်၏ယူနစ်တစ်ခုအဖြစ် သတ်မှတ်ကြပြီး ကယ်လိုရီသဘောက ရေတစ်ဂရမ်ကို တစ်ဒီဂရီအပူချိန်မြင့်တက်လာအောင် သုံးစွဲရတဲ့စွမ်းအင်ပမာဏဖြစ်ပါတယ်။အဲ့တာကြောင့်စားစရာ ပစွည်းတွေမှာ
ကယ်လိုရီဘယ်လောက်ပါလဲဆိုတာကို
ကိန်းဂဏန်းတွေနဲ့ထည့်သွင်းဖော်ပြကြတာပဲဖြစ်ပါတယ်။
ကယ်လိုရီခေါ် ” အပူစွမ်းအင် “က ကျွန်တော်တို့ အသက်ရှင်သန်ရေး နဲ့ ခန္ဓာကိုယ်ဇီ၀ကမ္မဖြစ်စဉ်များပုံမှန်လည်ပါတ်စေဖို့ မဖြစ်မနေ လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။
ဒါပေမဲ့လူတစ်ဦးနှင့်တစ်ဦး ပိန်ခြင်း၊၀ခြင်း၊အသက်အရွယ်၊အရပ် အနှိမ့်အမြင့် နှင့် ကိုယ်တွင်းကြွက်သားပမာဏအပေါ်မူတည်ပြီး တစ်‌ယောက်နဲ့တစ်ယောက် ကယ်လိုရီလိုအပ်ပုံမှာမတူညီကြပါဘူး။ (ပျင်းနေပြီလား🤨 မပျင်းနဲ့ ဆက်ဖတ်😛)

အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ကိုယ်တွင်းဇီ၀ကမ္မဖြစ်စဉ် နှင့် အခြားကိုယ်တွင်းကလီစာများ၊ဦးနှောက်၊နှလုံး နဲ့အဆုတ်၊အသက်ရှင်သန်ဖို့အတွက် တစ်နေ့ကို အနည်းဆုံးကယ်လိုရီ
👩‍🦰မိန်းကလေးဆိုရင် ..၉၀၀နှင့်၁၀၀၀ကြားလိုအပ်ပြီး
👱‍♂️ယောင်္ကျားလေးဆိုရင်..၁၄၀၀မှ၁၅၀၀ကြား အနဲဆုံးလိုအပ်ပါတယ်။တစ်ခြားသော လှုပ်ရှားသွားလာဖို့အတွက်နောက်ထက်
👩‍🦳မိန်းကလေးအတွက်…အပိုကယ်လိုရီ မှာ၄၀၀မှ ၅၀၀ လိုအပ်ပီး
🧑‍🦳ယောင်္ကျားလေးအတွက်ကတော့ ….၅၀၀မှ ၆၀၀ကယ်လိုရီထက်လိုမှာပဲဖြစ်ပါတယ်။ဒါကြောင့် { အရွယ်ရောက်ပြီး ယောင်္ကျားလေး တစ်ယောက်က ကယ်လိုရီ ၂၀၀၀၀ လိုအပ်သည်။ } ဟု ဆိုကြခြင်းပဲဖြစ်ပါတယ်။ 🫵👀

ကဲ ဒီနေ့တော့ဒီလောက်ပဲ ခင်ဗျားတို့လဲ အရှည်ကြီး ဖတ်လိုက်ရတာပျင်းနေရောပေါ့ 🫣
မင်မင်လဲ စာရေးရတာညောင်းနေပြီ 🤭🫢

နောက်ထပ်နောက်ထပ်လဲ ကျန်းမာရေး ဗဟုသုတနဲ့ပက်သက်ပြီး အကြောင်းအရာလေးတွေ sharing လုပ်သွားမှာမို့လို့ Like & Follow လေးလုပ်သွားကြအုံးနော်🫡🤗

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11141