Lotus Inner Bloom

Lotus Inner Bloom

Share

"Where Stillness Blossoms Into Strength"

01/01/2026

Wishing You a Prosperous New Year.
Cheers to Growth and New Opportunities — 2026!

26/12/2025

Daily Affirmation
"I am proud of myself and how far I have come!"
ဒီအချိန်ထိ ရှင်သန်ရပ်တည်လာတဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပါတယ်..

ဒီနေက Appreciation & Celebrating Post ပါ...

နှစ်လည်း ကုန်တော့မှာမို့ တနှစ်တာ ကိုယ်လုပ်နိုင်ခဲ့၊ အောင်မြင်ခဲ့တဲ့ အောင်မြင်မှုလေးတွေကို ချရေးပြီး Appreciate လုပ်လိုက်ရအောင်နော်...

Merry Christmas and Happy New Year to you all.

24/12/2025

Daily Affirmation
"My self-esteem is growing day by day."
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ် တရက်ထက်တရက် ပိုတိုးလာတယ်...

Self-esteem ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ် ဆိုတာ အပြောလွယ်သလောက် လုပ်ဖို့ ခက်ပါတယ်..
ကိုယ့်ကိုယ်ကို Self-esteem ဘယ်လောက်ရှိလဲ မေးခွန်းလေးတွေ ဖြေကြည့်လို့ ရပါတယ်..

*လက်ရှိ ကိုယ်ရဲ့ Self-esteem က ဘာလဲ...
*ကိုယ်လိုချင်တဲ့ ဘဝနဲ့ ကိုယ့်ကိုယ်ကို ထိုက်တန်တယ်လို့ ယုံကြည်မှု ရှိနေလား..

မေးခွန်းလေးတွေကို ကိုယ့်ဟာကိုဖြေပြီး ချရေးကြည့်ပါနော်.. ချရေးတဲ့ချိန် ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ ခံစားချက်ကို အသိမှတ်ပြုပေးဖို့လည်း မမေ့ပါနဲ့နော်..

Mwe Hom
24 December 2025

22/12/2025

Daily Affirmation
"I calm my nervous system by taking deep breaths!"
အသက်ကို ဝဝရှူသွင်းရှူထုတ်လုပ်ပြီး ငါ့စိတ်ကို ငြိမ်းချမ်းစေတယ်...

နေ့စဉ်ဘဝမှာ စိတ်ခံစားမှုပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့အခါမှာ ခဏလောက် Break ယူဖို့ အသက်ဝဝ ရှုသွင်းရှူထုတ်လုပ်ပြီး Zero Setting ဖြစ်အောင် ချလို့ရပါတယ်..
"Bring back to the centre!"
အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုလာတဲ့ချိန်..
စိတ်တွေအရမ်း လှုပ်ရှားနေတဲ့ အခါမျိုးမှာ ခဏလ အချိန်တခုယူပြီး 5 deep breaths လေကို နှာခေါင်းကနေ ဝမ်းဗိုက်ထိရောက်အောင် ရှိုက်ရှူလိုက်ပြီး ပါးစပ်ကနေ မှုတ်ထုတ်လိုက်တာမျိုး လုပ်လိုက်တာမျိုးက အလွယ်တကူ စိတ်တည်ငြိမ်မှုရစေပြီး ဆုံးဖြတ်ချက်တွေကို ပိုမှန်ကန်စေနိုင်ပါတယ်..
အရမ်း ရိုးရှင်းပေမယ့် နေ့စဉ်ဘဝမှာ အရမ်းအသုံးတည့်တဲ့ နည်းလမ်းလေးပါ..

22 December 2025
Mwe Hom

18/12/2025

Daily Affirmation
"I am open and receptive to new ideas!"
ငါ့စိတ်နှလုံး ဖွင့်လှစ်ထားရာမှ အယူအဆသစ်များ ငြိမ်းချမ်းစွာ လက်ခံရရှိပါသည်။

18 December 2025
Mwe Hom

17/12/2025

Daily Affirmation
"I move my body because I love the vitality it brings me."
“ကိုယ်ခန္ဓာကို ချစ်မြတ်နိုးသော စိတ်ဖြင့် လှုပ်ရှားရွေ့လျားရာမှ အသက်ဝင်စွမ်းအင်သည် အတွင်းမှ ပွင့်လင်းလာပါသည်။”

မနက်ခင်းတိုင်းမှာ ခန္ဓာကိုယ်လှုပ်ရှားမှု Mindful Movement လေးတွေ လုပ်ပေးတာက တနေ့တာလုံးကို စိတ်ကြည်ကြည်လင်လင်နဲ့ ဖြတ်သန်းစေနိုင်ပါတယ်...
ခန္ဓာကိုယ် Muscle Building လုပ်ချင်တယ်၊ Body Transformation ဖြစ်ချင်ရင်တော့ Strength Training ဆော့ပြီး ကျန်းမာလှပရုံ Slow Movement လောက်လုပ်ချင်တယ်ဆို Yoga/Pilates လေး လုပ်လို့ ရပါတယ်...
Gym မသွားနိုင်ဘူး ဆိုရင်တောင် Home workout/Yoga Class တွေ Zoom Join လို့ရသလို YouTube Program တွေ လိုက်ဆော့လည်း ရတာမို့ လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာပါ..
ဘယ်တစ်ခုလုပ်ရမယ်မသိဘူး ဆိုရင် အခု ကိုယ်တိုင်လုပ်နေပြီး ကိုယ်နဲ့ အဆင်ပြေနေတဲ့ YouTube link လေး 2 ခုကို comment မှာ မျှဝေပေးထားပါတယ်..
မနက်ပိုင်းမှာ ကိုယ့်အတွက်ကို နာရီဝက်လောက်အချိန်ပေးပြီး တနေ့တာလုံး ‌အားအင်အပြည့်နဲ့ ဖြတ်သန်းလို့ရအောင် Body Movement လေး လုပ်ကြည့်စေချင်ပါတယ်..

17 December 2025
Mwe Hom

16/12/2025

Daily Affirmation
When challenges arise, I still anchor in hope!
အခက်အခဲတွေ ကြုံလာရင် ငါ မျှော်လင့်ချက်နဲ့ ကျောက်ချထားတယ်...

ဒီနေ့ Affirmation လေးက ကိုယ့်ဘဝမှာ လောကဓံမုန်တိုင်းတွေနဲ့ ကြုံလာရတဲ့အခါမှာ မယိုင်မလဲ မတ်မတ်ရပ်နိုင်ဖို့အတွက် ဆုတ်ကိုင်ဖို့ မျှော်လင့်ချက်လေးတခုရဲ့ အရေးပါပုံလေးကို တွေးမိစေတယ်..
"မျှော်လင့်ချက်" လို့ပြောလိုက်ရင် တယောက်နဲ့တယောက် ခေါင်းထဲရောက်လာတာချင်းတော့ မတူနိုင်ဘူးပေါ့... ရပ်တန့်လိုက်ချင်လောက်တဲ့အခြေအနေတခုမှာ ကိုယ့်ကို ဆက်လျှောက်ဖို့ တွန်းအားဖြစ်စေခဲ့တဲ့အရာလေး၊ သူ့အကြောင်း၊ အဲ‌အကြောင်းမရာအကြောင်းတွေးလိုက်ရင်ကို ဘာလာလာ ရင်ဆိုင်နိုင်လောက်တဲ့ အားအင်ရမယ့် အရာလေးကတော့ လူတိုင်းမှာ ရှိကြပါတယ်...
ကိုယ့်မှာရှိနေတဲ့ အရာလေးကို အသိမှတ်ပြုပေးဖို့ မမေ့ပါနဲ့နော်...

16 December 2025
Mwe Hom

15/12/2025

Daily Affirmation
"I allow all parts of me to be expressed!"
ငါသည် ငါရဲ့အစိတ်အပိုင်းအားလုံးကို ထုတ်ဖော်ခွင့် ပြုထားပါသည်..

အပေါ်ယံကြည့်ရင်တော့ လူတွေက နေ့တိုင်း ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြပြီး နေတယ်ဆိုပေမယ့် တပယ့် ကိုယ်ရဲ့ စိတ်ရင်းအမှန်၊ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို အရှိအတိုင်း ထုတ်ပြခွင့် မရကြတာများပါတယ်...
အဲလို ထုတ်ပြခွင့်မရတာ၊ မျက်နှာဖုံးတွေအောက်မှာ ဟန်ဆောင်နေရတာ ကြာလာတာနဲ့အမျှ ကိုယ်က ဇာတ်ညွှန်းအတိုင်း ကပြနေတာလား၊ ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် လုပ်နေတာလားဆိုတာ ခွဲခြားသိဖို့တောင် ခက်ခဲလာတယ်.. မိမိရဲ့ အစစ်အမှန်ဆိုတာ ဘာလ‌ဲ ဆိုတာ မေ့လာကြတယ်..
"ငါထင်နေတဲ့ ငါ၊ အစစ်အမှန် ငါ၊ ငါဖြစ်ချင်တဲ့ ငါ" ဘယ် Version မှာ ကိုယ်ဝင်ကနေမိတာ များတာလဲ ပြန် reflect လုပ်နေမိတယ်..

15 December 2025
Mwe Hom

11/12/2025

Daily Affirmation
"I allow myself to slow down and rest deeply!"
ငါသည် ငါကိုငါ ခ‌ဏအရှိန်လျော့ပြီး အနားယူဖို့ ခွင့်ပေးပါတယ်...

ကိုယ့်ဘဝမှာ အလုပ်ကြောင့်၊ မိသားစုကြောင့်၊ ကိုယ်ကိုယ်တိုင်ရဲ့ လိုချင်စိတ်၊ တိုးတက်ချင်စိတ်၊ ဖြစ်ချင်စိတ်ဆိုတဲ့ လောဘတွေကြောင့် အမြန်ပြေးလွှားနေရတာ ဘယ်လောက်ကြာနေပြီလဲ...
လုပ်နေတာ ပြေးနေတာတွေ ခဏအရှိန်လျော့ပြီး အနား‌ယူဖို့ သတိရမိရဲ့လား...
တစ်ပတ်မှာ တစ်ရက်လောက်၊ တစ်ရက်မှာမှ ဆယ်မိနှစ်၊ ဆယ့်ငါးမိနှစ်လောက် ခဏလေး ဘာမှမလုပ်ပဲ ကိုယ်နဲ့ကိုယ်၊ ကိုယ့်အတွက်ကိုယ် ခဏလေး အနားယူဖို့ သတိထားပြီး နေကြည့်ရအောင်နော်..

ဒီနေ့ Affirmation လေးက မရပ်မနား ပြေးလွှားနေကြတဲ့ လူတွေအတွက် ခဏအနားယူဖို့ ထိုက်တန်ပါတယ်ဆိုတာ ကိုယ့်ကိုယ်ကို ခွင့်ပေးတဲ့ Affirmation လေးပါ..

11 December 2025
Mwe Hom

10/12/2025

Daily Affirmation
"My thoughts, words and actions are aligned with my values!"
ငါ့အတွေး၊ အပြော နှင့် အလုပ် အားလုံးသည် ငါတန်ဖိုးထားရသော စံနှုန်းနှင့် ကိုက်ညီမှုရှိသည်..

10 December 2025
Mwe Hom

09/12/2025

Daily Affirmation
"I trust that my life is unfolding exactly as it should!"
ငါ့ဘဝဟာ သူရောက်နေတဲ့ နေရာမှာ ရှိသင့်တဲ့အတိုင်း အတိအကျ ပုံဖော်နေတယ်လို့ ငါယုံကြည်တယ်..

9 December 2025
Mwe Hom

08/12/2025

Daily Affirmation
"My journey is my own and I claim it now!"
ငါ့ဘဝခရီးသည် ငါ့ကိုယ်ပိုင်သာဖြစ်ပြီး ငါ ကိုယ်တိုင်တည်ဆောက်ယူမည်...

8 December 2025
Mwe Hom

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
111111

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00