Fluency Forge Language Academy

Fluency Forge Language Academy

Share

Explore the world through language.

07/12/2025

December အကုန် January intake အတွက် YLE online evening classes လေးတွေကြိုအပ်ထားလို့ရပါပြီနော်။ 🎉

Sat- Sun 📅
⭐️ Movers- 5:00 to 7:00 pm(35000/month)
⭐️ Flyers- 7:15 to 9:15 pm(40000/month )
⏰ Course duration- 10 months

Evening online classes များတက်ရောက်ခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးတွေရှိသလဲ?
💠ကလေးများအတွက်အားလပ်ချိန်တွင်အကျိုးရှိစေမယ်
💠အတန်းချိန် flexible ဖြစ်တာမလို့ အချိန်ကိုက်တဲ့ပြဿနာတွေနည်းစေမယ်
💠အိမ်မှာအနီးကပ်သင်ယူရတာမလို့ မိဘများအနေနဲ့သားသမီးရဲ့ process ကိုသေချာစောင့်
ကြည့်နိုင်ပါတယ်။

📝Cambridge Exams များဝင်ရောက်ဖြေဆိုလိုပါကလဲကျောင်းဘက်မှစာရင်းသွင်းပေးမှာဖြစ်ပါတယ်။
မိမိကလေး English စာကိုထူးချွန်ထက်မြတ်ပြီးနိုင်ငံတကာ 🌍 နဲ့ရင်ဘောင်တန်းနိုင်ဖို့ အခုပဲစားရင်းပေးထားလို့ရပါပြီ။

သင်တန်းအကြောင်းအသေးစိတ်ကိုတော့
FB page messenger မှာစုံစမ်းလို့ရပါတယ်။ 💬

Photos from Fluency Forge Language Academy's post 07/12/2025

Congratulations to my students who’s finished flyers exam with excellent results 🎉

15/11/2024

Articles: A, An, The

ဒီစာလုံးလေးတွေက English စာလေ့လာသူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ အခြေခံအကျဆုံးစာလုံးလေးတွေပါ။
A/ An - တစ်ခု၊တစ်ကောင်၊တစ်ယောက်
the - ဤ၊ထို
ဆိုပြီးကျွန်တော်တို့တွေငယ်ငယ်ကသင်ကြားခဲ့ရပါတယ်။

ဒါပေမယ့် ဒီအခြေခံအကျဆုံးဆိုတဲ့စာလုံးလေးတွေကိုတကယ်တမ်းလက်တွေ့မှာ သူတို့ကို
မှန်မှန်ကန်ကန်အသုံးပြုတတ်ဖို့တော့အခုချိန်ထိအခက်ခဲရှိနေကြမှာပါ။ ဘာလို့ဆိုကျွန်တော်တို့ရဲ့ Mother Language မှာဒီစာလုံးတွေအတွက် တကယ်တမ်းတိကျတဲ့ အဓိပ္ပာယ်ဘာသာပြန်ဆိုချက်ရှိမနေပါဘူး။ ဟုတ်ပါတယ် Language တစ်ခုကိုလေ့လာတဲ့အခါမှာ ကောင်းမွန်စွာဘာသာပြန်နိုင်တာဟာ skill တစ်ခုဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ကိုယ်တွေးသမျှအတွေးတိုင်းကို mother tongue နဲ့တိုက်ရိုက်ဘာသာပြန်လို့မရနိုင်ပါဘူး။

ဥပမာစဉ်းစားကြည့်ပါ "ခွေးတစ်ကောင် ကားလမ်းပေါ်မှာရှိနေတယ်။" မြန်မာလိုဒီလိုစဉ်းစားလိုက်မယ်ဆိုရင်သင်ဟာ ကားလမ်းပေါ်မှာရှိနေတဲ့ခွေးတစ်ကောင်ကိုတန်းမြင်နိုင်ပါတယ်။
ဒီလိုပဲ English စာကိုလေ့လာတဲ့အခါမှာလဲ စာလုံးတွေကိုတိုက်ရိုက်ဘာသာပြန်တာထက် scenario or event တစ်ခုကိုခေါင်းထဲတိုက်ရိုက်ပုံဖော်နိုင်အောင်ကြိုးစားသင့်ပါတယ်။
"There's a dog on the road."လို့ရေးထားတာကိုမြင်ရင် မြန်မာလိုတစ်ဆင့်ဘာသာပြန်ဖို့ကြိုးစားမယ့်အစား စိတ်ကူးထဲမှာမြင်အောင်ပုံဖော်ကြည့်ပါ။ ဒီလိုစဉ်းစားနိုင်ဖို့ဆိုရင် သင့်မှာ active skill ကော passive skill ကော လုံလောက်စွာရှိဖို့လိုပါတယ်။
Grammar rules တွေ structure တွေကိုသိထားရင်ဒီလိုပြဿနာတွေဟာအနည်းနဲ့အများလျော့နည်းသွားတာကိုသိသိသာသာမြင်ရပါလိမ့်မယ်။ Incidentally, learning grammar is a passive way of learning English.

Articles ဘက်ကိုပြန်သွားကြရအောင်
Articles အသုံးပြုပုံကို ၃ မျိုးခွဲထားပါတယ်။
1. The definite article
2. The indefinite article
3. No article

1. The definite article မှာဆိုရင်တော့ (the) အသုံးပြုပါတယ်။Article "the"ကိုအသုံးပြုတဲ့နေရာ 12နေရာရှိပါတယ်။

၁။ ကိုယ်ပြောချင်တဲ့အရာဟာ နယ်ပယ်တစ်ခုခုမှာတစ်ခုထဲဒါမှမဟုတ်တစ်ထီးတည်ရှိနေတဲ့အရာဆိုရင် "the" သုံးပါတယ်။
Eg. She's looking at (the) sky and (the) sun is shining.

၂။ ရှေ့မှာတစ်ဖော်ပြပြီးသားအရာတစ်ခုကိုနောက်တစ်ခါပြန်ပြီး mention လုပ်တဲ့အခါသုံးပါတယ်။
Eg. 'I've read three novels and two plays by Camus.'
'What did you think of (the) plays?'

၃။ Speaker ပြောတဲ့သူနဲ့ Listener နားထောင်တဲ့သူနှစ်ယောက်လုံးကသူတို့ပြောနေတာ၊ရည်ညွှန်းနေတာကိုနှစ်ဦးလုံးသိနေတဲ့အခါမှာလဲသုံးပါတယ်။
Eg. Do you know (the) girl who always shows off in our class?

၄။ ဘာသာရပ်၊ အကြောင်းရင်းတစ်စုံတစ်ခုရဲ့အစိတ်အပိုင်း ဒါမှမဟုတ်အချက်အလက်တစ်ခုအဖြစ် "of" နဲ့ ဖော်ပြတဲ့အခါမှာလဲသုံးပါတယ်။

Eg. We're studying (the) history of architecture.

၅။ အကြောင်းအရာတစ်ရပ်အကြောင်းကို
ယေဘုလျအားဖြင့်ပြောပြချင်တဲ့အခါ singular noun နဲ့တွဲသုံးပါတယ်။
Eg. Inventions: (The) mobile phone is thought to pose a serious threat to health.
Animal species: (The) whale is still hunted by counties such as Japan.

၆။ လူတန်းစားအလွှာ ဒါမှမဟုတ်လူအစု၊အဖွဲ့စည်းတစ်ခုကိုကိုယ်စားပြုထားတဲ့စာလုံးတွေရှေ့မှာလဲသုံးပါတယ်။
Eg. the homeless, the blind, the deaf, the rich, the poor, the old, the young, the French, the Chinese.
(The) old should respect the opinions of (the) young.

၇။ Superlatives တွေနဲ့တွဲသုံးတဲ့အခါမှာလဲသုံးပါတယ်။
Eg. Henderson is (the) tallest in his class.

၈။ ဂီတတူရိယာပစ္စည်းတွေနဲ့လဲတွဲသုံးပါတယ်။
Eg. I'd love to learn to play (the) piano.

၉။ အချိန်တိကျသတ်မှတ်ထားတဲ့သယ်ယူပို့ဆောင်ရေးတွေနဲ့ပက်သက်ရင်လဲသုံးပါတယ်။
Eg. Shall we take (the) bus, (the) train, or a taxi?

၁၀။ နိုင်ငံအချို့မှာလဲသုံးပါတယ်။
Eg. The USA, the UK.

၁၁။ သမုဒ္ဒရာနာမည်တွေ၊ တောင်တန်းတွေ၊ ကန္တာရတွေ၊ မြစ်တွေရဲ့နာမည်တွေမှာလဲသုံးပါတယ်။
Eg. The Ayeyarwady, the Sahara, the Pacific

၁၂။ တစ်ချို့ ပထဝီမြေမျက်နှာသွင်ပြင်တွေကိုဖော်ပြတဲ့အခါမှာလဲသုံးပါတယ်။
Eg. We're going to (the) mountains rather than (the) coast.
______________________________________

2. The indefinite article မှာဆိုရင်တော့ a/an ကိုအသုံးပြုပါတယ်။

၁။ singular countable noun တစ်ခုကိုပထမဆုံးအကြိမ်ဖော်ပြတဲ့အခါ သို့မဟုတ် မိတ်ဆက်တဲ့အခါမှာသုံးပါတယ်။
Eg. (A) man went into (a) bar with (a) fish.

၂။ အများကြီးထဲကမှတစ်ခုကိုရည်ညွှန်းတဲ့အခါမှာလဲသုံးပါတယ်။
Eg. It's quite here. Shall I put (a) record on?

၃။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အလုပ်အကိုင်ကိုမိတ်ဆက်ပြောပြတဲ့အခါမှာလဲသုံးပါတယ်။
Eg. My uncle is (a) mechanical engineer.

၄။ ပမာဏပြ unit တချို့နဲ့လဲတွဲသုံးပါတယ်။
Eg. A million people, a hundred birds, a thousand pounds, a litre of water.

၅။ တစ်ခုတစ်ခါ(per) လို့အဓိပ္ပာယ်ထွက်တဲ့ expressions အချို့မှာလဲသုံးပါတယ်။
Eg. twice a day, once a week, $80 a month,
50 miles an hour.
____________________________________

3. No article is used
ဒီတစ်ခုမှာတော့မည်သည့် article ကိုမှအသုံးမပြုပါဘူး။

၁။ Nouns တစ်ချို့ကို generally ဖော်ပြတဲ့အခါ
a. Plural countable nouns:
Do you think computers will replace teachers?

b. Abstract nouns (စိတ္တဇနာမ်)တွေ:
We sang songs of love and peace.

c. Other uncountable nouns:
Alan won't eat cheese or meat.

၂။ လမ်း၊မြို့၊ရပ်ကွက်၊နိုင်ငံ နာမည်အများစုမှာ articles တွေကိုမသုံးပါဘူး။
Eg. I went to Ye Kyaw Road, which is famous for its captivating funfair.

၃။ မြို့နာမည်နဲ့အဆောက်အုံကိုတွဲသုံးထားတဲ့အခါမျိုးမှာမသုံးပါဘူး။
Eg. Yangon Airport, Mandalay Palace, Oxford University

၄။Common expressions အများစုမှာလဲမသုံးပါဘူး။
Eg. To go home, to go to work/school/university/prison/hospital/church/bed, to go on holiday, to be at home/work/school/university, to be in hospital/church/bed/prison, to go by car/bus/coach/train/plane, to have breakfast/lunch/dinner (but have a meal), at night (but in the morning/afternoon/evening).

*Note

-I go to school. ဆိုရင်သင်ဟာကျောင်းတက်နေတာဖြစ်ပြီး
I go to the school. ဆိုရင်တော့သင်ဟာကျောင်းကိုအလည်သွားတာ အလုပ်တစ်ခုခုသွားလုပ်တာကိုရည်ညွှန်းဖြစ်နိုင်ပါတယ်။ (You're not a teacher or a student)

- I go to prison. ဆိုရင်သင်ဟာထောင်ကျတာပါ။
- I go to the prison. ဆိုရင်တော့ ထောင်မှာအလုပ်တစ်ခုခုသွားလုပ်တာ ဒါမှမဟုတ် ထောင်၀င်စာတွေ့တာဖြစ်နိုင်ပါတယ်။

Reference: Is that what you want to say?
by Tr.Soe Than, English Grammar and Vocabulary by Michael Vince, Ready for First by Roy Norris

27/10/2024

📚 English Grammarနဲ့ပက်သက်ပြီး Basicကိုအခြေမခိုင်ဖြစ်နေသလား ? ကျွန်တော်တို့ Fluency Forge ရဲ့ Basic Grammar Online Class လေးကိုစတင်တော့မှာဖြစ်ပါတယ် 🎉

သင်ကအသက်အရွယ်တစ်ခုကိုရောက်ပြီ ဒါပေမယ့် English skillsနဲ့ပက်သက်ပြီးလိုအပ်တယ်လို့ထင်နေသူလား ? ဒါမှမဟုတ် အလုပ်ခွင် လူမှုရေးကိစ္စတွေမှာ English skills အခြေခံတက်မြောက်ထားဖို့လိုအပ်‌သူလား? ဒါမှမဟုတ် သင်က ကလေးတွေကို English grammar နဲ့ပက်သက်ပြီးရှင်းပြချင်တဲ့ child instructor or educatorတစ်ယောက်လား၊ ဒီလိုသာဆိုရင်တော့ဒီ course ကသင့်အတွက်ဖြစ်ပါလိမ့်မယ် 🌟

ဘာတွေသင်ကြားရမှာလဲ?
🔹 ကျွန်တော်တို့ English စာရဲ့အခြေခံအကျဆုံးဖြစ်တဲ့ 12 tenses ကိုအဓိက emphasize လုပ်ပြီး sentence တည်ဆောက်ပုံ အသုံးပြုပုံတွေကို‌သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🔹 နေ့စဉ်သုံး English words, phrases, slangs and idioms တွေ
🔹 Punctuation အသုံးပြုပုံတွေနဲ့ တခြား common usages တွေကိုသင်ကြားပေးသွားမှာပါ။

Course Details: 🗓️ Start Date: November 2nd
📅 Schedule: Twice a week for 3 months, Sat & Sun
Duration: 1hr 30mins (Zoom meeting)

Why Join?

ဒီclassကိုတက်ရောက်ခြင်းအားဖြင့်အခြေခံ grammar နဲ့ sentence တည်ဆောက်ပုံကိုထဲထဲ၀င်၀င်နားလည်သွားမယ်၊ ကိုယ်တိုင်လဲ simple sentence တွေကိုတည်ဆောက်လာနိုင်ပြီးတော့ ရှုပ်ထွေးတဲ့ sentence တွေကိုလဲပိုပြီးနားလည်ပြီးဖတ်တတ်လာပါလိမ့်မယ်။

Don’t miss out! အများဆုံးသင်တန်းသား
10 ယောက်သာလက်ခံမှာမလို့ လူမပြည့်ခင်အခုထဲကအပ်ထားလိုက်တော့နော်။

Ready to start your journey to better English? Sign up in our page messenger now! 📝

17/10/2024

Weekly quiz

16/10/2024

What are Punctuations?

သင်ဟာ sentence တစ်ကြောင်းကို
အဖြတ်အတောက်မရှိ rollercoaster စီးနေရသလိုမရပ်မနားဖတ်ဖူးပါသလား?

Punctuation တွေက sentence တွေတည်ဆောက်တဲ့အခါ၊ ဖတ်တဲ့အခါမှာ ကောင်းမွန်စွာဆက်သွယ်နိုင်ဖို့၊ အဓိပ္ပာယ်ပိုပြီးပေါ်လွင်စေဖို့၊‌
တိကျပြတ်သားစေဖို့အဓိကကူညီပေးပါတယ်။
အဓိကအားဖြင့်တော့ punctuation တွေကိုကောင်းမွန်စွာအသုံးပြုတတ်၊နားလည်ခြင်းအားဖြင့် ကိုယ့်ရဲ့ writing ကို neat and clear ဖြစ်အောင်ရေးသားလို့ရနိုင်ပါတယ်။

Punctuation တွေကိုဘယ်လိုသုံးမလဲမသွားခင် Punctuation ဆိုတာဘာတွေလဲ သူတို့ရဲ့ origin ကို knowledge sharing လုပ်တဲ့အနေနဲ့အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ရှေးယခင် Greeks နဲ့ Romansတွေဟာ စာရေးသားရာမှာ punctuation marks တွေကိုအသုံးပြုခြင်းမရှိပဲ စာတွေကိုအဖြတ်တောက်မရှိ တစ်သားထဲတစ်ဆက်ထဲရေးသားခဲ့ကြတယ်။
3rd century BC လောက်မှာတော့
ဂရိလူမျိုး Aristophanes လို့ခေါ်တဲ့
ကမ္ဘာကျော် Alexandria စာကြည့်တိုက်ရဲ့စာကြည့်တိုက်မှူးတစ်ယောက်ဟာ ပထမဦးဆုံး
သိသာထင်ရှားတဲ့ punctuation marks ကိုစတင်အသုံးပြုခဲ့တယ်။ အစပိုင်းမှာတော့အသံအဖြတ်တောက်အတွက် dots လေးများနဲ့စတင်လာပြီးမှ တဖြည်းဖြည်း အမှတ်သားတွေကအဓိပ္ပာယ် ပုံသဏ္ဍာန်ကွဲပြားလာတယ်။ ဒီ marks များထဲမှာအသံနေအသံထား၊ ဝေဖန်အကြံပြုချက်၊ လေယူလေသိမ်း စသဖြင့်ကိုကိုယ်စားပြုတဲ့အမှတ်သားများပါရှိလာတယ်။
ဒီအမှတ်သားတွေဟာ အချိန်နဲ့အမျှ evolved ဖြစ်လာပြီး 15th century အရောက်မှာတော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ အမှတ်သားများအဖြစ်သေချာရုပ်လုံးပေါ်လာပါတော့တယ်။ ကမ္ဘာအနှံ့မှာလဲ punctuation marksတွေကို
ပုံစံအမျိုးမျိုး usage အမျိုးမျိုးဖန်တီးခဲ့ကြတယ်။

ဒီထဲကမှကျွန်တော်တို့ English Writing မှာအသုံးအများဆုံးနဲ့ popularအဖြစ်ဆုံး ‌
အကောင်သေး ဒုက္ခပေးတဲ့ဟာလေးတွေကိုပဲအဓိကပြောပြပေးသွားပါ့မယ်။

1. Comma (,)
Comma ကိုကျွန်တော်တို့ဟာစာဖတ်သူကို
အရှိန်‌လျော့ဖတ်စေချင်တဲ့အခါ၊အစဉ်လိုက်ဖြစ်တဲ့
Ideas, lists, sentences တွေကိုစီတဲ့နေရာမှာအသုံးပြုတာကိုတွေ့နိုင်တယ်။ Parallel structure ကိုသုံးထားတဲ့ sentence တွေမှာလဲအများအားဖြင့်တွေ့ရတယ်။ဒါက GED RLAမှာParallel Structure သင်ဖူးထားရင် ပိုပြီးသတိထားမိမှာပါ။
Eg: I need to buy snacks, drinks, and a good movie.

2. Semicolon (;)
Semicolon colon ဟာrelatedဖြစ်တဲ့ independent sentences နှစ်ခုကိုဆက်တဲ့အခါမှာလဲသုံးသလို နောက်က sentence ကသူ့ရှေ့က sentence ကို
Emphasize လုပ်တဲ့အခါမှာလဲအသုံးတည့်တယ်။
အဓိကသိစေချင်တဲ့extra information ကိုပေးတဲ့အခါမှာလဲသုံးပါတယ်။
Eg: Spencer took a day off;he's slightly feverish.

3. Colon (:)
Colon ကတော့ဘာနဲ့တူလဲဆိုရင်ခွဲစိတ်ခန်းသုံးဓားထည့်တဲ့အိတ်လိုပဲလိပ်ထားတာကနေဖြေချလိုက်ရင် ပစ္စည်းအစုံထွက်လာသလိုပေါ့။
အထူးသဖြင့်ကတော့ အကြောင်းအရာတစ်ခုမှာ
ဘာအချက်လက်တွေ ဘာ materials တွေပါလဲဆိုတာကိုဖော်ပြတဲ့နေရာမှာသုံးလို့ရတယ်။ အထူးသဖြင့်ကတော့ explantionတွေ list တွေလုပ်တဲ့အခါမှာအများဆုံးတွေ့နိုင်တယ်။
Eg: Here's what you have to buy:
pop corn,soda, and candy.

4. Exclamation mark (!)
သူကဘယ်sentenceရဲ့‌နောက်မှာရှိတဲ့ sentence ကိုအသံကျယ်အောင်လုပ်တယ် သူကိုယ်တိုင်ကလဲ punctuation marks တွေကြားထဲက Drama queen ပါပဲ။လန့်တာ၊စိတ်လှုပ်ရှားတာ၊အော်ဟစ်တာစတဲ့ Expression ကိုဖော်ပြတဲ့အခါမှာသုံးတယ်။
Eg: There's a snake!

5. Question mark (?)
ဘာ‌မှတော့ထွေထွေထူးထူးမရှိပါဘူး။
မေးခွန်းမေးမှတော့ ? သုံးရတော့မှာပေါ့နော်။
Eg: What do you want to know more about question mark?

Oops! ဘာလို့ဒါတွေပြောနေတာလဲ Punctuation တွေကအခြေခံလေးတွေလေ။

ဟုတ်ပါတယ်အခြေခံတွေမလို့ပဲ လူတွေကြားမှာပေါ့ပေါ့တန်တန်အသုံးပြုတာတွေ အသိမှားတာမျိုးတွေအဖြစ်ဆုံးဆိုလဲမမှားပါဘူး။

Punctuation နဲ့ပက်သက်လို့ common mistakes တွေ misunderstanding တွေအကြောင်းဆက်ပြောသွားပါ့မယ်။

(1) Oxford comma (Serial comma)

ပုံမှန် Commaကိုမှ Oxford University Press က writers, professors, typist ‌တွေဟာ စာရေးတဲ့အခါမှာ (,) ထည့်ခြင်း၊မထည့်ခြင်းပေါ်မူတည်ပြီးတစ်ချို့ sentence တွေမှာ တစ်ခါတစ်ရံအဓိပ္ပာယ်ကွဲပြားမှုတွေရှိနေတာကိုသတိထားမိပြီးစတင်အသုံးပြုလာရာကနေတစ်ဆင့် Oxford comma ဆိုပြီးတော့လူသိများလာပါတယ်။
ဒီ sentence တွေမှာဆိုရင် Oxford comma ပါခြင်းမပါခြင်းပေါ်မူတည်ပြီး အဓိပ္ပာယ်က confuseဖြစ်စရာအခြေနေမျိုးဖြစ်သွားတာကိုတွေ့ရမှာပါ။
Here's an example:
Without the Oxford comma:

I’d like to thank my parents, Oprah Winfrey and God. (It sounds like your parents are Oprah and God!)

With the Oxford comma:

I’d like to thank my parents, Oprah Winfrey, and God. (Now it’s clear you’re thanking three separate entities.)

အများစုပုံမှန်အရေးသားတွေမှာတော့ Oxford comma အသုံးပြုခြင်းမပြုခြင်းက writing style ကွဲပြားတာကလွဲရင်ဘာမှထွေထွေထူးထူးပြဿနာမရှိပါဘူး။
Example:
They are yellow,green and blue.
They are yellow,green, and blue.

(2) Semicolon slip-ups
Semicolon ကို comma, colon တို့နဲ့မှားပြီးပစ္စည်းတွေကိုlistလုပ်တဲ့အခါမှာသုံးမိကြပါတယ်။
Semicolon က related sentence နှစ်ခုကိုlink လုပ်ပေးတာထက်မပိုပါဘူး အထူးသဖြင့် academic writing ကိုလေ့ကျင့်နေသူတွေအဖို့စာကြောင်းနှစ်ကြောင်းကို conjunction မပါပဲနှစ်ကြောင်းစီသပ်သပ်ရေးမယ့်အစား semicolon ကိုအသုံးပြုပြီးရေးတတ်တာက စာစစ်သူကို punctuation အသုံးပြုပုံနဲ့ပက်သက်ပြီး impression ကောင်းကောင်းရစေပါတယ်။
Eg:
I like pizza; and burgers. ❌
I like pizza; it's my favorite food. ✅

(3) Exclamation Overload!!!!!

ကျွန်တော်တို့ဟာ story ရေးတဲ့အခါဖြစ်ဖြစ် Essay ရေးတဲ့အခါမျိုးမှာဖြစ်ဖြစ် Exclamation markကိုအလွန်အကျွန်သုံးမိတာမျိုးတွေဖြစ်ဖူးကြမှာပါ။ ဒါဟာကိုယ်ရေးတဲ့စာကိုလဲ over-the-top ဖြစ်စေပါတယ်။ ကိုယ်အဓိက punch လုပ်ချင်ထိထိမိမိသိစေချင်တဲ့နေရာတွေမှာပဲအဓိကထားသုံးသင့်ပါတယ်။

(4) Misplacement of the Question mark

ကျွန်တော်တို့ Direct speech Indirect speech မှာ question mark တွေကို indirect speech တွေမှာမှားထည့်မိကြတာမျိုးပါ။ မဖြစ်ဖူးလို့မထင်ပါနဲ့
သိထားရင်တောင်ဒီလိုအမှားမျိုးကသတိမမူမိပဲ ဖြစ်တတ်ပါတယ်။
Eg: She asked if I was playing? ❌
Eg: She asked if I was playing. ✅

Punctuation marksတွေဆိုတာ ငယ်ငယ်ထဲကသိပြီးမှတ်ပြီးသားဖြစ်သလို စာအုပ်တွေဖတ်ရင်လဲခဏခဏမြင်နေကျအရာတွေပါ။ အများစုက punctuation marks တွေအရေးပါပုံ အသုံး၀င်ပုံကိုမသိတာထက် သူတို့ရဲ့ roleကိုပေါ့ပေါ့ဆဆတွေးတတ်ကြတာပါ။ English learners အများစုက
level-up ဖြစ်လာလေလေ ကိုယ်သိပြီးသားအရာတွေထက်နောက်ထက်အသစ်သစ်တွေကိုအာရုံစိုက်ကြတာများပါတယ်။ အပေါ်တက်ပြီး အောက်ပြန်မဆင်းချင်ကြတော့ပါဘူး။ Language တစ်ခုကိုသင်ယူတဲ့အခါမှာ အသစ်အသစ်တွေကိုလဲသင်ယူသင့်သလို ကိုယ့်ကအခြေခံလို့သတ်မှတ်ထားတဲ့ foundation တွေကိုပြန်ပြီးစီစစ်သင့်ပါတယ်။ ဒါမှသာလျှင်ဟာကွက်တွေကိုမြင်လာပြီး ပိုပြီးကောင်းမွန် အခြေခိုင်တဲ့ skills တစ်ခုကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

"You can't make something perfect at once, but you can improve it step by step."

05/10/2024

Happy Teachers' Day to those who have made great contributions to their students. 🤍🎉

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Opening Hours

09:00 - 17:00