Bless Kiss

Bless Kiss

Share

Sharing

Photos 02/05/2014

4 Android Application .. https://play.google.com/store/apps/details?id=yehtutbo.blesskiss (Developer - Ye Htut Bo)

22/01/2014

ပျင်းလည်း ပျင်းနေတယ် အားလည်း အားသလိုရှိနေတယ် ။ ဘာမှ သိလို့ရယ်မဟုတ်ဘူး / လိုတဲ့ Software လေးတွေ ရှိရင်ပြောပါ ။ တတ်နိုင်သလောက်ရှာပေးမယ် ။ မလိုတော့လည်း လုပ်ချင်တာ တင်ချင်တာလေးတွေပဲ တင်မှာပေါ့ :P .. AI Tutorial လေးတွေ တင်ရင်ကောင်းမားလို့တော့ တွေးနေတယ် ... :)

Bless Kiss: How to Enable .. Windows 8 Sidebar Gadgets 22/01/2014

ထင်ပါတယ် Blog ကို ပြစ်ထားတာ ၁ နှစ်နီးပါးလောက်ရှိရောပေါ့ .. ကျွန်တော်က အရူးဆိုတော့ ရေးချင်တဲ့ စိတ် အကူအညီတောင်းတဲ့သူတွေရှိမှ ကိုယ်သိချင်တာရှိမှ ရှာဖြစ်တင်ချင်စိတ်ဖြစ်တာဆိုတော့ မတင်ဖြစ်တာတွေလည်းပါတယ် ။ အဲ့တော့ ဒီနေ့ အသိ ၁ ယောက်က Window 8 မှာ 7 လို Gadget လေးထားချင်တယ်တဲ့ အထိက လူတော်တော်များများ ကြည့်ချင်တာ Meter တွေပေါ့ CPU တို့ Network တို့ ကြည့်ရတာ အဆင်ပြေတယ်လေ ။ ရိုးရိုး မပြချင်လို့ Enable လုပ်ထားတယ် ထင်လို့ ဘယ်လိုဖွင့်ရမလဲ ရှာကြည့်တော့ .. Window 8 မှာ Microsoft ကိုက ဖြုတ်ပလိုက်တာတဲ့ ။

Bless Kiss: How to Enable .. Windows 8 Sidebar Gadgets

Bless Kiss: မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၂) 11/07/2013

မနေ့က We**am Finder လို App ရဲ့လုပ်ဆောင်ချက်လေးဖောထားတာ ။ ဒီနေ့တော့ ထပ်ပီးတော့ Call Locater လို App မျိုးလေး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သလောက်လေ့လာဖူးသလောက် တတ်နိုင်သလောက်လေး ဆက်ဖောပါမယ် ။ Call Locate ပြတယ် ဆိုတဲ့ App မျိုးဆိုတာ လူတိုင်းနီးနီး လိုချင်ကြတဲ့ App လေးမလား ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့ ပြောနေတဲ့ သူတစ်ယောက် ဘယ်မှာ ရှိနေမလဲ သိချင်ကြတယ် ။ ကိုယ်ဂရုစိုက်တဲ့သူဆို ပိုသိချင်ကြတာလူ့သဘာဝပဲလေ ။ အဲ့တော့ Call Locate ဆိုတာနဲ့ တော်တော်များများ သဘောကျကြတာပဲလေ ။ တကယ်တော့ ဖုန်းခေါ်လိုက်ရုံနဲ့ သိဖို့ဆိုတာက လွယ်မယောင်နဲ့ ခက်တယ်ဗျ ။ လွယ်လွယ်ကူကူ သိနိုင်ဖို့ ခက်တယ်လို့ ယေဘူရ ပြောပါရစေ။

Bless Kiss: မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၂)

Bless Kiss: မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၁) 11/07/2013

ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြောတတ်ဘူး ။ မဖြစ်နိုင်တဲ့ အလန်းစား App တွေ အမိုက်စား App တွေ တွေ့တွေ့နေရတတ်တယ် ။ ဟို ၁ ခါကလည်း ဖုန်းထဲကို application လေးထည့်ထားတာနဲ့ we**am ဘယ်နားမှာ ရှိလည်းသိနိုင်တဲ့ application မျိုးပေါ့ ။ ဟော .. ခုလည်းတွေ့ပြန်ပါပီဗျာ ။ Call Locater တဲ့ ။ ဟို ကြေညာထဲက ပြောသလိုဆိုရင်တော့ ... သူ့အရသာက ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲပေါ့နော် ။ End User တွေကိုတော့ အပြစ်မပြောလိုပါဘူး ။ User ဆိုတာကတော့ သုံးချင်တယ် သုံးလို့အဆင်ပြေတယ်ဆိုသုံးကြမှာပဲလေ ။ ပြောချင်တာက မျှဝေသူတွေပါ ။ ကျွန်တော့်လို ငပေါမျိုးပေါ့ ။ အားလုံးကိုစော်ကားသလိုဖြစ်သွားဦးမယ် Sorry ဗျာ ။ အမှန်ကျွန်တော်ပြောချင်တာက ကိုယ်မျှဝေတာက ကိုယ်စမ်းသပ်ဖူးရမယ် ။ အဆင်ပြေမပြေသိရမယ် ။ ကိုယ့်မျှဝေတဲ့ အရာရဲ့ Knowledge ကိုသိရမယ် ။ လူတိုင်းမှားတတ်ကြပါတယ် ။ အမှားနဲ့မကင်းပါဘူး ကျွန်တော်ဆို မှားလိုက်တာမှ သောက်သောက်လဲ ။ ဒါပေမယ့် ကိုယ် Share လုပ်လိုက်တာ မှားနေတယ်ဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ ။ ဒါ့အပြင် သိတဲ့အတိုင်း ခုခေတ်ကြီးကလည်း ဟေလား ဟားလားနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိဖွတတ်ကြတာ ပိုဆိုးတယ်ဗျာ ။ ဖောနေတာများပီ ။ ခုနက App လေး ၂ ခုကို သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ။

Bless Kiss: မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၁)

Bless Kiss: စိတ်ညစ်ညူးမှု (၁) 11/07/2013

ဒီနေ့က မိုးအရမ်းရွာတယ် နေအရမ်းပူတယ် စသဖြင့် ဘာမှပြောလို့မရတဲ့ ပုံမှန်ထက်ဘာမှ မထူးခြားတဲ့နေ့ပါပဲ ။
ကျွန်တော် စာအုပ်မျက်နှာပေါ် လျှောက်သွားနေတုန်း အမည်းစက်လေး ၁ ခုပုံမှာ ဘာမြင်လည်းဆိုပီး မေးထားတယ် ။ ဖြေတဲ့သူက အမည်းစက်လေး မြင်တယ်ဆိုတော့ ဘေးက အဖြူရောင်တွေ ကို ဘာလို့မမြင်လဲတဲ့ ။ အဖြူကို မမြင်တဲ့သူအမှားလား ။ အနက်စက်ကို မမြင်တဲ့သူအမှားလား ။ မေးခွန်းသေချာမေးတဲ့သူအမှားလား ။ ဘယ်သူမှန်မယ်ထင်လည်း (ကျွန်တော် ၁ ယောက်ထဲ မှားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်) ။ ဖြစ်တည်နေတဲ့ အခြေအနေ ၁ ခုမှာ ထူးဆန်းမှုကို အာရုံစိုက်ဖို့ ပိုမလိုဘူးလား ။ အားလုံးကို မြင်နိုင်စွမ်းရှိပေမယ့် အရေးကြီးတဲ့ Short Point တွေကိုပဲ လိုအပ်ကြတာမဟုတ်ဘူးလား ? ဥပမာဗျာ - မှဲ့ခပ်ကြီးကြီး မျက်နှာပေါ်မှာ ရှိတဲ့သူကို ပြပီး ဘာမြင်လည်းမေးလို့ မျက်စိမြင်ပါတယ် ပါးစပ်မြင်ပါတယ် နှာခေါင်းမြင်ပါတယ် စရှိသဖြင့်ဖြေရမှာလား ? ဘုရင့်သားခွေးကြည့်ခိုင်းတာထက်ဆိုးတယ် ဆိုတာမျိုးပြောချင်လား ။ ရပါတယ် ။ ကိစ္စမရှိပါဘူးဗျာ - မင်းခိုက်စိုးစံ ဝတ္ထု ထဲကလို အမွှေးနှုတ်ထားတဲ့ ကြက် ၁ ကောင်ယူလာပီး Charles Darwin ရဲ့ လူလို့ ပြောပေးပါ့မယ် ။

Bless Kiss: စိတ်ညစ်ညူးမှု (၁)

Bless Kiss: Ardfry PSD Codec 05/07/2013

အလုပ်က သိပ်မရှိပဲ ကို ရှုပ်တတ်တယ် ။ PSD ဖိုင်တွေကို Design လုပ်ဖို့တဲ့ အထဲမှာ ပုံတွေပါတယ်တဲ့ .. အများကြီးရယ် ။ ကြည့်ဖို့က ပုံမှန်ဆို Adobe Bridge သုံးမလား ၁ ခုခုသုံးရတော့မယ် ။ အဲ့တော့ လွယ်လွယ်နဲ့ အထဲဖိုင်က ပုံကို သိချင်လာတော့ ထုံးစံအတိုင်း ရှာရဖွေရပီပေါ့ ။ Window 7 မှာတော့ လွယ်တယ် psicon.dll လေးကိုယူ ထားရမယ့်နေရာထား Register ကိုပြင်လိုက် မြင်ရကရော ။ Window 8 ကျတော့ မရဘူး ။ * ကျွန်တော် ၁ ခုခု လုပ်တဲ့အဆင့်မှားတာလည်းဖြစ်နိုင်ပါတယ် ။ အဲ့တော့ လူပိန်းနည်းဖြစ်တဲ့ Software ရှာပီပေါ့ ။

Bless Kiss: Ardfry PSD Codec

Bless Kiss: MP3 TAG (Portable) 05/07/2013

အလုပ်တွေများနေတာနဲ့ ဘာမှလည်းမတင်ဖြစ်ဘူး ။ စိတ်တွေကလည်း ညစ်နေတယ် ။ Post လေး ၁ ခုတော့ တင်ချင်လွန်းလို့ ဖျစ်ညစ်တင်လိုက်ပါတယ် ။ Mp3Tag ပါ ။ Online ကနေ ပိုက်ဆံနဲ့ တန်းဝယ်ထားတဲ့ mp3 တွေ ဆိုရင် Cover pic တွေ အဆိုတော်နာမည်တွေ အစရှိသဖြင့်ပါပီးသားပါ ။ ကျွန်တော်တို့ကျတော့ ကိုယ့်ဘာသာ ချုံ့ထားတာဖြစ်ဖြစ် တခြားက ရတာပဲ ဖြစ်ဖြစ် မမှန်ဘူးဆို ပြင်ဖို့လိုလာပီ ။ ဘယ်မှာ သိသာလဲဆိုရင် ဖုန်းတွေမှာ သီချင်းကို ပါလာတဲ့ Origianl Player နဲ့ ဖွင့်ပီဆိုတာနဲ့ တချို့တွေက သူတို့ပုံတွေတင်ထားတယ် ။ အဆိုတော်နာမည်မပါတာ ။ Album Name မပါတာနဲ့ လွယ်လွယ်ကူကူ Album - Artist နဲ့ဖွင့်မရတတ်ဘူးဖြစ်တတ်ပါတယ် ။

Bless Kiss: MP3 TAG (Portable)

Bless Kiss: Re-Enable 2.0 Portable 26/06/2013

ဒီ software လေး က virus ကြောင့် disable ဖြစ်သွားတဲ့ Task Manager , Registry , Ms-Config , Folder Options etc..တို့ကို ပြန်ပြီး enable လုပ်ပေးတဲ့ software လေးဖြစ်ပါတယ်

Bless Kiss: Re-Enable 2.0 Portable

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address

Yangon