AIA Insurance Consultant - Thin

AIA Insurance Consultant - Thin

Share

Your trust is my success.

10/04/2026

အိမ်ထောင်ရှင် ယောကျ်ားများဖတ်ရန် Share ပါသည် ....

မအောင်မြင်ခဲ့သော အိမ်ထောင်သည်ဘဝ -အပိုင်း (၁)
****************************************

အမျိုးသမီးလေးတွေ အိမ်ထောင်သည်ဘဝမှာ ဒုက္ခရောက်ရတာ စိတ်မချမ်းမြေ့ရတာတွေကြားရင် သိပ်ကို ကိုယ်ချင်းစာမိပါတယ်
ဒါကြောင့် ကျွန်မ မပြောပြခဲ့ဖူးတဲ့ အကြောင်းအရာတွေကိုပြောပြမယ်နော်

ဒီစာလေးကို အထူးသဖြင့် အမျိုးသား အစ်ကိုတို့ ဖတ်ပေးစေချင်ပါတယ်ရှင် 🙏🏻

ဆရာလုပ်တာမဟုတ်ပါဘူးနော်
ကျွန်မ ဘဝမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေမို့
အစ်ကိုတို့ရဲ့ အိမ်ထောင်ရှင် အမျိုးသမီးလေးတွေ
မကြုံစေချင်တဲ့ ဆန္ဒနဲ့အတူ
အိမ်ထောင်ရေးလေးတွေ အဆင်ပြေ သာယာစေချင်လို့ပါ

မိန်းမကောင်း အမျိုးသမီးလေးတွေ
အိမ်ထောင်ပြုတယ်ဆိုတာ
ချစ်ခင်တွယ်တာစိတ်အပြင် အားပေးဖော်အဖြစ်
ရှိနေစေချင်စိတ်တွေကို အခြေခံပါတယ်

သူတို့ မေတ္တာရှိတဲ့အမျိုးသားကို
သူတို့တစ်ဘဝလုံး ပုံအပ်ပြီး ရိုးမြေကျလက်တွဲသွားချင်တာ အမျိုးသမီးတိုင်းပါ

ကျွန်မ သားရဲ့အဖေကို ကွာရှင်းခွင့် တောင်းခဲ့တဲ့ အကြောင်းအရာတွေထဲက အချို့က ဥပေက္ခာပြုမှုတွေ . ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့အကျင့်တွေကို သည်းမခံနိုင်တော့လို့ပါ

တခြားအကြောင်းအရာတွေလည်း ရှိပေမယ့် ကျွန်မစိတ်ခံစားချက်နဲ့ ပါတ်သက်တာတစ်ချို့ကိုပဲ အရင်ပြောပြပါမယ် …

ကျွန်မသားလေးမွေးကာစ ရက်တွေကို ပြောပြပါရစေ

မွေးခန်းထဲက အထွက်မှာရော သားလေးမွေးတဲ့ တစ်ညလုံး ကလေးအဖေရဲ့ မျက်နှာကို မတွေ့ခဲ့ရပါဘူး
သားလေးကို မွေးကင်းစကလေးလေးတွေ ထားတဲ့ အခန်းကို ပို့ပြီးတာနဲ့ ညမိုးချုပ်နေပြီမို့ အိမ်ပြန်သွားတာတဲ့…

ရုပ်ရှင်တွေထဲကလို မွေးခန်းကအထွက်မှာ လက်လေးကိုင်ပြီး နေလို့ကောင်းရဲ့လား .
နာနေလား . မွေးခန်းထဲမှာ ကြောက်နေသေးလား လို့ မေးမယ့်ယောက်ျားမရှိတဲ့ ကျွန်မ .

တကယ်တန်း သူသာ ကိုယ့်ကို အားပေးချင်စိတ်ရှိရင် မွေးခန်းအပြင်ကနေ စောင့်ပြီး အားပေးလို့ရတာပဲ
ဆိုတဲ့စိတ်နဲ့ ဝမ်းနည်းခဲ့ဖူးတယ်

သူ့အစ်မ ဝမ်းကွဲတစ်ယောက်ကတော့ လိုအပ်တာတွေ တစ်ညလုံး လုပ်ပေးပြီး စောင့်ပေးပါတယ်

ဒါပေမယ့် မိန်းကလေးတစ်ယောက် ကလေးမွေးတဲ့အခါ ကလေးအဖေရဲ့ အားပေးမှုကို အလိုချင်ဆုံးပါ

ကလေးမွေးပြီးကာစ အမျိုးသမီးတစ်ယောက်ရဲ့ အားပေးဖော် ဖြစ်ပေးဖို့ သူ သတိမရခဲ့ဘူး …
အစ်မဝမ်းကွဲတစ်ယောက်ကို စောင့်ခိုင်းရုံနဲ့ လုံလောက်ပြီလို့တွေးခဲ့ပုံပါ …

သားလေးကို Dufferin လို့ ခေါ်ကြတဲ့
ဗဟိုအမျိုးသမီးဆေးရုံမှာမွေးတာပါ

ဗဟိုအမျိုးသမီးဆေးရုံ ဖြစ်တာကြောင့်
အခုခေတ် ပုဂ္ဂလိကဆေးရုံတွေကို အစစအရာရာ
ပြည့်စုံနေတာမျိုး မဟုတ်ခဲ့ပါဘူး
အိမ်သာရေချိုးခန်းတွဲလျက်ပါတဲ့ တစ်ယောက်ခန်း အရေအတွက်က အရမ်းနည်းတာကြောင့်
တစ်ယောက်ခန်းကိုယူဖို့ စာရင်းပေးထားပေမယ့် ချက်ချင်းမရပါဘူး

မွေးပြီး နောက်ရက်တွေမှာ
၄ ယောက်ခန်းကို ပြောင်းရပါတယ်

၄ ယောက်ခန်းဆိုပေမယ့်
ကျန်တဲ့ ခုတင် ၃ လုံးက အလွတ်တွေပါ .
အဲ့ဒီအခန်းက တော်တော်မှောင်သလို အပြင်စင်္ကြံန်လျှောက်လမ်းတွေကလည်း မှောင်နေတာကြောင့် ခြောက်ခြားစရာပါ

သားသားမွေးပြီး နောက်ရက်တွေမှာ
သူ့အမေက Special nurse ငှါးထားပေးပါတယ်

သားလေးမွေးပြီး ၂ ရက်မြောက်နေ့မှာ
ညဖက် သူ စောင့်မယ် ပြောပါတယ်
ဘာပဲပြောပြော သူစောင့်ပေးမယ်ဆိုတော့ အားရှိသွားသလို ဝမ်းသာသွားမိတယ်

ဒါပေမယ့် ညဖက်ရောက်ရောက်ချင်းပဲ သူ့သူငယ်ချင်းတစ်ယောက်ရောက်လာပြီး
ဒီည ဘောလုံးပွဲကောင်းတယ် သွားကြည့်ရအောင်
ဆိုပြီး ခေါ်တော့ သူ လိုက်သွားပါတယ်

ထင်လိုက်တာက အလွန်ဆုံးကြာ ၂ နာရီလောက်ပေါ့နော် . ၉ နာရီ / ၁၀ နာရီလောက်တော့ ပြန်ရောက်လောက်မယ်ပေါ့

Nurse ရယ် . ကိုယ်ရယ် . ၂ ရက်သားပဲ ရှိသေးတဲ့ သားပိစိလေးရယ်ပဲ မီးရောင်မှိတ်တုတ်မှတ်တုတ်နဲ့ အခန်းလေးထဲ ကျန်ခဲ့ပါတယ်

ခဏဆိုပြီး ဘောလုံးပွဲသွားကြည့်တဲ့သူက
ည ၂ နာရီကျော်တဲ့အထိ
ပြန်မရောက်လာသေးပါဘူး

အဲ့ဒီအချိန်မှာ ဆီးအရမ်းသွားချင်လာတယ်
အိမ်သာက ကျွန်မတို့ အခန်းနဲ့ တော်တော်ဝေးပါတယ်
ရိုးရိုးမွေးထားတဲ့ မွေးလူနာတစ်ယောက်အတွက် ဆီးသွားရတာ ဝေဒနာတစ်ခုဆိုတာ
ရိုးရိုးမွေးဖူးတဲ့ မိခင်တွေ အသိဆုံးပါ …

အိမ်သာသွားတဲ့လမ်းက တော်တော့်ကိုမှောင်ပြီး ဝေးလည်း ဝေးတာကြောင့် ကလေးမွေးပြီးတာ ၂ ရက်ပဲ ရှိသေးတဲ့ Drip တန်းလန်းနဲ့ ကျွန်မအတွက် တစ်ယောက်တည်းသွားဖို့ မလွယ်ပါဘူး

သူနာပြုဆရာမကြီးနဲ့အတူ ကလေးလေး ခေါ်ပြီး သွားဖို့ကလည်း
၂ ရက်သားကလေးလေးဆိုတာ သိပ်ကိုနုနယ်လွန်းတာကြောင့် အိမ်သာသွားတဲ့လမ်းက အနံ့အသက်တွေ . လေထဲပျံ့နေမယ့် ပိုးမွှားတွေကို တွေးကြည့်ပြီး မခေါ်သွားရဲဘူး

ကလေးလေးတစ်ယောက်တည်း အခန်းထဲထားခဲ့ပြီး သူနာပြုဆရာမကြီးကို အဖော်ခေါ်သွားဖို့ကျပြန်တော့လည်း သားလေး လန့်မှာ . ကိုယ်သွားနေချိန် တစ်စုံတစ်ခု ဖြစ်မှာ . လူစုံတဲ့ဆေးရုံမို့ ကလေးပျောက်မှာ စိုးရိမ်ပြန်ရော …

၃ နာရီကျော်မှ ကလေးအဖေက အရက်နံ့တစ်ထောင်းထောင်းနဲ့ ပြန်လာတယ် . သူကတော့ ပေါ့ပေါ့လေးပါပဲ
“Sorry . ကို ဘောလုံးပွဲကောင်းနေတာနဲ့ နည်းနည်းကြာသွားတယ်” တဲ့ …

ဝမ်းနည်းပေမယ့် မျက်ရည်မကျအောင်ထိန်းရင်း
ရှေ့လျှောက် ငါ့အတွက်ရော ငါ့သားလေးအတွက်ပါ ငါ့ကိုယ်ငါပဲ အားကိုးရမှာပါလားဆိုတဲ့ အသိ စ ဝင်လာခဲ့တယ် …

အခုရေးပြမယ့် သူ့လုပ်ရပ်ကတော့
သူတမင်ရည်ရွယ်တာ မဟုတ်ပေမယ့်
မတော်ရင် ကျွန်မဘဝ ပျက်သွားနိုင်တဲ့ လုပ်ရပ်ပေါ့

သားသားမွေးပြီး ၆ လလောက်နေတော့ သူ့သူငယ်ချင်းတစ်ယောက်ခြံထဲက Party ပွဲတစ်ခုကိုသွားပါတယ်
ကျွန်မကိုပါ လှလှလေးဝတ်ပြီး လိုက်ခဲ့ ဆိုလို့
ကျွန်မ ဒူးအထက်ဂါဝန်လေးဝတ် သပ်သပ်ရပ်ရပ်လေးပြင်ပြီး လိုက်သွားတယ်

ည ၂ နာရီလောက်မှ ပါတီပြီးလို့ ပြန်ခဲ့တယ်
အရက်တွေအများကြီးသောက်ထားတော့ သူ တော်တော်မူးနေပြီ
သူ့အစ်ကို ဝမ်းကွဲတစ်ယောက်လည်းပါတယ်
လမ်းရောက်တော့ ဗိုက်ဆာတယ်တဲ့

ခုနကပဲ စားခဲ့တာ အခုဆာတယ်ဆိုတော့
တမင် ရစ်နေမှန်းသိတယ်
အိမ်ပြန်ရောက်မှ စားပါလားဆိုတာကို မရဘူး
သိမ်ကြီးစျေးနားက ညလုံးပေါက်ဖွင့်တဲ့ လမ်းဘေးက ထမင်းကြော် . ခေါက်ဆွဲကြော်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ထိုင်လိုက်ကြတယ်

မှာပြီး ခဏနေတော့ . ကြာတယ်
မစားတော့ဘူး ပြန်မယ်ဆိုပြီး လုပ်တယ်
ဆိုင်ရှင်တွေခမျာ
ကိုယ်မှာမှ မီးမွှေးပြီး ကြော်လှော်တာဆိုတော့ လုပ်လက်စ တန်းလန်းကြီး …

မှာထားတာတွေ အလဟဿဖြစ်ကုန်မှာပေါ့
ဆိုင်ရှင်တွေ ရှုံးလိမ့်မယ် . သနားပါတယ် လို့
ပြောမိလို့ … ရှေ့က စားပွဲကြီးကို တွန်းလှဲပြီး
စားပွဲခြေထောက်ကို ရိုက်ချိုးပြီး စားပွဲကိုရော
လမ်းဘေးက ဓာတ်မီးတိုင်တွေကိုပါ ရိုက်တာ

ပြီးတော့ သူ့အစ်ကို ကို ကားပေါ်တက်
နင်သနားရင် နင် နေခဲ့ ဆိုပြီး
ကျွန်မကို တစ်ယောက်တည်းထားပြီး မောင်းထွက်သွားတယ်

ကြောက်ကြောက်နဲ့ ည ၂ နာရီခွဲ. ၃ နာရီနီးပါးမှာ
မြို့ထဲလမ်းလယ်ခေါင်ကြီးမှာ ထားခဲ့ခံရတဲ့ စိတ်ကြီးက
အားငယ်တာရော . ရှက်တာရော . ဝမ်းနည်းတာရော …

ဆိုင်ရှင်က ညည်းကိုခေါ်လာတဲ့ အကောင်လုပ်သွားတာတွေ ပြန်လျော်ပေး တဲ့

အဲ့ဒီတုန်းက ကျွန်မအသက် ၂၆ နှစ်ကျော်ရုံလေး
လူက ပေါင် ၁၀၀ ကျော်ရုံပဲ ရှိတယ်
လူကောင်သေးသေး ဂါဝန်လေးနဲ့ဆိုတော့
ကလေးအမေလို့ မထင်သလို
ကိုယ့်ယောက်ျားနဲ့ လာတယ်လို့လည်း ထင်ပုံမရဘူး

သူတို့ မထင်တာလည်း အပြစ်ပြောလို့မရပါဘူး

ဘယ်ယောက်ျားမှ ကိုယ့်မိန်းမကို ဒီလို
ပစ်စလခတ် ထားခဲ့မှာ မဟုတ်ဘူးလေ

အဲ့ဒီအချိန်က လက်ထဲမှာ ဖုန်းလည်း မရှိဘူး
ဖုန်းတွေက အခုအချိန်လိုလည်း မပေါနေသေးဘူး
ဆိုင်နားမှာ Taxi တွေ စုရပ်ထားတဲ့ နေရာတော့ ရှိတယ်
ကျွန်မတို့ ပြဿနာဖြစ်နေတာကိုလည်း မြင်ကြမှာပါ

အဲ့ဒီကာလတုန်းက သိမ်ကြီးစျေးပါတ်ဝန်းကျင်မှာ စင်တင် ဆိုင်လေးတွေ ရှိတော့ အဲ့ဒီက ပြန်တဲ့လူတွေ ငှါးလို့ရအောင်နဲ့တူတယ်

ဒါပေမယ့် Taxi ငှါးပြီး တစ်ယောက်တည်းလည်း
မပြန်ရဲဘူး

Taxi တွေ အနေနဲ့လည်း
သူတို့တွေ့လိုက်ရတဲ့ မိနစ်ပိုင်းမြင်ကွင်းအရ
ကိုယ့်ကို မိန်းမကောင်းလို့ ထင်ဖို့က
ရာခိုင်နှုန်းနည်းတယ်

သူတို့အမြင်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်
ယောက်ျားနှစ်ယောက်နဲ့အတူ ကားပေါ်က ဆင်းလာတယ် (သားသားအဖေနဲ့ သူ့အစ်ကိုဝမ်းကွဲ)

စကားပြောကြည့်တာ အဆင်မပြေတာနဲ့ ယောက်ျားတစ်ယောက်က သောင်းကျန်းပြီး
ကောင်မလေးကို ထားခဲ့ပြီး ထွက်သွားတယ်

ဒီလိုပဲ တွေးကြမှာ

ဒီတော့ Taxi ငှါးပြီးလည်း မပြန်ရဲသလို သူဖျက်ဆီးသွားတဲ့ ပစ္စည်းတွေအတွက်လည်း ရှင်းပေးရဦးမယ်

ပိုက်ဆံပေးမကိုင် . အလုပ်လည်းပေးမလုပ်လို့ ဝင်ငွေ မရှိသလို လက်ထဲမှာ ပိုက်ဆံလည်း မရှိဘူး

ဒါနဲ့ ဆိုင်ရှင်ကို ဖုန်းလေး ခဏငှါးဆက်ပါ
အကုန်ရှင်းပေးပါ့မယ် ပြောပြီး
သူ့အမေဆီ ဖုန်းဆက်တယ်

သူ့အမေက သူ့သားတောင်အခုပဲ အိမ်ပြန်ရောက်လို့
သူ့အခန်းထဲ တက်အိပ်နေပြီ
ဘာကြောင့်လိုက်မလာတာလဲ
ရအောင်လိုက်ခဲ့ရမှာပေါ့တဲ့ …

မူးမူးနဲ့ မောင်းထွက်သွားတဲ့ကားနောက်ကို ဘယ်လိုများ လိုက်ရပါမလဲလေ …

အကြောင်းစုံပြောပြီး လာခေါ်ပေးဖို့ ပြောတော့
လာခေါ်ပေးတာကိုပဲ ကျေးဇူးတင်ရပါတယ်

ဒါ ကိုယ် ဥပေက္ခာအပြုခံရတဲ့အကြောင်းပဲ
ရေးပြတာပါ

သူ ဆိုးတာတွေတော့ မဆိုင်တော့တာကြောင့် မရေးတော့ပါဘူး

သားလေးကို မိတကွဲ ဖတကွဲ ဘဝ မရောက်စေချင်လို့ မျိုးစုံ သည်းခံခဲ့ပါတယ်

ဒါပေမယ့် သူ့ကို လမ်းခွဲမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချဖြစ်လိုက်တာက
၂၀၁၂ မှာပါ

၂၀၁၂ မေလ ၂ ရက်နေ့မှာ ဖေဖေဆုံးပါတယ်

ဖေဖေဆုံးတဲ့အချိန်က
အိမ်မှာ မေမေရယ် . ကျွန်မရယ် . ယောက်ျားလေးဆိုလို့ ဦးတူးတူးလို့ခေါ်တဲ့ မေမေ့မောင်အငယ်ဆုံး ဦးလေးရယ်ပဲ ရှိတယ်
မောင်လေးက နိုင်ငံခြားမှာ အလုပ်လုပ်နေတာမို့
ဖေဖေဆုံးပြီး တစ်ရက်ကျော်မှာမှ အလုပ်ကနေ ခွင့်တင်ပြီး ပြန်လာရတာပါ

ဖေဖေဆုံးတာ ညနေစောင်း ၆ နာရီ ထိုးခါနီးမို့ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးတော့
သူ့ကို အိမ်မှာ ယောက်ျားသားဆိုလို့ ဦးတူးတူးပဲရှိလို့ မေမေတို့အိမ်မှာပဲ အိပ်ပေးပါလားလို့ ပြောမိတဲ့အချိန်မှာ
သူ ပြန်ပြောတာက
အသုဘ အိမ်မှာ သူမအိပ်တတ်တာ မသိဘူးလား တဲ့ …
အသုဘအိမ် မှန်ပေမယ့်
သူ့ယောက္ခမရဲ့ အသုဘပါ …
သူ မရရင် သေပါတော့မယ်ဆိုပြီး အတင်းရအောင် ယူထားတဲ့ မိန်းမရဲ့ အဖေပါ …

ဒီမိန်းမက အဖေကို သိပ်ချစ် သိပ်အားကိုးတဲ့ မိန်းမဆိုတာ သူနဲ့ ကြိုက်ခဲ့တဲ့ ၆ နှစ်လုံးလည်း သူကောင်းကောင်း သိပါတယ်

ဖေဖေဆုံးတာ ကျွန်မအတွက် ဝမ်းအနည်းရဆုံး
အားအငယ်ရဆုံး ဆိုတာလည်း သူသိမှာပါ

ဖေဖေက လေဖြတ်နေတာ ၆ နှစ်ကျော်ပေမယ့် ဇွဲရှိရှိနဲ့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့လို့
စကားတွေပြော . အစားတွေစား . သတိကောင်း .
နေကောင်းနေရာကနေ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးတာမို့
ကျွန်မအတွက် ပြင်ဆင်ချိန်မရတဲ့ ဆုံးရှုံးမှုကြီးကို
မထင်မှတ်ထားဘဲ ရုတ်တရက် ကြုံရလို့ ဖြေမဆည်နိုင်မှန်းလည်း တွေးမိလောက်မှာပါ

ဒီလိုအချိန်မှာ အနားကနေ အားပေးစကားလေး ပြောပေးဖို့ ၇ ရက်လေးတောင် အောင့်အည်းပြီး
အချိန်မပေးနိုင်ဘူးတဲ့လား …

နေ့ခင်းပိုင်းလာပြီး လုပ်စရာရှိတာတော့ အကုန်လုပ်ပေးပါတယ်

ဒါပေမယ့် သိပ်ချစ်ရတဲ့အဖေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ သမီးတစ်ယောက်အနေနဲ့
နေ့ခင်းပိုင်း လုပ်စရာရှိတာ လုပ်ပြီးရင်
ညဖက် စိတ်လျှော့လိုက်တဲ့အချိန်မှာတော့
အားရပါးရ ငိုဖို့ . ဖေဖေ့အကြောင်းတွေ ပြောပြတဲ့အချိန်မှာ နားထောင်ပေးပြီး နှစ်သိမ့်ပေးဖို့
သူ့ကို ရှိစေချင်တာတော့ အမှန်ပါ …

သူ့စကားက ရိုးရိုးရှင်းရှင်းနဲ့ တိုတိုလေးပါ

ဒါပေမယ့် ကျွန်မ ဘဝနဲ့ချီပြီး အရှည်ကြီး စဉ်းစားမိလိုက်ပါတယ်

ကျွန်မပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးရဲ့
အနှစ်သာရက ဘာများပါလိမ့်ပေါ့ ….

အဲ့ဒီတုန်းက ကျွန်မအသက် ၂၉ နှစ်ကျော် …

ကျွန်မ ဝမ်းနည်းနာကျင်ရဆုံးအချိန်မှာတောင် ကျွန်မဘေးမှာ အချိန်ပြည့်မနေပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ကျွန်မအပေါ်ထားတဲ့အချစ်ဆိုတာကြီးကို သံသယ စ ဝင် လာပါတယ်

အေးအတူ ပူအမျှ ဆိုတဲ့စိတ် မရှိတဲ့ အိမ်ထောင်ရေးကို ကျွန်မ ရှေ့ဆက်မလျှောက်ချင်တော့ဘူး …

အခုလိုအချိန်မှာတောင် ကိုယ့်ရဲ့ ခံစားချက်ကို နားလည်မပေးတတ်တဲ့ လူတစ်ယောက်ရဲ့လက်မှာ
ကျွန်မ အသက်ကြီးလို့ အိုမင်းမစွမ်းတော့ချိန်
သူ့လက်ထဲမှာ ကုန်ဆုံးဖြတ်သန်းရမှာကို တွေးပြီး
သိပ်ကြောက်သွားပါတယ်
အသုဘအိမ်မှာ မအိပ်တတ်တဲ့သူက ကျွန်မသာ သူ့ထက်အရင် လူ့လောကထဲက ထွက်သွားရရင်
ဘယ်လိုလုပ်မှာတဲ့လဲ …

သူ ဆိုးခဲ့တာ . ကျွန်မ မကြိုက်တာ လုပ်ခဲ့တာတွေမှန်သမျှကို သားလေးအတွက် သည်းခံနိုင်ခဲ့ပေမယ့် . ဒီတစ်ခါတော့ ကျွန်မ မခံစားနိုင်တော့ပါဘူး

ဒီလိုနဲ့ ဖေဖေ့နာရေးအပြီးမှာ ကျွန်မ သူ့ကို တရားဝင်ကွာရှင်းခွင့် တောင်းခဲ့ပါတယ်

ဒီကိစ္စတွေကြောင့်ပဲတော့ မဟုတ်ပါဘူး
တခြားသောအရာတွေနဲ့ ကျွန်မရဲ့ သည်းခံနိုင်စွမ်းအားကို ကျော်သွားပြီး
နာစရာတွေ အကုန်စုသွားတာလည်း ပါမှာပေါ့

၂၀၁၃ ဇူလိုင်မှာ ကျွန်မတို့ တရားဝင်ကွာရှင်းခဲ့ပါတယ်

ကျွန်မတို့ မိန်းမတွေရဲ့ စိတ်ကလေ
ကိုယ့်ရဲ့လက်တွဲဖော် အမျိုးသားအပေါ်
မှီခိုချင်တာ မဟုတ်ပေမယ့်
ကိုယ့်အတွက် အားပေးဖော်တော့
ဖြစ်စေချင်ကြတယ် …

ကိုယ့်ကို စိတ်ပူပေးနေတဲ့
တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့ အသိက အားအင်တွေ အလိုလို ဖြစ်စေပါတယ်

ကွာရှင်းပြီး ၇ နှစ်အကြာ .
၂၀၂၀ မှာ အခုလက်ရှိအမျိုးသားနဲ့ ဒုတိယအိမ်ထောင်ကို ထူထောင်ခဲ့ပါတယ်

၂၀၂၅ ဒီဇင်ဘာလတုန်းက မိသားစု ခရီးသွားတဲ့အချိန်မှာ
Agent က VISA နံပါတ် မှားလို့ ကျွန်မအမျိုးသားတစ်ယောက်တည်း လိုက်လို့မရဘဲ
ကျန်ခဲ့တဲ့အကြောင်းလေး ရေးဖူးပါတယ်

အဲ့ဒီအချိန်မှာ အမျိုးသားရဲ့ စိတ်ကိုတွေ့လိုက်ရတာက
သူ မလိုက်ရတာထက် ကိုယ့်ကို စိတ်ပူတဲ့စိတ်ပါ
မသွားဖူးသေးတဲ့ နိုင်ငံမို့ရယ် ချူချာတတ်တဲ့ ကျွန်မအကြောင်းသိလို့ရယ် သူ စိတ်မချနိုင်ဘူး

"မောင် ၂၄ နာရီအတွင်း ရအောင်လိုက်လာမယ်
မိန်းမ စောရောက်တုန်း လျှောက်လည်ထားနှင့် Shopping ထွက်ထားနှင့်နော် . မောင်အတူတူ မပါလို့ စိတ်ညစ်မနေရဘူးနော် . မောင် စိတ်ချမယ်နော်" လို့
ကိုယ့်ကို တဖွဖွမှာသလို

သားလေးကိုလည်း
"သား မေကြီးကို ဂရုစိုက်နော်
ဆေးတွေ မှန်မှန်တိုက်နော်
မတည့်တာတွေ မစားစေနဲ့နော်
ဒယ်ဒီရောက်အောင်လိုက်လာမယ် စိတ်ချနော်" လို့ တဖွဖွ မှာရှာတယ်

ဒါ ကျွန်မနားမှာ အားကိုးလို့ရနေပြီဖြစ်တဲ့
၁၇ နှစ်အရွယ် သားလေး ပါနေတယ်နော် …

ကျွန်မတို့ သားအမိ လေယာဉ်စီးနေချိန်တောင်
Viber ကနေ တစ်ချိန်လုံး Message တွေ အဆက်မပြတ် ပို့ထားတာ …
လေဆိပ်ရောက်လို့ ဖုန်းဖွင့်တာနဲ့ message တွေ တစ်တောင်တောင်ဝင်လာတယ်

သူ့ကတိအတိုင်းလည်း Visa ကို နေ့ချင်းအပြီး ပြန်လုပ်ပြီး လေယာဉ်လက်မှတ် အသစ်ဝယ် . ရအောင်လိုက်လာတယ်

အိမ်ထောင်ပြုလိုက်တဲ့ အမျိုးသမီးတွေအနေနဲ့
ကိုယ့်ခင်ပွန်းသည်ရဲ့ ဂရုစိုက်နွေးထွေးမှုနဲ့ ဖေးမမှုကို
လိုချင်ကြပါတယ်

ဘာလိုလဲ မေးတဲ့အချိန်မှာ . ဘာမှ မလိုအပ်ဘူးဆိုတာ
စိတ်ပေါ့အောင်သာ ပြောတဲ့စကားပါ

တကယ်တော့ သူမချစ်တဲ့ အမျိုးသားစီက ကြင်နာမှုနဲ့ ဂရုစိုက်မှုကို အမျိုးသမီးတိုင်း တိတ်တခိုး မျှော်လင့်တောင့်တ ကြပါတယ်

အိမ်ထောင်ရေးတိုင်းသာယာပြီး
အိမ်ထောင်ရှင်တိုင်းစိတ်ချမ်းမြေ့ကြပါစေရှင် 🙏🏻🙏🏻🙏🏻

With Love @ ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻

#နန်းတင်မိုးသူ

18/10/2025
12/07/2025

AIA One Health Solutions ( ကျန်းမာရေး အလုံစုံ အာမခံ ) အကြောင်း

ကျန်းမာရေးအာမခံကို အသက် တစ်လသား မှ အသက် ၆၀ အတွင်း နေကောင်းကျန်းမာနေစဉ်
ဝယ်ယူထားဖို့လိုပါတယ်......

ငယ်သေးတယ် ကျန်းမာသေးတယ် ဆိုပြီး လို့ ငြင်းဆန်သူတွေအများကြီးရှိပါတယ် .....
ရင်းနှီးချစ်ခင်သူတွေကိုတော့ ၀ယ်ယူထားဖို့ တိုက်တွန်းလေ့ရှိပါတယ်။

ငယ်သေးလို့ မကျန်းမမာ မဖြစ်ဖူးဆိုတာ မရှိပါဘူး။

ငယ်စဉ်ကျန်းမာစဉ်က အမြန်ဝယ်ထားမယ်ဆို တနေ့နေ့တချိန်ချိန် မကျန်းမမာဖြစ်လာမယ်ဆိုလျင်
အကာအကွယ် ရမှာပါ .....

Plan 1 to Plan 7 အထိ ရှိပါတယ်။ မိမိ နှင့်မိမိ ရဲ့ မိသားစုဝင်တွေ မကျန်းမာဖြစ်သည့်အခါ တက်ရောက်လေ့ရှိတဲ့ဆေးရုံဆေးခန်း တွေပေါ် မူတည်ပြီး သင့်လျော်ရာ Plan အမျိုးအစားကို ကျွမ်းကျင် တဲ့ Financial Advisor နဲ့ သေချာတိုင်ပင်ပြီး လုံလောက်တဲ့ Plan အမျိုးအစားကို အစကနဦးကထဲက ရွေးချယ် ဝယ်ယူထားသင့်ပါတယ်။

☎️ 097 84848472
Financial Services Associate Manager
AIA Myanmar

29/06/2025

🔷အာမခံကိုယ်စားလှယ်လိုင်စင် သင်တန်း🔷
─ ─ ─ ─ ─ ─ ─ ─ ─ ─
❐ သင်တန်းတက်ဖို့ စိတ်မဝင်စားရင် ဆက်မဖတ်ပါနဲ့
❐ သင်တန်းစဖို့ (၅) ရက်သာလိုပါတော့တယ်🎉
❐ သင်တန်းတက်ရောက်ဖို့ အဆင်သင့်ပဲလား 🤗
❐ သင်တန်းတက်ဖို့ စာရင်းမပေးရသေးရင် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။

#သင်တန်းအကြောင်းအရာ

🔸အာမခံလုပ်ငန်းကို ကိုယ်ပိုင်စီးပွားရေး တစ်ခု အနေနဲ့ Professional ကျကျ လုပ်ကိုင်ချင်တယ်။ နိုင်ငံတကာ အသိအမှတ်ပြု ဆုတွေ ရချင်တယ်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်း အလုပ်လုပ်ချင်တယ်။ ခေတ်မီတဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်သူတွေနဲ့ အတူတူ အလုပ်လုပ်ချင်တယ် ။ ဒီလို အချက်တွေနဲ့ ပြီးပြည်စုံတဲ့ Life Career တစ်ခု ကို တည်ဆောက်ဖို့ (၄) ရက်တာ အာမခံကိုယ်စားလှယ်လိုင်စင် သင်တန်း ဖြစ်ပါတယ်။

1️⃣ ကမ္ဘာ့နံပါတ်(၁) အသက်အာမခံကုမ္ပဏီဖြစ်သော Myanmar မှာ ဂုဏ်ယူစွာဖြင့် အာမခံအကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

🔸ဒီလိုလုပ်ကိုင်နိုင်ဖို့အတွက် အသိအမှတ်ပြု လိုင်စင်လိုအပ်ပါတယ်။ NIIM Exam ကို ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ စာမေးပွဲ အောင်မြင်ခဲ့ရင်တော့ လိုင်စင် ရရှိမှာ ဖြစ်ပါတယ်။

🔸အာမခံကိုယ်စားလှယ်လိုင်စင် ရရှိပြီဆိုရင် AIA Myanmar နှင့် တရားဝင် စာချုပ်ချုပ်ဆိုပြီး အာမခံလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

🔸အနာဂတ်မှာ အောင်မြင်ကျော်ကြားတဲ့ အသက်အာမခံ အကြံပေးတစ်ဦး ဖြစ်ဖို့ အကောင်မွန်ဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာပါမယ်။ မိမိ ရည်မှန်းထားသော ပန်းတိုင်ကို ရောက်ဖို့အတွက် နဲ့ လက်တွဲခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်။

🔸နိုင်ငံတကာအဆင့်မီ ကိုယ်ပိုင်ရုံးခန်းနေရာ ရရှိလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အနာဂတ်အတွက် သေချာတဲ့ နိုင်ငံတကာ အဆင့်မီ Professional Financial Advisor တစ်ဦးအဖြစ် လုပ်ကိုင်လို့ အကောင်းဆုံးနယ်ပယ်ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်...

#ဘယ်သူတွေတက်ရောက်သင့်လဲ

✅ မိမိလုပ်ကိုင်နေ‌သော အလုပ်အပြင် အပို ဝင်ငွေထပ်မံ ရှာဖွေလိုသူများ
✅ နိုင်ငံတကာအသိအမှတ်ပြုဆု International Reward လိုချင်သူတွေ
✅ ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင် စတင် ဝင်ရောက်လိုသူများ
✅ ကန့်သက်ချက်မရှိ ဝင်ငွေ ရရှိလိုသူများ
✅ နှစ်စဉ် နိုင်ငံတကာ ခရီးစဉ်သွားလိုသူများ
✅ မိမိဝင်ငွေရတိုင်း ချီးမွမ်းခံရတဲ့ ပတ်ဝန်းကျင်းမှာ နေထိုင်လိုသူများ

#သင်တန်းပြီးရင်ဘာအကျိုးကျေးဇူးတွေရမလဲ

✅ သင်တန်း ပြီးဆုံးပါက NIIM Exam ဝင်ရောက်ဖြေဆိုရပါမယ်။ စာမေးပွဲအောင်မြင်ပါက အာမခံကိုယ်စားလှယ်လိုင်စင် ရရှိပြီး AIA Myanmar နဲ့ စာချုပ်ချုပ်ပြီး လက်တွဲ လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ် ဘဝ ရည်မှန်းချက်၊ ကိုယ့်အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

#သင်တန်းကိုဘယ်လိုသင်ပေးမှာလဲ

🔸အေးချမ်းတိတ်ဆိတ်သော ခေတ်မီ သင်တန်းခန်းမ မှာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်ရှိ Junction City Office Tower, 22 လွှာမှာ ဖြစ်ပါတယ်။

ေးမှာလား

🔸သင်တန်းပြီးဆုံးပြီး NIIM Exam ဝင်ရောက်ဖြေဆို အောင်မြင်ပြီးပါက အသိအမှတ်ပြု လိုင်စင် နှင့် 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ကိုရရှိမှာ ဖြစ်ပါတယ်။

#သင်တန်းကြေးဘယ်လိုသွင်းရမလဲ

🔸အရေးကြီးပြီးအားလုံးသိချင်နေတဲ့ အပိုင်းလာပါပြီ😁
သင်တန်းကြေးအခမဲ့ (အခမဲ့) ဖြစ်ပါတယ်။ 🆓🆓🆓🆓🆓

#သင်တန်းတက်ရန်လိုအပ်ချက်

🔸အခြေခံပညာ အထက်တန်းအောင် (သို့) ဘွဲ့ရ ဖြစ်ရမည်။ လူကိုယ်တိုင် သင်တန်း (၄) ရက် မပျက်မကွက် (မပျက်မကွက်) တက်နိုင်သူ ဖြစ်ရမည်။

#သင်တန်းတက်ဖို့ စာရင်းဘယ်လိုပေးရမလဲ
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေ ဆက်သွယ်၍ စာရင်းအပ်နိုင်ပါတယ်။

#အသေးစိတ်သိရှိလိုပါက-
☎️ ဖုန်း - 09 7 84848472 , 09 430 63556

📌လူဦးရေ ကန့်သတ်ထားသဖြင့် သတ်မှတ်လူဦးရေ
မပြည့်ခင် အမြန်ဆုံးစာရင်းသွင်းဖို့ လိုအပ်ပါတယ်နော်။

📝 လာရောက်လေ့လာမယ့်သူများ CB ကလာပြောပေးပါနော်။ Office Access အတွက် Registration ကြိုလုပ်ရမှာမို့ပါ။


Group

25/05/2025

With ဗောဓိဆာယာတောရ – I just got recognised as one of their top fans! 🎉

Photos from AIA Insurance Consultant - Thin's post 19/05/2025

Congratulation🥰
တန်ဖိုးရှိတဲ့မိသားစုအတွက်AIA Myanmar ရဲ့အာမခံအကာအကွယ်တွေရယူထားတဲ့
Ko Wai Yan နဲ့ Ma Sandar တို့ ဇနီမောင်နှံအတွက်ဂုဏ်ယူပါတယ်🫶

💟ချစ်ရတဲ့ မိသားစုလေးအတွက် ...
ယုံကြည်စွာနဲ့ Financial Plan စီမံပေးခွင့်ပေးတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်🥰

🏖️အာမခံအကာအကွယ်ဆိုတာ မျှော်လင့်မထားပဲ
နောင်ဖြစ်လာနိုင်တဲ့ ဆုံးရှုံးတွေအတွက်ကြိုတင်ပြင်ဆင်ကာကွယ်ထားတဲ့ ကိုယ်ချစ်ရတဲ့မိသားစုတွေအတွက်
လုပ်ကိုလုပ်သင့်အလုပ်တစ်ခုပါရှင့်။

စိတ်ဝင်စားရင်
အသေးစိတ်ဆွေးနွေးနိုင်ပါတယ်ရှင့်
Ma Thin
Finanical Services Consultant
📱09 430 63556

email:
[email protected]





#ကျန်းမာရေးအလုံးစုံအာမခံ
#တသက်တာရွေးချယ်အသက်အာမခံ
#နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ
#ပညာရေးအသက်အာမခံ
#မတော်တဆထိခိုက်မှုအာမခံ
#ပြင်းထန်ရောဂါအာမခံ
#ကင်ဆာရောဂါအကာအကွယ်အာမခံ


🏖️AIA ဟာ ၁၉၁၉ မှာတည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ ဖြစ်ပါတယ်🏖️

15/05/2025

ကိုယ့်သားသမီးလေးတွေကို တန်ဖိုးထား ချစ်တယ်ဆိုလျှင်..🪔🪔

ကိုယ်ရုတ်တရက် ကွယ်ပျောက်သွားလဲ မှီခိုရာမိသားစုလေး အတွက် AIA Universal Life Insurance နဲ့
အကာအကွယ်ယူပါ .....

နှစ်ပေါင်း (၁၀၅) နှစ် တိုင်အောင် သမိုင်းကြောင်းလှခဲ့တဲ့ AIA

အာမခံဝယ်ယူဖို့ စဥ်းစားနေရင် ..... အကောင်းဆုံးအချိန်က ❤️အခု❤️ပါပဲ .....

လက်ရှိကျန်းမာရေးကောင်းပြီး ဝင်ငွေရှာနိုင်နေသေးတဲ့ အရွယ်မှာ ......သင်ကိုယ်တိုင် ဆုံးဖြတ်ပါ.. ☺️

အသေးစိတ်သိလိုလျှင် 👇👇
Ma Thin
Financial Services Associate Manager

AIA Myanmar
09 784848472
09 430 63556
[email protected]

Photos from AIA Insurance Consultant - Thin's post 17/03/2025

သားသားရဲ့ဘဝတစ်လျှောက် အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်အောင် တတ်စွမ်းသရွေ့ စီမံပေးထားနိုင်လို့ ကျေနပ်တယ်။

🏥 သူ့အသက် ၈၀ လောက်ထိ ကျန်းမာရေး မကောင်းလဲ ဆေးကုသရိတ် ပူစရာ မလိုအောင် စီမံပေးထားတယ်။

🎓 ကိုယ်တွေ သူ့ဆီက ခွဲခွာသွားရရင်တောင် သူ့ပညာရေး လမ်းကြောင်း အဆုံးထိသွားနိုင်ဖို့ စီမံပေးထားတယ်။

👵 သူ retirement ယူရမယ့်အချိန်မှာ ငွေကြေးအဆင်ပြေဖို့ကအစ အခုကတည်းက စီမံထားတယ်။

ခုချိန် လက်ထဲမှာ သိန်းထောင်သောင်းချီမရှိရင်တောင်မှ AIA ရဲ့ အာမခံ products တွေရဲ့ ကျေးဇူးနဲ့
အခုလိုစီမံထားခွင့် ရတာပါ။

မိဘများအားလုံး ချစ်ရတဲ့ သားသမီးလေးတွေရဲ့ အနာဂတ်အတွက် စီမံပေးထားလို့ ရပါတယ်။အသေးစိတ်သိချင်ရင် အကြံပေး ဆွေးနွေးပေးပါ့မယ်။

Ma Thin
Financial Services Consultant
097 84848472




ပုံလေးကတော့ Rising Star ဆုယူစဥ်က ပုံ...Save..

01/03/2025

💁‍♀️AIA အကြောင်းသိကောင်းစရာလေးတွေပါ

♦️AIA ဆိုတာ.........

👍ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ AIA

♦️AIA ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးအသက်အာမခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ်ပေါင်း 105 နှစ်ကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ✅ကမ္ဘာပေါ်မှာရှိတဲ့ Life Insurance Company တွေရဲ့ Market Capitalization နဲ့ Rank စီလိုက်ရင် နံပါတ် ၁ မှာရှိပါတယ်။

✅AIA ဟာ အာရှပစိဖိတ်ဒေသရဲ့ (Hong Kong, Thailand, Singapore, Malaysia, China, South Korea, Philippines, Australia, Indonesia, Taiwan, Vietnam, New Zealand, Macau SAR, Brunei, Cambodia, Myanmar, Sri Lanka, India) စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ အာမခံ လုပ်ငန်းတွေ လုပ်ကိုင်လျှက်ရှိပါတယ်။

💁‍♀️ဟောင်ကောင်စတော့စျေးကွက်မှာ အကြီးဆုံးကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

💁‍♀️အသက်အာမခံလုပ်ငန်းတွေကို အဆင့်သတ်မှတ်ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ MDRT အဖွဲ့ဝင်များထဲမှာ အဆင့် (၁) အဖြစ် သတ်မှတ်ခံထားရပါတယ်။

💁‍♀️ကျန်းမာရေးအတွက် ပြည်တွင်း/ပြည်ပ ဆေးရုံတွေမှာ အလုံးစုံ အကာအကွယ်ရတဲ့ အာမခံအမျိုးအစားတွေရှိပါတယ်။

💁‍♀️မြန်မာနိုင်ငံအပြင် International က ကြိုက်တဲ့ ဆေးရုံမှာ ကုသနိုင်ပါတယ်။

ဒါ့အပြင်

1. Canada
2. USA
3. UK
4. Spain
5. France
6. Germany
7. Greece
8. Cyprus
9. Turkey
10. Mainland China
11. Thailand
12. Singapore
13. Hong Kong
14. Malaysia
15. Australia
16. New Zealand

နိုင်ငံတွေမှာ ရှိတဲ့ ဆေးရုံပေါင်း 6,800 ကျော်မှာ မိမိ ပိုက်ဆံ အရင် စိုက်ထုတ် ရှင်းစရာ မလို ဘဲ ဆေးကုသနိုင်ပီ ဖြစ်ပါတယ်။

♦️AIA ရဲ့ Global Brand Ambassador က David Beckham ဖြစ်ပါတယ်။
AIA ဟာ Premier League >Tottenham Hotspur Football Club ရဲ့ shirt sponsor လည်း ဖြစ်ပါတယ်။

♦️AIA Myanmar (Yangon)
ရန်ကုန်မြို့ရဲ့ အချက်အခြာအကျဆုံးနေရာတစ်ခုဖြစ်တဲ့ Junction City Office Tower ရဲ့ ၂၂ လွှာမှာ ခမ်းနားဆန်းသစ်တဲ့ AIA Myanmar ရုံးချုပ်ရှိပြီး၊ရန်ကုန် ဝန်ကြီးများရုံးမှာလဲ ရုံးခွဲ ရှိပါတယ်။

AIA ဟာ မြန်မာနိုင်ငံအရှေ့ပိုင်းရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ရှမ်းတောင်ပြာတန်း - တောင်ကြီးမြို့မှာလည်း ရုံးခွဲဖွင့်ထားပီ ဖြစ်ပါတယ်။

♦️AIA Myanmar (Taung Gyi)
၆ လွှာ, Taunggyi Commercial Center
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရေထွက်ဦးလမ်းထောင့်၊ တောင်ကြီးမြို့ ။

♦️ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ မိသားစုဝင်တွေကို ငွေကြေးအကာအကွယ်ပေးရင်း လူမှုအသိုက်အဝန်းကိုအကျိုးပြုဖို့ ကျန်းမာတဲ့ လူနေမှုဘဝပုံစံအတွက် အထောက်အကူဖြစ်စေရန် မန္တလေးရုံးကိုလည်း ဖွင့်ထားပီး ဖြစ်ပါတယ်။

AIA Myanmar (မန္တလေး)
Mandalay Financial Center (Capital Center)၊ (၁၄) လွှာ၊ လမ်း ၈၀၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ မန္တလေးမြို့။

အာမခံအကြောင်းစိတ်၀င်စားရင် ...
Ma Thin
097 84848472 , 09430 63556

🏬AIA Myanmar



#တစ်သက်တာရွေးချယ်အသက်အာမခံ
#အလုံးစုံကျန်းမာရေးအာမခံ
#ကျန်းမာခြင်းသည်လာဘ်တစ်ပါး

21/02/2025

အာမခံ ဆိုတာနဲ့ ထွက်ပြေးနေတုန်းပဲလား 🏃‍♂️
ဒါဆို သင်ဒါတွေ တိတိကျကျ မသိသေးလို့ပါ
✅အသက်အာမခံ (စုဆောင်း/ တိုးပွား)
✅အလုံးစုံကျန်းမာရေးအာမခံ 🚑🏥 (ဆေးရုံ/ ဆေးခန်း) ပြသကုသစရိတ်
✅မတော်တဆထိခိုက်မှု အာမခံ

ဒါတွေဟာ တစ်ဖက်တစ်လမ်းကနေ ကြိုတင်ပြီး စီမံဆောင်ရွက် ထားဖို့ တစ်ကယ်ကို လိုအပ်ပါတယ် 👩‍❤️‍👨👨‍👩‍👧‍👦
သင့်ရဲ့ ဝင်ငွေ ပေါ်မူတည်ပြီး တစ်ရက်တာ ကုန်ကျစရိတ်ပျမ်းမျှ 💸 1 # # # စွန်းစွန်းလေးကနေပြီး
ဒီလို အကာအကွယ်တွေကို ရယူပြီး 💸 (ငွေလဲ စုမယ် / ကျန်းမာရေးအတွက်လဲ သုံးမယ်)
ဖြစ်ခဲ့သည်ရှိသော် ကိုယ့်ဖုန်းလေး ကိုင်ပြီးသာ (Cashless) ဖြင့် နာမည်ကြီး ထိပ်တန်း ဆေးရုံ ဆေးခန်းတွေ
တတ်ရောက် ကုသနိုင်ပါတယ်
ဒါတွေ ဘယ်လိုနည်းနဲ့ စီမံရယူမလဲ ဆိုတာ ကို ရွေးချယ်နိုင်ဖို့ သင့်ဘေးမှာ AIA Myanmar ရှိနေပါမယ်

Fashion Forum မှ မင်မင်ရဲ့ ပွဲလေးကို တစ်လေးတစ်စားနဲ့ 🙏🙏🙏ဖိတ်ကြား ရှင်းပြပေးပါရစေ

Resgistration Link >>> https://forms.gle/AHJUNn9Ah3ufZMcXA

မေးမြန်းစုံစမ်းရန်
Ma Thin
Ph- 097 84 84 84 72

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 138, 40th Street, Kyauktada Township
Yangon